သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ဘက္ တရားမဝင္ဝင္တ့ဲ ျမန္မာႏုိင္ငံသားသတင္းေပးဖို႔ ေရႊလီမွာ ဆုေငြထုတ္


လံုျခံဳေရးတင္းၾကပ္ထားတဲ့ တရုတ္-ျမန္မာနယ္စပ္ (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ျမန္မာဘက္ကေန တ႐ုတ္ႏုိင္ငံထဲ တရားမဝင္ ျဖတ္ေက်ာ္ဝင္လာသူေတြကို သတင္းေပးမယ္ဆိုရင္ ျမန္မာေငြ က်ပ္ သိန္း ၅၀ ေလာက္နဲ႔ညီမ ွ်တဲ့ ဆုေၾကး ယြမ္ေငြ ၂၀,၀၀၀ အထိ ေပးသြားမယ္လို႔ တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕ အာဏာပိုင္ေတြဘက္က ထုတ္ျပန္ထားပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ နယ္စပ္အဝင္အထြက္ေတြကို အရင္ထဲက တင္းၾကပ္ထားတဲ့ တ႐ုတ္ႏိုင္ငံက ျမန္မာဘက္မွာ ကိုဗစ္အတည္ျပဳလူနာ တုိးေနခ်ိန္မွာ ခုလို တရားမဝင္ ဝင္လာသူေတြအတြက္ ဆုေၾကးထုတ္တဲ့အထိ လုပ္လာတာပါ။ ရန္ကုန္ကလာတဲ့ တ႐ုတ္ ျမန္မာနယ္စပ္ အေျခအေနကို ကိုေဇာ္ဝင္းလိႈင္ ကေျပာျပပါမယ္။

ျမန္မာႏိုင္ငံနဲ႔ကပ္ေနတဲ့ တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕နဲ႔ က်ယ္ေဂါင္ၿမိဳ႕ထဲကို တရားမဝင္ ဝင္ေရာက္လာသူနဲ႔ပတ္သက္ၿပီး သတင္းေပးမယ္ဆိုရင္ ဆုေၾကးအျဖစ္ ယြမ္ေငြ ၂,၀၀၀ ကေန ၂၀,၀၀၀ အထိ အဆင့္ဆင့္ေပးဖို႔ တ႐ုတ္အာဏာပိုင္ေတြဘက္က ထုတ္ျပန္လိုက္တာပါ။ ေ႐ႊလီနဲ႔ က်ယ္ေဂါင္ၿမိဳ႕ထဲက ျမန္မာႏိုင္ငံသားေတြရဲ႕ ကိုယ္ေရးအခ်က္အလက္အားလုံးကို စစ္ေဆးသြားမယ္လို႔ အသိေပးထားၿပီးေနာက္ အခုထပ္ၿပီး ဆုေၾကးထုတ္ သတင္းေပးခိုင္းတာျဖစ္ပါတယ္။

“သူတို႔ထုတ္ျပန္ခ်က္ထဲမွာ၊ ေျပာတဲ့သူ ( သတင္းေပးတဲသူ) ကို ဆုခ်မယ္ေပါ့။ အိမ္ရွင္ကို ခိုးဝင္လာတဲ့သူကို လက္ခံမယ္ဆို သူတို႔ေငြ ၂၀,၀၀၀ ဒဏ္ေငြ႐ိုက္မယ္ေပါ့ အဲလို။ အကုန္လုံး ဒီ ျမန္မာျပည္သားေတြ ေ႐ႊလီမွာရွိတဲ့သူေတြ အကုန္လုံးမွန္သမွ် ဧည့္စာရင္း အကုန္လိုက္စစ္မွာေပါ့။”

ေ႐ႊလီ ျမန္မာပရဟိတအဖြဲ႕ဥကၠ႒ ေျပာသြားတာပါ။ အျမင့္ဆံုး ဆုေၾကး ၂ ေသာင္းက ျမန္မာေငြ က်ပ္သိန္း ၅၀ ေလာက္႐ွိပါတယ္။ တ႐ုတ္-ျမန္မာနယ္စပ္ မူဆယ္ကုန္သြယ္ေရးၿမိဳ႕က နယ္စပ္ဂိတ္ အနီးတဝိုက္ေတြမွာလည္း တ႐ုတ္ဘက္က လုံၿခဳံေရးကို ပိုၿပီး ဂ႐ုတစိုက္လုပ္ေနေၾကာင္း တ႐ုတ္နယ္စပ္မွာ အလုပ္လုပ္ေနတဲ့ ကိုေနသူပိုင္က ေျပာပါတယ္။

“အရင္လိုမဟုတ္ေတာ့ဘူး အေျခအေနက အေတာ္ဆိုးသြားၿပီေလ။ ပထမဆုံး သံဆူးႀကိဳးကာတယ္ေပါ့ေနာ္ အဲဒါၿပီးေတာ့ CCTV ( လုံၿခဳံေရးကင္မရာ) ေတြ တပ္ထားတယ္ေပါ့။ အဲဒါၿပီးေတာ့တခါ ဓာတ္လိုက္တဲ့ ႀကိဳးေတြလည္း တပ္ထားတယ္ေပါ့။ အဓိကေတာ့ ဒီ မန္ဝိန္းေပါက္နားရယ္၊ ဆင္ျဖဴေပါက္ရယ္၊ နန္းေတာ္ေပါက္နားရယ္ အဲနားတေၾကာလုံးပဲ။ က်န္တဲ့ေနရာေတြကေတာ့ အဲလို သံဆူးႀကိဳးခ်ည္းပဲ ကာတာေပါ့ေနာ္၊ ၁ မိုင္အကြာ ၁ မိုင္အကြာမွာ သူတို႔လုံၿခဳံေရးေတြ ရွိတယ္။”

တ႐ုတ္မွာ အေျခခံလုပ္သားကို တရားဝင္ခန႔္အပ္တာမရွိလို႔ အိမ္နီးခ်င္းႏိုင္ငံေတြက နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္ၿပီးမွ တရားဝင္ အလုပ္လုပ္ခြင့္ ေလွ်ာက္ၾကတာပါ။ ျမန္မာျပည္မွာ ကိုဗစ္အတည္ျပဳလူနာ စေတြ႔ခဲ့ၿပီးေနာက္ ၂၀၂၀ ဧၿပီ ၁ ရက္ကစလို႔ နယ္စပ္ေပါက္ေတြအားလုံးကို တ႐ုတ္ယူနန္အစိုးရက ပိတ္ခဲ့ပါတယ္။ တရားမဝင္ ဝင္ေရာက္လာသူေတြကိုလည္း ဖမ္းဆီးေထာင္ခ်တာမ်ိဳးေတြ လုပ္ခဲ့တာပါ။ ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳနာေတြ ျပန္တိုးလာၿပီးေနာက္ပိုင္း ပိုတင္းၾကပ္ေနတာျဖစ္ပါတယ္။

“အခုတေလာသူတို႔ တ႐ုတ္ျပည္မွာ လူတအား ခါေနတယ္ေလဗ်ာ။ ျမန္မာျပည္သူ ျပည္သားေတြအကုန္လုံး ဖမ္းဆီးၿပီးေတာ့ ျပန္ပို႔ေနတာေပါ့ေနာ္။ ဥပမာ ခိုးလမ္းရွည္သြားရင္ေတာ့ ေသဖို႔သာမ်ားတယ္ေလ၊ ဘာလို႔ဆိုေတာ့ မိလိုက္တာနဲ႔ သူတို႔က ႐ိုက္တယ္၊ ႏွက္တယ္၊ တအားကို PPE ဝတ္စုံေတြနဲ႔ ဘယ္လိုမွန္းကို မသိတာ။ တအား တင္းတင္းက်ပ္က်ပ္ရွိတယ္။”

တ႐ုတ္ႏိုင္ငံထဲကို တရားမဝင္သြားတဲ့ ျမန္မာေတြ ရဲဖမ္းမိၿပီဆိုရင္ အရင္က ယြမ္ေငြ ၁,၀၀၀ ဒဏ္ေၾကးေပရၿပီး အခုေတာ့ ဒဏ္ေၾကး ယြမ္ ၅,၀၀၀ ေပးရတဲ့အျပင္ ေထာင္ဒဏ္ႏွစ္ရွည္ က်ႏိုင္ပါတယ္။ ဒါေတြအားလုံးက ျမန္မာျပည္တြင္းမွာ ကိုဗစ္ေရာဂါျဖစ္ေနတဲ့ အေျခအေနနဲ႔ သက္ဆိုင္ေနေၾကာင္း တေအာင္းလူငယ္ ပရဟိတဥကၠ႒ မိုင္ဦးလႈိင္ေအးက ေျပာပါတယ္။
“ကိုဗစ္ေၾကာင့္လည္းဆိုင္တယ္၊ ႏိုင္ငံေရးေၾကာင့္လည္း ဆိုင္တယ္ဆိုေတာ့ သူတို႔ရဲ႕ ႏွစ္ဦးႏွစ္ဘက္ လမ္းကိုေတာ့ မွန္းလို႔မရဘူး ျဖစ္ေနတာေပါ့။ ျမန္မာျပည္သားကေတာ့ ခိုးဝင္ၿပီဆိုရင္ မလြယ္ေတာ့ဘူး ေထာင္ဒဏ္ပဲ။ ဒဏ္ေငြလည္း ကိုယ့္ႏိုင္ငံသား ေငြမွမရွိတာ ဘယ္လိုလုပ္ၿပီး ဒဏ္ေငြရမွာတုန္း။”

တ႐ုတ္ႏိုင္ငံ ေ႐ႊလီနဲ႔ က်ယ္ေဂါင္မွာရွိတဲ့ ျမန္မာေတြအားလုံးက ဒီေန႔ ဇြန္လ ၁၇ ရက္ ေနာက္ဆုံထားၿပီး ကိုယ္ေရးအခ်က္အလက္ကို သက္ဆိုင္ရာေဒသ တာဝန္ရွိသူေတြဆီ ေပးပို႔ရမွာပါ။ ေပးပို႔ဖို႔ ပ်က္ကြက္ရင္ေတာ့ ျမန္မာႏိုင္ငံကို ျပန္ပို႔မယ့္အေၾကာင္း အလုပ္ရွင္ေတြကတဆင့္ အသိေပးထားတယ္လို႔ ျမန္မာႏိုင္ငံသား တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ အတည္ျပဳလူနာေတြ မ်ားလာေနတာနဲ႔အတူ ျမန္မာ-တ႐ုတ္ နယ္စပ္အဝင္အထြက္ကို တ႐ုတ္က တင္းၾကပ္ေနသလို ျမန္မာႏိုင္ငံသားေတြ အဝင္အထြက္မ်ားတဲ့ တ႐ုတ္ၿမိဳ႕ေတြမွာလည္း က်န္းမာေရးစစ္ေဆးမႈေတြ တုိးလုပ္ေနပါတယ္။

...............................................................................

တရုတ်ဘက် တရားမဝင်ဝင်တဲ့ မြန်မာနိုင်ငံသားသတင်းပေးဖို့ ရွှေလီမှာ ဆုငွေထုတ်

(Unicode)

မြန်မာဘက်ကနေ တရုတ်နိုင်ငံထဲ တရားမဝင် ဖြတ်ကျော်ဝင်လာသူတွေကို သတင်းပေးမယ်ဆိုရင် မြန်မာငွေ ကျပ် သိန်း ၅၀ လောက်နဲ့ညီမ ျှတဲ့ ဆုကြေး ယွမ်ငွေ ၂၀,၀၀၀ အထိ ပေးသွားမယ်လို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့ အာဏာပိုင်တွေဘက်က ထုတ်ပြန်ထားပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် နယ်စပ်အဝင်အထွက်တွေကို အရင်ထဲက တင်းကြပ်ထားတဲ့ တရုတ်နိုင်ငံက မြန်မာဘက်မှာ ကိုဗစ်အတည်ပြုလူနာ တိုးနေချိန်မှာ ခုလို တရားမဝင် ဝင်လာသူတွေအတွက် ဆုကြေးထုတ်တဲ့အထိ လုပ်လာတာပါ။ ရန်ကုန်ကလာတဲ့ တရုတ် မြန်မာနယ်စပ် အခြေအနေကို ကိုဇော်ဝင်းလှိုင် ကပြောပြပါမယ်။

မြန်မာနိုင်ငံနဲ့ကပ်နေတဲ့ တရုတ်နိုင်ငံ ရွှေလီမြို့နဲ့ ကျယ်ဂေါင်မြို့ထဲကို တရားမဝင် ဝင်ရောက်လာသူနဲ့ပတ်သက်ပြီး သတင်းပေးမယ်ဆိုရင် ဆုကြေးအဖြစ် ယွမ်ငွေ ၂,၀၀၀ ကနေ ၂၀,၀၀၀ အထိ အဆင့်ဆင့်ပေးဖို့ တရုတ်အာဏာပိုင်တွေဘက်က ထုတ်ပြန်လိုက်တာပါ။ ရွှေလီနဲ့ ကျယ်ဂေါင်မြို့ထဲက မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်အားလုံးကို စစ်ဆေးသွားမယ်လို့ အသိပေးထားပြီးနောက် အခုထပ်ပြီး ဆုကြေးထုတ် သတင်းပေးခိုင်းတာဖြစ်ပါတယ်။

“သူတို့ထုတ်ပြန်ချက်ထဲမှာ၊ ပြောတဲ့သူ ( သတင်းပေးတဲသူ) ကို ဆုချမယ်ပေါ့။ အိမ်ရှင်ကို ခိုးဝင်လာတဲ့သူကို လက်ခံမယ်ဆို သူတို့ငွေ ၂၀,၀၀၀ ဒဏ်ငွေရိုက်မယ်ပေါ့ အဲလို။ အကုန်လုံး ဒီ မြန်မာပြည်သားတွေ ရွှေလီမှာရှိတဲ့သူတွေ အကုန်လုံးမှန်သမျှ ဧည့်စာရင်း အကုန်လိုက်စစ်မှာပေါ့။”

ရွှေလီ မြန်မာပရဟိတအဖွဲ့ဥက္ကဋ္ဌ ပြောသွားတာပါ။ အမြင့်ဆုံး ဆုကြေး ၂ သောင်းက မြန်မာငွေ ကျပ်သိန်း ၅၀ လောက်ရှိပါတယ်။ တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးမြို့က နယ်စပ်ဂိတ် အနီးတဝိုက်တွေမှာလည်း တရုတ်ဘက်က လုံခြုံရေးကို ပိုပြီး ဂရုတစိုက်လုပ်နေကြောင်း တရုတ်နယ်စပ်မှာ အလုပ်လုပ်နေတဲ့ ကိုနေသူပိုင်က ပြောပါတယ်။

“အရင်လိုမဟုတ်တော့ဘူး အခြေအနေက အတော်ဆိုးသွားပြီလေ။ ပထမဆုံး သံဆူးကြိုးကာတယ်ပေါ့နော် အဲဒါပြီးတော့ CCTV ( လုံခြုံရေးကင်မရာ) တွေ တပ်ထားတယ်ပေါ့။ အဲဒါပြီးတော့တခါ ဓာတ်လိုက်တဲ့ ကြိုးတွေလည်း တပ်ထားတယ်ပေါ့။ အဓိကတော့ ဒီ မန်ဝိန်းပေါက်နားရယ်၊ ဆင်ဖြူပေါက်ရယ်၊ နန်းတော်ပေါက်နားရယ် အဲနားတကြောလုံးပဲ။ ကျန်တဲ့နေရာတွေကတော့ အဲလို သံဆူးကြိုးချည်းပဲ ကာတာပေါ့နော်၊ ၁ မိုင်အကွာ ၁ မိုင်အကွာမှာ သူတို့လုံခြုံရေးတွေ ရှိတယ်။”

တရုတ်မှာ အခြေခံလုပ်သားကို တရားဝင်ခန့်အပ်တာမရှိလို့ အိမ်နီးချင်းနိုင်ငံတွေက နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီးမှ တရားဝင် အလုပ်လုပ်ခွင့် လျှောက်ကြတာပါ။ မြန်မာပြည်မှာ ကိုဗစ်အတည်ပြုလူနာ စတွေ့ခဲ့ပြီးနောက် ၂၀၂၀ ဧပြီ ၁ ရက်ကစလို့ နယ်စပ်ပေါက်တွေအားလုံးကို တရုတ်ယူနန်အစိုးရက ပိတ်ခဲ့ပါတယ်။ တရားမဝင် ဝင်ရောက်လာသူတွေကိုလည်း ဖမ်းဆီးထောင်ချတာမျိုးတွေ လုပ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုနာတွေ ပြန်တိုးလာပြီးနောက်ပိုင်း ပိုတင်းကြပ်နေတာဖြစ်ပါတယ်။

“အခုတလောသူတို့ တရုတ်ပြည်မှာ လူတအား ခါနေတယ်လေဗျာ။ မြန်မာပြည်သူ ပြည်သားတွေအကုန်လုံး ဖမ်းဆီးပြီးတော့ ပြန်ပို့နေတာပေါ့နော်။ ဥပမာ ခိုးလမ်းရှည်သွားရင်တော့ သေဖို့သာများတယ်လေ၊ ဘာလို့ဆိုတော့ မိလိုက်တာနဲ့ သူတို့က ရိုက်တယ်၊ နှက်တယ်၊ တအားကို PPE ဝတ်စုံတွေနဲ့ ဘယ်လိုမှန်းကို မသိတာ။ တအား တင်းတင်းကျပ်ကျပ်ရှိတယ်။”

တရုတ်နိုင်ငံထဲကို တရားမဝင်သွားတဲ့ မြန်မာတွေ ရဲဖမ်းမိပြီဆိုရင် အရင်က ယွမ်ငွေ ၁,၀၀၀ ဒဏ်ကြေးပေရပြီး အခုတော့ ဒဏ်ကြေး ယွမ် ၅,၀၀၀ ပေးရတဲ့အပြင် ထောင်ဒဏ်နှစ်ရှည် ကျနိုင်ပါတယ်။ ဒါတွေအားလုံးက မြန်မာပြည်တွင်းမှာ ကိုဗစ်ရောဂါဖြစ်နေတဲ့ အခြေအနေနဲ့ သက်ဆိုင်နေကြောင်း တအောင်းလူငယ် ပရဟိတဥက္ကဋ္ဌ မိုင်ဦးလှိုင်အေးက ပြောပါတယ်။
“ကိုဗစ်ကြောင့်လည်းဆိုင်တယ်၊ နိုင်ငံရေးကြောင့်လည်း ဆိုင်တယ်ဆိုတော့ သူတို့ရဲ့ နှစ်ဦးနှစ်ဘက် လမ်းကိုတော့ မှန်းလို့မရဘူး ဖြစ်နေတာပေါ့။ မြန်မာပြည်သားကတော့ ခိုးဝင်ပြီဆိုရင် မလွယ်တော့ဘူး ထောင်ဒဏ်ပဲ။ ဒဏ်ငွေလည်း ကိုယ့်နိုင်ငံသား ငွေမှမရှိတာ ဘယ်လိုလုပ်ပြီး ဒဏ်ငွေရမှာတုန်း။”

တရုတ်နိုင်ငံ ရွှေလီနဲ့ ကျယ်ဂေါင်မှာရှိတဲ့ မြန်မာတွေအားလုံးက ဒီနေ့ ဇွန်လ ၁၇ ရက် နောက်ဆုံထားပြီး ကိုယ်ရေးအချက်အလက်ကို သက်ဆိုင်ရာဒေသ တာဝန်ရှိသူတွေဆီ ပေးပို့ရမှာပါ။ ပေးပို့ဖို့ ပျက်ကွက်ရင်တော့ မြန်မာနိုင်ငံကို ပြန်ပို့မယ့်အကြောင်း အလုပ်ရှင်တွေကတဆင့် အသိပေးထားတယ်လို့ မြန်မာနိုင်ငံသား တချို့က ဗွီအိုအေကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာတွေ များလာနေတာနဲ့အတူ မြန်မာ-တရုတ် နယ်စပ်အဝင်အထွက်ကို တရုတ်က တင်းကြပ်နေသလို မြန်မာနိုင်ငံသားတွေ အဝင်အထွက်များတဲ့ တရုတ်မြို့တွေမှာလည်း ကျန်းမာရေးစစ်ဆေးမှုတွေ တိုးလုပ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG