သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္ပက အေရးယူဒဏ္ခတ္မႈ တန္ျပန္သည္႕ ဥပေဒ တ႐ုတ္ျပဌာန္းမည္


တရုတ္ႏုိင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Wang Wenbin (Photo by GREG BAKER / AFP)

(Zawgyi/Unicode)

တရုတ္ႏုိင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Wang Wenbin က သူတို႔ အသစ္ျပဌာန္းလိုက္တဲ့ ဥပေဒသစ္ဟာ ျပည္ပက ပိတ္ဆို႔အေရးယူမႈေတြကို တန္ျပန္အေရးယူဖို႔ ရည္ရြယ္တဲ့အတြက္ ဒါဟာ လိုအပ္ခ်က္ျဖစ္တယ္လို႔ မေန႔က ေျပာပါတယ္။

“အဓိက မိမိတို႔ တရုတ္ႏိုင္ငံကို ျပည္ပအင္အားႀကီးႏိုင္ငံေတြက ခြဲျခားဒဏ္ခတ္ ဝင္ေရာက္ စြက္ဖက္တာ ပိတ္ဆိုတာေတြကို တန္ျပန္အေရးယူေဆာင္ရြက္ဖို႔အတြက္ ရည္ရြယ္ၿပီးေတာ့ ဥပေဒျပဌာန္းဖို႔ မူၾကမ္းေရးဆြဲခဲ့တာေတြဟာ လိုအပ္ခ်က္အရျဖစ္တယ္” လို႔ သူအေနနဲ႔ ယူဆေၾကာင္း တရုတ္ ႏိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ Wang Wenbin က ေျပာတာျဖစ္ပါတယ္။

တရုတ္ႏိုင္ငံျခားေရးေျပာေရးဆိုခြင့္ရွိသူက ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာျဖစ္ပါတယ္။

အဲဒီ ဥပေဒမူၾကမ္းကို ဧၿပီလအတြင္းက ပထမအႀကိမ္ လွ်ိဳ႕ဝွက္ ျပန္လည္ သုံးသပ္ခဲ့ၾကပါတယ္။ အဲဒီေနာက္ ဒီကေန႔ ဒုတိယအႀကိမ္ ျပန္လည္သုံးသပ္ေဆြးေႏြးၿပီး တရုတ္ျပည္ရဲ႕ အျမင့္ဆုံး ဥပေဒျပဳအဖြဲ႔ အမ်ဳိးသား ျပည္သူ ကြန္ကရက္ NPC ရဲ႕အျမဲတန္း ေကာ္မီတီကေန ျပဌာန္းလိုက္တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

ပြည်ပက အရေးယူဒဏ်ခတ်မှု တန်ပြန်သည့် ဥပဒေ တရုတ်ပြဌာန်းမည်

(Unicode)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က သူတို့ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေသစ်ဟာ ပြည်ပက ပိတ်ဆို့အရေးယူမှုတွေကို တန်ပြန်အရေးယူဖို့ ရည်ရွယ်တဲ့အတွက် ဒါဟာ လိုအပ်ချက်ဖြစ်တယ်လို့ မနေ့က ပြောပါတယ်။

“အဓိက မိမိတို့ တရုတ်နိုင်ငံကို ပြည်ပအင်အားကြီးနိုင်ငံတွေက ခွဲခြားဒဏ်ခတ် ဝင်ရောက် စွက်ဖက်တာ ပိတ်ဆိုတာတွေကို တန်ပြန်အရေးယူဆောင်ရွက်ဖို့အတွက် ရည်ရွယ်ပြီးတော့ ဥပဒေပြဌာန်းဖို့ မူကြမ်းရေးဆွဲခဲ့တာတွေဟာ လိုအပ်ချက်အရဖြစ်တယ်” လို့ သူအနေနဲ့ ယူဆကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ပြောတာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာဖြစ်ပါတယ်။

အဲဒီ ဥပဒေမူကြမ်းကို ဧပြီလအတွင်းက ပထမအကြိမ် လျှို့ဝှက် ပြန်လည် သုံးသပ်ခဲ့ကြပါတယ်။ အဲဒီနောက် ဒီကနေ့ ဒုတိယအကြိမ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး တရုတ်ပြည်ရဲ့ အမြင့်ဆုံး ဥပဒေပြုအဖွဲ့ အမျိုးသား ပြည်သူ ကွန်ကရက် NPC ရဲ့အမြဲတန်း ကော်မီတီကနေ ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG