သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ရေပြင် ပိုင်စိုးမှုပြသဖို့ စစ်သင်္ဘောတွေကို သမ္မတ Xi Jinping ကိုယ်တိုင်စေလွှတ်ခဲ့


တရုတ်သမ္မတ Xi Jinping
တရုတ်သမ္မတ Xi Jinping

(Zawgyi/Unicode)

အငြင်းပွားနေတဲ့ အာရှ ပင်လယ်ထဲကို ပြီးခဲ့တဲ့ သောကြာနေ့က စစ်သင်္ဘောတွေကို သမ္မတ Xi Jinping ကိုယ်တိုင် တာဝန်ပေးစေလွှတ်ခြင်းဟာ အတင့်ရဲတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီး အမေရိကန်ရဲ့ ဒေသတွင်းလွှမ်းမိုးမှု ကြီးထွားလာနေတာကို တန်ပြန်တဲ့ သဘောလည်းဖြစ်တယ်လို့သုံးသပ်သူတွေက ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် မီဒီယာတွေကတော့ ဖျက်သင်္ဘောတစင်း၊ နျူကလီးယားစွမ်းအင်သုံး တိုက်ချင်းပစ် ဒုံးပျံတွေပစ်လွှတ်နိုင်တဲ့ ရေငုတ်သင်္ဘောတစင်းနဲ့ ကမ်းတက်တိုက်ခိုက်ရေးသင်္ဘောတစင်းပါဝင်တဲ့ သင်္ဘောအုပ်စုဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( PLA) ရေတပ်မှာ ပုံမှန်တာဝန်တွေကို ထမ်းဆောင်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အရင်က တခါကမှ တာဝန်ပေးအပ်ခြင်းမခံရဘူးပဲ အခုလို တာဝန်ပေးလိုက်တာဟာ တရုတ်ရေတပ်နဲ့ တရုတ်နိုင်ငံရဲ့ သင်္ဘောတည်ဆောက်ရေး အလျင်အမြန်တိုးတက်ဖွဲ့ဖြိုးလာခြင်းရဲ့ ပြရုပ်ဖြစ်တယ်လို့ နိုင်ငံပိုင် Global Times သတင်းစာကြီးမှာ ဖော်ပြပါတယ်။

တရုတ်အရာရှိတွေကတော့ ဒီသင်္ဘောတွေဟာ သူတို့ကမ်းခြေအနီးကို စေလွှတ်မယ့် အမေရိကန် သင်္ဘောတွေကို တားဆီးဖို့နဲ့ တရုတ်ရဲ့ ရေပိုင်နက်ကို အာခံနေကြတဲ့ အာရှတိုင်းပြည်တွေကို သတိပေးဖို့ စေလွှတ်တာလို့ရှုမြင်ကြပါတယ်။

တရုတ်နဲ့ စစ်ရေးအရ အားနည်းတဲ့ အခြား ၅ နိုင်ငံဖြစ်ကြတဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ဗီယက်နမ်နိုင်ငံတွေဟာ ၃.၅ သန်း စတုရန်းကီလိုမီတာ ကျယ်ဝန်းတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ ရေပိုင်နက် အငြင်းပွားနေတာပါ။

တိုကျိူ အခြေစိုက် ဆာဆာကာဝါ ငြိမ်းချမ်းရေးဖောင်ဒေးရှင်းရဲ့ ပင်လယ်ပြင်မူဝါဒဆိုင်ရာ အကြီးတန်းသုတေသီ Fabrizio Bozzato ကတော့ အခုလို ပြောပါတယ်။

“တရုတ်သမ္မတ xi jinping ကိုယ်တိုင်း ဒီသင်္ဘောတွေကို အခုလို တာဝန်ပေး စေလွှတ်လိုက်တာဟာ တရုတ်ရေတပ်အနေနဲ့ သူ့ရဲ့ ပင်လယ်ပြင်ကို ကာကွယ်ဖို့အတွက် ဘက်စုံစုပေါင်းလှုပ်ရှားနိုင်စွမ်းရှိတဲ့ သူ့ရဲ့ ရေကြောင်းတပ်ဖွဲ့သစ်ကို ဒေသတွင်းနဲ့ကမ္ဘာကြီး မိတ်ဆက်ပေးလိုက်တာဖြစ်တယ်” လို့ ဆိုပါတယ်။

တရုတ်အရာရှိတွေကတော့ ငါးနဲ ရေနံသယံဇာတကြွယ်ဝတဲ့ အဆိုပါရေပြင်ရဲ့ ၉၀ ရာခိုင်နှုန်းကို သူတို့ပိုင်ဆိုင်တယ်လို့သမိုင်းမှတ်တမ်းတွေနဲ့ပြောဆိုနေကြတာပါ။

တိုက်ရိုက် လင့်ခ်


..............


(Unicode)









XS
SM
MD
LG