(Zawgyi/Unicode)
ျမန္မာႏုိင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ပိုး ဓာတ္ခြဲအတည္ျပဳလူနာေတြထဲ ကာကြယ္ေဆး ထိုးထားၿပီးသားလူေတြ ထပ္ပါလာပါတယ္။ ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕က ေဆးထိုးၿပီးသား ဝန္ထမ္းသံုးဦး ပိုးကူးခဲ့တာပါ။ ဒီအေၾကာင္းအပါအဝင္ ျမန္မာႏုိင္ငံတြင္း ကိုဗစ္ေရာဂါဆိုင္ရာ ေနာက္ဆံုးအေျခအေန ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္က ေျပာျပပါမယ္။
ေမာင္ေတာၿမိဳ႕မွာ ၾကာသပေတးေန႔က ကိုဗစ္အတည္ျပဳလူနာ ၇ ေယာက္ထဲ ကိုဗစ္ကာကြယ္ေဆး ထိုးထားၿပီးသူ သံုးဦးလည္း ပါဝင္ေနၿပီး ေမာင္ေတာ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ဝန္ထမ္း ႏွစ္ဦးနဲ႔ အရပ္သူအမ်ိဳးသမီးတဦးတို႔ ျဖစ္ပါတယ္။ ကာကြယ္ေဆးအျပည့္အဝ ထိုးထားၿပီးသူေတြျဖစ္ေပမဲ့ သံသယေၾကာင့္ စစ္ေဆးလိုက္တဲ့အခါမွာ ေရာဂါပိုးေတြ႕ခဲ့တာလို႔ ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာစိုးဝင္းပိုင္က ဗြီအိုေအကိုေျပာပါတယ္။
"ဘယ္လိုပုံစံမ်ိဳးနဲ႔ ေတြ႕တာလဲဆိုေတာ့ ေရာဂါလကၡဏာျပလို႔ သူကေဆး႐ုံကိုလာၿပီးစစ္ေတာ့ ေတြ႕တာေပါ့ေနာ္။ ေဆးကေတာ့ Covishield လို႔ေခၚတဲ့ အိႏၵိယႏိုင္ငံ Serum Institute of India ကထုတ္တဲ့ ကာကြယ္ေဆးကို ႏွစ္ႀကိမ္ထိုးေပးထားတာ။"
ၿဗိတိန္ႏိုင္ငံ Oxford တကၠသိုလ္နဲ႔ AstraZeneca ေဆးကုမၸဏီတို႔ ပူးတြဲစမ္းသပ္ထားတဲ့ေဆးကို အိႏၵိယႏိုင္ငံမွာ Covishield ဆိုၿပီး ထုတ္လုပ္ပါတယ္။ ဒီေဆးက ႏွစ္ႀကိမ္ အျပည့္အဝ ေဆးထိုးထားရင္ ကိုဗစ္ကပ္ေရာဂါကို ၇၀% ကာကြယ္ႏိုင္တယ္လို႔ စမ္းသပ္ေတြ႕ရွိထားတာပါ။
အခုလို ကာကြယ္ေဆး အျပည့္အဝ ထိုးထားၿပီးသူေတြ ေရာဂါပိုးကူးတာ ႏိုင္ငံတခ်ိဳ႕မွာရွိခဲ့ဖူးေပမဲ့ ျမန္မာႏိုင္ငံမွာေတာ့ ဒါက ဒုတိယအႀကိမ္ေတြ႔တာပါ။ မႏၲေလးက ကိုဗစ္ကာကြယ္ေဆး Covishield အျပည့္အဝထိုးထားၿပီးတဲ့ အမ်ိဳးသားတဦးမွာလည္း ကိုဗစ္ပိုးေတြ႕ခဲ့တယ္လို႔ အခုလအေစာပိုင္းတုန္းက အတည္ျပဳထားပါတယ္။
ဒါ့အျပင္ ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕မွာလည္း အခ်ဳပ္သားႏွစ္ဦးမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက ကိုဗစ္ပိုးေတြ႕ခဲ့ပါတယ္။ သူတို႔ကို ေတာင္ကုတ္ကေန သံတြဲအက်ဥ္းေထာင္ကိုပို႔ဖို႔ ဓာတ္ခြဲစစ္ေဆးတာမွာ ပိုးကူးထားတာကို ေတြ႔ခဲ့တာလို႔ ေဒါက္တာစိုးဝင္းပိုင္က ေျပာပါတယ္။
"Contact ေတြကိုေတာ့ စစ္ဖို႔ စီစဥ္ထားတာေပါ့ေနာ္။ Positive ထြက္တဲ့ ႏွစ္ေယာက္ကေတာ့ က်န္းမာေရးေကာင္းပါတယ္။ အခု ေတာင္ကုတ္ေဆး႐ုံမွာထားပါတယ္။ ရဲစခန္းကေနမွ ေထာင္ထဲထည့္ဖို႔သြားတာပဲ ရွိေသးတာေပါ့။ အဲေတာ့ ေထာင္မဝင္ခင္မွာ ျဖစ္တာဆိုေတာ့ ေထာင္ထဲမွာေတာ့ Contact အဲလိုမရွိဘူးေပါ့။"
ေရာဂါကူးစက္ႏႈန္းနဲ႔ ေသဆုံးသူဦးေရ တိုးေနတဲ့ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕မွာ မေန႔ကတရက္ထဲ ကိုဗစ္အတည္ျပဳလူနာ အေယာက္ ၇၀ ရွိခဲ့ပါတယ္။ ဒါဟာ ဓာတ္ခြဲအတည္ျပဳႏိုင္တဲ့ အေရအတြက္ဆိုေပမဲ့ ေဒသတြင္းေရာဂါကူးစက္ေနတဲ့ အေျခအေနဟာ ဒီထက္မက မ်ားႏိုင္တယ္လို႔ ကပ္ေရာဂါတိုက္ဖ်က္ေရးမွာ လုပ္အားေပးေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။
ေရာဂါကုသေရးအတြက္ က်န္းမာေရးဝန္ထမ္း လိုအပ္ခ်က္ရွိေနသလို လူနာေတြလိုအပ္တဲ့ ေဆးဝါးနဲ႔ ေအာက္ဆီဂ်င္ေတြကို တျခားၿမိဳ႕ေတြအထိ ေစတနာရွင္ေတြ ရွာေဖြေပးေနရတဲ့ အေျခအေနပါ။ အတည္ျပဳလူနာေတြသာမကဘဲ ေရာဂါသံသယရွိသူေတြပါ ေသဆုံးႏႈန္းတိုးလာေနတယ္လို႔ ကေလးၿမိဳ႕ေဒသခံတဦးက ေျပာပါတယ္။
"ကေလးၿမိဳ႕ထဲ ရပ္ကြက္ေတြသြားလိုက္တိုင္း အသုဘမရွိတဲ့အိမ္ဆိုတာ ရွားတယ္။ တခ်ိဳ႕ကလည္း ဆုံးသြားၿပီဆိုရင္ ကိုဗစ္ Positive လား၊ Negative လားဆိုတာ မစစ္ေတာ့ဘူး။ မေန႔ကဆုံးတာဆိုရင္ ကိုဗစ္လူနာက ၄ ဦးေပါ့။ ၁၁ ေယာက္ကေတာ့ သံသယလူနာအျဖစ္ ထုတ္ျပန္တာ။ ဆုံးသြားၿပီဆိုေတာ့ မစစ္ေတာ့ဘူးလို႔ေျပာတယ္။ အခုဟာက ဘယ္လိုျဖစ္ေနလဲဆိုေတာ့ တခ်ိဳ႕ကက်ေတာ့ စင္တာကိုသြားလည္း ဘာမွမထူးေတာ့ဘူးေပါ့ေနာ္။ ျဖစ္ရင္လည္း သီးျခားခြဲၿပီးေတာ့မွ ေဆးေသာက္တယ္။ အခုဆိုရင္လည္း အိမ္မွာေနၿပီးေတာ့ပဲ ကိုယ့္ဟာနဲ႔ကိုယ္ ကုၾကတာေပါ့။
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇြန္လ ၂၄ ရက္၊ ည ၈ နာရီ ထုတ္ျပန္ထားတဲ့ စာရင္းအရဆိုရင္ေတာ့ ျပည္တြင္းမွာ အတည္ျပဳလူနာသစ္ ၇၈၇ ဦးနဲ႔ ေသဆုံးသူ ၆ ဦး ရွိခဲ့ပါတယ္။ အတည္ျပဳလူနာေတြကို ပဲခူးတိုင္း၊ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္းနဲ႔ ရွမ္းျပည္နယ္တို႔မွာ အမ်ားဆုံးေတြ႕ထားပါတယ္။
.............................................................................
မောင်တောမှာ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူ သုံးဦး ကိုရိုနာဗိုင်းရပ်စ်ပိုးကူး
(Unicode)
မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ဓာတ်ခွဲအတည်ပြုလူနာတွေထဲ ကာကွယ်ဆေး ထိုးထားပြီးသားလူတွေ ထပ်ပါလာပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့က ဆေးထိုးပြီးသား ဝန်ထမ်းသုံးဦး ပိုးကူးခဲ့တာပါ။ ဒီအကြောင်းအပါအဝင် မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါဆိုင်ရာ နောက်ဆုံးအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က ပြောပြပါမယ်။
မောင်တောမြို့မှာ ကြာသပတေးနေ့က ကိုဗစ်အတည်ပြုလူနာ ၇ ယောက်ထဲ ကိုဗစ်ကာကွယ်ဆေး ထိုးထားပြီးသူ သုံးဦးလည်း ပါဝင်နေပြီး မောင်တော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း နှစ်ဦးနဲ့ အရပ်သူအမျိုးသမီးတဦးတို့ ဖြစ်ပါတယ်။ ကာကွယ်ဆေးအပြည့်အဝ ထိုးထားပြီးသူတွေဖြစ်ပေမဲ့ သံသယကြောင့် စစ်ဆေးလိုက်တဲ့အခါမှာ ရောဂါပိုးတွေ့ခဲ့တာလို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဗွီအိုအေကိုပြောပါတယ်။
"ဘယ်လိုပုံစံမျိုးနဲ့ တွေ့တာလဲဆိုတော့ ရောဂါလက္ခဏာပြလို့ သူကဆေးရုံကိုလာပြီးစစ်တော့ တွေ့တာပေါ့နော်။ ဆေးကတော့ Covishield လို့ခေါ်တဲ့ အိန္ဒိယနိုင်ငံ Serum Institute of India ကထုတ်တဲ့ ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးပေးထားတာ။"
ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးတွဲစမ်းသပ်ထားတဲ့ဆေးကို အိန္ဒိယနိုင်ငံမှာ Covishield ဆိုပြီး ထုတ်လုပ်ပါတယ်။ ဒီဆေးက နှစ်ကြိမ် အပြည့်အဝ ဆေးထိုးထားရင် ကိုဗစ်ကပ်ရောဂါကို ၇၀% ကာကွယ်နိုင်တယ်လို့ စမ်းသပ်တွေ့ရှိထားတာပါ။
အခုလို ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီးသူတွေ ရောဂါပိုးကူးတာ နိုင်ငံတချို့မှာရှိခဲ့ဖူးပေမဲ့ မြန်မာနိုင်ငံမှာတော့ ဒါက ဒုတိယအကြိမ်တွေ့တာပါ။ မန္တလေးက ကိုဗစ်ကာကွယ်ဆေး Covishield အပြည့်အဝထိုးထားပြီးတဲ့ အမျိုးသားတဦးမှာလည်း ကိုဗစ်ပိုးတွေ့ခဲ့တယ်လို့ အခုလအစောပိုင်းတုန်းက အတည်ပြုထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာလည်း အချုပ်သားနှစ်ဦးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကိုဗစ်ပိုးတွေ့ခဲ့ပါတယ်။ သူတို့ကို တောင်ကုတ်ကနေ သံတွဲအကျဉ်းထောင်ကိုပို့ဖို့ ဓာတ်ခွဲစစ်ဆေးတာမှာ ပိုးကူးထားတာကို တွေ့ခဲ့တာလို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
"Contact တွေကိုတော့ စစ်ဖို့ စီစဉ်ထားတာပေါ့နော်။ Positive ထွက်တဲ့ နှစ်ယောက်ကတော့ ကျန်းမာရေးကောင်းပါတယ်။ အခု တောင်ကုတ်ဆေးရုံမှာထားပါတယ်။ ရဲစခန်းကနေမှ ထောင်ထဲထည့်ဖို့သွားတာပဲ ရှိသေးတာပေါ့။ အဲတော့ ထောင်မဝင်ခင်မှာ ဖြစ်တာဆိုတော့ ထောင်ထဲမှာတော့ Contact အဲလိုမရှိဘူးပေါ့။"
ရောဂါကူးစက်နှုန်းနဲ့ သေဆုံးသူဦးရေ တိုးနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မနေ့ကတရက်ထဲ ကိုဗစ်အတည်ပြုလူနာ အယောက် ၇၀ ရှိခဲ့ပါတယ်။ ဒါဟာ ဓာတ်ခွဲအတည်ပြုနိုင်တဲ့ အရေအတွက်ဆိုပေမဲ့ ဒေသတွင်းရောဂါကူးစက်နေတဲ့ အခြေအနေဟာ ဒီထက်မက များနိုင်တယ်လို့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ လုပ်အားပေးဆောင်ရွက်နေသူတွေက ပြောပါတယ်။
ရောဂါကုသရေးအတွက် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ရှိနေသလို လူနာတွေလိုအပ်တဲ့ ဆေးဝါးနဲ့ အောက်ဆီဂျင်တွေကို တခြားမြို့တွေအထိ စေတနာရှင်တွေ ရှာဖွေပေးနေရတဲ့ အခြေအနေပါ။ အတည်ပြုလူနာတွေသာမကဘဲ ရောဂါသံသယရှိသူတွေပါ သေဆုံးနှုန်းတိုးလာနေတယ်လို့ ကလေးမြို့ဒေသခံတဦးက ပြောပါတယ်။
"ကလေးမြို့ထဲ ရပ်ကွက်တွေသွားလိုက်တိုင်း အသုဘမရှိတဲ့အိမ်ဆိုတာ ရှားတယ်။ တချို့ကလည်း ဆုံးသွားပြီဆိုရင် ကိုဗစ် Positive လား၊ Negative လားဆိုတာ မစစ်တော့ဘူး။ မနေ့ကဆုံးတာဆိုရင် ကိုဗစ်လူနာက ၄ ဦးပေါ့။ ၁၁ ယောက်ကတော့ သံသယလူနာအဖြစ် ထုတ်ပြန်တာ။ ဆုံးသွားပြီဆိုတော့ မစစ်တော့ဘူးလို့ပြောတယ်။ အခုဟာက ဘယ်လိုဖြစ်နေလဲဆိုတော့ တချို့ကကျတော့ စင်တာကိုသွားလည်း ဘာမှမထူးတော့ဘူးပေါ့နော်။ ဖြစ်ရင်လည်း သီးခြားခွဲပြီးတော့မှ ဆေးသောက်တယ်။ အခုဆိုရင်လည်း အိမ်မှာနေပြီးတော့ပဲ ကိုယ့်ဟာနဲ့ကိုယ် ကုကြတာပေါ့။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၂၄ ရက်၊ ည ၈ နာရီ ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင်တော့ ပြည်တွင်းမှာ အတည်ပြုလူနာသစ် ၇၈၇ ဦးနဲ့ သေဆုံးသူ ၆ ဦး ရှိခဲ့ပါတယ်။ အတည်ပြုလူနာတွေကို ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ အများဆုံးတွေ့ထားပါတယ်။