သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် အလုပ်သမားတွေကြား ကိုဗစ်ကူးစက်သူတိုး 


{ Zawgyi }

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အများစု အလုပ်လုပ်ရာ နေရာတွေမှာ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အလုပ်သမားတွေကြား ကူးစက်မှုတွေ တိုးလာနေပေမဲ့လည်း ကျန်းမာရေး စောင့်ရှောက်မှုတွေ အားနည်းနေတဲ့အတွက်လည်း စိုးရိမ်မှုတွေ ထွက်ပေါ်နေတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာကပြောပြပေးပါမယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ပိုးတွေလူဦးရေ ရာဂဏန်းအထက် မြင့်တက်လာတဲ့ပြည်နယ်တွေကို ထိုင်းကျန်းမာရေးဌာနကဖေါ်ပြခဲ့ရာမှာ မြန်မာနိုင်ငံသားတွေအများဆုံး အလုပ်လုပ်ကိုင်နေကြတဲ့ စမုတ်ပရာကမ် -ဆာမွတ်ဆာခွန်း ချွန်ဘူရီ -ပထုံဌာနီ နွန်ထဘူရီ ဆုံခလာပြည်နယ်တွေလည်းပါဝင်နေပါတယ်။

ထိုင်းတောင်ပိုင်း ဆုံခလာပြည်နယ်က စက်ရုံကြီး ၈ ရုံမှာ အလုပ်သမား ၈၀၀ ကျော် ကပ်ပိုးကူးဆက်နေတာကြောင့် နယ်မြေကျန်းမာရေးဌာနတွေက .ယာယီတဲတွေ ပြင်ဆင်ပြီးအရေးပေါ်ကုသရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ အလုပ်သမားတွေ စုဝေး နေထိုင်တဲ့နေရာတွေ စက်ရုံအလုပ်ရုံတွေကနေ ကိုဗစ် -၁၉ စတုတ္ထလှိုင်း မလွဲမရှောင်နိုင် ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတိပေးနေပါတယ်။

စက်ရုံအလုပ်ရုံတွေမှာ ကပ်ရောဂါ မကူးအောင် စည်းကမ်း ထိန်းချုပ်မှု အားနည်းနေတာကို ကျန်းမာရေး တာဝန်ရှိသူတွေက ထောက်ပြနေကြပါတယ်။ ပြီးခဲ့တဲ့ဧပြီလကတည်းက ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့ ဆုံခလာပြည်နယ်ထဲက ငါးသေတ္တာစက်ရုံမှာတော့ မြန်မာနိုင်ငံသား ၆၀ ကျော် ကိုဗစ်ကပ်ပိုးတွေ့ရှိပြီး စက်ရုံကို အစပိုင်းက ယာယီပိတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အလုပ်သမားအားလုံးရဲ့သုံးပုံ နှစ်ပုံလောက်ကိုသာ ကိုဗစ်ကပ်ရောဂါ ရှိ မရှိ စစ်ဆေးပြီး စက်ရုံကို ပြန်ဖွင့်ခဲ့ပါတယ်။ စက်ရုံပြန်ဖွင့်ချိန်မှာတော့ အလုပ်သမားတွေအချင်းချင်း စေတနာဝန်ထမ်းတာဝန်ယူပြီး ကျန်းမာရေးစစ်ဆေးမူတွေသာ လုပ်ပေးခဲ့ရကြောင်း စေတနာဝန်ထမ်းလုပ်ပေးနေရတဲ့ အလုပ်သမားတဦးကပြောပြပါတယ်။

" ကိုဗစ်ဖြစ်တယ် မဖြစ်တယ် ကျနော်တို့ကတော့အတိအကျမသိရဘူးလေ သူတို့က ကိုယ်ပူချိန်များတဲ့ သူရယ်အောက်စီဂျင်နည်းတဲ့သူရယ် သူတို့ကခေါ်ပြီးဆေးရုံပိုတယ် တိတိကျကျစစ်ဆေးတာတာ့မရှိဘူး ကျနော်တို့လုပ်ရာက အောက်စီဂျင်တိုင်းတယ် သွေးပေါင်ချိန်တိုင်းတယ် အပူချိန်တိုင်းတယ် အဲဒီ ၃မျိုးလုပ်ပေးရတယ် အလုပ်သမားအချင်းချင်းပြန်လုပ်ခိုင်းတာခင်ဗျ ကျနော်တို့ကိုခိုင်းထားပြီးမှ ကျနော်တို့ဆီကစာရွက်ကို ဒီသွေးပေါင်ချိန်တက်တဲ့စာရင်း အပူချိန်တက်ကျတဲ့စာရင်းကို ဆေးရုံကပြန်ယူတယ် ခင်ဗျ ဖြစ်တဲ့သူတွေလည်းအလုပ်ထဲမှာဆင်းနေတယ် သူတို့ ၁၄ ရက်ပေးနားတဲ့သူတွေလည်းရှိတယ် တချို့လည်းပေးမနားဘူး ဒီနေ့လို စောင့်ကြည့်ရေးစင်တာကပြန်လာတယ် နောက်နေလို အလုပ်ထဲပြန်ဆင်းတာလည်းရှိတယ်။ "

တချို့ စက်ရုံတွေကတော့ စက်ရုံအတွင်းက သီးခြားအဆောင်မှာ ကိုဗစ်ကပ်ပိုးတွေရှိသူတွေကို သီးခြားခွဲ စောင့်ကြည့်တာမျိုးရှိပါတယ်။ တချို့စက်ရုံတွေကျတော့လည်း ကိုဗစ်ပိုးတွေ့သူတွေကို ပြည်နယ်ကျန်းမာရေးဌာနတွေကဖွင့်ထားတဲ့ စောင့်ကြည်ရေးစင်တာတွေမှာ ထားပါတယ်။

ရွှေပြောင်းအလုပ်သမားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မူအလုံအလောက်ရဖို့ကတော့ သိတ်မလွယ်ကူဘူးလို့ရွေပြောင်းအလုပ်သမားရေးလုပ်နေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက - ပြောပါတယ်။

" ကာကွယ်စောင့်ရှောက်မူတို့ စမ်းသပ်စစ်ဆေးတာတို့ အဲဒီအပိုင်းတွေကျတော့ သူတို့ထိုင်းနိုင်ငံသားအချင်းချင်းကြားမှာတောင်ပြသနာတက်နေတာ ဥပမာ ရောဂါဖြစ်နေတဲ့မိသားစုဆိုရင် အချိန်မှီအတောအတွင်းမှာလာမခေါ်နိုင်ဘူး သူတို့မှာ သူတို့မှာ facility အရ မလုံလောက်လို့ သူတို့မှာအသက်ကြီးတဲ့သူတွေတောင် တချို့Case တွေမှာ အဖွားကြီးတွေလာမခေါ်နိုင်လို့ဆုံးသွားတာရှိတယ် ရွေပြောင်းအလုပ်သမားတွေဆိုတော့ပိုဆိုးတာပေါ့ ။ "

ဇွန်လ ၂၀ ရက်နေ့က ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံသား နှစ်ဦးသေဆုံးခဲ့ကြောင်းကပ်ရောဂါထိမ်းချုပ်ရေးအဖွဲကို ကိုးကားပြီးထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။ ဆုံခလာပြည်နယ်ငါးသေတ္တာစက်ရုံက မြန်မာအလုပ်သမားတဦးလည်း ပြီးခဲ့တဲ့ တပါတ်က သေဆုံးခဲ့ပါတယ်။ လက်ရှိ ထိုင်းနိုင်ငံရဲ့ ကိုဗစ် တတိယလှိုင်းမှာ စက်ရုံ အလုပ်ရုံတွေနဲ့ လူစည်ကားရာဈေးတွေကတဆင့် အဓိက ကူးစက်ပြန့်ပွားနေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဇွန်လ၂၂ ရက်နေ့က အတည်ပြုလူနာ ၄၀၅၀ ယောက်မှာ အများစုဟာ စက်ရုံအလုပ်တွေက ဖြစ်တယ်လို့ ကပ်ရောဂါထိမ်းချုပ်ရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထဝီဆင်ကပြောသွားပါတယ်၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကရရှိတဲ့ ဝင်ငွေကို မှီခိုအားကိုးနေရတဲ့ ထိုင်းနိုင်ငံက ရက် ၁၂၀ အတွင်း နိုင်ငံကို အပြည့်အဝ ပြန်ဖွင့်ပြီး နိုင်ငံတကာ ခရီးသည်တွေကို ပြန်လာခွင့်ပြုမယ်လို့ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်


{ Unicode }











XS
SM
MD
LG