သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံဘက္ ခိုးဝင္သူ ျမန္မာႏုိင္ငံသားေတြ ဖမ္းဆီးခံေနၾကရ


ထိုင္း - ျမန္မာနယ္စပ္ ရေနာင္းျပည္နယ္မွာ ဇြန္လ ၂ ရက္ေန႔က ဖမ္းမိတဲ့ ျမန္မာႏိုင္ငံသားမ်ား။ (ဓာတ္ပံု - နယ္ျခားေစာင့္တပ္ - ဇြန္ ၀၂၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံဘက္ တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသား ရာနဲ႔ခ်ီၿပီး ထိုင္းဘက္က အခုရက္ပိုင္း ဖမ္းဆီးမိေနခ်ိန္မွာ လူေမွာင္ခုိဂိုဏ္းဝင္ ျမန္မာႏိုင္ငံသား တေယာက္ကို ကန္ခ်နဘူရီခရိုင္မွာ သက္ေသခံစာရြက္ေတြနဲ႔အတူ ဖမ္းမိပါတယ္။ ထိုင္း-ျမန္မာနယ္စပ္ျဖစ္တဲ့ ရေနာင္းျပည္နယ္ထဲမွာလည္း လူေမွာင္ခိုကူးခံရတဲ့ ျမန္မာနိုင္ငံသား ၃၀ ေက်ာ္ကို ဖမ္းမိခဲ့ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံနဲ႔ နယ္နိမိတ္ထိဆက္ေနတဲ့ ထိုင္းႏိုင္ငံ ရေနာင္းျပည္နယ္ထဲမွာ လူေမွာင္ခုိကူးလာတဲ့ ျမန္မာႏိုင္ငံသားေတြ တင္လာတဲ့ ကားတစီးကို ထိုင္းအာဏာပိုင္ေတြက ဇြန္ ၂ ရက္ေန႔က ဖမ္းမိခဲ့တာပါ။

ရေနာင္းျပည္နယ္ထဲက Bang Kaeo ဘန္ကဲ၀ို ့ အမွတ္ ၅ ေက်းရြာအုပ္စုအနီးက လမ္းမေပၚမွာ ေမာင္းလာတဲ့ကားကို ရဲတပ္ဖြဲ ့က စစ္ေဆးဖို႔ ရပ္ခို္င္းတာကို ရပ္မေပးဘဲ ေမာင္းေျပးခဲ့ျပီးေနာက္ ေတာစပ္လမ္းတခုမွာ ကားကိုရပ္ၿပီး ယာဥ္ေမာင္း ထြက္ေျပးသြားခဲ့တာပါ။ အဲဒီကားေပၚမွာ အေထာက္ထား စာ႐ြက္စာတမ္းမပါတ့ဲ အမ်ဳိးသား ၂၄ ေယာက္ အမ်ဳိးသမီး ၉ ေယာက္ စုစုေပါင္း ျမန္မာႏိုင္ငံသား ၃၃ ေယာက္ကို စစ္ေဆးေတြ ့ရွိခဲ့တယ္လို ့ရဲမွဴး Chalermchai Suttin က သတင္းထုတ္ျပန္သြားခဲ့ပါတယ္။

"အခုလို တရားမ၀င္ ျမန္မာနိုင္ငံသားေတြကို ဖမ္းဆီးနိုင္တာဟာ ေဒသမွာ တာ၀န္ထမ္းေဆာင္ေနတဲ့ လံုျခံဳေရးအဖြဲ႔အစည္းအားလံုးရဲ ့ ပူးေပါင္းေဆာင္ရြက္မႈေတြေၾကာင့္ ျဖစ္ပါတယ္။ အခုဆိုရင္ နယ္စပ္ေဒသေတြမွာ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ အေရးပါတဲ့ လူေမွာင္ခို တားဆီးရွင္းလင္းေရးေတြကို ထိုင္းႏိုင္ငံက အမ်ိဳးသားေရးတာ၀န္တခုအေနနဲ ့ လုပ္ေဆာင္ေနပါတယ္။" လို ့ရဲမွဴးက ထုိင္းဘာသာနဲ႔ ေျပာသြားပါတယ္။

ရေနာင္းျပည္နယ္မွာ ဖမ္းမိသူေတြကေတာ့ ျမန္မာနိုင္ငံ ထား၀ယ္နဲ ့ ျမိတ္ေဒသက ျဖစ္ၾကျပီး ထိုင္းေတာင္ပိုင္း မေလး႐ွားႏိုင္ငံ နယ္စပ္အထိ ပို႔ေဆာင္ေပးဖို႔ လူေမွာင္ခိုပြဲစားေတြကို တေယာက္ ထိုင္းဘတ္ေငြ ၁၅,၀၀၀ ေပးျပီး လာခဲ့ၾကတာလို ့ဆုိပါတယ္္။

ခုလို လူေမွာင္ခုိေတြနဲ႔ တရားမဝင္ ဝင္လာသူေတြကုိ ထိုင္းအာဏာပိုင္ေတြက လိုက္လံဖမ္းဆီးေနရာမွာ ကန္ခ်နဘူရီျပည္နယ္ထဲက ျမန္မာနိုင္ငံသား လူေမွာင္ခိုပြဲစား အမ်ိဳးသားတစ္ဦးကိုလည္း သက္ေသခံ ေငြသြင္း၊ ေငြထုတ္ ျဖတ္ပိုင္းေတြ သူ့ပုိ႔ဆာင္ခဲ့တဲ့ လူစာရင္းေတြနဲ႔အတူ ဖမ္းမိခဲ့ပါတယ္။ ဖမ္းမိတဲ့ လူေမွာင္ခိုဂိုဏ္းက ျမန္မာနိုင္ငံသားရဲ႕ ဘဏ္အေကာင့္ထဲမွာ သံုးႏွစ္အတြင္း ထိုင္းဘတ္ေငြ ၆,၀၀၀,၀၀၀ ေငြ၀င္ထားတာကို စစ္ေဆးေတြ႔႐ွိထားၿပီးလူကုန္ကူးဥပေဒနဲ႔ တရားစြဲမယ္လို႔လည္း ထိုင္းအာဏာပိုင္ေတြက ေျပာပါတယ္။

ထုိင္း-ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ထဲမွာလည္း တရားမ၀င္ ဝင္လာၾကတဲ့ ျမန္မာႏိုင္ငံသား ၄၀ ေက်ာ္ကို ဒီရက္ထဲမွာပဲ ဖမ္းမိခဲ့ပါတယ္။ ျမဝတီၿမိဳ႕နဲ႔ ကပ္ေနတဲ့ ခ်င္းရိုင္ျပည္နယ္ထဲမွာလည္း ျမန္မာႏိုင္ငံကေန တရားမဝင္ ေရာက္လာသူေတြကို အခုရက္ပိုင္း ဆက္တိုက္ ဖမ္းမိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံဘက် ခိုးဝင်သူ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံနေကြရ

ထိုင်းနိုင်ငံဘက် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ရာနဲ့ချီပြီး ထိုင်းဘက်က အခုရက်ပိုင်း ဖမ်းဆီးမိနေချိန်မှာ လူမှောင်ခိုဂိုဏ်းဝင် မြန်မာနိုင်ငံသား တယောက်ကို ကန်ချနဘူရီခရိုင်မှာ သက်သေခံစာရွက်တွေနဲ့အတူ ဖမ်းမိပါတယ်။ ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ရနောင်းပြည်နယ်ထဲမှာလည်း လူမှောင်ခိုကူးခံရတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်ကို ဖမ်းမိခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိဆက်နေတဲ့ ထိုင်းနိုင်ငံ ရနောင်းပြည်နယ်ထဲမှာ လူမှောင်ခိုကူးလာတဲ့ မြန်မာနိုင်ငံသားတွေ တင်လာတဲ့ ကားတစီးကို ထိုင်းအာဏာပိုင်တွေက ဇွန် ၂ ရက်နေ့က ဖမ်းမိခဲ့တာပါ။

ရနောင်းပြည်နယ်ထဲက Bang Kaeo ဘန်ကဲဝို့ အမှတ် ၅ ကျေးရွာအုပ်စုအနီးက လမ်းမပေါ်မှာ မောင်းလာတဲ့ကားကို ရဲတပ်ဖွဲ့က စစ်ဆေးဖို့ ရပ်ခိုင်းတာကို ရပ်မပေးဘဲ မောင်းပြေးခဲ့ပြီးနောက် တောစပ်လမ်းတခုမှာ ကားကိုရပ်ပြီး ယာဉ်မောင်း ထွက်ပြေးသွားခဲ့တာပါ။ အဲဒီကားပေါ်မှာ အထောက်ထား စာရွက်စာတမ်းမပါတဲ့ အမျိုးသား ၂၄ ယောက် အမျိုးသမီး ၉ ယောက် စုစုပေါင်း မြန်မာနိုင်ငံသား ၃၃ ယောက်ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ရဲမှူး Chalermchai Suttin က သတင်းထုတ်ပြန်သွားခဲ့ပါတယ်။

"အခုလို တရားမဝင် မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးနိုင်တာဟာ ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးအဖွဲ့အစည်းအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ဖြစ်ပါတယ်။ အခုဆိုရင် နယ်စပ်ဒေသတွေမှာ ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် အရေးပါတဲ့ လူမှောင်ခို တားဆီးရှင်းလင်းရေးတွေကို ထိုင်းနိုင်ငံက အမျိုးသားရေးတာဝန်တခုအနေနဲ့ လုပ်ဆောင်နေပါတယ်။" လို့ရဲမှူးက ထိုင်းဘာသာနဲ့ ပြောသွားပါတယ်။

ရနောင်းပြည်နယ်မှာ ဖမ်းမိသူတွေကတော့ မြန်မာနိုင်ငံ ထားဝယ်နဲ့ မြိတ်ဒေသက ဖြစ်ကြပြီး ထိုင်းတောင်ပိုင်း မလေးရှားနိုင်ငံ နယ်စပ်အထိ ပို့ဆောင်ပေးဖို့ လူမှောင်ခိုပွဲစားတွေကို တယောက် ထိုင်းဘတ်ငွေ ၁၅,၀၀၀ ပေးပြီး လာခဲ့ကြတာလို့ဆိုပါတယ်။

ခုလို လူမှောင်ခိုတွေနဲ့ တရားမဝင် ဝင်လာသူတွေကို ထိုင်းအာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေရာမှာ ကန်ချနဘူရီပြည်နယ်ထဲက မြန်မာနိုင်ငံသား လူမှောင်ခိုပွဲစား အမျိုးသားတစ်ဦးကိုလည်း သက်သေခံ ငွေသွင်း၊ ငွေထုတ် ဖြတ်ပိုင်းတွေ သူ့ပို့ဆာင်ခဲ့တဲ့ လူစာရင်းတွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိတဲ့ လူမှောင်ခိုဂိုဏ်းက မြန်မာနိုင်ငံသားရဲ့ ဘဏ်အကောင့်ထဲမှာ သုံးနှစ်အတွင်း ထိုင်းဘတ်ငွေ ၆,၀၀၀,၀၀၀ ငွေဝင်ထားတာကို စစ်ဆေးတွေ့ရှိထားပြီးလူကုန်ကူးဥပဒေနဲ့ တရားစွဲမယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲမှာလည်း တရားမဝင် ဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၄၀ ကျော်ကို ဒီရက်ထဲမှာပဲ ဖမ်းမိခဲ့ပါတယ်။ မြဝတီမြို့နဲ့ ကပ်နေတဲ့ ချင်းရိုင်ပြည်နယ်ထဲမှာလည်း မြန်မာနိုင်ငံကနေ တရားမဝင် ရောက်လာသူတွေကို အခုရက်ပိုင်း ဆက်တိုက် ဖမ်းမိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG