သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလအတြင္း ေရႊ႕ေျပာင္းျမန္မာ ၁၅,၀၀၀ ထိုင္းမွာ ဖမ္းဆီးခံခဲ့ရ


ထုိင္းႏိုင္ငံထဲ တရားမဝင္ ဝင္ေရာက္လာလို႔ ဖမ္းဆီးခံရတဲ့ ျမန္မာႏိုင္ငံသားမ်ား။ (ဓာတ္ပံု - Police - ေမ ၂၀၂၁)

[Zawgyi/Unicode]

ထိုင္းနိုင္ငံမွာ ကိုဗစ္-၁၉ အေရးေပၚကာလအတြင္း တရားမ၀င္ခိုး၀င္လာသူ ႏို္င္ငံျခားသား ၃၀,၀၀၀ ေက်ာ္ ဖမ္းမိခဲ့ရာမွာ ျမန္မာႏို္င္ငံသားက ၁၅,၀၀၀ ေက်ာ္ပါဝင္ပါတယ္။ လူေမွာင္ခိုပဲြစား ၃၀၀ နီးပါးကိုလည္း ထိုင္းအစိုးရက ဖမ္းဆီးအေရးယူခဲ့တဲ့အေၾကာင္း ထိုင္းအေျခစိုက္ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက ေျပာျပေပးမွာပါ။

ထိုင္းႏိုင္ငံမွာ ၂၀၂၀ ဇူလိုင္ ၁ ရက္ေန႔ကေန ၂၀၂၁ ေမလ ကုန္အထိ ၁၁ လအတြင္း ႏိုင္ငံအတြင္း တရားမဝင္ ဝင္ေရာက္လာတဲ့ ႏိုင္ငံျခားသားအပါအဝင္ ဖမ္းမိသူေပါင္း ၃၂,၅၀၀ နီးပါးရွိခဲ့ပါတယ္။ လူေမွာင္ခိုပြဲစား ၂၈၂ ဦးကိုလည္း ဖမ္းဆီးအေရးယူခဲ့တယ္လို႔ ထိုင္းကာကြယ္ေရးဝန္ႀကီးဌာနမွာ ေမလ ၃၁ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာေရးဆိုခြင့္ရွိသူ ဒုတိယ ဗိုလ္ခ်ဳပ္ Khoncheep Tantrawanich က ေျပာၾကားသြားခဲ့ပါတယ္။ တရားမဝင္ ဝင္ေရာက္လာလို႔ ဖမ္းမိတဲ့ ႏိုင္ငံျခားေတြထဲမွာ ျမန္မာႏိုင္ငံသားေတြ အမ်ားဆုံး ၁၅,၀၀၀ ေက်ာ္ပါဝင္ပါတယ္။ ျမန္မာနဲ႔ တျခားအိမ္နီးခ်င္းႏိုင္ငံေတြက တရားမဝင္ ေ႐ႊ႕ေျပာင္းလုပ္သားေတြ ျဖစ္ၾကတယ္လို႔ ထိုင္းေတာင္ပိုင္း အေျခစိုက္ ပညာေရးနဲ႔ ဖြံ႕ၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးလႈပ္ရွားသူ ဦးမင္းဦးက အခုလိုေျပာပါတယ္။

"ကာကြယ္ေရး၀န္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ေမလကုန္ထိ တရားမ၀င္ ဖမ္းမိသူအားလံုးေပါင္းက ၃၀,၀၀၀ ေက်ာ္တယ္ ဒီထဲမွာျမန္မာကေတာ့အမ်ားဆံုးပါတယ္ ၁၅,၃၉၃ ေပါ့ ဒုတိယအမ်ားဆံုးက ကေမၻာဒီးယားနဲ႔ လာအို၀္ မေလးရွားလည္း နည္းနည္းပါတယ္။ က်န္တဲ့ႏို္င္ငံသားလည္း ပါတယ္။ ကာကြယ္ေရး၀န္ႀကီးဌာနက ထုတ္ျပန္တဲ့ အစီရင္ခံစာအရသိရတာ သူတို႔ ဖမ္းမိတဲ့အထဲမွာ နယ္စပ္ေတြက တရားမ၀င္ခိုး၀င္လို႔ ဖမ္းမိတာ ဒီထဲမွာလူေမွာင္ခိုသမားေတြလည္း ပါတယ္။ ေမွာင္ခိုသမားကေတာ့လူ ၂၀၀ ေက်ာ္ပါတယ္။"

ထိုင္းကာကြယ္ေရး၀န္ႀကီးဌာနရဲ ့သတင္းစာရွင္းလင္းပဲြအတြင္းမွာ ေျပာဆုိသြားတာကေတာ့ လက္ရွိမွာေတာ့ ထုိင္းႏို္င္ငံက တရားမ၀င္ခိုး၀င္မႈေတြကို ထိန္းခ်ဳပ္ႏိုင္ေအာင္ ထိုင္းျမန္မာနယ္စပ္တေလွ်ာက္ နယ္စပ္လမ္းေၾကာင္းေတြမွာ တပ္ရင္းတပ္ဖဲြ႔ေတြ တိုးျမွင့္ခ်ထားျပီး ေမာင္းသူမဲ့ အေဝးထိန္း ဒရုန္းကင္းေထာက္ယာဥ္ငယ္ေတြ သံုးၿပီး နယ္စပ္လံုျခံဳေရးကို ေစာင္ၾကည့္ စစ္ေဆးေနတယ္လို႔ ေျပာၾကားသြားပါတယ္။ နယ္စပ္္လမ္းေတြကေန တရားမ၀င္အလုပ္သမားေတြ အမ်ားအျပား ၀င္ေရာက္လာေနတာဟာ လုပ္အားခ သက္သာတဲ့ အလုပ္သမားေတြကို အလုပ္ခိုင္းေနၾကတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြေၾကာင့္လို႔လည္း ေထာက္ျပေျပာသြားပါတယ္။ တရားမ၀င္ ၀င္ေရာက္လာေနမႈကို တားဆီးႏိုင္ဖုိ႔ ထိုင္းအစိုးရက ဥပေဒသစ္ေတြ ခ်မွတ္ၿပီး ေမလထဲက ၾကပ္ၾကပ္မတ္မတ္ ေဆာင္႐ြက္ေနပါတယ္။

ထိုင္းႏိုင္ငံက ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံအပါအဝင္ ထိုင္းႏုိင္ငံနဲ႔ ထိဆက္ေနတဲ့ နယ္စပ္ေတြကေန အသြားအလာအားလံုးကို ၂၀၂၀ မတ္လထဲက ပိတ္ပင္ထားတာျဖစ္ပါတယ္။ ခုလုိ ထိုင္းဘက္က တားျမစ္ထားတဲ့အတြက္ ျမန္မာႏိုင္ငံက အပါအဝင္ ထုိင္းႏိုင္ငံထဲမွာ အလုပ္လုပ္ခ်င္ၾကတဲ့ အိမ္နီးခ်င္းႏိုင္ငံကသူေတြဟာ ရတဲ့နည္းနဲ႔ ထုိင္းႏိုင္ငံဘက္ ဝင္ဖုိ႔ ႀကိဳးစားေနၾကတာပါ၊ ဒါတင္မက ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ေနာက္ပိုင္း စစ္ေကာင္စီက ဖမ္းဆီးအေရးယူမွာ စိုးရိမ္လို႔ ထိုင္းႏိုင္ငံဘက္ ထြက္ေျပးလာၾကသူေတြလည္း ႐ွိေနပါတယ္။ စစ္ေကာင္စီက အာဏာသိမ္းခဲ့တဲ့ ၄ လအတြင္းမွာ ထုိင္းႏိုင္ငံထဲကို ျမန္မာႏို္င္ငံဘက္က အေျမာက္အမ်ား ဝင္ေရာက္ေနၾကတဲ့အတြက္ ဒီလပိုင္းေတြအတြင္းမွာပဲ ဖမ္းမိတဲ့ ျမန္မာႏို္င္ငံသား ၃,၀၀၀ ထက္မနည္း ႐ွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလအတွင်း ရွှေ့ပြောင်းမြန်မာ ၁၅,၀၀၀ ထိုင်းမှာ ဖမ်းဆီးခံခဲ့ရ

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်း တရားမဝင်ခိုးဝင်လာသူ နိုင်ငံခြားသား ၃၀,၀၀၀ ကျော် ဖမ်းမိခဲ့ရာမှာ မြန်မာနိုင်ငံသားက ၁၅,၀၀၀ ကျော်ပါဝင်ပါတယ်။ လူမှောင်ခိုပွဲစား ၃၀၀ နီးပါးကိုလည်း ထိုင်းအစိုးရက ဖမ်းဆီးအရေးယူခဲ့တဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်းနိုင်ငံမှာ ၂၀၂၀ ဇူလိုင် ၁ ရက်နေ့ကနေ ၂၀၂၁ မေလ ကုန်အထိ ၁၁ လအတွင်း နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားအပါအဝင် ဖမ်းမိသူပေါင်း ၃၂,၅၀၀ နီးပါးရှိခဲ့ပါတယ်။ လူမှောင်ခိုပွဲစား ၂၈၂ ဦးကိုလည်း ဖမ်းဆီးအရေးယူခဲ့တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနမှာ မေလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်ချုပ် Khoncheep Tantrawanich က ပြောကြားသွားခဲ့ပါတယ်။ တရားမဝင် ဝင်ရောက်လာလို့ ဖမ်းမိတဲ့ နိုင်ငံခြားတွေထဲမှာ မြန်မာနိုင်ငံသားတွေ အများဆုံး ၁၅,၀၀၀ ကျော်ပါဝင်ပါတယ်။ မြန်မာနဲ့ တခြားအိမ်နီးချင်းနိုင်ငံတွေက တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ကြတယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးက အခုလိုပြောပါတယ်။

"ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မေလကုန်ထိ တရားမဝင် ဖမ်းမိသူအားလုံးပေါင်းက ၃၀,၀၀၀ ကျော်တယ် ဒီထဲမှာမြန်မာကတော့အများဆုံးပါတယ် ၁၅,၃၉၃ ပေါ့ ဒုတိယအများဆုံးက ကမ္ဘောဒီးယားနဲ့ လာအိုဝ် မလေးရှားလည်း နည်းနည်းပါတယ်။ ကျန်တဲ့နိုင်ငံသားလည်း ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာအရသိရတာ သူတို့ ဖမ်းမိတဲ့အထဲမှာ နယ်စပ်တွေက တရားမဝင်ခိုးဝင်လို့ ဖမ်းမိတာ ဒီထဲမှာလူမှောင်ခိုသမားတွေလည်း ပါတယ်။ မှောင်ခိုသမားကတော့လူ ၂၀၀ ကျော်ပါတယ်။"

ထိုင်းကာကွယ်ရေးဝန်ကြီးဌာနရဲ့သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောဆိုသွားတာကတော့ လက်ရှိမှာတော့ ထိုင်းနိုင်ငံက တရားမဝင်ခိုးဝင်မှုတွေကို ထိန်းချုပ်နိုင်အောင် ထိုင်းမြန်မာနယ်စပ်တလျှောက် နယ်စပ်လမ်းကြောင်းတွေမှာ တပ်ရင်းတပ်ဖွဲ့တွေ တိုးမြှင့်ချထားပြီး မောင်းသူမဲ့ အဝေးထိန်း ဒရုန်းကင်းထောက်ယာဉ်ငယ်တွေ သုံးပြီး နယ်စပ်လုံခြုံရေးကို စောင်ကြည့် စစ်ဆေးနေတယ်လို့ ပြောကြားသွားပါတယ်။ နယ်စပ်လမ်းတွေကနေ တရားမဝင်အလုပ်သမားတွေ အများအပြား ဝင်ရောက်လာနေတာဟာ လုပ်အားခ သက်သာတဲ့ အလုပ်သမားတွေကို အလုပ်ခိုင်းနေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြောင့်လို့လည်း ထောက်ပြပြောသွားပါတယ်။ တရားမဝင် ဝင်ရောက်လာနေမှုကို တားဆီးနိုင်ဖို့ ထိုင်းအစိုးရက ဥပဒေသစ်တွေ ချမှတ်ပြီး မေလထဲက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်။

ထိုင်းနိုင်ငံက ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံနဲ့ ထိဆက်နေတဲ့ နယ်စပ်တွေကနေ အသွားအလာအားလုံးကို ၂၀၂၀ မတ်လထဲက ပိတ်ပင်ထားတာဖြစ်ပါတယ်။ ခုလို ထိုင်းဘက်က တားမြစ်ထားတဲ့အတွက် မြန်မာနိုင်ငံက အပါအဝင် ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ချင်ကြတဲ့ အိမ်နီးချင်းနိုင်ငံကသူတွေဟာ ရတဲ့နည်းနဲ့ ထိုင်းနိုင်ငံဘက် ဝင်ဖို့ ကြိုးစားနေကြတာပါ၊ ဒါတင်မက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးအရေးယူမှာ စိုးရိမ်လို့ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြသူတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီက အာဏာသိမ်းခဲ့တဲ့ ၄ လအတွင်းမှာ ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံဘက်က အမြောက်အများ ဝင်ရောက်နေကြတဲ့အတွက် ဒီလပိုင်းတွေအတွင်းမှာပဲ ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၃,၀၀၀ ထက်မနည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG