သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာအလုပ်သမားတချို့ ဗီဇပြောင်းကိုဗစ်ပိုး ကူးစက်ခံရ


ထိုင်းရောက် မြန်မာအလုပ်သမားများ
ထိုင်းရောက် မြန်မာအလုပ်သမားများ

(Zawgyi/Unicode)
တကျော့ပြန် ကိုဗစ်ရောဂါ ကူးစက်မှုတွေ ကြုံနေရတဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် ကူးစက်မြန် ကိုဗစ်ရောဂါပိုး အမျိုးအစားသစ် ကူးစက်သူ ရွှေ့ပြောင်းအလုပ်သမား ၁၅ ယောက်နဲ့ ထိုင်းနိုင်ငံသား ၂၁ ယောက် စုစုပေါင်း ၃၆ ယောက်ကို ပထမဆုံးအကြိမ်အဖြစ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်းကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ဘန်ကောက်မြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၀ ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၅ ယောက်မှာ မျိုးဗီဇပြောင်းပိုးသစ် ကူးစက်နေတာ တွေ့ရှိခဲ့တာလို့လည်း ဆေးသိပ္ပွံဌာန အကြီးအကဲ Dr. Supakit Sirilak ကပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လပ်စီ အရပ် က အီတလီ-ထိုင်း (Italian-Thai) ဆောက်လုပ်ရေး ကုမ္ပဏီမှာ နိုင်ငံခြားသားအလုပ်သမားတွေ အပါအဝင်အလုပ်သမား ၁၀၀၀ ကျော် ကိုဗစ်ရောဂါပိုး အကူးစက် ခံနေရပြီး ဒီအထဲမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမား အများအပြား ပါဝင်နေတယ်လို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ကွန်ယက်ဥက္ကဌ ဦးအောင်ကျော်က VOA ကို ပြောပါတယ်။

"ကျနော်တို့ ထိုင်းနိုင်ငံအထင်ရှားဆုံးဆောက်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Italian-Thai company ပေါ့နော်။ ကျနော်တို့ မြန်မာရွေပြောင်းအလုပ်သမားတွေက ဒီဆောက်လုပ်ရေးကုမ္ပဏီထဲမှာ ပိုးတွေ့လူနာတွေထဲ ကျနော်တို့မြန်မာတွေအများဆုံးပါနေတာလို့ ကျနော်တို့ကြားသိရပါတယ်။"

မေလ၁၄ ရက်နေ့ကစပြီး ဒီဆောက်လုပ်ရေးကုမ္ပဏီက အလုပ်သမားတွေနေထိုင်နေတဲ့ တန်းလျားမှာ ကိုဗစ်ရောဂါပိုး အကူးစက်ခံရသူ ၁၉၀ ကျော်ရှိခဲ့ရာကနေ ခုရက်ပိုင်းအတွင်း အလုပ်သမား ၁၅၀၀ ကျော်ကို ရောဂါပိုးစစ်ဆေးရာမှာ တထောင်ကျော်မှာ ရောဂါပိုးကူးစက်နေတာ တွေ့ရတယ်လို့လည်း ထိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပထမဆုံးတွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကို တကမ္ဘာလုံးစိုးရိမ်ရမယ့်ပိုး အမျိုးအစားအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ မေလ ၂၁ ရက် သောကြာနေ့ တရက်ထည်းမှာတင် ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူ ၃၄၈၁ ယောက်နဲ့ သေဆုံးရသူ ၃၂ ယောက်ရှိနေတာ ဖြစ်ပြီး စုစုပေါင်း အကူးစက်ခံရသူက ၁၂၃ ၀၀၀ ကျော်ရှိနေပါတယ်။

ထိုင်းအစိုးရက အခုအခါမှာ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နဲ့ နီပေါနိုင်ငံတွေက လာသူတွေကို ထိုင်းနိုင်ငံသား မဟုတ်ရင် နိုင်ငံတွင်း ဝင်ရောက်ခွင့်မပေးပါဘူး။

တိုက်ရိုက် လင့်ခ်


...........

(Unicode)







XS
SM
MD
LG