သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥပေဒမဲ့ ေဒၚလာ သယ္ေဆာင္သူ ျမန္မာ ၃ ဦး ထိုင္းရဲ ဖမ္းဆီး


တရားမ၀င္သယ္ေဆာင္လာတဲ့ ေဒၚလာေတြကို ထိုင္းရဲ စစ္ေဆးစဥ္

(Zawgyi/Unicode)

ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕ ၊ ထာ့ဆိုင္လြတ္ေက်းရြာအုပ္စု ကုန္တင္ပို႔ေဆာင္ေရးဂိတ္ ၊ အမွတ္ ၂၇ မွာ ေမလ ၂၅ ရက္ေန႔ က ထိုင္းနယ္ျခားေစာင့္တပ္က အေမရိကန္ ေဒၚလာ တသိန္း၊ ဘတ္ေငြ ၄၁သိန္း နဲ႔ ထုိင္းေရြျပား ၅ခုကို တရားမ၀င္သယ္ေဆာင္လာတဲ့ ျမန္မာႏိုင္ငံသား ၃ဦးကုိ ဖမ္းဆီး ခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက ေျပာျပေပးမွာပါ။

ထိုင္း-ျမန္မာနယ္စပ္၊ တာ့ခ္ျပည္နယ္၊ မဲေဆာက္ၿမိဳ႕နယ္ နယ္ျခား စစ္ေဆးေရးဂိတ္မွာ နယ္ျခားေစာင့္ တပ္ရင္း အမွတ္ (၄၃၁) က ကုန္စည္ပုိ႔ေဆာင္ေရးလုပ္ေနတဲ့ သစ္သီးတင္ကားကို တားဆီး စစ္ေဆးခဲ့ရာမွာ သစ္သီးဘူးေတြထဲမွာ ဖြက္ယူသယ္ေဆာင္လာတဲ့ အေမရိကန္ ေဒၚလာ တစ္သိန္း၊ ဘတ္ေငြ ၄၁သိန္း နဲ႔ ထိုင္းေရြျပား ၅ခုကုိ စစ္ေဆးေတြ ့ရွိခဲ့လို ့ ထိုင္းႏိုင္ငံသား လက္မွတ္ကိုင္ေဆာင္ထားတဲ့ ကားေမာင္းသူ အပါအ၀င္ ျမန္မာႏိုင္ငံသား ၃ဦးကို တရားမ၀င္ ႏိုင္ငံျခားေငြ သယ္ေဆာင္မႈနဲ႔ ဖမ္းဆီးခဲ့ေၾကာင္း ကုန္သည္တဦးက အခုလိုေျပာျပပါတယ္။

“ အသီးအႏွံ ဖာေတြခ်ေနရင္းနဲ႔ စစ္သားက ေဘးမွာ ထုိင္ေနတာ။ အဲဒီအခ်ိန္မွာ ကားထဲက စကၠဴဖာက သီးသန္႔ေဘးမွာ ခ်ထားတဲ့ပံုစံက သံသယ ျဖစ္တာေပါ့။ အဲဒီေတာ့ ဆင္းလာၿပီး ထုိးၾကည့္တာေပါ့။ ဖြင့္ၾကည့္ေတာ့ ေဒၚလာ တသိန္းျဖစ္ေနတယ္၊ ပါကင္ထုတ္ျဖစ္ေနတယ္။ ဒီဟာေတြ ထြက္လာေပါ့။”

ဖမ္းမိတဲ့ ျမန္မာႏိုင္ငံသားေတြရဲ႕ ထြက္ဆုိခ်က္အရ သူတို႔ကို တဦးဦးက ခုိင္းေစလို႕ သယ္ေဆာင္လာတာ ျဖစ္တယ္လို႔ ထြက္ဆိုခဲ့ၾကတယ္လို႔ ဆုိပါတယ္။

“အမူ႕ထြက္ဆုိခ်က္ကေတာ့ သူ႕ကို ဌားတယ္ေပါ့။ သူ႔အလုပ္ကေတာ့ အသီးအႏွံ ေရာင္း၀ယ္ေရးပဲေပါ့။ အဲဒီလိုပဲ သြားေနတယ္။”

လက္ရွိမွာေတာ့ ထိုင္းအာဏာပိုင္ေတြက ဖမ္းမိသူေတြကို စစ္ေဆး ေမးျမန္းေနဆဲျဖစ္ေၾကာင္း ထုိင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

အရင္တုန္းကလည္း ျမန္မာဘက္က ကုန္သည္ေတြပုိင္တဲ့ ထုိင္းဘတ္ေငြေတြ တရားမ၀င္သယ္ေဆာင္ရင္း ဖမ္းမိတာေတြလည္းရွိခဲ့ဘူးပါတယ္။ ထုိင္းႏိုင္ငံထဲမွာေတာ့ ႏိုင္ငံျခားေငြေၾကး အေျမာက္အမ်ားကုိ တရားမ၀င္ ကုိင္ေဆာင္တာမ်ိဳးရွိရင္ ဖမ္းဆီးစစ္ေဆးအေရးယူတာေတြ ရွိပါတယ္။

ေငြလဲြေျပာင္းလုပ္ငန္းေတြ လုပ္တယ္ဆိုရင္လည္း တရား၀င္မွတ္ပံုတင္ျပီး လုပ္ကုိင္တာမ်ိဳးကုိသာ ခြင့္ျပဳၿပီး အခုလုိ နယ္စပ္လမ္းေတြကေန တရားမ၀င္ သယ္ေဆာင္တာမ်ိဳးကိုေတာ့ ဖမ္းဆီး အေရးယူေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

............

ဥပဒေမဲ့ ဒေါ်လာ သယ်ဆောင်သူ မြန်မာ ၃ ဦး ထိုင်းရဲ ဖမ်းဆီး

(Unicode)

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ ၊ ထာ့ဆိုင်လွတ်ကျေးရွာအုပ်စု ကုန်တင်ပို့ဆောင်ရေးဂိတ် ၊ အမှတ် ၂၇ မှာ မေလ ၂၅ ရက်နေ့ က ထိုင်းနယ်ခြားစောင့်တပ်က အမေရိကန် ဒေါ်လာ တသိန်း၊ ဘတ်ငွေ ၄၁သိန်း နဲ့ ထိုင်းရွေပြား ၅ခုကို တရားမဝင်သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၃ဦးကို ဖမ်းဆီး ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့နယ် နယ်ခြား စစ်ဆေးရေးဂိတ်မှာ နယ်ခြားစောင့် တပ်ရင်း အမှတ် (၄၃၁) က ကုန်စည်ပို့ဆောင်ရေးလုပ်နေတဲ့ သစ်သီးတင်ကားကို တားဆီး စစ်ဆေးခဲ့ရာမှာ သစ်သီးဘူးတွေထဲမှာ ဖွက်ယူသယ်ဆောင်လာတဲ့ အမေရိကန် ဒေါ်လာ တစ်သိန်း၊ ဘတ်ငွေ ၄၁သိန်း နဲ့ ထိုင်းရွေပြား ၅ခုကို စစ်ဆေးတွေ့ရှိခဲ့လို့ ထိုင်းနိုင်ငံသား လက်မှတ်ကိုင်ဆောင်ထားတဲ့ ကားမောင်းသူ အပါအဝင် မြန်မာနိုင်ငံသား ၃ဦးကို တရားမဝင် နိုင်ငံခြားငွေ သယ်ဆောင်မှုနဲ့ ဖမ်းဆီးခဲ့ကြောင်း ကုန်သည်တဦးက အခုလိုပြောပြပါတယ်။

“ အသီးအနှံ ဖာတွေချနေရင်းနဲ့ စစ်သားက ဘေးမှာ ထိုင်နေတာ။ အဲဒီအချိန်မှာ ကားထဲက စက္ကူဖာက သီးသန့်ဘေးမှာ ချထားတဲ့ပုံစံက သံသယ ဖြစ်တာပေါ့။ အဲဒီတော့ ဆင်းလာပြီး ထိုးကြည့်တာပေါ့။ ဖွင့်ကြည့်တော့ ဒေါ်လာ တသိန်းဖြစ်နေတယ်၊ ပါကင်ထုတ်ဖြစ်နေတယ်။ ဒီဟာတွေ ထွက်လာပေါ့။”

ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ထွက်ဆိုချက်အရ သူတို့ကို တဦးဦးက ခိုင်းစေလို့ သယ်ဆောင်လာတာ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

“အမူ့ထွက်ဆိုချက်ကတော့ သူ့ကို ဌားတယ်ပေါ့။ သူ့အလုပ်ကတော့ အသီးအနှံ ရောင်းဝယ်ရေးပဲပေါ့။ အဲဒီလိုပဲ သွားနေတယ်။”

လက်ရှိမှာတော့ ထိုင်းအာဏာပိုင်တွေက ဖမ်းမိသူတွေကို စစ်ဆေး မေးမြန်းနေဆဲဖြစ်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

အရင်တုန်းကလည်း မြန်မာဘက်က ကုန်သည်တွေပိုင်တဲ့ ထိုင်းဘတ်ငွေတွေ တရားမဝင်သယ်ဆောင်ရင်း ဖမ်းမိတာတွေလည်းရှိခဲ့ဘူးပါတယ်။ ထိုင်းနိုင်ငံထဲမှာတော့ နိုင်ငံခြားငွေကြေး အမြောက်အများကို တရားမဝင် ကိုင်ဆောင်တာမျိုးရှိရင် ဖမ်းဆီးစစ်ဆေးအရေးယူတာတွေ ရှိပါတယ်။

ငွေလွဲပြောင်းလုပ်ငန်းတွေ လုပ်တယ်ဆိုရင်လည်း တရားဝင်မှတ်ပုံတင်ပြီး လုပ်ကိုင်တာမျိုးကိုသာ ခွင့်ပြုပြီး အခုလို နယ်စပ်လမ်းတွေကနေ တရားမဝင် သယ်ဆောင်တာမျိုးကိုတော့ ဖမ်းဆီး အရေးယူလေ့ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG