သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းမွာ အဖမ္းခံရတဲ႔ ျမန္မာဦးေရ မ်ားျပား


ဇြန္လ ၆ ရက္ေန႔က ထိုင္းႏိုင္ငံအတြင္း အဖမ္းခံရတဲ့ ျမန္မာမ်ား

(Zawgyi/Unicode)

ထိုင္း-မေလးနယ္စပ္၊ ဆံုခလာျပည္နယ္ ဟတ္ရိုင္ၿမိဳ႕နယ္ထဲမွာ ဒီရက္ထဲမွာပဲ မေလးရွားကေန ခိုး၀င္လာတဲ့ ျမန္မာႏို္င္ငံသား ၃၀ေက်ာ္ဖမ္းမိသလို ထုိင္းေတာင္ပုိင္းမွာလဲ ခိုး၀င္လာတဲ့ ျမန္မာေတြကို ဖမ္းမိေနပါတယ္။ ဒီဇြန္လဆန္းမွာပဲရာဂဏန္းနဲ႔ ဖမ္းမိေနပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

ထိုင္းေတာင္ပုိင္း ဆံုခလာျပည္နယ္၊ ဟတ္ရိုင္ၿမိဳ႕နယ္ထဲမွာေတာ့ ဇြန္လ ၇ ရက္ေန႕က လူကုန္ကူးသူေတြ သယ္ေဆာင္လာတဲ့ မေလးရွားျပန္ ျမန္မာႏိုင္ငံသား ၁၅ဦး ဖမ္းမိခဲ့ေၾကာင္း ဟတ္ရိုင္ၿမိဳ႕က ေရႊေျပာင္းအလုပ္သမား အခြင့္ေရးကြန္ယက္ တာ၀န္ခံဦးဘရီက အခုလို ေျပာျပပါတယ္။

“ဘန္႔ဖလူးနယ္ေျမမွာ ဖမ္းမိတာ ဘန္႔ဖလူးဆုိတာ ထံုးလံု ရဲစခန္းအပုိင္ေပါ့။ မေန႔က မနက္ေစာေစာ ၈နာရီခဲြေလာက္က ဖမ္းၿပီး ထံုးလံု ရဲစခန္းမွာ စစ္ေဆးေမးျမန္းတယ္။ ေယာကၤ်ားက ၁၀ေယာက္၊ အမ်ိဳးသမီးေတြက ၅ေယာက္။ သူတို႔က မေလးရွားကေန ေနရပ္ျပန္ထြက္လာခဲ့တာ ပဲြစားက ဘန္႔ဖလူးမွာ ကားနဲ႔ သြားခ်တာ ၊ သူတို႔ အုပ္စုလိုက္ မ်ားလို႔ ရဲက မသကၤာလို႔ သြားစစ္တာ မေလးရွားကေန ျပန္လာတဲ့ ျမန္မာအလုပ္သမားေတြ ျဖစ္ေနတယ္။ သူတ႔ုိကို ဖမ္းျပီး မေန႔ကေတာ့ ထံုးလံု ရဲစခန္းမွာ စစ္ေဆးေနတယ္။ အဖမ္းအဆီးမ်ားတယ္ မေန႔က ၁၅ေယာက္ ဇြန္လ ၆ရက္ေန႔မွာ ၂၀ေယာက္ ဖမ္းမိတယ္။ ေမလထဲမွာ အေတာ္မ်ားတယ္၊ ေမလထဲမွာ က်ေနာ္တို႔ သိသေလာက္က ရာနဲ႔ ခ်ီေလာက္ရွိတယ္။ အေတာ္မ်ားတယ္ ျမန္မာႏိုင္ငံထဲကေန ၀င္လာတဲ့ အလုပ္လက္မဲ့ေတြ အေတာ္မ်ားတယ္။ ပဲြစားကေတာ့ ဘတ္ေငြ၁၈၀၀၀ ကေန ဘတ္ေငြ ၂၀၀၀၀ေလာက္ထိေပးရတယ္။”

ထိုင္း-မေလးနယ္စပ္က အခ်ဳပ္ေတြမွာ ျမန္မာႏို္င္ငံသားေတြနဲ႔ ျပည့္ေနတယ္လို႔လည္း ဦးဘရီက ေျပာပါတယ္။

“အခုစေဒါင္ရဲစခန္းမွာ ျပည့္ေနတယ္၊ ကိုဗစ္ေၾကာင့္ ျမန္မာႏိုင္ငံကိုလည္း ပုိ႔မရဘူး။ ျမန္မာႏိုင္ငံ ကလည္း နယ္စပ္ေတြ ပိတ္ေနေတ့ာ လက္မခံႏိုင္တဲ့ အတုိင္းအတာရိွတယ္။ အခ်ဳပ္ထဲမွာ က်ေနာ္တို႔ ျမန္မာအလုပ္သမားေတြ အေတာ္မ်ားေနတယ္။”

ဇြန္လ (၇) ရက္ေန ့ကပဲထိုင္းျမန္မာနယ္စပ္ ကမ္ခ်နဘူရီ ျပည္နယ္စိုင္ရို ့ နယ္ျခားရဲစစ္ေဆးေရး ဂိတ္မွာ ျမန္မာႏိုင္ငံသား ၁၁ဦးကုိ ဖမ္းမိခဲ့ပါတယ္။သူတို ့ကို ထိုင္းနိုင္ငံသား အမ်ိဳးသားတစ္ဦးက ပိုးသတ္ေဆးရည္ ေတြသယ္ေဆာင္ေလ့ရွိတဲ့ ပလပ္စတစ္တိုင္ကီ ေတြထဲမွာ ဖြတ္ၿပီး တင္ေဆာင္လာတာကို ရဲတပ္ဖြဲ ့က ကားကို တားဆီး စစ္ေဆးခဲ့ရာက ေတြ ့သြားခဲ့တာပါ။

ျမန္မာႏိုင္ငံသားေတြကို စမုတ္ဆာခြန္ ျပည္နယ္အထိ ပုိ႔ေဆာင္ဖုိ႔အတြက္ပိုးသတ္ေဆး ရည္ တင္ေဆာင္လာတဲ့ အသြင္ နဲ ့ နယ္စပ္ စစ္ေဆးေရးဂိတ္ကို ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။ အခုလပိုင္းေတြ အတြင္းမွာ ျမန္မာႏိုင္ငံထဲမွာ အဖမ္းအဆီးေတြမ်ားတာရယ္ အလုပ္အကုိင္ အဆင္မေျပတာရယ္ေၾကာင့္ ထုိင္းႏိုင္ငံထဲကို လူပဲြစားေတြနဲ႔ လာၾကရင္း ျမန္မာေတြ ၃၀၀၀ ထက္မနည္း အဖမ္းအဆီး ခံေနရပါတယ္။

ထိုင္းမွာ အဖမ္းခံရတဲ႔ ျမန္မာဦးေရ မ်ားျပား
please wait

No media source currently available

0:00 0:02:33 0:00
တိုက္႐ိုက္ လင့္ခ္


.........

ထိုင်းမှာ အဖမ်းခံရတဲ့ မြန်မာဦးရေ များပြား

(Unicode)

ထိုင်း-မလေးနယ်စပ်၊ ဆုံခလာပြည်နယ် ဟတ်ရိုင်မြို့နယ်ထဲမှာ ဒီရက်ထဲမှာပဲ မလေးရှားကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၃၀ကျော်ဖမ်းမိသလို ထိုင်းတောင်ပိုင်းမှာလဲ ခိုးဝင်လာတဲ့ မြန်မာတွေကို ဖမ်းမိနေပါတယ်။ ဒီဇွန်လဆန်းမှာပဲရာဂဏန်းနဲ့ ဖမ်းမိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ထိုင်းတောင်ပိုင်း ဆုံခလာပြည်နယ်၊ ဟတ်ရိုင်မြို့နယ်ထဲမှာတော့ ဇွန်လ ၇ ရက်နေ့က လူကုန်ကူးသူတွေ သယ်ဆောင်လာတဲ့ မလေးရှားပြန် မြန်မာနိုင်ငံသား ၁၅ဦး ဖမ်းမိခဲ့ကြောင်း ဟတ်ရိုင်မြို့က ရွှေပြောင်းအလုပ်သမား အခွင့်ရေးကွန်ယက် တာဝန်ခံဦးဘရီက အခုလို ပြောပြပါတယ်။

“ဘန့်ဖလူးနယ်မြေမှာ ဖမ်းမိတာ ဘန့်ဖလူးဆိုတာ ထုံးလုံ ရဲစခန်းအပိုင်ပေါ့။ မနေ့က မနက်စောစော ၈နာရီခွဲလောက်က ဖမ်းပြီး ထုံးလုံ ရဲစခန်းမှာ စစ်ဆေးမေးမြန်းတယ်။ ယောင်္ကျားက ၁၀ယောက်၊ အမျိုးသမီးတွေက ၅ယောက်။ သူတို့က မလေးရှားကနေ နေရပ်ပြန်ထွက်လာခဲ့တာ ပွဲစားက ဘန့်ဖလူးမှာ ကားနဲ့ သွားချတာ ၊ သူတို့ အုပ်စုလိုက် များလို့ ရဲက မသင်္ကာလို့ သွားစစ်တာ မလေးရှားကနေ ပြန်လာတဲ့ မြန်မာအလုပ်သမားတွေ ဖြစ်နေတယ်။ သူတ့ိုကို ဖမ်းပြီး မနေ့ကတော့ ထုံးလုံ ရဲစခန်းမှာ စစ်ဆေးနေတယ်။ အဖမ်းအဆီးများတယ် မနေ့က ၁၅ယောက် ဇွန်လ ၆ရက်နေ့မှာ ၂၀ယောက် ဖမ်းမိတယ်။ မေလထဲမှာ အတော်များတယ်၊ မေလထဲမှာ ကျနော်တို့ သိသလောက်က ရာနဲ့ ချီလောက်ရှိတယ်။ အတော်များတယ် မြန်မာနိုင်ငံထဲကနေ ဝင်လာတဲ့ အလုပ်လက်မဲ့တွေ အတော်များတယ်။ ပွဲစားကတော့ ဘတ်ငွေ၁၈၀၀၀ ကနေ ဘတ်ငွေ ၂၀၀၀၀လောက်ထိပေးရတယ်။”

ထိုင်း-မလေးနယ်စပ်က အချုပ်တွေမှာ မြန်မာနိုင်ငံသားတွေနဲ့ ပြည့်နေတယ်လို့လည်း ဦးဘရီက ပြောပါတယ်။

“အခုစဒေါင်ရဲစခန်းမှာ ပြည့်နေတယ်၊ ကိုဗစ်ကြောင့် မြန်မာနိုင်ငံကိုလည်း ပို့မရဘူး။ မြန်မာနိုင်ငံ ကလည်း နယ်စပ်တွေ ပိတ်နေတေ့ာ လက်မခံနိုင်တဲ့ အတိုင်းအတာရှိတယ်။ အချုပ်ထဲမှာ ကျနော်တို့ မြန်မာအလုပ်သမားတွေ အတော်များနေတယ်။”

ဇွန်လ (၇) ရက်နေ့ကပဲထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီ ပြည်နယ်စိုင်ရို့ နယ်ခြားရဲစစ်ဆေးရေး ဂိတ်မှာ မြန်မာနိုင်ငံသား ၁၁ဦးကို ဖမ်းမိခဲ့ပါတယ်။သူတို့ကို ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးက ပိုးသတ်ဆေးရည် တွေသယ်ဆောင်လေ့ရှိတဲ့ ပလပ်စတစ်တိုင်ကီ တွေထဲမှာ ဖွတ်ပြီး တင်ဆောင်လာတာကို ရဲတပ်ဖွဲ့က ကားကို တားဆီး စစ်ဆေးခဲ့ရာက တွေ့သွားခဲ့တာပါ။

မြန်မာနိုင်ငံသားတွေကို စမုတ်ဆာခွန် ပြည်နယ်အထိ ပို့ဆောင်ဖို့အတွက်ပိုးသတ်ဆေး ရည် တင်ဆောင်လာတဲ့ အသွင် နဲ့ နယ်စပ် စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အခုလပိုင်းတွေ အတွင်းမှာ မြန်မာနိုင်ငံထဲမှာ အဖမ်းအဆီးတွေများတာရယ် အလုပ်အကိုင် အဆင်မပြေတာရယ်ကြောင့် ထိုင်းနိုင်ငံထဲကို လူပွဲစားတွေနဲ့ လာကြရင်း မြန်မာတွေ ၃၀၀၀ ထက်မနည်း အဖမ်းအဆီး ခံနေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG