(Zawgyi/Unicod)
ကိုဗစ္တတိယလိႈင္းနဲ႔ ရင္ဆိုင္ေနရတဲ့ ထိုင္းႏုိင္ငံမွာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား အမ်ားအျပားဟာ စားဝတ္ေနေရးအခက္အခဲေတြနဲ႔ ပိုရင္ဆိုင္ေနၾကရၿပီး ခြဲျခားဆက္ဆံတာေတြနဲ႔လည္း ၾကံဳေနၾကရတယ္လုိ႔ ေရႊ႕ေျပာင္းအလုပ္သမားအေရး လုပ္ေဆာင္ေနသူတဦးက ဗီြအိုေအကိုေျပာပါတယ္။
ကိုယ့္မိခင္ႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတဲ့အတြက္ အမိမဲ့သား ေရနည္းငါးလို အားကိုးအားထား မဲ့ေနၾကရတယ္လုိ႔လည္း ေရႊ႕ေျပာင္းအလုပ္သမားအေရး လုပ္ေဆာင္ေနတဲ့ ေရာင္ျခည္ဦး အလုပ္သမားမ်ားအဖြဲ႔က ႐ံုးတာဝန္ခံ ဦးမိုးေက်ာ္က ေျပာပါတယ္။ ကိုေက်ာ္ေက်ာ္သိန္းက ဆက္သြယ္ေမးျမန္းထားပါတယ္။
...................
(Unicod)
ထိုင်း ကိုဗစ်တတိယလှိုင်းဒဏ်နဲ့ အပြင်းထန်ရင်ဆိုင်နေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ
ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ပိုရင်ဆိုင်နေကြရပြီး ခွဲခြားဆက်ဆံတာတွေနဲ့လည်း ကြုံနေကြရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသူတဦးက ဗွီအိုအေကိုပြောပါတယ်။
ကိုယ့်မိခင်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့အတွက် အမိမဲ့သား ရေနည်းငါးလို အားကိုးအားထား မဲ့နေကြရတယ်လို့လည်း ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေတဲ့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့က ရုံးတာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။