သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္သူ ျမန္မာႏုိင္ငံသား ရာဂဏန္းအထိ ဖမ္းဆီးမိ


တာ့ခ္ျပည္နယ္ထဲမွာ ဖမ္းမိတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ဇြန္ ၁၁၊ ၂၀၂၁။ ဓာတ္ပုံ - ထုိင္းနယ္ျခားေစာင့္တပ္)

(Zawgyi / Unicode)

ထုိင္းႏုိင္ငံကုိ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္လာတဲ့ ျမန္မာႏုိင္ငံသားေတြကုိ ထုိင္းအာဏာပုိင္ေတြ ဖမ္းဆီးေနရာမွာ ဒီရက္ပုိင္းအတြင္း ဖမ္းဆီးခံရသူ ရာဂဏန္းအထိ ရွိခဲ့ေၾကာင္း အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ ထိုင္းႏုိင္ငံ လူကုန္ကူးမႈ တိုက္ဖ်က္ေရး တာဝန္ရွိသူေတြနဲ႔ နယ္ျခားေစာင့္တပ္တုိ႔ ပူးေပါင္းၿပီး လူေမွာင္ခိုသူေတြကုိ ႏွိမ္နင္းမႈေတြ တုိးျမႇင့္လာရာက အခုလုိ ဖမ္းဆီးမိေနတာပါ။ အျပည့္အစုံကုိေတာ့ ဗြီအုိေအျမန္မာပုိင္း ထုိင္းအေျခစုိက္ သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထုိင္း-ျမန္္မာနယ္စပ္ တာ့ခ္ျပည္နယ္ထဲမွာေတာ့ ဇြန္လ ၁၁ ရက္ေန႔က လူ ၉၀ နီးပါး ဖမ္းမိခဲ့သလို တာ့ခ္ခ႐ုိင္ထဲမွာပဲ ၂ ရက္အတြင္း ျမန္မာေတြဖမ္းမိတာ လူ ၁၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံသားေတြဟာ စားဝတ္ေနေရးနဲ႔ အလုပ္အကိုင္ အခက္အခဲေတြေၾကာင့္ ခုိးဝင္လာရင္း ဖမ္းမိၾကတာျဖစ္တယ္လို႔ AAC အလုပ္သမား ကူညီေရးအဖဲြ႔က ေျပာေရးဆိုခြင့္ရွိသူ ကိုရဲမင္းက အခုလိုေျပာပါတယ္။

“၁၁ ရက္ ၆ လ ၂၀၂၁ ကပါ၊ ျဖစ္စဥ္ကေတာ့ ထုိင္း-ျမန္မာနယ္စပ္ မယ္လမဆိုတဲ့ ရြာအနီးက သစ္ေတာအတြင္းမွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံသား ၈၇ ဦးပါ။ ဖမ္းမိတာကေတာ့ နယ္ျခားေစာင့္တပ္ဖြဲ႔အမွတ္ ၃၄၅ တပ္ဖဲြ႔က ဖမ္းမိတယ္လို႔ သိရပါတယ္။ အခုလက္ရိွ ဖမ္းဆီးထားပါတယ္။ သူတို႔ကေတာ့ ထုိင္းႏုိင္ငံထဲကုိ အလုပ္လုပ္ဖို႔ ေအာက္လမ္းေတြကေန ခိုးဝင္တဲ့ ျမန္မာႏိုင္ငံသားေတြ ျဖစ္ပါတယ္။ ေန႔စဥ္ရက္ဆက္ ဖမ္းမိေနတယ္။ ခိုးဝင္ေတြ ေန႔စဥ္မိတယ္။ ဒါကိုလည္း ဆက္ဝင္ေနတယ္။ ျမန္မာႏိုင္ငံထဲမွာလည္း ဘယ္လိုမွ ရပ္တည္လို႔မရေတာ့ဘူး။ စားဝတ္ေနေရးတေြ ပိုပိုက်ပ္တည္းလာေတာ့ တခ်ိဳ႕ဆုိ ထမင္းစားဖို႔ အေျခအေနေတြ ခက္ခဲလာၿပီးေတာ့ ထုိင္းႏုိင္ငံထဲကုိ ရတဲ့နည္းနဲ႔ လူေမွာင္ခိုလမ္းကေန ခိုးဝင္လာတာေပါ့။”

ထိုင္းႏုိင္ငံအတြင္း တရားမဝင္ ျမန္မာႏုိင္ငံသားေတြ ဆက္တိုက္ဝင္ေရာက္လာေနတဲ့ ထိုင္း-ျမန္မာနယ္စပ္ ကန္ခ်နဘူရီနဲ႔ တာ့ခ္ျပည္နယ္ေတြမွာ လူေမွာင္ခိုႏွိမ္နင္းေရးကုိ ထိုင္းအစုိးရက ဦးစားေပး လုပ္ေဆာင္ေနရာမွာ ဇြန္လ ၁၀ ရက္ေန႔ မနက္ပိုင္းမွာေတာ့ ကန္ခ်နဘူရီျပည္နယ္ ေနာင္လူနယ္စပ္ စစ္ေဆးေရး ရဲတပ္ရင္းက တရားမဝင္ ျမန္မာႏုိင္ငံသား ၂၈ ဦးနဲ႔အတူ လူပြဲစား ထိုင္းႏုိင္ငံသား ႏွစ္ဦးကို ဖမ္းဆီးလိုက္ပါတယ္။ ဒီျဖစ္စဥ္မွာေတာ့ လူပဲြစားေတြက ျမန္မာႏုိင္ငံသားေတြကို ဘန္ေကာက္ၿမိဳ႕အထိ ပို႔ေဆာင္ခအျဖစ္ တဦးကို ထိုင္းဘတ္ေငြ ၂၀,၀၀၀ နဲ႔ ပို႔ေဆာင္ေပးေနတာ ျဖစ္ပါတယ္။

နယ္စပ္ကေနဝင္လာတဲ့ ျမန္မာႏုိင္ငံသားေတြကို ထိုင္းႏုိင္ငံသား လူေမွာင္ခိုသမား ႏွစ္ဦးက နယ္စပ္ေနအိမ္တလံုးမွာ ထိန္းသိမ္းထားၿပီးမွ အသုတ္လိုက္ ဘန္ေကာက္ၿမိဳ႕ကို ပို႔ေဆာင္ေပးေနတာကို လူကုန္ကူးရဲတပ္ဖြဲ႔က လိုက္လံ စံုစမ္းေထာက္လွမ္းၿပီး ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း ေနာင္လူရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ထိုင္း-မေလးနယ္စပ္ ဆံုခလာခ႐ုိင္မွာလည္း လူေမွာင္ခိုသမားေတြ ေခၚလာတဲ့ ျမန္မာႏုိင္ငံသားေတြ တပတ္အတြင္း ရာနဲ႔ခ်ီ ဖမ္းဆီးလိုက္ပါတယ္။

အခုဆိုရင္ ဆုံခလာခ႐ုိင္ထဲက အခ်ဳပ္ေတြမွာ ျမန္မာႏိုင္ငံသားေတြနဲ႔ ျပည့္ေနတယ္လို႔လည္း ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ရဲ႕ ဟတ္႐ုိင္ၿမိဳ႕ တာဝန္ခံ ဦးဘရီက ေျပာပါတယ္။

“ရက္ဆက္ဆုိသလို ဖမ္းပစ္လိုက္တာ။ ကိုဗစ္ေရာဂါေၾကာင့္ နယ္စပ္ကိုျပန္ပို႔ဖို႔ ဆုိတာကလည္း နယ္စပ္ေတြ ပိတ္ထားေတာ့ အဓိက အခ်ဳပ္ထဲမွာ က်ေနာ္တို႔ ျမန္မာအလုပ္သမားေတြအတြက္ အခက္အခဲေတြ ျဖစ္တာေပါ့။”

ျမန္မာႏုိင္ငံမွာ ႏို္င္ငံေရး မတည္ၿငိမ္မႈနဲ႔ စီးပြားေရး အခက္အခဲေတြနဲ႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အဖမ္းအဆီးေတြေၾကာင့္ အိမ္နီးခ်င္း ထိုင္းႏုိင္ငံတြင္းကို ဒီလပုိင္းေတြအတြင္း ေန႔စဥ္ရက္ဆက္ ခုိးဝင္လာေနမႈေတြ ျဖစ္လာၿပီး အခုဆိုရင္ လူဦးေရ ၃,၀၀၀ ထက္မနည္းဟာ ထုိင္းအာဏာပိုင္ေတြရဲ႕ ဖမ္းဆီးမႈကို ခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်သူ မြန်မာနိုင်ငံသား ရာဂဏန်းအထိ ဖမ်းဆီးမိ

ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနေရာမှာ ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူ ရာဂဏန်းအထိ ရှိခဲ့ကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး တာဝန်ရှိသူတွေနဲ့ နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး လူမှောင်ခိုသူတွေကို နှိမ်နင်းမှုတွေ တိုးမြှင့်လာရာက အခုလို ဖမ်းဆီးမိနေတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲမှာတော့ ဇွန်လ ၁၁ ရက်နေ့က လူ ၉၀ နီးပါး ဖမ်းမိခဲ့သလို တာ့ခ်ခရိုင်ထဲမှာပဲ ၂ ရက်အတွင်း မြန်မာတွေဖမ်းမိတာ လူ ၁၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် ခိုးဝင်လာရင်း ဖမ်းမိကြတာဖြစ်တယ်လို့ AAC အလုပ်သမား ကူညီရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပါတယ်။

“၁၁ ရက် ၆ လ ၂၀၂၁ ကပါ၊ ဖြစ်စဉ်ကတော့ ထိုင်း-မြန်မာနယ်စပ် မယ်လမဆိုတဲ့ ရွာအနီးက သစ်တောအတွင်းမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ၈၇ ဦးပါ။ ဖမ်းမိတာကတော့ နယ်ခြားစောင့်တပ်ဖွဲ့အမှတ် ၃၄၅ တပ်ဖွဲ့က ဖမ်းမိတယ်လို့ သိရပါတယ်။ အခုလက်ရှိ ဖမ်းဆီးထားပါတယ်။ သူတို့ကတော့ ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့ အောက်လမ်းတွေကနေ ခိုးဝင်တဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် ဖမ်းမိနေတယ်။ ခိုးဝင်တွေ နေ့စဉ်မိတယ်။ ဒါကိုလည်း ဆက်ဝင်နေတယ်။ မြန်မာနိုင်ငံထဲမှာလည်း ဘယ်လိုမှ ရပ်တည်လို့မရတော့ဘူး။ စားဝတ်နေရေးတွေ ပိုပိုကျပ်တည်းလာတော့ တချို့ဆို ထမင်းစားဖို့ အခြေအနေတွေ ခက်ခဲလာပြီးတော့ ထိုင်းနိုင်ငံထဲကို ရတဲ့နည်းနဲ့ လူမှောင်ခိုလမ်းကနေ ခိုးဝင်လာတာပေါ့။”

ထိုင်းနိုင်ငံအတွင်း တရားမဝင် မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဝင်ရောက်လာနေတဲ့ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီနဲ့ တာ့ခ်ပြည်နယ်တွေမှာ လူမှောင်ခိုနှိမ်နင်းရေးကို ထိုင်းအစိုးရက ဦးစားပေး လုပ်ဆောင်နေရာမှာ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာတော့ ကန်ချနဘူရီပြည်နယ် နောင်လူနယ်စပ် စစ်ဆေးရေး ရဲတပ်ရင်းက တရားမဝင် မြန်မာနိုင်ငံသား ၂၈ ဦးနဲ့အတူ လူပွဲစား ထိုင်းနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ဒီဖြစ်စဉ်မှာတော့ လူပွဲစားတွေက မြန်မာနိုင်ငံသားတွေကို ဘန်ကောက်မြို့အထိ ပို့ဆောင်ခအဖြစ် တဦးကို ထိုင်းဘတ်ငွေ ၂၀,၀၀၀ နဲ့ ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

နယ်စပ်ကနေဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံသား လူမှောင်ခိုသမား နှစ်ဦးက နယ်စပ်နေအိမ်တလုံးမှာ ထိန်းသိမ်းထားပြီးမှ အသုတ်လိုက် ဘန်ကောက်မြို့ကို ပို့ဆောင်ပေးနေတာကို လူကုန်ကူးရဲတပ်ဖွဲ့က လိုက်လံ စုံစမ်းထောက်လှမ်းပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း နောင်လူရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုင်း-မလေးနယ်စပ် ဆုံခလာခရိုင်မှာလည်း လူမှောင်ခိုသမားတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ တပတ်အတွင်း ရာနဲ့ချီ ဖမ်းဆီးလိုက်ပါတယ်။

အခုဆိုရင် ဆုံခလာခရိုင်ထဲက အချုပ်တွေမှာ မြန်မာနိုင်ငံသားတွေနဲ့ ပြည့်နေတယ်လို့လည်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ရဲ့ ဟတ်ရိုင်မြို့ တာဝန်ခံ ဦးဘရီက ပြောပါတယ်။

“ရက်ဆက်ဆိုသလို ဖမ်းပစ်လိုက်တာ။ ကိုဗစ်ရောဂါကြောင့် နယ်စပ်ကိုပြန်ပို့ဖို့ ဆိုတာကလည်း နယ်စပ်တွေ ပိတ်ထားတော့ အဓိက အချုပ်ထဲမှာ ကျနော်တို့ မြန်မာအလုပ်သမားတွေအတွက် အခက်အခဲတွေ ဖြစ်တာပေါ့။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ စီးပွားရေး အခက်အခဲတွေနဲ့ စစ်အုပ်ချုပ်ရေးကောင်စီက အဖမ်းအဆီးတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်းကို ဒီလပိုင်းတွေအတွင်း နေ့စဉ်ရက်ဆက် ခိုးဝင်လာနေမှုတွေ ဖြစ်လာပြီး အခုဆိုရင် လူဦးရေ ၃,၀၀၀ ထက်မနည်းဟာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံထားရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG