သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ ေရွ႕ေနေတြ ဖမ္းဆီးခံရမႈ လူ႔အခြင့္အေရးလႈပ္ရွားသူေတြ စုိးရိမ္


ဥပေဒေၾကာင္းအရ အကာအကြယ္ေပးဖို႔ ကူညီေနသည့္ ျမန္မာေရွ႕ေနမ်ားႏွင့္ ထိန္းသိမ္းခံရၿပီးေနာက္ ျပန္လြတ္လာသည့္ AP သတင္းေထာက္ ကိုသိန္းေဇာ္ (File Photo / AP - 24 March 2021)

[ Zawgyi ]

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပုိင္း ဖမ္းဆီးခံရသူေတြထဲမွာ ဥပေဒ အက်ဳိးေဆာင္ေတြပါ ပါ၀င္ေနတဲ့အတြက္ လူ႔အခြင့္အေရး လႈပ္ရွားသူေတြ စုိးရိမ္ေနၾကပါတယ္။ အထူးသျဖင့္ လူေပါင္းေထာင္ခ်ီ ဖမ္းဆီးခံေနရခ်ိန္မွာ ဥပေဒေၾကာင္းအရ အကာအကြယ္ရေအာင္ အကူအညီေပးမယ့္သူေတြပါ အဖမ္းခံရမယ့္ အႏၱရာယ္နဲ႔ ရင္ဆုိင္ေနရတာေၾကာင့္ ျမန္မာႏုိင္ငံ တရားစီရင္ေရးလုပ္ငန္းေတြဟာ စုိးရိမ္စရာ ေကာင္းလာေနၿပီလုိ႔လည္း သတိေပးေနၾကပါတယ္။ အျပည့္အစုံကုိေတာ့ ကုိဉာဏ္ဝင္းေအာင္က တင္ျပမွာ ျဖစ္ပါတယ္။

အာဏာသိမ္း စစ္ေကာင္စီက ဖမ္းဆီး အေရးယူထားသူတခ်ဳိ႕ကို ဥပေဒေၾကာင္းအရ အကာအကြယ္ေပးႏိုင္ဖို႔ ႀကဳိးပမ္းရင္း တရားလႊတ္ေတာ္ ေရွ႕ေနတခ်ဳိ႕လည္း ၿပီးခဲ့တဲ့လေတြအတြင္း အဖမ္းဆီးခံခဲ့ရတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက သတင္းထုတ္ျပန္ထားတာပါ။

အမႈလိုက္ပါ ေဆာင္ရြက္ေနရင္း အခုလို အက်ဳိးေဆာင္ေရွ႕ေနေတြကို အာဏာပုိင္ေတြက ဖမ္းဆီးထိန္းသိမ္းေနတာဟာ အေၾကာက္တရား ျဖစ္ေပၚလာေအာင္ ၿခိမ္းေျခာက္မႈ ျဖစ္သလို ျမန္မာႏိုင္ငံရဲ႕ တရားစီရင္ေရး စနစ္အတြက္ စိုးရိမ္စရာ ျဖစ္လာေစတယ္လို႔ လူ႔အခြင့္အေရး ေရွ႕ေနျဖစ္တဲ့ ဦးမင္းလြင္ဦးက ေထာက္ျပပါတယ္။

"ဖမ္းဆီးထိန္းသိမ္းခံေနရတဲ့သူေတြဘက္က လိုက္ေပးေနတဲ့ ေရွ႕ေနေတြကိုေပါ့၊ အထင္ကရအားျဖင့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အမႈတြဲျဖစ္တဲ့ ေဒါက္တာမ်ဳိးေအာင္ရဲ႕အမႈမွာ လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေနကိုလည္း ပုဒ္မ ၅၀၅ က- ခ စသျဖင့္ေပါ့ .. အဲဒီလိုပုဒ္မေတြ တပ္ၿပီးေတာ့ ဖမ္းဆီးထားတာေတြ က်ေနာ္တို႔ ေတြ႔ရတယ္။ ဒါက အေၾကာက္တရားနဲ႔ ေျခာက္လွန္႔တဲ့ သေဘာေပါ့ဗ်ာ။ ဆႏၵျပတဲ့သူေတြကို ထိေရာက္စြာ အကာအကြယ္ မေပးႏိုင္ေအာင္ ဖမ္းဆီးတယ္လို႔ပဲ က်ေနာ္တို႔က ျမင္တယ္။ အဲဒီေတာ့ လြတ္လပ္တဲ့ တရားစီရင္ေရးဆိုတာက ျမန္မာႏိုင္ငံအတြင္းမွာ ေပ်ာက္ကြယ္ေနတဲ့အျပင္ကို လြတ္လပ္တဲ့ တရားစီရင္ေရး ျဖစ္ဖို႔အတြက္ လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေနေတြပါ အခုလိုမ်ဳိး ဖမ္းဆီးခံေနရတဲ့ အေျခအေနမ်ဳိး ျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕ တရားစီရင္ေရးစနစ္ဟာ လုံးဝကို စိုးရိမ္စရာေကာင္းတဲ့ အေျခအေနမ်ဳိး ေရာက္ေနၿပီလို႔ပဲ သုံးသပ္ခ်င္ပါတယ္။"

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း ဆန္႔က်င္ဆႏၵျပသူနဲ႔ အရပ္သား စုစုေပါင္း ၆,၀၀၀ ေက်ာ္ အဖမ္းဆီးခံခဲ့ရတဲ့အထဲ ေရွ႕ေနတခ်ဳိ႕လည္း ပါဝင္တယ္လို႔ AAPP ေခၚ ႏိုင္ငံေရးအက်ဥ္းသား ကူညီေစာင့္ေရွာက္ေရးအသင္းက ျပဳစုတဲ့သတင္းမွာ ေဖာ္ျပထားတာပါ။

ၿပီးခဲ့တဲ့ ၂ လတာကာလအတြင္း တရားလႊတ္ေတာ္ေရွ႕ေန အနည္းဆံုး ၆ ဦးကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔ HRW က ဇူလိုင္လ ၂ ရက္ေန႔ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။

အဖမ္းခံရတဲ့ ၆ ေယာက္ထဲမွာ ၃ ဦးဟာ တရားခြင္မွာ အမႈစစ္ေနခ်ိန္ အဖမ္းခံခဲ့ၾကရတာ ျဖစ္ပါတယ္။ အခုလို ဥပေဒပညာရွင္ေတြကို ဖမ္းဆီးေနတဲ့လုပ္ရပ္ဟာ စုိးရိမ္စရာေကာင္းတဲ့ အေျခအေနျဖစ္တယ္လို႔ HRW အဖြဲ႔ရဲ႕ ေျပာခြင့္ရအမ်ဳိးသမီး Linda Lakhdhir က ဗြီအိုေအကို ေျပာပါတယ္။

"ဆႏၵျပဆန္႔က်င္လို႔ ဖမ္းဆီးခံထားရသူေတြ ဥပေဒေၾကာင္းအရ အကာအကြယ္ရေစဖို႔ လိုက္ပါေဆာင္ရြက္ေနတဲ့ ေရွ႕ေနေတြကို ပစ္မွတ္ထားၿပီး ဖမ္းဆီးႏွိမ္နင္းလာတဲ့ အေျခအေနေတြအတြက္ က်မတို႔ သိပ္ကို စိုးရိမ္မိပါတယ္။ သူတို႔ဟာ သူတုိ႔ရဲ႕ ေရွ႕ေနအလုပ္ကိုသာ ဥပေဒေဘာင္ထဲက လုပ္ေနၾကတဲ့အတြက္ ဒီေရွ႕ေနေတြကို အျမန္ဆုံး ျပန္လႊတ္ေပးဖို႔ က်မတို႔ တုိက္တြန္းပါတယ္။ ဒီလိုလူေတြကို မဖမ္းဆီးသင့္ဘူးလို႔ပဲ က်မတို႔ နားလည္ပါတယ္။"

HRW က ထုတ္ျပန္တဲ့ အစီရင္ခံစာထဲမွာေတာ့ ျမန္မာႏိုင္ငံတြင္း ေရွ႕ေနေတြကို ဖမ္းဆီးေနတာဟာ အမႈသည္ေတြအတြက္ ဥပေဒေရးရာ အႀကံေပးခ်က္နဲ႔ တရားမွ်တစြာ အမႈစစ္ေဆးခံခြင့္ကုိ ဆံုး႐ႈံးသြားေစၿပီး ဥပေဒေရးရာမွာ လြတ္လပ္စြာ ေဆာင္ရြက္ခြင့္ကိုလည္း အားေလ်ာ့သြားေစေၾကာင္း ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ခုခ်ိန္ထိ ဖမ္းဆီးခဲ့သူ ေထာင္နဲ႔ခ်ီရွိတဲ့အထဲ ရာနဲ႔ခ်ီတဲ့ လူေတြကိုလည္း တရား႐ုံး လုပ္ထုံးလုပ္နည္းေတြနဲ႔ မညီဘဲ အေရးယူ အျပစ္ေပးခဲ့ေၾကာင္း ဇြန္လကုန္ပုိင္းမွာ ကုလသမဂၢက ေျပာထားပါတယ္။

လက္ရွိအေျခအေနမွာေတာ့ ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ လုပ္ခဲ့သူ ေဒါက္တာမ်ဳိးေအာင္ရဲ႕ အမႈလိုက္ေရွ႕ေန ဦးသိန္းလိႈင္ထြန္း၊ ဟသၤာတခ႐ိုင္ တရား႐ံုးမွာ ဖမ္းဆီးခံလုိက္ရတဲ့ ေရွ႕ေန ေဒၚဧရာလင္းထြဋ္၊ ကခ်င္ျပည္နယ္ထဲက ႏိုင္ငံေရးအက်ဥ္းသား ၁၂၀ ေက်ာ္အတြက္ အမႈလိုက္ေပးေနတဲ့ ဦးသက္ထြန္းဦးတို႔အျပင္ ေနာက္ထပ္ ဥပေဒအက်ဳိးေဆာင္ေတြ ျဖစ္တဲ့ ေဒၚေမဇြန္ကို၊ ေဒၚနီလာနဲ႔ ဦးဘုန္းျမတ္သူတို႔လည္း အဖမ္းဆီးခံခဲ့ရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

မြန်မာနိုင်ငံမှာ ရှေ့နေတွေ ဖမ်းဆီးခံရမှု လူ့အခွင့်အရေးလှုပ်ရှားသူတွေ စိုးရိမ်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေထဲမှာ ဥပဒေ အကျိုးဆောင်တွေပါ ပါဝင်နေတဲ့အတွက် လူ့အခွင့်အရေး လှုပ်ရှားသူတွေ စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် လူပေါင်းထောင်ချီ ဖမ်းဆီးခံနေရချိန်မှာ ဥပဒေကြောင်းအရ အကာအကွယ်ရအောင် အကူအညီပေးမယ့်သူတွေပါ အဖမ်းခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် မြန်မာနိုင်ငံ တရားစီရင်ရေးလုပ်ငန်းတွေဟာ စိုးရိမ်စရာ ကောင်းလာနေပြီလို့လည်း သတိပေးနေကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီး အရေးယူထားသူတချို့ကို ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်ဖို့ ကြိုးပမ်းရင်း တရားလွှတ်တော် ရှေ့နေတချို့လည်း ပြီးခဲ့တဲ့လတွေအတွင်း အဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားတာပါ။

အမှုလိုက်ပါ ဆောင်ရွက်နေရင်း အခုလို အကျိုးဆောင်ရှေ့နေတွေကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းနေတာဟာ အကြောက်တရား ဖြစ်ပေါ်လာအောင် ခြိမ်းခြောက်မှု ဖြစ်သလို မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်အတွက် စိုးရိမ်စရာ ဖြစ်လာစေတယ်လို့ လူ့အခွင့်အရေး ရှေ့နေဖြစ်တဲ့ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

"ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့သူတွေဘက်က လိုက်ပေးနေတဲ့ ရှေ့နေတွေကိုပေါ့၊ အထင်ကရအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုတွဲဖြစ်တဲ့ ဒေါက်တာမျိုးအောင်ရဲ့အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကိုလည်း ပုဒ်မ ၅၀၅ က- ခ စသဖြင့်ပေါ့ .. အဲဒီလိုပုဒ်မတွေ တပ်ပြီးတော့ ဖမ်းဆီးထားတာတွေ ကျနော်တို့ တွေ့ရတယ်။ ဒါက အကြောက်တရားနဲ့ ခြောက်လှန့်တဲ့ သဘောပေါ့ဗျာ။ ဆန္ဒပြတဲ့သူတွေကို ထိရောက်စွာ အကာအကွယ် မပေးနိုင်အောင် ဖမ်းဆီးတယ်လို့ပဲ ကျနော်တို့က မြင်တယ်။ အဲဒီတော့ လွတ်လပ်တဲ့ တရားစီရင်ရေးဆိုတာက မြန်မာနိုင်ငံအတွင်းမှာ ပျောက်ကွယ်နေတဲ့အပြင်ကို လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်ဖို့အတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေပါ အခုလိုမျိုး ဖမ်းဆီးခံနေရတဲ့ အခြေအနေမျိုး ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ လုံးဝကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုး ရောက်နေပြီလို့ပဲ သုံးသပ်ချင်ပါတယ်။"

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ဆန့်ကျင်ဆန္ဒပြသူနဲ့ အရပ်သား စုစုပေါင်း ၆,၀၀၀ ကျော် အဖမ်းဆီးခံခဲ့ရတဲ့အထဲ ရှေ့နေတချို့လည်း ပါဝင်တယ်လို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်းက ပြုစုတဲ့သတင်းမှာ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ ၂ လတာကာလအတွင်း တရားလွှတ်တော်ရှေ့နေ အနည်းဆုံး ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဇူလိုင်လ ၂ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အဖမ်းခံရတဲ့ ၆ ယောက်ထဲမှာ ၃ ဦးဟာ တရားခွင်မှာ အမှုစစ်နေချိန် အဖမ်းခံခဲ့ကြရတာ ဖြစ်ပါတယ်။ အခုလို ဥပဒေပညာရှင်တွေကို ဖမ်းဆီးနေတဲ့လုပ်ရပ်ဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ HRW အဖွဲ့ရဲ့ ပြောခွင့်ရအမျိုးသမီး Linda Lakhdhir က ဗွီအိုအေကို ပြောပါတယ်။

"ဆန္ဒပြဆန့်ကျင်လို့ ဖမ်းဆီးခံထားရသူတွေ ဥပဒေကြောင်းအရ အကာအကွယ်ရစေဖို့ လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးနှိမ်နင်းလာတဲ့ အခြေအနေတွေအတွက် ကျမတို့ သိပ်ကို စိုးရိမ်မိပါတယ်။ သူတို့ဟာ သူတို့ရဲ့ ရှေ့နေအလုပ်ကိုသာ ဥပဒေဘောင်ထဲက လုပ်နေကြတဲ့အတွက် ဒီရှေ့နေတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကျမတို့ တိုက်တွန်းပါတယ်။ ဒီလိုလူတွေကို မဖမ်းဆီးသင့်ဘူးလို့ပဲ ကျမတို့ နားလည်ပါတယ်။"

HRW က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံတွင်း ရှေ့နေတွေကို ဖမ်းဆီးနေတာဟာ အမှုသည်တွေအတွက် ဥပဒေရေးရာ အကြံပေးချက်နဲ့ တရားမျှတစွာ အမှုစစ်ဆေးခံခွင့်ကို ဆုံးရှုံးသွားစေပြီး ဥပဒေရေးရာမှာ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ကိုလည်း အားလျော့သွားစေကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခုချိန်ထိ ဖမ်းဆီးခဲ့သူ ထောင်နဲ့ချီရှိတဲ့အထဲ ရာနဲ့ချီတဲ့ လူတွေကိုလည်း တရားရုံး လုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘဲ အရေးယူ အပြစ်ပေးခဲ့ကြောင်း ဇွန်လကုန်ပိုင်းမှာ ကုလသမဂ္ဂက ပြောထားပါတယ်။

လက်ရှိအခြေအနေမှာတော့ နေပြည်တော်မြို့တော်ဝန် လုပ်ခဲ့သူ ဒေါက်တာမျိုးအောင်ရဲ့ အမှုလိုက်ရှေ့နေ ဦးသိန်းလှိုင်ထွန်း၊ ဟင်္သာတခရိုင် တရားရုံးမှာ ဖမ်းဆီးခံလိုက်ရတဲ့ ရှေ့နေ ဒေါ်ဧရာလင်းထွဋ်၊ ကချင်ပြည်နယ်ထဲက နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်အတွက် အမှုလိုက်ပေးနေတဲ့ ဦးသက်ထွန်းဦးတို့အပြင် နောက်ထပ် ဥပဒေအကျိုးဆောင်တွေ ဖြစ်တဲ့ ဒေါ်မေဇွန်ကို၊ ဒေါ်နီလာနဲ့ ဦးဘုန်းမြတ်သူတို့လည်း အဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG