သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္အမႈ တရားလိုသက္ေသခံတင္သြင္းမႈ ေရွ႕ေနေတြပယ္ခ်


ဒီမိုကေရစီ အကူးအေျပာင္းနဲ ့ပက္သက္ျပီး ေနျပည္ေတာ္မွာ ေဒၚ ေအာင္ဆန္းစုၾကည္ မိန္ ့ခြန္းေျပာၾကားခဲ့စဥ္ (ဓာတ္ပံု - Official Publication)

(Zawgyi/Unicode)

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အေပၚ တရားစြဲဆိုထားတဲ့ အမႈေတြထဲက သမၼတ ဦးဝင္း ျမင့္၊ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔နဲ႔ တတြဲထဲအမႈျဖစ္တဲ့ အမ်ား ျပည္သူတည္ ၿငိမ္မႈေအးခ်မ္းမႈ ပ်က္ေအာင္ လုပ္ေဆာင္မႈ၊ တခါ သဘာဝ ေဘးအႏၲရာယ္ စီမံခန႔္ခြဲ မႈဥပေဒ ခ်ိဳးေဖာက္ မႈ၊ ဒီအမႈ ၂ ခုကို ဒီကေန႔ထပ္စစ္ေဆးတာေတြလုပ္တာမွာ အမ်ားျပည္သူတည္ ၿငိမ္မႈေအးခ်မ္းမႈ ပ်က္ ေအာင္ လုပ္ေဆာင္မႈနဲ႔ပတ္ သတ္လို႔ တဖက္က တင္ျပလာတဲ့ သက္ေသေတြဟာ ဥပေဒေၾကာင္းအရ ညီၫႊတ္မွန္ကန္ မႈမရွိတာမို႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ရဲ႕ ေရွ႕ေနေတြကပယ္ခ် ခဲ့ပါတယ္။ ဒါနဲ႔ပတ္သတ္ လို႔ ေနာက္႐ုံးခ်ိန္းမွာ တရား႐ုံးဘက္က လက္ခံမခံ ဆုံးျဖတ္မွာပါ။ ေနျပည္ ေတာ္ က သီးသန႔္ တရား ႐ုံး မွာ ေဒၚေအာင္ဆန္းစုၾကည္အမႈေတြကို စစ္ေဆး တဲ့ အေၾကာင္း ရန္ကုန္က လာ တဲ့ သတင္း ကို မခင္ျဖဴေထြး ေျပာျပပါမယ္။

ဒီကေန႔မွာ ေတာ့ အမ်ားျပည္သူတည္ ၿငိမ္မႈေအးခ်မ္းမႈ ပ်က္ေအာင္ လုပ္ေဆာင္မႈ တခါ သဘာဝေဘး အႏၲရာယ္ စီမံခန႔္ခြဲမႈဥပေဒ ခ်ိဳးေဖာက္မႈ၊ ၊ ဒီအမႈ ၂ ခုကို ဒီကေန႔ထပ္စစ္ေဆးတာေတြလုပ္ခဲ့တာပါ။ ဒီလိုစစ္ေဆးတာမွာ အမ်ားျပည္သူ တည္ ၿငိမ္မႈေအးခ်မ္း မႈ ပ်က္ေအာင္ လုပ္ေဆာင္မႈနဲ႔ပတ္ သတ္လို႔ တဖက္က တင္ျပလာတဲ့ သက္ေသေတြဟာ ဥပေဒေၾကာင္းအရ ညီၫႊတ္မွန္ကန္ မႈမရွိတာမို႔ ေဒၚေအာင္ ဆန္းစုၾကည္တို႔ရဲ႕ ေရွ႕ေနေတြ ကပယ္ခ်ခဲ့ပါတယ္။ ဒါနဲ႔ပတ္သတ္လို႔ ေနာက္႐ုံးခ်ိန္းမွာ တရား႐ုံးဘက္က လက္ခံမခံ ဆုံးျဖတ္မွာပါ။ဒီအမႈ ၂ ခု ဒီကေန႔စစ္ေဆးတာမွာ စစ္ေဆးတဲ့ အေျခအေနေတြနဲ႔ပတ္သတ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေန ေဒၚစန္းမာလာၫြန္ ့ ကအခုလိုေျပာျပပါတယ္။

" ဒီကေန႔ ၅၀၅ -ခ အမႈကေတာ့ သူတို႔ဘက္ကသက္ေသခံသြင္းတဲ့ ၂႐ြက္ ကို အမတို႔ဘက္ကကန႔္ကြက္ေတာ့ အမတို႔ဘက္ကေလွ်ာက္လဲခ်က္တင္တယ္။ ၂ဘက္ေလွ်ာက္လဲခ်က္ ေပါ့ ။ သူတို႔ဘက္ကလည္းတင္တယ္။ အမတို႔ဘက္ကလည္းတင္တယ္။ ေနာက္တခ်ိန္းက်မွ ဒါကို အမိန႔္ ခ်မယ္။ သူတို႔ က ၇ရက္ ၂လက စာရယ္။ ၁၃ရက္ ၂လကထုတ္တဲ့စာရယ္ကို သူတို႔က သက္ေသခံသြင္း တာကို အမတို႔ဘက္က ေလွ်ာက္လဲခ်က္တင္တာေပါ့။ အမတို႔က ဒီဟာက ဦးဝင္းျမင့္ တို႔ ၃ေယာက္ကို ဆြဲထားတာကေလ။ သူတို႔ထုတ္ထားတာက ဗဟို အလုပ္အမႈေဆာင္ဆိုတာဘဲပါတယ္။ ဦးဝင္းျမင့္တို႔ လက္မွတ္ေတြမပါဘူး။ ဒီစာကို NLD page ကေနယူတယ္ေျပာေပမယ့္ ဘယ္ကေနဘယ္လို သက္ေသ ထြက္တာမရွိတဲ့ အတြက္အမတို႔က ကန႔္ကြက္တာ။ ေနာက္တခုက သက္ေသခံဥပေဒနဲ႔ မညီလို႔ ကန႔္ကြက္တာပါ။ သဘာဝေဘးက ဒီေန႔တရားလိုကိုစစ္တယ္။ ၿပီးေတာ့သက္ေသတေယာက္စစ္တယ္။ သက္ေသက ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး႐ုံးက စာေရး ဝင္းလြင္ဦးဆိုတာကိုစစ္တယ္။ "

ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့အမႈေတြထဲက ႐ိုးရွင္းတဲ့အမႈေတြအတြက္ အမႈတခုစီကို ရက္ေပါင္း ၁၈၀အတြင္း အၿပီးစစ္ဖို႔ တရားသူႀကီးက ခြင့္ျပဳခဲ့ၿပီးေနာက္ ေနျပည္ေတာ္က သီးသန႔္ တရား႐ုံးမွာ အပတ္စဥ္ တနလၤာေန႔နဲ႔အဂၤါေန႔ေတြမွာ အမႈေတြကိုစစ္ေဆးေနတာျဖစ္ပါတယ္။

ဒီကေန႔ စစ္တဲ့ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ ခ်ိဳးေဖာက္မႈကိုေတာ့ တရားလို ဦးထြန္းျမင့္ေအာင္ ေခၚ ဦးညီညီဆိုသူက အမႈဖြင့္ခဲ့တာျဖစ္ပါတယ္။ အမ်ားျပည္သူတည္ တည္ၿငိမ္ ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လုပ္ေဆာင္မႈ ဥပေဒ ပုဒ္မ ၅၀၅ (ခ) နဲ႔ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔ ၃ ေယာက္ေပါင္းကိုေတာ့ အေထြ ေထြ အုပ္ခ်ဳပ္ေရးဌာနက ဦးစိုးစိုးေ႐ႊက အမႈဖြင့္ထားတာျဖစ္ပါတယ္။

ဒီေန႔ စစ္တဲ့ ပုဒ္မ ၂ခုထဲက သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ မႈမွာေတာ့ ၿပီးခဲ့တဲ့ အပတ္ ကတရားလိုကိုစစ္ေဆးၿပီးတာျဖစ္လို႔ ဒီတေခါက္မွာေတာ့ အဲတရားလိုကိုျပန္လွန္ေမးခြန္း ေမးခဲ့ၿပီး ေမးခြန္းေတြေမးတာမွာလဲ အျပစ္မရွိေၾကာင္းေပၚလြင္ေအာင္ တင္ျပႏိုင္ခဲ့တယ္လို႔ ေရွ႕ေန ေတြကေျပာ ပါတယ္။

ဒီကေန႔ အမႈမစစ္ခင္မွာ သမၼတဦးဝင္းျမင့္ အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေရွ႕ေနေတြ သီးသန႔္ေတြ႕ဆုံခြင့္ရတယ္လို႔ ေရွ႕ေနေတြက ေျပာပါတယ္။ က်န္းမာေရးေကာင္းမြန္တဲ့ ေဒၚေအာင္ဆန္းစု ၾကည္အေနနဲ႔ အမႈေတြကို ေသခ်ာနားေထာင္ၿပီး စြပ္စြဲထားတဲ့ ျပစ္မႈေတြကို မွန္မွန္ကန္ကန္ ခုခံေခ်ပေပး ဖို႔ ေရွ႕ေနေတြကို တရားခြင္မွာေကာ သီးသန႔္ေတြ႕ဆုံခ်ိန္မွာပါ မွာၾကားတယ္လို႔ ေရွ႕ေနေတြကေျပာ ပါတယ္။ ျပည္သူေတြနဲ႔ပတ္သတ္လို႔ ေရွ႕ေနေတြဆီကေနတဆင့္မွာၾကားလိုက္တာနဲ႔ပတ္သတ္ၿပီး ေရွ႕ေန ေဒၚစန္းမာလာၫႊန႔္က ခုလိုေျပာပါတယ္။

"အန္တီမွာလိုက္တာက အခ်င္းခ်င္းညီၫႊတ္မႈရွိပါ။ စိတ္ဝမ္းမကြဲပါနဲ႔။ မတူညီဘူးဆိုရင္ အခ်င္းခ်င္းညႇိဳယူပါ။ ေနာက္အမတို႔ေရွ႕ေနေတြကို လည္း က်န္းမာေအာင္ေနပါ။ ျပည္သူေတြလည္းက်န္းမာေအာင္ေနပါလို႔ေျပာတယ္။ "

ေနာက္လာမယ့္အပတ္မွာလည္း အမႈေတြဆက္လက္စစ္သြားဖို႔ရွိၿပီး အဲဒီအပတ္မွာေတာ့ ဘယ္လိုပုံစံ ဆက္လက္စစ္ေဆးမလဲဆိုတာနဲ႔ပတ္သတ္လို႔ ေရွ႕ေန ေဒၚစန္းမာလာၫြန္ ့ကအခုလိုေျပာ ပါတယ္။

"အဂၤါေန႔မွာစစ္တဲ့ အမႈကေတာ့ အဂၤါေန႔မွာ ဆက္စစ္မယ္။ အဲဒါကို အမိန႔္ခ်မယ္ေပါ့.။ ၅၀၅ တခုဘဲ အမိန႔္ေပါ့ေနာ္။ က်န္တာေတြက သူတို႔ဘက္ကတင္တဲ့ သက္ေသေတြ ကိုပဲစစ္ဦးမွာပါ။"

ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅၊ အစိုးရလွ်ိဳ႕ဝွက္ ခ်က္ေပါက္ ၾကားမႈဥပေဒပုဒ္မ ၃ (၁) (ဂ)၊ ပို႔ကုန္သြင္းကုန္ဥပဒပုဒ္မ ၈ ၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္မႈ လုပ္ေဆာင္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅(ခ)၊ တို႔ အျပင္ သဘာဝေဘးအႏၱရာယ္ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈ ၂ ခု၊ စုစုေပါင္း ၇ မႈနဲ႔ တရားစြဲခံထားရပါတယ္။ ရန္ကုန္မွာတရားစြဲခဲ့တဲ့ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ေပါက္ ၾကားမႈ ဥပေဒပုဒ္မ ၃(၁) (ဂ)ကို ေနျပည္ေတာ္မွာ ႐ုံးေျပာင္း စစ္ေဆးခြင့္ရမရ ၾကားနာမႈကိုလည္း ေနျပည္ေတာ္တရားလႊတ္ေတာ္ခ်ဳပ္မွာ လာမယ့္ သီတင္းပတ္အတြင္း ဇြန္လ ၂၃ ရက္ေန႔မွာျပဳလုပ္ဖို႔ ရွိေနပါတယ္။

....................................................................................

တိုက္႐ိုက္ လင့္ခ္


ဒေါ်အောင်ဆန်းစုကြည်အမှု တရားလိုသက်သေခံတင်သွင်းမှု ရှေ့နေတွေပယ်ချ

(Unicode)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားတဲ့ အမှုတွေထဲက သမ္မတ ဦးဝင်း မြင့်၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့နဲ့ တတွဲထဲအမှုဖြစ်တဲ့ အများ ပြည်သူတည် ငြိမ်မှုအေးချမ်းမှု ပျက်အောင် လုပ်ဆောင်မှု၊ တခါ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲ မှုဥပဒေ ချိုးဖောက် မှု၊ ဒီအမှု ၂ ခုကို ဒီကနေ့ထပ်စစ်ဆေးတာတွေလုပ်တာမှာ အများပြည်သူတည် ငြိမ်မှုအေးချမ်းမှု ပျက် အောင် လုပ်ဆောင်မှုနဲ့ပတ် သတ်လို့ တဖက်က တင်ပြလာတဲ့ သက်သေတွေဟာ ဥပဒေကြောင်းအရ ညီညွှတ်မှန်ကန် မှုမရှိတာမို့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရှေ့နေတွေကပယ်ချ ခဲ့ပါတယ်။ ဒါနဲ့ပတ်သတ် လို့ နောက်ရုံးချိန်းမှာ တရားရုံးဘက်က လက်ခံမခံ ဆုံးဖြတ်မှာပါ။ နေပြည် တော် က သီးသန့် တရား ရုံး မှာ ဒေါ်အောင်ဆန်းစုကြည်အမှုတွေကို စစ်ဆေး တဲ့ အကြောင်း ရန်ကုန်က လာ တဲ့ သတင်း ကို မခင်ဖြူထွေး ပြောပြပါမယ်။

ဒီကနေ့မှာ တော့ အများပြည်သူတည် ငြိမ်မှုအေးချမ်းမှု ပျက်အောင် လုပ်ဆောင်မှု တခါ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှု၊ ၊ ဒီအမှု ၂ ခုကို ဒီကနေ့ထပ်စစ်ဆေးတာတွေလုပ်ခဲ့တာပါ။ ဒီလိုစစ်ဆေးတာမှာ အများပြည်သူ တည် ငြိမ်မှုအေးချမ်း မှု ပျက်အောင် လုပ်ဆောင်မှုနဲ့ပတ် သတ်လို့ တဖက်က တင်ပြလာတဲ့ သက်သေတွေဟာ ဥပဒေကြောင်းအရ ညီညွှတ်မှန်ကန် မှုမရှိတာမို့ ဒေါ်အောင် ဆန်းစုကြည်တို့ရဲ့ ရှေ့နေတွေ ကပယ်ချခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်လို့ နောက်ရုံးချိန်းမှာ တရားရုံးဘက်က လက်ခံမခံ ဆုံးဖြတ်မှာပါ။ဒီအမှု ၂ ခု ဒီကနေ့စစ်ဆေးတာမှာ စစ်ဆေးတဲ့ အခြေအနေတွေနဲ့ပတ်သတ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်စန်းမာလာညွန့် ကအခုလိုပြောပြပါတယ်။

" ဒီကနေ့ ၅၀၅ -ခ အမှုကတော့ သူတို့ဘက်ကသက်သေခံသွင်းတဲ့ ၂ရွက် ကို အမတို့ဘက်ကကန့်ကွက်တော့ အမတို့ဘက်ကလျှောက်လဲချက်တင်တယ်။ ၂ဘက်လျှောက်လဲချက် ပေါ့ ။ သူတို့ဘက်ကလည်းတင်တယ်။ အမတို့ဘက်ကလည်းတင်တယ်။ နောက်တချိန်းကျမှ ဒါကို အမိန့် ချမယ်။ သူတို့ က ၇ရက် ၂လက စာရယ်။ ၁၃ရက် ၂လကထုတ်တဲ့စာရယ်ကို သူတို့က သက်သေခံသွင်း တာကို အမတို့ဘက်က လျှောက်လဲချက်တင်တာပေါ့။ အမတို့က ဒီဟာက ဦးဝင်းမြင့် တို့ ၃ယောက်ကို ဆွဲထားတာကလေ။ သူတို့ထုတ်ထားတာက ဗဟို အလုပ်အမှုဆောင်ဆိုတာဘဲပါတယ်။ ဦးဝင်းမြင့်တို့ လက်မှတ်တွေမပါဘူး။ ဒီစာကို NLD page ကနေယူတယ်ပြောပေမယ့် ဘယ်ကနေဘယ်လို သက်သေ ထွက်တာမရှိတဲ့ အတွက်အမတို့က ကန့်ကွက်တာ။ နောက်တခုက သက်သေခံဥပဒေနဲ့ မညီလို့ ကန့်ကွက်တာပါ။ သဘာဝဘေးက ဒီနေ့တရားလိုကိုစစ်တယ်။ ပြီးတော့သက်သေတယောက်စစ်တယ်။ သက်သေက ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးက စာရေး ဝင်းလွင်ဦးဆိုတာကိုစစ်တယ်။ "

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေထဲက ရိုးရှင်းတဲ့အမှုတွေအတွက် အမှုတခုစီကို ရက်ပေါင်း ၁၈၀အတွင်း အပြီးစစ်ဖို့ တရားသူကြီးက ခွင့်ပြုခဲ့ပြီးနောက် နေပြည်တော်က သီးသန့် တရားရုံးမှာ အပတ်စဉ် တနင်္လာနေ့နဲ့အင်္ဂါနေ့တွေမှာ အမှုတွေကိုစစ်ဆေးနေတာဖြစ်ပါတယ်။

ဒီကနေ့ စစ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ချိုးဖောက်မှုကိုတော့ တရားလို ဦးထွန်းမြင့်အောင် ခေါ် ဦးညီညီဆိုသူက အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ အများပြည်သူတည် တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ယောက်ပေါင်းကိုတော့ အထွေ ထွေ အုပ်ချုပ်ရေးဌာနက ဦးစိုးစိုးရွှေက အမှုဖွင့်ထားတာဖြစ်ပါတယ်။

ဒီနေ့ စစ်တဲ့ ပုဒ်မ ၂ခုထဲက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ မှုမှာတော့ ပြီးခဲ့တဲ့ အပတ် ကတရားလိုကိုစစ်ဆေးပြီးတာဖြစ်လို့ ဒီတခေါက်မှာတော့ အဲတရားလိုကိုပြန်လှန်မေးခွန်း မေးခဲ့ပြီး မေးခွန်းတွေမေးတာမှာလဲ အပြစ်မရှိကြောင်းပေါ်လွင်အောင် တင်ပြနိုင်ခဲ့တယ်လို့ ရှေ့နေ တွေကပြော ပါတယ်။

ဒီကနေ့ အမှုမစစ်ခင်မှာ သမ္မတဦးဝင်းမြင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ သီးသန့်တွေ့ဆုံခွင့်ရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ကျန်းမာရေးကောင်းမွန်တဲ့ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ အမှုတွေကို သေချာနားထောင်ပြီး စွပ်စွဲထားတဲ့ ပြစ်မှုတွေကို မှန်မှန်ကန်ကန် ခုခံချေပပေး ဖို့ ရှေ့နေတွေကို တရားခွင်မှာကော သီးသန့်တွေ့ဆုံချိန်မှာပါ မှာကြားတယ်လို့ ရှေ့နေတွေကပြော ပါတယ်။ ပြည်သူတွေနဲ့ပတ်သတ်လို့ ရှေ့နေတွေဆီကနေတဆင့်မှာကြားလိုက်တာနဲ့ပတ်သတ်ပြီး ရှေ့နေ ဒေါ်စန်းမာလာညွှန့်က ခုလိုပြောပါတယ်။
"အန်တီမှာလိုက်တာက အချင်းချင်းညီညွှတ်မှုရှိပါ။ စိတ်ဝမ်းမကွဲပါနဲ့။ မတူညီဘူးဆိုရင် အချင်းချင်းညှိုယူပါ။ နောက်အမတို့ရှေ့နေတွေကို လည်း ကျန်းမာအောင်နေပါ။ ပြည်သူတွေလည်းကျန်းမာအောင်နေပါလို့ပြောတယ်။ "

နောက်လာမယ့်အပတ်မှာလည်း အမှုတွေဆက်လက်စစ်သွားဖို့ရှိပြီး အဲဒီအပတ်မှာတော့ ဘယ်လိုပုံစံ ဆက်လက်စစ်ဆေးမလဲဆိုတာနဲ့ပတ်သတ်လို့ ရှေ့နေ ဒေါ်စန်းမာလာညွန့်ကအခုလိုပြော ပါတယ်။

"အင်္ဂါနေ့မှာစစ်တဲ့ အမှုကတော့ အင်္ဂါနေ့မှာ ဆက်စစ်မယ်။ အဲဒါကို အမိန့်ချမယ်ပေါ့.။ ၅၀၅ တခုဘဲ အမိန့်ပေါ့နော်။ ကျန်တာတွေက သူတို့ဘက်ကတင်တဲ့ သက်သေတွေ ကိုပဲစစ်ဦးမှာပါ။"

ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ အစိုးရလျှို့ဝှက် ချက်ပေါက် ကြားမှုဥပဒေပုဒ်မ ၃ (၁) (ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒပုဒ်မ ၈ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)၊ တို့ အပြင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း ၇ မှုနဲ့ တရားစွဲခံထားရပါတယ်။ ရန်ကုန်မှာတရားစွဲခဲ့တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက် ကြားမှု ဥပဒေပုဒ်မ ၃(၁) (ဂ)ကို နေပြည်တော်မှာ ရုံးပြောင်း စစ်ဆေးခွင့်ရမရ ကြားနာမှုကိုလည်း နေပြည်တော်တရားလွှတ်တော်ချုပ်မှာ လာမယ့် သီတင်းပတ်အတွင်း ဇွန်လ ၂၃ ရက်နေ့မှာပြုလုပ်ဖို့ ရှိနေပါတယ်။
--

--

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG