သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပန္လြတ္တဲ့အက်ဥ္းသားအေရအတြက္အျငင္းပြားစရာျဖစ္ေန


အင္းစိန္ေထာင္မွျပန္လြတ္လာသူမ်ား၊ ဂၽြန္ ၃၀၊ ၂၀၂၁။

(Zawgyi/Unicode)
ပုဒ္မ ၅၀၅(က) နဲ႔ စြဲဆိုခံရတဲ့ အက်ဥ္းသား ၇၀၀ေက်ာ္ကို အင္းစိန္ေထာင္ကေန ျပန္လြတ္ေပးလိုက္ေၾကာင္း စစ္ေကာင္စီက သတင္းထုတ္ျပန္ခဲ့ေပမဲ့ တကယ္တမ္းေတာ့ ဒီထက္နည္းတဲ့ အေရအတြက္ပဲ လြတ္ေျမာက္လာတယ္ လို႔အက်ဥ္းသားေတြကို လိုက္ပါကူညီေပးေနတဲ့ ေရွ႕ေနေတြက ေျပာပါတယ္။ စစ္ေကာင္စီက ထုတ္ျပန္တဲ့အတိုင္း လြတ္ေျမာက္လာခဲ့လား ဆိုတာကေတာ့ ျပန္စိစစ္ဖို႔ခက္ခဲတယ္လို႔လည္း ေရွ႕ေနေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ ဒီသတင္းကိုေတာ့ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသိန္းထိုက္ဦး က ေျပာျပေပးမွာပါ။

ရန္ကုန္ အင္းစိန္ေထာင္ကေန ဗုဒၶဟူးေန႔က ျပန္လြတ္ေပးလိုက္တဲ့ အက်ဥ္းသားအေရအတြက္ဟာ ၇၂၁ ေယာက္ရွိတယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ ခဲ့ေပမဲ့ တကယ္တန္းျပန္လြတ္လာတဲ့အေရအတြက္က အျငင္းပြားစရာ ျဖစ္ေနပါတယ္။ ျပန္လြတ္လာတဲ့ အက်ဥ္းသားေတြရဲ႕ အခ်က္အလက္က ေရွ႕ေနေတြဆီကိုလည္း မေရာက္တဲ့အတြက္ ဒီအေရအတြက္က မွန္ကန္ရဲ႕လားဆိုတာ တပ္အပ္ မေျပာႏိုင္ေၾကာင္း ဒီအက်ဥ္းသားေတြကို လိုက္ပါကူညီေပးေနတဲ့ ေရွ႕ေနေတြက ဗြီအိုေအကို ေျပာပါတယ္။

တကယ္တမ္း အက်ဥ္းသား ၇၀၀ ေက်ာ္ လြတ္ေျမာက္ခဲ့တယ္ဆိုလွ်င္ အင္းစိန္ေထာင္ထဲမွာ ၿမိဳ႕နယ္အလိုက္ဖြင့္ထားတဲ့ အထူးတရား႐ုံး (၃၈) ခုကေန ပ်မ္းမွ်အေယာက္ ၂၀ စီလြတ္ေျမာက္လာရမယ့္အေျခအေနျဖစ္တယ္လို႔ ေရွ႕ေနဦးခင္ေမာင္ျမင့္က တြက္ဆျပပါတယ္။

“ ႏွစ္ဘက္ မွန္၏၊ မွား၏ ဆင္ျခင္ၾကည့္တဲ့အခါမွာ ခုနကေျပာတဲ့ လူေတြက်န္ေနတယ္ ဆိုတာကလည္း မွန္ႏိုင္တဲ့ အေျခအေနတရပ္ရွိတယ္။ အကယ္၍သာ ၇၂၁ ေယာက္လုံး လြတ္လာမယ္ဆိုခဲ့ရင္ ၃၈ ႐ုံးဆိုေတာ့ တ႐ုံးတ႐ုံးမွာ အနည္းဆုံး ၁၀ ေယာက္ကေန အမ်ားဆုံး ၂၀ အထိ လြတ္လာႏိုင္တဲ့ အေျခအေနရွိတယ္။ ဒါေပမဲ့ အဲလိုမ်ိဳး ေပၚေပါက္လာတာမရွိဘူး။ ေနာက္တခါ ၾကည့္ျမင့္တိုင္တို႔ ဘာတို႔ဆိုရင္ တေယာက္ပဲ လြတ္တာရွိတယ္၊ က်န္တာေတြ မလြတ္ဘူး။ ဒီလိုအေျခအေနေလးေတြက ႏႈိင္းယွဥ္ သုံးသပ္စရာရွိတယ္။”

ဒါေပမဲ့ အမႈတည္ေဆာက္ဆဲကာလမွာ တရား႐ုံးကိုပို႔ဖို႔မလိုဘဲ ေထာင္ကေနတိုက္႐ိုက္ လြတ္ေပးတာမ်ိဳးလည္း ရွိႏိုင္တဲ့အတြက္ စစ္ေကာင္စီဘက္က ထုတ္ျပန္တဲ့အေရအတြက္ဟာ မွားတယ္လို႔လည္း မဆိုႏိုင္ေၾကာင္း သူကေျပာပါတယ္။

“ ႏွစ္ဘက္လုံးမွာေတာ့ ျဖစ္တန္ရာ အေျခအေနေတြရွိတယ္။ ၇၂၁ ေယာက္ လြတ္ၿပီးပါၿပီဆိုတဲ့ အက်ဥ္းေထာင္ကေန ထုတ္ျပန္ေၾကညာတာသည္လည္း အထူးတရား႐ုံးေတြမွာ တရားစြဲတင္ထားတဲ့သူေတြ ပါသလို မတင္ရေသးတဲ့ ထိန္းသိမ္းထားတဲ့လူေတြက်ေတာ့ တရား႐ုံးက အသိေပးစရာမလိုဘဲ ေထာင္အေနနဲ႔ လႊတ္လိုက္ႏိုင္တာ ရွိတဲ့အတြက္ ဒါလည္းျဖစ္တန္ရာ အေျခအေနရွိတယ္။”

တရားလႊတ္ေတာ္ေရွ႕ေန ေဒၚဇာလီေအးကေတာ့ သူတို႔လိုက္ပါကူညီေပးေနတဲ့ အမႈေတြထဲက လူတခ်ိဳ႕တဝက္ပဲ လြတ္ေျမာက္လာခဲ့ေၾကာင္း ေျပာပါတယ္။

“ က်မက ၇၂၁ ေယာက္ ျပည့္တယ္မျပည့္ဘူးဆိုတာကေတာ့ ဒါကေတာ့ ေထာင္ကပဲေျဖမယ္ထင္တယ္။ ဘာလို႔ဆို က်မတို႔အျပင္လူေတြဆီမွာ ဘယ္သူကမွ စာရင္းမသိဘူးေလ။ က်မတို႔က က်မတို႔စာရင္းနဲ႔ တိုက္တဲ့အခါမွာက်ေတာ့ ၂၀၀ စြန္းစြန္းေလးပဲ က်မတို႔လူေတြကလြတ္တာ။ အတိအက်ေတာ့ က်မလည္း မသိဘူး။”

ဆႏၵျပမႈနဲ႔ဆက္စပ္ၿပီး ပုဒ္မ ၅၀၅(က)နဲ႔ စြဲဆိုခံရသူအမ်ားစုက ျပန္လြတ္လာတယ္ဆိုေပမဲ့ ျပန္မလြတ္လာသူေတြလည္း အမ်ားအျပားရွိေနတာပါ။ အဲဒီေန႔က အင္းစိန္ေထာင္ေရွ႕မွာ သားျဖစ္သူကို သြားေရာက္ေစာင့္ဆိုင္းခဲ့တဲ့ ဖခင္ျဖစ္သူ ဦးမင္းႏိုင္က သားျဖစ္သူမပါလာဘူးလို႔ ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ အမ်ားဆုံးလႊတ္မွ ၅၀၀ ေတာင္မရွိဘူး။ ဦးျမင္မိတာဆို ရွစ္စီး၊ ကိုးစီးေလာက္က လူပါတယ္။ အျပည့္အၾကပ္ေတြလည္း မဟုတ္ပါဘူး။ က်န္တဲ့ ၂ စီးကေတာ့ ခါလီထြက္သြားတာေတြ႕တယ္။ ႏွစ္ရက္၊ သုံးရက္ဆက္တိုက္ လႊတ္မယ္တို႔ဘာတို႔ဆိုတဲ့ သို႔ေလာ သို႔ေလာၾကားလို႔ ဦးတို႔ကသြားေစာင့္တာပဲ၊ မေန႔ကလည္း သြားေစာင့္တယ္၊ ဘာမွမထူးဘူး။ သတင္းေတြကေန တက္ေနတာေတာ့ ၾကားျပန္ၿပီ သူရဲ႕ေမြးေန႔ ၃ ရက္ေန႔ကေနၿပီးေတာ့ တႀကိမ္လြတ္မယ္လို႔ အသံၾကားျပန္ၿပီ။”

လာမယ့္ဇူလိုင္ ၃ ရက္နဲ႔ ၅ ရက္မွာလည္း အက်ဥ္းသားေတြကို ေနာက္ထပ္လြတ္ေပးဖို႔ရွိတယ္လို႔ သတင္းထြက္ေပၚေနတယ္လို႔ ေရွ႕ေနတခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ ေထာင္ေရွ႕မွာ လူစုလူေဝးမျဖစ္ဖို႔နဲ႔ လြတ္ေျမာက္လာသူေတြကို သက္ဆိုင္ရာ ၿမိဳ႕နယ္ရဲစခန္းေတြမွာပဲ ေစာင့္ဆိုင္းၾကဖို႔ ေရွ႕ေနေတြက အႀကဳံျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)
ပုဒ်မ ၅၀၅- က နဲ့ စွဲဆိုခံရတဲ့ အကျဉ်းသား ၇၀၀ကျော်ကို အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပေမဲ့ တကယ်တမ်းတော့ ဒီထက်နည်းတဲ့ အရေအတွက်ပဲ လွတ်မြောက်လာတယ် လို့အကျဉ်းသားတွေကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။။ စစ်ကောင်စီက ထုတ်ပြန်တဲ့အတိုင်း လွတ်မြောက်လာခဲ့လား ဆိုတာကတော့ ပြန်စိစစ်ဖို့ခက်ခဲတယ်လို့လည်း ရှေ့နေတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသိန်းထိုက်ဦး က ပြောပြပေးမှာပါ။

ရန်ကုန် အင်းစိန်ထောင်ကနေ ဗုဒ္ဓဟူးနေ့က ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားအရေအတွက်ဟာ ၇၂၁ ယောက်ရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန် ခဲ့ပေမဲ့ တကယ်တန်းပြန်လွတ်လာတဲ့အရေအတွက်က အငြင်းပွားစရာ ဖြစ်နေပါတယ်။ ပြန်လွတ်လာတဲ့ အကျဉ်းသားတွေရဲ့ အချက်အလက်က ရှေ့နေတွေဆီကိုလည်း မရောက်တဲ့အတွက် ဒီအရေအတွက်က မှန်ကန်ရဲ့လားဆိုတာ တပ်အပ် မပြောနိုင်ကြောင်း ဒီအကျဉ်းသားတွေကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေတွေက ဗွီအိုအေကို ပြောပါတယ်။

တကယ်တမ်း အကျဉ်းသား ၇၀၀ ကျော် လွတ်မြောက်ခဲ့တယ်ဆိုလျှင် အင်းစိန်ထောင်ထဲမှာ မြို့နယ်အလိုက်ဖွင့်ထားတဲ့ အထူးတရားရုံး (၃၈) ခုကနေ ပျမ်းမျှအယောက် ၂၀ စီလွတ်မြောက်လာရမယ့်အခြေအနေဖြစ်တယ်လို့ ရှေ့နေဦးခင်မောင်မြင့်က တွက်ဆပြပါတယ်။

“ နှစ်ဘက် မှန်၏၊ မှား၏ ဆင်ခြင်ကြည့်တဲ့အခါမှာ ခုနကပြောတဲ့ လူတွေကျန်နေတယ် ဆိုတာကလည်း မှန်နိုင်တဲ့ အခြေအနေတရပ်ရှိတယ်။ အကယ်၍သာ ၇၂၁ ယောက်လုံး လွတ်လာမယ်ဆိုခဲ့ရင် ၃၈ ရုံးဆိုတော့ တရုံးတရုံးမှာ အနည်းဆုံး ၁၀ ယောက်ကနေ အများဆုံး ၂၀ အထိ လွတ်လာနိုင်တဲ့ အခြေအနေရှိတယ်။ ဒါပေမဲ့ အဲလိုမျိုး ပေါ်ပေါက်လာတာမရှိဘူး။ နောက်တခါ ကြည့်မြင့်တိုင်တို့ ဘာတို့ဆိုရင် တယောက်ပဲ လွတ်တာရှိတယ်၊ ကျန်တာတွေ မလွတ်ဘူး။ ဒီလိုအခြေအနေလေးတွေက နှိုင်းယှဉ် သုံးသပ်စရာရှိတယ်။”

ဒါပေမဲ့ အမှုတည်ဆောက်ဆဲကာလမှာ တရားရုံးကိုပို့ဖို့မလိုဘဲ ထောင်ကနေတိုက်ရိုက် လွှတ်ပေးတာမျိုးလည်း ရှိနိုင်တဲ့အတွက် စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့အရေအတွက်ဟာ မှားတယ်လို့လည်း မဆိုနိုင်ကြောင်း သူကပြောပါတယ်။

“ နှစ်ဘက်လုံးမှာတော့ ဖြစ်တန်ရာ အခြေအနေတွေရှိတယ်။ ၇၂၁ ယောက် လွှတ်ပြီးပါပြီဆိုတဲ့ အကျဉ်းထောင်ကနေ ထုတ်ပြန်ကြေညာတာသည်လည်း အထူးတရားရုံးတွေမှာ တရားစွဲတင်ထားတဲ့သူတွေ ပါသလို မတင်ရသေးတဲ့ ထိန်းသိမ်းထားတဲ့လူတွေကျတော့ တရားရုံးက အသိပေးစရာမလိုဘဲ ထောင်အနေနဲ့ လွှတ်လိုက်နိုင်တာ ရှိတဲ့အတွက် ဒါလည်းဖြစ်တန်ရာ အခြေအနေရှိတယ်။”

တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကတော့ သူတို့လိုက်ပါကူညီပေးနေတဲ့ အမှုတွေထဲက လူတချို့တဝက်ပဲ လွတ်မြောက်လာခဲ့ကြောင်း ပြောပါတယ်။

“ ကျမက ၇၂၁ ယောက် ပြည့်တယ်မပြည့်ဘူးဆိုတာကတော့ ဒါကတော့ ထောင်ကပဲဖြေမယ်ထင်တယ်။ ဘာလို့ဆို ကျမတို့အပြင်လူတွေဆီမှာ ဘယ်သူကမှ စာရင်းမသိဘူးလေ။ ကျမတို့က ကျမတို့စာရင်းနဲ့ တိုက်တဲ့အခါမှာကျတော့ ၂၀၀ စွန်းစွန်းလေးပဲ ကျမတို့လူတွေကလွတ်တာ။ အတိအကျတော့ ကျမလည်း မသိဘူး။”

ဆန္ဒပြမှုနဲ့ဆက်စပ်ပြီး ပုဒ်မ ၅၀၅(က)နဲ့ စွဲဆိုခံရသူအများစုက ပြန်လွတ်လာတယ်ဆိုပေမဲ့ ပြန်မလွတ်လာသူတွေလည်း အများအပြားရှိနေတာပါ။ အဲဒီနေ့က အင်းစိန်ထောင်ရှေ့မှာ သားဖြစ်သူကို သွားရောက်စောင့်ဆိုင်းခဲ့တဲ့ ဖခင်ဖြစ်သူ ဦးမင်းနိုင်က သားဖြစ်သူမပါလာဘူးလို့ ဗွီအိုအေကို အခုလိုပြောပါတယ်။

“ အများဆုံးလွှတ်မှ ၅၀၀ တောင်မရှိဘူး။ ဦးမြင်မိတာဆို ရှစ်စီး၊ ကိုးစီးလောက်က လူပါတယ်။ အပြည့်အကြပ်တွေလည်း မဟုတ်ပါဘူး။ ကျန်တဲ့ ၂ စီးကတော့ ခါလီထွက်သွားတာတွေ့တယ်။ နှစ်ရက်၊ သုံးရက်ဆက်တိုက် လွှတ်မယ်တို့ဘာတို့ဆိုတဲ့ သို့လော သို့လောကြားလို့ ဦးတို့ကသွားစောင့်တာပဲ၊ မနေ့ကလည်း သွားစောင့်တယ်၊ ဘာမှမထူးဘူး။ သတင်းတွေကနေ တက်နေတာတော့ ကြားပြန်ပြီ သူရဲ့မွေးနေ့ ၃ ရက်နေ့ကနေပြီးတော့ တကြိမ်လွှတ်မယ်လို့ အသံကြားပြန်ပြီ။”

လာမယ့်ဇူလိုင် ၃ ရက်နဲ့ ၅ ရက်မှာလည်း အကျဉ်းသားတွေကို နောက်ထပ်လွှတ်ပေးဖို့ရှိတယ်လို့ သတင်းထွက်ပေါ်နေတယ်လို့ ရှေ့နေတချို့က ဗွီအိုအေကို ပြောပါတယ်။ ထောင်ရှေ့မှာ လူစုလူဝေးမဖြစ်ဖို့နဲ့ လွတ်မြောက်လာသူတွေကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေမှာပဲ စောင့်ဆိုင်းကြဖို့ ရှေ့နေတွေက အကြုံပြုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG