သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အဖမ္းခံခဲ့ရေပမယ့္ သတင္းလုပ္ငန္းဆက္လုပ္သြားမည္ဟု ျပန္လြတ္လာတဲ့ သတင္းေထာက္ေတြေျပာ


ျမန္မာနိုင္ငံအလယ္ပိုင္းက ေတာင္ငူအက်ဥ္းေထာင္ (ဓာတ္ပံု -Courtesy)

(Zawgyi/Unicode)

အာဏာထိန္းတာပါလို႔ ေျပာေနတဲ့ စစ္ေကာင္စီက သတင္းသမားေတြနဲ႔ ဆႏၵျပသူေတြကို ဖမ္းဆီးတာဟာ အေျပာနဲ႔အလုပ္မညီဘူးလို႔ ဇြန္လ ၃၀ ရက္ေန႔က ျပန္လြတ္လာတဲ့သတင္းေထာက္တေယာက္က ေျပာလိုက္ပါတယ္။ အဖမ္းခံခဲ့ရေပမဲ့ သတင္းေထာက္အလုပ္ကိုပဲဆက္လုပ္သြားတယ္လို႔ ျပန္လြတ္လာတဲ့ ေနာက္သတင္းေထာက္တေယာက္ကလည္း ေျပာပါတယ္။ သူတို႔ရဲ႕ ေထာင္တြင္းအေတြ႔အႀကံဳနဲ႔ သေဘာထားေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုသိန္းထိုက္ဦးက တင္ျပပါမယ္။

တပ္မေတာ္ကိုၿပိဳကြဲ ေအာင္ လႈံႈေဆာ္ လုပ္ေဆာင္မႈဥပေဒပုဒ္မ ၅၀၅ (က) နဲ႔ အမ်ားစု ဖမ္းဆီးခံရတဲ့ တိုင္းနဲ႔ျပည္နယ္ အသီးသီးက အက်ဥ္းသား ၂ ေထာင့္ ၃ ရာနီးပါးကို မေန႔က ဇြန္လ ၃၀ ရက္ေန႔က စစ္ေကာင္စီက ျပန္လႊတ္ေပးခဲ့ပါတယ္။ အဲဒီထဲမွာ သတင္းသမားေတြနဲ႔ ကဗ်ာဆရာေတြလည္း ပါဝင္ပါတယ္။ ဥပေဒလုပ္ထံုး လုပ္နည္းေတြနဲ႔အညီ အမႈ႐ုတ္သိမ္းေပးခဲ့တယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္ပါတယ္။

ဒါအျပင့္ မေန႔က ျပန္လြတ္ေပးလိုက္တဲ့ ထဲမွာ တပ္မေတာ္ၿပိုကြဲေအာင္ လုပ္ေဆာင္မႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅-က နဲ႔ ဖမ္းဆီးေထာင္ခ်ခံထားရတဲ့ သတင္းသမားေတြလည္း ပါဝင္ပါတယ္။ သတင္းသမားေတြ ဆႏၵျပျပည္သူေတြကို ဖမ္းဆီးၿပီး ၅၀၅-က နဲ႔ တရားစြဲတာဟာ စစ္ေကာင္စီက အာဏာထိန္းတယ္လို႔ ေျပာတာနဲ႔ ဆန္႔က်င္ေနတယ္လို႔ မေန႔က ျပန္လြတ္လာတဲ့ ထဲမွာ ပါတဲ့ Democracy Vision အြန္လိုင္းသတင္းဌာနက ကိုဇင္ေသာ္ႏိုင္က ေျပာပါတယ္။

“ ဒါေတြကေတာ့ ဘယ္လိုေျပာမလည္း က်ေနာ္တို႔က လြတ္လပ္တဲ့ ဒီမိုကေရစီ စနစ္တစ္ခု မွာသတင္းသမားေတြ ဖမ္းတာဆီးတာက သတင္းလြတ္လပ္ခြင့္ စံႏႈန္းနဲ႕ မကိုက္ညီဘူး ေပါ့ေနာ္။ က်ေနာ္တို႔က အဲလိုပဲ ေျပာရပါမယ္။ ဒါေပမယ့္ သတင္းသမားေတြပဲ ဖမ္းတာေတာ့ မဟုတ္ဘူး ျပည္သူေတြ လြတ္လပ္စြာ ဆႏၵထုတ္ေဖာ္တဲ့ ျပည္သူေတြ ဖမ္းဆီးခံရတာေတြ ရွိေတာ့ ဒါကလည္း သူတို႔ကေတာ့ အာဏာသိမ္းတာ မဟုတ္ဘူး၊ အာဏာထိန္း တာပါ၊ ဒီမုိ ကေရစီ စံနူန္းနဲ႔ သြားေနတယ္လို႔ ေျပာေနေပမယ့္ သတင္းသမားေတြ ဆႏၵျပျပည္သူေတြ ကို ဖမ္းၿပီး ၅၀၅နဲ႔ တရားစြဲဆိုေနတာေတြကေတာ့ အေျပာနဲ႔ အလုပ္ မညီဘူးဆိုတဲ့ သေဘာ ေပါ့ ေနာ္။ အဲလိုမ်ိဳးေတာ့ ေျပာခ်င္ပါတယ္။”

စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံခဲ့ရၿပီး ပုသိမ္းအက်ဥ္းေထာင္ထဲမွာ ၅ လေလာက္ေနထိုင္ခဲ့ရတဲ့ Time Ayeyar-တိုင္းဧရာ Online သတင္းဌာန သတင္းေထာက္ မေရႊရည္ဝင္းကလည္း အဖမ္းခံခဲ့ရေပမဲ့ သူမွားတယ္လို႔ မထင္တဲ့အတြက္ သတင္းေထာက္အလုပ္ကိုပဲ ဆက္လုပ္သြားမယ္လို႔ ေျပာပါတယ္။

“က်မအေနနဲ႔ကေတာ့ ဒီ သတင္းမီဒီယာကိုပဲ ဆက္လုပ္သြားမွာေပါ့။ သတင္းယူေနရင္းနဲ႔ အဖမ္းခံရတယ္ဆိုေပမယ့္လည္း သူတို႔က်မတို႔ ဘာသံသယျဖစ္ၿပီးေတာ့ ဖမ္းလိုက္တာလည္း က်မကိုက်မလည္း မသိသလို မခန္႔မွန္းတတ္ဘူး။ ကိုယ္ကိုတိုင္က သတင္းသမားတစ္ ေယာက္လည္းျဖစ္တယ္။ သတင္းပညာကို ငယ္ငယ္ကတည္းက စိတ္ဝင္စားတာဆိုေတာ့ ဒီအလုပ္ကိုပဲ ဆက္လုပ္သြားမယ္ေပါ့ေနာ္။အမ်ိဳးသမီးသတင္းေထာက္ေတြ ဘာေတြဆိုတာ လည္း ဒီမွာက သိပ္မရွိဘူး။ ကိုက ဒီလိုမ်ိဳးလုပ္ၿပီးေတာ့မွ ၿငိမ္သြားတယ္ဆိုရင္ ကိုယ္က အမွား လုပ္ၿပီးၿငိမ္သြားတယ္ဆိုၿပီး ျဖစ္မွာကိုလည္း က်မ မလိုလားဘူး။ အဲေတာ့ က်မ မွန္တယ္ ထင္တယ္။ က်မသတင္းလုပ္တာက က်မအမွားလုပ္တယ္လို႔ မခံစားရတဲ့ အတြက္ သတင္းပညာရပ္နဲ႔ပဲ ဆက္ေလ်ာက္သြားမွာေပါ့။ ”

သူတို႔အပါအဝင္ မေန႔က ျပန္လြတ္လာတယ္လို႔ အတည္ျပဳႏိုင္တဲ့ သတင္းေထာက္ ၁၂ ေယာက္ျဖစ္ပါတယ္။ အင္းစိန္ေထာင္ထဲမွာ သံုးလေလာက္ ထိမ္းသိမ္းခံထားရၿပီး မေန႔က ျပန္လြတ္လာတဲ့ထဲမွာ ပါတဲ့ ကဗ်ာဆရာတစ္ဦးကေတာ့ သူဟာ မတရားဖမ္းဆီးခံခဲ့ရတာလို႔ ေျပာပါတယ္။

“ ဒါကေတာ့ဗ်ာ အနစ္ခ်ဳပ္ ေျပာရရင္ က်ေနာ္တို႔ မတရားဖမ္းဆီးခံရတာပဲ ရွင္းရွင္းေလးပဲ။ လူသားတစ္ေယာက္အေနနဲ႔ ကိုႀကိဳက္ျခင္း မႀကိုက္ျခင္းကို က်ေနာ္တို႔မွာ ဆႏၵထုတ္ေဖာ္ပိုင္ ခြင့္ရွိတယ္။ ဒါအေျခခံအက်ဆံုးပဲ။ အဲတာကို လုပ္မရတာက က်ေနာ္တို႔က မတရားမွူတစ္ခုကို ခံေနရတဲ့ သေဘာပဲ။”

ဖမ္းဆီးစဥ္ သူ႐ိုက္ႏွက္ခံခဲ့ရတာကိုလည္း ခုလို ေျပာျပပါတယ္။

“က်ေနာ္စၿပီး အဖမ္းခံရတာက မတ္လ ၇ရက္ အားလံုး သံုးလ တိတိေနခဲ့ရတာေပါ့။ စစ္ေၾကာေရးမွာ နွစ္ညအိပ္ရတယ္ေပါ့။ က်ေနာ့္ကိုေတာ့ ညည္းပန္းနိုပ္စက္ၿပီးေတာ့ စစ္ေဆး တာေတာ့မရွိဘူး။ ဒါေပမယ့္ အဖမ္းခံရတဲ့ အခ်ိန္ က်ေနာ္တို႔ ပန္းဆိုးတန္းလမ္းမွေပၚမွာ အဖမ္းခံရတဲ့ အခ်ိန္မွာေတာ့ရိုက္နတ္တာေတြ က်ေနာ္တို႔ ခံရတယ္။ က်ေနာ္ဆိုရင္ ျပင္းျပင္းထန္ထန္ ခံရတယ္။ နံပတ္တုတ္နဲ႔ ရိုက္တယ္။ ေက်ာကုန္းေတြ ကုတ္ေတြ ရုိတ္တယ္။ ေျခေထာက္ေတြ ရိုက္တယ္။ အဲလိုမ်ိဳး ဖမ္းဆီးတဲ့ အခ်ိန္မွာေတာ့ ခံရတယ္။ စစ္ေၾကာေရးမွာ ေတာ့ မခံရေတာ့ဘူး။ က်ေနာ္တို႔ကို ေမးတယ္။ ေကာင္းေကာင္းမြန္မြန္ပဲ ဆက္ဆံတယ္။ တစ္ခ်ို႕ လူေတြကိုေတာ့ ရိုက္နက္စစ္ေဆးတာမ်ုိးေတြ က်ေနာ္တို႔ မ်က္စိေရွ႕မွာ ေတြ႔ရတယ္။ ၾကားရတယ္။ ရိုက္သံ နက္သံေတြ ၾကားရတယ္။ က်ေနာ္တို႔ေတာ့ မခံရဘူးဗ်ာ။”

သူ႔ကို စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း မတ္လ ၇ရက္ေန႔မွာ ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။ တပ္မေတာ္ၿပိဳကြဲေအာင္လုပ္ေဆာင္မွုဥပေဒပုဒ္မ ၅၀၅-က နဲ႔ တရားစြဲဆိုခံခဲ့ရၿပီး အင္းစိန္အက်ဥ္းေတာင္ထဲမွာ သံုးလၾကာေနထိုင္ခဲ့ရတာပါ။

ႏိုင္ငံတဝန္းမွာရွိတဲ့ အက်ဥ္းေထာင္အသီးသီးကေန မေန႔ ဇြန္လ ၃၀ ရက္ေန႔က ျပန္လႊတ္လိုက္တဲ့ အက်ဥ္းသားအေရအတြက္ဟာ စုစုေပါင္း ၂၂၉၆ ေယာက္ရွိတယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္းမွာ လူေပါင္း ၆၄၀၀ ေက်ာ္ကို ဖမ္းဆီးခံရၿပီး ၂၀၀ ေက်ာ္ကိုေတာ့ ေထာင္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီ ေစာင့္ေရွာက္ ေရးအသင္း AAPP က ထုတ္ျပန္ပါတယ္။

...........................................................................................

တိုက္႐ိုက္ လင့္ခ္


အဖမ်းခံခဲ့ရပေမယ့် သတင်းလုပ်ငန်းဆက်လုပ်သွားမည်ဟု ပြန်လွတ်လာတဲ့ သတင်းထောက်တွေပြော

(Unicode)

အာဏာထိန်းတာပါလို့ ပြောနေတဲ့ စစ်ကောင်စီက သတင်းသမားတွေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးတာဟာ အပြောနဲ့အလုပ်မညီဘူးလို့ ဇွန်လ ၃၀ ရက်နေ့က ပြန်လွတ်လာတဲ့သတင်းထောက်တယောက်က ပြောလိုက်ပါတယ်။ အဖမ်းခံခဲ့ရပေမဲ့ သတင်းထောက်အလုပ်ကိုပဲဆက်လုပ်သွားတယ်လို့ ပြန်လွတ်လာတဲ့ နောက်သတင်းထောက်တယောက်ကလည်း ပြောပါတယ်။ သူတို့ရဲ့ ထောင်တွင်းအတွေ့အကြုံနဲ့ သဘောထားတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုသိန်းထိုက်ဦးက တင်ပြပါမယ်။

တပ်မတော်ကိုပြိုကွဲ အောင် လှုှုံဆော် လုပ်ဆောင်မှုဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အများစု ဖမ်းဆီးခံရတဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးက အကျဉ်းသား ၂ ထောင့် ၃ ရာနီးပါးကို မနေ့က ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီထဲမှာ သတင်းသမားတွေနဲ့ ကဗျာဆရာတွေလည်း ပါဝင်ပါတယ်။ ဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့အညီ အမှုရုတ်သိမ်းပေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါအပြင့် မနေ့က ပြန်လွတ်ပေးလိုက်တဲ့ ထဲမှာ တပ်မတော်ပြိုကွဲအောင် လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းသမားတွေလည်း ပါဝင်ပါတယ်။ သတင်းသမားတွေ ဆန္ဒပြပြည်သူတွေကို ဖမ်းဆီးပြီး ၅၀၅-က နဲ့ တရားစွဲတာဟာ စစ်ကောင်စီက အာဏာထိန်းတယ်လို့ ပြောတာနဲ့ ဆန့်ကျင်နေတယ်လို့ မနေ့က ပြန်လွတ်လာတဲ့ ထဲမှာ ပါတဲ့ Democracy Vision အွန်လိုင်းသတင်းဌာနက ကိုဇင်သော်နိုင်က ပြောပါတယ်။

“ ဒါတွေကတော့ ဘယ်လိုပြောမလည်း ကျနော်တို့က လွတ်လပ်တဲ့ ဒီမိုကရေစီ စနစ်တစ်ခု မှာသတင်းသမားတွေ ဖမ်းတာဆီးတာက သတင်းလွတ်လပ်ခွင့် စံနှုန်းနဲ့ မကိုက်ညီဘူး ပေါ့နော်။ ကျနော်တို့က အဲလိုပဲ ပြောရပါမယ်။ ဒါပေမယ့် သတင်းသမားတွေပဲ ဖမ်းတာတော့ မဟုတ်ဘူး ပြည်သူတွေ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေ ဖမ်းဆီးခံရတာတွေ ရှိတော့ ဒါကလည်း သူတို့ကတော့ အာဏာသိမ်းတာ မဟုတ်ဘူး၊ အာဏာထိန်း တာပါ၊ ဒီမို ကရေစီ စံနူန်းနဲ့ သွားနေတယ်လို့ ပြောနေပေမယ့် သတင်းသမားတွေ ဆန္ဒပြပြည်သူတွေ ကို ဖမ်းပြီး ၅၀၅နဲ့ တရားစွဲဆိုနေတာတွေကတော့ အပြောနဲ့ အလုပ် မညီဘူးဆိုတဲ့ သဘော ပေါ့ နော်။ အဲလိုမျိုးတော့ ပြောချင်ပါတယ်။”

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရပြီး ပုသိမ်းအကျဉ်းထောင်ထဲမှာ ၅ လလောက်နေထိုင်ခဲ့ရတဲ့ Time Ayeyar-တိုင်းဧရာ Online သတင်းဌာန သတင်းထောက် မရွှေရည်ဝင်းကလည်း အဖမ်းခံခဲ့ရပေမဲ့ သူမှားတယ်လို့ မထင်တဲ့အတွက် သတင်းထောက်အလုပ်ကိုပဲ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

“ကျမအနေနဲ့ကတော့ ဒီ သတင်းမီဒီယာကိုပဲ ဆက်လုပ်သွားမှာပေါ့။ သတင်းယူနေရင်းနဲ့ အဖမ်းခံရတယ်ဆိုပေမယ့်လည်း သူတို့ကျမတို့ ဘာသံသယဖြစ်ပြီးတော့ ဖမ်းလိုက်တာလည်း ကျမကိုကျမလည်း မသိသလို မခန့်မှန်းတတ်ဘူး။ ကိုယ်ကိုတိုင်က သတင်းသမားတစ် ယောက်လည်းဖြစ်တယ်။ သတင်းပညာကို ငယ်ငယ်ကတည်းက စိတ်ဝင်စားတာဆိုတော့ ဒီအလုပ်ကိုပဲ ဆက်လုပ်သွားမယ်ပေါ့နော်။အမျိုးသမီးသတင်းထောက်တွေ ဘာတွေဆိုတာ လည်း ဒီမှာက သိပ်မရှိဘူး။ ကိုက ဒီလိုမျိုးလုပ်ပြီးတော့မှ ငြိမ်သွားတယ်ဆိုရင် ကိုယ်က အမှား လုပ်ပြီးငြိမ်သွားတယ်ဆိုပြီး ဖြစ်မှာကိုလည်း ကျမ မလိုလားဘူး။ အဲတော့ ကျမ မှန်တယ် ထင်တယ်။ ကျမသတင်းလုပ်တာက ကျမအမှားလုပ်တယ်လို့ မခံစားရတဲ့ အတွက် သတင်းပညာရပ်နဲ့ပဲ ဆက်လျောက်သွားမှာပေါ့။ ”

သူတို့အပါအဝင် မနေ့က ပြန်လွတ်လာတယ်လို့ အတည်ပြုနိုင်တဲ့ သတင်းထောက် ၁၂ ယောက်ဖြစ်ပါတယ်။ အင်းစိန်ထောင်ထဲမှာ သုံးလလောက် ထိမ်းသိမ်းခံထားရပြီး မနေ့က ပြန်လွတ်လာတဲ့ထဲမှာ ပါတဲ့ ကဗျာဆရာတစ်ဦးကတော့ သူဟာ မတရားဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။

“ ဒါကတော့ဗျာ အနစ်ချုပ် ပြောရရင် ကျနော်တို့ မတရားဖမ်းဆီးခံရတာပဲ ရှင်းရှင်းလေးပဲ။ လူသားတစ်ယောက်အနေနဲ့ ကိုကြိုက်ခြင်း မကြိုက်ခြင်းကို ကျနော်တို့မှာ ဆန္ဒထုတ်ဖော်ပိုင် ခွင့်ရှိတယ်။ ဒါအခြေခံအကျဆုံးပဲ။ အဲတာကို လုပ်မရတာက ကျနော်တို့က မတရားမှူတစ်ခုကို ခံနေရတဲ့ သဘောပဲ။”

ဖမ်းဆီးစဉ် သူရိုက်နှက်ခံခဲ့ရတာကိုလည်း ခုလို ပြောပြပါတယ်။

“ကျနော်စပြီး အဖမ်းခံရတာက မတ်လ ၇ရက် အားလုံး သုံးလ တိတိနေခဲ့ရတာပေါ့။ စစ်ကြောရေးမှာ နှစ်ညအိပ်ရတယ်ပေါ့။ ကျနော့်ကိုတော့ ညည်းပန်းနိုပ်စက်ပြီးတော့ စစ်ဆေး တာတော့မရှိဘူး။ ဒါပေမယ့် အဖမ်းခံရတဲ့ အချိန် ကျနော်တို့ ပန်းဆိုးတန်းလမ်းမှပေါ်မှာ အဖမ်းခံရတဲ့ အချိန်မှာတော့ရိုက်နတ်တာတွေ ကျနော်တို့ ခံရတယ်။ ကျနော်ဆိုရင် ပြင်းပြင်းထန်ထန် ခံရတယ်။ နံပတ်တုတ်နဲ့ ရိုက်တယ်။ ကျောကုန်းတွေ ကုတ်တွေ ရိုတ်တယ်။ ခြေထောက်တွေ ရိုက်တယ်။ အဲလိုမျိုး ဖမ်းဆီးတဲ့ အချိန်မှာတော့ ခံရတယ်။ စစ်ကြောရေးမှာ တော့ မခံရတော့ဘူး။ ကျနော်တို့ကို မေးတယ်။ ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံတယ်။ တစ်ချို့ လူတွေကိုတော့ ရိုက်နက်စစ်ဆေးတာမျိုးတွေ ကျနော်တို့ မျက်စိရှေ့မှာ တွေ့ရတယ်။ ကြားရတယ်။ ရိုက်သံ နက်သံတွေ ကြားရတယ်။ ကျနော်တို့တော့ မခံရဘူးဗျာ။”

သူ့ကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မတ်လ ၇ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ တပ်မတော်ပြိုကွဲအောင်လုပ်ဆောင်မှုဥပဒေပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံခဲ့ရပြီး အင်းစိန်အကျဉ်းတောင်ထဲမှာ သုံးလကြာနေထိုင်ခဲ့ရတာပါ။

နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးကနေ မနေ့ ဇွန်လ ၃၀ ရက်နေ့က ပြန်လွှတ်လိုက်တဲ့ အကျဉ်းသားအရေအတွက်ဟာ စုစုပေါင်း ၂၂၉၆ ယောက်ရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ လူပေါင်း ၆၄၀၀ ကျော်ကို ဖမ်းဆီးခံရပြီး ၂၀၀ ကျော်ကိုတော့ ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG