သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာသိမ္းၿပီးေနာက္ပိုင္း ေ႐ွ ႔ေန ၆ ဦးထက္မနည္းအဖမ္းခံရ


ဆႏၵျပပြဲအနီးက ျမန္မာစစ္တပ္နဲ႔ရဲတပ္ဖြဲ႔၀င္မ်ား ေဖော္၀ါရီ ၁၉၊ ၂၀၂၁။

(Zawgyi)

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂ လအတြင္း တရားလႊတ္ေတာ္ေရွ႕ေန အနည္းဆံုး ၆ ေယာက္ကို ဖမ္းဆီး ထိန္းသိမ္းထားေၾကာင္း လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔ HRW က ဇူလိုင္လ ၂ ရက္၊ ဒီကေန႔ ရက္စဲြနဲ႔ အစီရင္ခံစာ တေစာင္ ထုတ္ျပန္ လုိက္ပါတယ္။ အခုလို ဥပေဒပညာရွင္ေတြကိုဖမ္းဆီးတာဟာ အမႈသည္ေတြအတြက္ဥပေဒေရးရာအႀကံေပးခ်က္နဲ႔ တရားမွ်တစြာ အမႈစစ္ေဆးခံခြင့္တို႔ ဆံုး႐ႈံးသြားေစၿပီး ဥပေဒေရးရာမွာ လြတ္လပ္စြာေဆာင္ရြက္ခြင့္ကို အားေလ်ာ့သြားေစေၾကာင္း အဲဒီအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
“ေဖေဖၚဝါရီလ ၁ ရက္၊ စစ္အာဏာသိမ္းၿပီးကတည္းက အဖမ္းခံထားရသူေတြဘက္က ဥပေဒေၾကာင္းအရ ခုခံကာကြယ္ ေပးသူေတြကို ဖမ္းဆီး တရားစြဲတာဟာ ထိတ္လန္႔စရာေကာင္းတဲ့ သတိေပးခ်က္မ်ဳိးျဖစ္တဲ့အေၾကာင္းနဲ႔ ဒီလုပ္ရပ္ဟာ ရာဇဝတ္မႈေျမာက္တဲ့ တရားစြဲဆိုျခင္းအျဖစ္ကို ဦးတည္သြားေစႏုိင္ေၾကာင္း HRW အဖြဲ႔ရဲ႕ အာရွဆိုင္ရာ ဥပေဒအႀကံေပး Linda Lakhdhir က ေျပာပါတယ္။ ေရွ႕ေနေတြဟာ ၿခိမ္းေျခာက္တာ၊ အဖမ္းဆီးခံရမွာေတြကို ေၾကာက္လန္႔ေနစရာမလိုဘဲ သူတို႔အလုပ္သူတို႔လုပ္ခြင့္ရသင့္တယ္လို႔လည္း သူက ေျပာပါတယ္။

အဖမ္းခံရတဲ့ ၆ ေယာက္ထဲမွာ ၃ ေယာက္ဟာ တရားခြင္မွာ အမႈစစ္ေနခ်ိန္ အဖမ္းခံခဲ့ၾကရတာျဖစ္ပါတယ္။ ဦးသိန္းလိႈင္ထြန္း ကို ေမလ ၂၄ ရက္ေန႔က ေနျပည္ေတာ္တရား႐ံုးမွာ ရာထူးကဖယ္ရွားခံရသူ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာ မ်ဳိးေအာင္ရဲ႕အမႈၾကားနာၿပီးေနာက္ ဖမ္းပါတယ္။ ေဒၚဧရာလင္းထြဋ္ကို ေမလ ၂၇ ရက္ေန႔က ဧရာဝတီတုိင္းေဒသႀကီး၊ ဟသၤာတခ႐ိုင္တရား႐ံုးမွာ ဖမ္းပါတယ္။ ကခ်င္ျပည္နယ္ထဲက ႏိုင္ငံေရးအက်ဥ္းသား ၁၂၀ ေက်ာ္အတြက္ အမႈလိုက္ေပးေနတဲ့ ဦးသက္ထြန္းဦးကို ဇြန္လ ၂ ရက္ေန႔က ျမစ္ႀကီးနားတရား႐ံုး တက္ဖို႔ ႀကိဳးစားခ်ိန္မွာ ဖမ္းပါတယ္။ ေနာက္ထပ္ အဖမ္းခံရတဲ့ ဥပေဒအက်ဳိးေဆာင္ေတြကေတာ့ ေဒၚေမဇြန္ကို၊ ေဒၚနီလာနဲ႔ ဘုန္းျမတ္သူတို႔ ျဖစ္ၾကပါတယ္

တိုက္႐ိုက္ လင့္ခ္


(Unicode)

အာဏာသိမ်းပြီးနောက်ပိုင်း ရှေ့နေ ၆ ဦးထက်မနည်းအဖမ်းခံရ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ လအတွင်း တရားလွှတ်တော်ရှေ့နေ အနည်းဆုံး ၆ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဇူလိုင်လ ၂ ရက်၊ ဒီကနေ့ ရက်စွဲနဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန် လိုက်ပါတယ်။ အခုလို ဥပဒေပညာရှင်တွေကိုဖမ်းဆီးတာဟာ အမှုသည်တွေအတွက်ဥပဒေရေးရာအကြံပေးချက်နဲ့ တရားမျှတစွာ အမှုစစ်ဆေးခံခွင့်တို့ ဆုံးရှုံးသွားစေပြီး ဥပဒေရေးရာမှာ လွတ်လပ်စွာဆောင်ရွက်ခွင့်ကို အားလျော့သွားစေကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“ဖေဖေါ်ဝါရီလ ၁ ရက်၊ စစ်အာဏာသိမ်းပြီးကတည်းက အဖမ်းခံထားရသူတွေဘက်က ဥပဒေကြောင်းအရ ခုခံကာကွယ် ပေးသူတွေကို ဖမ်းဆီး တရားစွဲတာဟာ ထိတ်လန့်စရာကောင်းတဲ့ သတိပေးချက်မျိုးဖြစ်တဲ့အကြောင်းနဲ့ ဒီလုပ်ရပ်ဟာ ရာဇဝတ်မှုမြောက်တဲ့ တရားစွဲဆိုခြင်းအဖြစ်ကို ဦးတည်သွားစေနိုင်ကြောင်း HRW အဖွဲ့ရဲ့ အာရှဆိုင်ရာ ဥပဒေအကြံပေး Linda Lakhdhir က ပြောပါတယ်။ ရှေ့နေတွေဟာ ခြိမ်းခြောက်တာ၊ အဖမ်းဆီးခံရမှာတွေကို ကြောက်လန့်နေစရာမလိုဘဲ သူတို့အလုပ်သူတို့လုပ်ခွင့်ရသင့်တယ်လို့လည်း သူက ပြောပါတယ်။ အဖမ်းခံရတဲ့ ၆ ယောက်ထဲမှာ ၃ ယောက်ဟာ တရားခွင်မှာ အမှုစစ်နေချိန် အဖမ်းခံခဲ့ကြရတာဖြစ်ပါတယ်။ ဦးသိန်းလှိုင်ထွန်း ကို မေလ ၂၄ ရက်နေ့က နေပြည်တော်တရားရုံးမှာ ရာထူးကဖယ်ရှားခံရသူ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်ရဲ့အမှုကြားနာပြီးနောက် ဖမ်းပါတယ်။ ဒေါ်ဧရာလင်းထွဋ်ကို မေလ ၂၇ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တရားရုံးမှာ ဖမ်းပါတယ်။ ကချင်ပြည်နယ်ထဲက နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်အတွက် အမှုလိုက်ပေးနေတဲ့ ဦးသက်ထွန်းဦးကို ဇွန်လ ၂ ရက်နေ့က မြစ်ကြီးနားတရားရုံး တက်ဖို့ ကြိုးစားချိန်မှာ ဖမ်းပါတယ်။ နောက်ထပ် အဖမ်းခံရတဲ့ ဥပဒေအကျိုးဆောင်တွေကတော့ ဒေါ်မေဇွန်ကို၊ ဒေါ်နီလာနဲ့ ဘုန်းမြတ်သူတို့ ဖြစ်ကြပါတယ်

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG