သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေခါင္းေဆာင္ကို ဦးတည္ပစ္မွတ္ထားတဲ့ ဆႏၵျပမႈေတြျဖစ္


မႏၱေလးၿမိဳ႕မွာ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဓာတ္ပုံနဲ႔ အေခါင္းပုံလုပ္ၿပီး မီး႐ႈိ႕ဆႏၵျပတဲ့ျမင္ကြင္း။ (ဇူလုိင္ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

အာဏာသိမ္း ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကို နာမည္တပ္ၿပီး ဦးတည္ပစ္မွတ္ထားတဲ့ ကန္႔ကြက္ဆႏၵျပမႈေတြ ျမန္မာႏိုင္ငံ ေနရာအေတာ္မ်ားမ်ားမွာ လုပ္ခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံတဝန္း စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပမႈေတြ အရင္တုန္းကထက္ ပမာဏနည္းသြားေပမယ့္ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ကန္႔ကြက္ ဆႏၵျပမႈေတြကေတာ့ ဆက္ရွိေနဆဲပါ။ လံုၿခံဳေရးေတြ တင္းက်ပ္တဲ့ၾကားကပဲ ရန္ကုန္ၿမိဳ႕မွာ လူငယ္ေတြက သပိတ္ပံုစံမ်ိဳးစုံနဲ႔ ဆန္႔က်င္ ဆႏၵျပခဲ့ၾကတာပါ။

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵျပတဲ့ သပိတ္ေတြကို ႏိုင္ငံတဝန္း ရန္ကုန္၊ မႏၲေလး၊ စစ္ကိုင္း၊ မုံရြာ၊ ယင္းမာပင္၊ ေရဦး၊ ၿမိဳင္၊ ေမာ္လၿမိဳင္၊ ထားဝယ္၊ ေရး၊ ေလာင္းလုံ၊ နမၼတီး စတဲ့ ၿမိဳ႕အသီးသီးမွာ ရွိခဲ့ပါတယ္။

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕မွာေတာ့ တိုင္းရင္းသားေပါင္းစံု သပိတ္စစ္ေၾကာင္းက စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေၾကာင္းနဲ႔ စစ္အာဏာရွင္စနစ္ အလိုမရွိေၾကာင္း သံပံုးေတြတီးၿပီး ဆႏၵျပခဲ့ၾကပါတယ္။

မႏၲေလးၿမိဳ႕မွာ သံဃသမဂၢ သပိတ္စစ္ေၾကာင္းေတြ၊ ေက်ာင္းသားလူငယ္ေတြနဲ႔ ျပည္သူေတြ ပူးေပါင္းပါဝင္တဲ့ စုေပါင္းသပိတ္ေတြ လမ္းမေတြေပၚထြက္ ဆႏၵျပသလို ျပည္နယ္နဲ႔ တိုင္းတခ်ိဳ႕မွာလည္း လူထုက အသံတိတ္သပိတ္ ဓာတ္ပံုစာသားေတြနဲ႔ သ႐ုပ္ျပပံုစံမ်ိဳးစံုေတြနဲ႔လည္း စစ္အာဏာရွင္ဆန္႔က်င္ေၾကာင္း ဆႏၵျပခဲ့ၾကၿပီး တခ်ိဳ႕ေနရာေတြမွာေတာ့ ဆႏၵျပလူငယ္တခ်ိဳ႕ ဖမ္းဆီးထိန္းသိမ္းခံရတာ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အခုလို အာဏာသိမ္းစစ္ေခါင္းေဆာင္နဲ႔ စစ္အုပ္ခ်ဳပ္ေရး လက္မခံေၾကာင္း လူထုက ပံုစံမ်ိဳးစုံနဲ႔ ဆႏၵျပေနခ်ိန္နဲ႔ တၿပိဳင္နက္တည္းမွာပဲ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္တို႔ၾကား တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ေဒသေတြမွာလည္း ေဒသခံျပည္သူ ေထာင္နဲ႔ခ်ီဟာ ေျပးလႊားတိမ္းေရွာင္ေနၾကဆဲ အေျခအေန ျဖစ္ပါတယ္။ စစ္ေရွာင္ေနၾကရတဲ့ ျပည္သူေတြမွာ ရာသီဥတု ဆိုးဝါးတဲ့ဒဏ္နဲ႔ အေျခခံ က်န္းမာေရးေစာင့္ေရွာက္မႈ မရလို႔ သက္ႀကီးရြယ္အိုေတြနဲ႔ ကေလးငယ္ ေသဆံုးမႈတခ်ိဳ႕ ရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မြန်မာစစ်ခေါင်းဆောင်ကို ဦးတည်ပစ်မှတ်ထားတဲ့ ဆန္ဒပြမှုတွေဖြစ်

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နာမည်တပ်ပြီး ဦးတည်ပစ်မှတ်ထားတဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ မြန်မာနိုင်ငံ နေရာအတော်များများမှာ လုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အရင်တုန်းကထက် ပမာဏနည်းသွားပေမယ့် ပုံစံအမျိုးမျိုးနဲ့ ကန့်ကွက် ဆန္ဒပြမှုတွေကတော့ ဆက်ရှိနေဆဲပါ။ လုံခြုံရေးတွေ တင်းကျပ်တဲ့ကြားကပဲ ရန်ကုန်မြို့မှာ လူငယ်တွေက သပိတ်ပုံစံမျိုးစုံနဲ့ ဆန့်ကျင် ဆန္ဒပြခဲ့ကြတာပါ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်တွေကို နိုင်ငံတဝန်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ယင်းမာပင်၊ ရေဦး၊ မြိုင်၊ မော်လမြိုင်၊ ထားဝယ်၊ ရေး၊ လောင်းလုံ၊ နမ္မတီး စတဲ့ မြို့အသီးသီးမှာ ရှိခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့မှာတော့ တိုင်းရင်းသားပေါင်းစုံ သပိတ်စစ်ကြောင်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနဲ့ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း သံပုံးတွေတီးပြီး ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးမြို့မှာ သံဃသမဂ္ဂ သပိတ်စစ်ကြောင်းတွေ၊ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ စုပေါင်းသပိတ်တွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြသလို ပြည်နယ်နဲ့ တိုင်းတချို့မှာလည်း လူထုက အသံတိတ်သပိတ် ဓာတ်ပုံစာသားတွေနဲ့ သရုပ်ပြပုံစံမျိုးစုံတွေနဲ့လည်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပြီး တချို့နေရာတွေမှာတော့ ဆန္ဒပြလူငယ်တချို့ ဖမ်းဆီးထိန်းသိမ်းခံရတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ စစ်အုပ်ချုပ်ရေး လက်မခံကြောင်း လူထုက ပုံစံမျိုးစုံနဲ့ ဆန္ဒပြနေချိန်နဲ့ တပြိုင်နက်တည်းမှာပဲ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာလည်း ဒေသခံပြည်သူ ထောင်နဲ့ချီဟာ ပြေးလွှားတိမ်းရှောင်နေကြဆဲ အခြေအနေ ဖြစ်ပါတယ်။ စစ်ရှောင်နေကြရတဲ့ ပြည်သူတွေမှာ ရာသီဥတု ဆိုးဝါးတဲ့ဒဏ်နဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု မရလို့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ် သေဆုံးမှုတချို့ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG