သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်း၊ ပြည်ပ တိမ်းရှောင်သူ ၂ သိန်းကျော်ရှိ


UNHCR
UNHCR

[ Zawgyi ]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၅ လလောက်အတွင်း ပြည်တွင်း၊ ပြည်ပ တိမ်းရှောင်နေရသူ ၂ သိန်းကျော် ရှိနေကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကို တိမ်းရှောင်ရသူ ခန့်မှန်းခြေ ၂ သောင်း ၂ ထောင်လောက် ရှိကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဒီသီတင်းပတ် ထုတ်ပြန်လိုက်တဲ့ အရေးပေါ်အခြေအနေ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာပဲ နေရပ်စွန့်ခွာ ထွက်ပြေးနေသူ ၂ သိန်း ၁ သောင်း ၁ ထောင် ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသတွေမှာ ထွက်ပြေးနေရသူ ၁ သိန်း ၇ သောင်း ၆ ထောင် ၉ ရာ အပါအဝင် အခုနောက်ဆုံး ရရှိတဲ့ ကိန်းဂဏန်းဟာ အရင်တလကထက် ၂၀ ရာခိုင်နှုန်းကျော် ပိုများကြောင်းလည်း UNHCR ကပြောပါတယ်။

ကချင်နဲ့ ချင်းပြည်နယ် အပါအဝင် တချို့နေရာတွေမှာ မကြာသေးခင်ကစလို့ ပဋိပက္ခတွေ လျော့ကျလာပေမဲ့ ရော့ကတ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ၊ စီးနင်းတိုက်ခိုက်မှုတွေ၊ စစ်တပ်က အင်အားတိုးမြှင့်ချထားတာတွေလို စိုးရိမ်စရာ အခြေအနေတွေ ရှိနေတုန်းပဲလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့နှစ်ကုန်အထိ စာရင်းတွေအရ မြန်မာနိုင်ငံက ထွက်ပြေးတိမ်းရှောင်ပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ရောက်နေကြတဲ့ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်ရဖို့ ကြိုးပမ်းသူ ၉ သိန်း ၈ သောင်း ရှိခဲ့ပြီး၊ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ခန့်မှန်းခြေ ၃ သိန်း ၇ သောင်းလောက် ရှိတယ်လို့လည်း UNHCR ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်


[ Unicode ]






XS
SM
MD
LG