သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းနဲ႔ကယားက စစ္ေရွာင္ စားနပ္ရိကၡာ အေရးေပၚလိုေန


ခ်င္းျပည္နယ္ထဲက စစ္ေဘးေရွာင္မ်ား ေနရာေရြ ့ေျပာင္းစဥ္ (ဓာတ္ပံု- Courtesy)

(Zawgyi/Unicode)

စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြၾကား တိုက္ပြဲျဖစ္ခဲ့တဲ့ ခ်င္းျပည္နယ္နဲ႔ ကယားျပည္နယ္ဘက္မွာ စစ္ေရွာင္ေတြအတြက္ အေရးေပၚ စားနပ္ရိကၡာလိုအပ္ခ်က္ ႀကီးမားေနပါတယ္။ ႏိုင္ငံတကာအဖြဲ႕အစည္းေတြအေနနဲ႔ စစ္ေကာင္စီအဆင့္ဆင့္ရဲ႕ ခြင့္ျပဳခ်က္ရဖို႔ ႀကိဳးစားေနရတဲ့အတြက္ အခုလို အခ်ိန္ၾကန႔္ၾကာေနတာ ျဖစ္တယ္လို႔ စစ္ေရွာင္စခန္းတာဝန္ခံေတြက ေျပာပါတယ္။ ရန္ကုန္ကပို႔တဲ့ ဒီသတင္းအျပည့္အစုံကို ကိုသိန္းထိုက္ဦးက ေျပာျပပါမယ္။

စစ္တပ္နဲ႔ ခ်င္းျပည္နယ္ ကာကြယ္ေရးတပ္ဖြဲ႕ေတြၾကား တိုက္ပြဲေတြျဖစ္ခဲ့တဲ့ ခ်င္းျပည္နယ္ ေဒသတခ်ိဳ႕မွာ သြားေရးလာေရးခက္ခဲၿပီး စားနပ္ရိကၡာ ျပတ္လပ္ေနပါတယ္။ ဒါေၾကာင့္ ယာယီစစ္ေရွာင္စခန္း တာဝန္ခံေတြက ႏိုင္ငံတကာအဖြဲ႕အစည္းေတြကို အကူအညီ ေတာင္းခံထားတာပါ။

ကုလသမဂၢအဖြဲ႕အစည္းေတြနဲ႔ တျခား ႏိုင္ငံတကာအဖြဲ႕အစည္းေတြဟာ စားနပ္ရိကၡာ လိုအပ္ခ်က္ရွိေနတဲ့ မင္းတပ္နဲ႔ ကန္ပက္လက္ၿမိဳ႕နယ္တို႔က စစ္ေရွာင္ေတြကို အကူအညီေပးဖို႔ ျပည္နယ္ စစ္ေကာင္စီရဲ႕ ခြင့္ျပဳခ်က္ရဖို႔ ခက္ခဲေနတယ္လို႔ မင္းတပ္စစ္ေရွာင္စခန္းတာဝန္ခံ ဆလိုင္းထက္လ်န္က ေျပာပါတယ္။

“အခုအထိ ႏိုင္ငံတကာ UN အဖြဲ႕အစည္းေသာ္လည္းေကာင္း၊ INGO အဖြဲ႕အစည္းေသာ္လည္းေကာင္း သူတို႔က စစ္ေကာင္စီရဲ႕ ခြင့္ျပဳခ်က္ကို ေတာင္းေနၾကတယ္ေပါ့ေလ။ အဲဒီလို ခြင့္ျပဳခ်က္ေတာင္းတာမွာ ျပည္နယ္အဆင့္ေကာင္စီ စစ္ေကာင္စီကို သူတို႔ ခ်ဥ္းကပ္ၾကတယ္ေပါ့ေလ၊ ခြင့္ျပဳခ်က္ ေတာင္းၾကတယ္။ ဒါေပမဲ့ ျပည္နယ္အဆင့္ စစ္ေကာင္စီကေနလည္း သူတို႔ခြင့္ျပဳခ်က္ေပးႏိုင္တဲ့အရာ မဟုတ္ဘူးလို႔ ထင္တာေပါ့ေလ။ ဆိုေတာ့ သူတို႔ကေတာ့ ျပည္ေထာင္စုအဆင့္ကိုပဲ ျပန္ၿပီးေတာ့ လႊဲတာမ်ိဳး ၾကားရတယ္။”

UNHCR တို႔ WFP တို႔ရဲ႕ ေထာက္ပံ့ေရးပစၥည္းေတြက လမ္းခုလတ္မွာေရာက္ရွိေနၿပီး ခ်င္းျပည္နယ္ထဲ သယ္ခြင့္ရဖို႔ ေစာင့္ဆိုင္းေနရတယ္လို႔ ဆိုပါတယ္။ ဒီအေျခအေနမွာ တိုက္ပြဲေရွာင္သူေတြဟာ ျပည္တြင္း၊ ျပည္ပက တသီးပုဂၢလအလွဴရွင္ေတြကို အဓိကအားထားေနၾကရပါတယ္။

“UNHCR တို႔ WFP တို႔ သူတို႔ပစၥည္းေတြက ပခုကၠဴမွာ သူတို႔ရဲ႕ ေထာက္ပံ့ေရး ပစၥည္းေတြက အဲဒီမွာပဲ ေသာင္တင္ေနတယ္လို႔ ၾကားတယ္။ သူတို႔ ဒီဘက္ကို အခုအထိေတာ့ မလာေသးတာကို ေတြ႕ရတယ္။ အဓိကေတာ့ စားနပ္ရိကၡာေပါ့ေလ။ စုေဆာင္းထားတဲ့ဟာမ်ိဳး ရွိခဲ့လို႔သာ အခုအထိ ဒါနဲ႔ပဲသူတို႔ မွီခိုေနရတယ္ ေပါ့ေလ။”

ဒီကိစၥနဲ႔ပတ္သက္လို႔ ျမန္မာျပည္ဆိုင္ရာ ကုလသမဂၢ႐ုံးကို ဗြီအိုေအက ဆက္သြယ္ ေမးျမန္းခဲ့ေပမဲ့ အေၾကာင္းျပန္ၾကားခ်က္ မရေသးပါဘူး။
လူသားစာနာမႈဆိုင္ရာ ကုလသမဂၢညႇိႏႈိင္းေရးမႈး႐ုံး UNOCHA ရဲ႕ ဇြန္လအေစာပိုင္း ထုတ္ျပန္ခ်က္မွာေတာ့ ခ်င္းျပည္နယ္ ဟားခါး၊ ကန္ပက္လက္၊ မင္းတပ္၊ မတူပီ၊ ထန္တလန္ၿမိဳ႕နယ္ေတြက အိုးအိမ္စြန႔္ခြာၿပီး ထြက္ေျပးသြားတဲ့ ေဒသခံအေရအတြက္ ၁၉,၅၀၀ ရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ကရင္၊ ကယား၊ မြန္၊ ပဲခူး စတဲ့ ျမန္မာျပည္ အေရွ႕ေတာင္ပိုင္းဟာ စစ္ေကာင္စီ အာဏာသိမ္းၿပီးေနာက္ပိုင္း အိုးအိမ္စြန႔္ခြာထြက္ေျပးသူ အမ်ားဆုံးရွိခဲ့တဲ့ ေဒသေတြပါ။ ကုလဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး UNHCR ကေတာ့ အဲဒီေဒသေတြကေန လူေပါင္း ၁၆၀,၀၀၀ ေက်ာ္ ေနရပ္စြန႔္ခြာခဲ့ရတယ္လို႔ ထုတ္ျပန္ပါတယ္။ အဲဒီအထဲမွာ ကယားျပည္နယ္က လူဦးေရ ၁၀၈,၀၀၀ နဲ႔ အမ်ားဆုံးျဖစ္ၿပီး ေဆးဝါး၊ ေရနဲ႔ အစားအေသာက္ေတြ အေရးေပၚ လိုအပ္ေနတာပါ။

“အခုထိ က်ေနာ္တို႔ဘက္ေရာက္လာတဲ့ အလွဴအေတာ္မ်ားမ်ား က်ေနာ္ လက္လွမ္းမီသေလာက္ဆိုရင္ ျပည္သူအခ်င္းခ်င္းက ထည့္ဝင္လႉဒါန္းတဲ့ေငြနဲ႔ ကူညီေနၾကတာပဲ သိတယ္ေပါ့ေနာ္။ ဒီ ႏိုင္ငံတကာကေန UN ကေန လာတဲ့အကူအညီေတြ က်ေနာ္တို႔ ဒီဘက္မွာ မေတြ႕ရေသးဘူး။ အဲဒီေတာ့ က်ေနာ္ ၾကားသိရသေလာက္ သူတို႔မွာ proposal ( အဆိုျပဳလႊာ) ေရးေနတုန္းပဲ၊ တင္ေနတုန္းပဲ အဲလိုၾကားသိရတယ္၊ ဒီမွာက အကုန္ေသေတာ့မယ္ အဲလိုမ်ိဳးျဖစ္ေနတယ္။”

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ စစ္ေရွာင္စခန္းတခုရဲ႕ တာဝန္ခံ ခူးရယ္ ေျပာသြားတာပါ။
ကုလအဖြဲ႕အစည္းျဖစ္တဲ့ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ WFP ကေတာ့ ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္က လိုအပ္ခ်က္ရွိေနတဲ့ လူေပါင္း ၃၃၀,၀၀၀ ေက်ာ္ကို ဒီအေတာအတြင္းမွာ စားနပ္ရိကၡာေတြ ျဖန႔္ေဝထားပါတယ္။

ေမလကုန္ပိုင္းကလည္း ကခ်င္၊ ခ်င္း၊ ရခိုင္၊ ရွမ္း ဒီေဒသေတြက လူဦးေရး ၃၄၀,၀၀၀ ကို စာနပ္ရိကၡာနဲ႔ ေငြေၾကးအကူအညီေတြ ေပးအပ္ခဲ့တယ္လို႔ OCHA ရဲ႕ ဒီရက္ပိုင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
တိုက္ပြဲျဖစ္ရာေဒသေတြက ျပည္သူ ၁ သန္းေလာက္အတြက္ ေငြေၾကးအကူအညီ အေမရိကန္ေဒၚလာ သန္း ၂၇၀ ေလာက္လိုအပ္ေၾကာင္း ကုလစာနာမႈအဖြဲ႕ OCHA က ေမလကုန္မွာ ထုတ္ျပန္ထားတာပါ။ လက္ရွိေတာ့ ဒီပမာဏရဲ႕ ၁၅% ရာခိုင္ႏႈန္းပဲ ရေသးေၾကာင္း အဲဒီထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

......................................................................................

တိုက္႐ိုက္ လင့္ခ္


ချင်းနဲ့ကယားက စစ်ရှောင် စားနပ်ရိက္ခာ အရေးပေါ်လိုနေ

(Unicode)

စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်ခဲ့တဲ့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ဘက်မှာ စစ်ရှောင်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာလိုအပ်ချက် ကြီးမားနေပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီအဆင့်ဆင့်ရဲ့ ခွင့်ပြုချက်ရဖို့ ကြိုးစားနေရတဲ့အတွက် အခုလို အချိန်ကြန့်ကြာနေတာ ဖြစ်တယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။ ရန်ကုန်ကပို့တဲ့ ဒီသတင်းအပြည့်အစုံကို ကိုသိန်းထိုက်ဦးက ပြောပြပါမယ်။

စစ်တပ်နဲ့ ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ချင်းပြည်နယ် ဒေသတချို့မှာ သွားရေးလာရေးခက်ခဲပြီး စားနပ်ရိက္ခာ ပြတ်လပ်နေပါတယ်။ ဒါကြောင့် ယာယီစစ်ရှောင်စခန်း တာဝန်ခံတွေက နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီ တောင်းခံထားတာပါ။

ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ တခြား နိုင်ငံတကာအဖွဲ့အစည်းတွေဟာ စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့က စစ်ရှောင်တွေကို အကူအညီပေးဖို့ ပြည်နယ် စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရဖို့ ခက်ခဲနေတယ်လို့ မင်းတပ်စစ်ရှောင်စခန်းတာဝန်ခံ ဆလိုင်းထက်လျန်က ပြောပါတယ်။

“အခုအထိ နိုင်ငံတကာ UN အဖွဲ့အစည်းသော်လည်းကောင်း၊ INGO အဖွဲ့အစည်းသော်လည်းကောင်း သူတို့က စစ်ကောင်စီရဲ့ ခွင့်ပြုချက်ကို တောင်းနေကြတယ်ပေါ့လေ။ အဲဒီလို ခွင့်ပြုချက်တောင်းတာမှာ ပြည်နယ်အဆင့်ကောင်စီ စစ်ကောင်စီကို သူတို့ ချဉ်းကပ်ကြတယ်ပေါ့လေ၊ ခွင့်ပြုချက် တောင်းကြတယ်။ ဒါပေမဲ့ ပြည်နယ်အဆင့် စစ်ကောင်စီကနေလည်း သူတို့ခွင့်ပြုချက်ပေးနိုင်တဲ့အရာ မဟုတ်ဘူးလို့ ထင်တာပေါ့လေ။ ဆိုတော့ သူတို့ကတော့ ပြည်ထောင်စုအဆင့်ကိုပဲ ပြန်ပြီးတော့ လွှဲတာမျိုး ကြားရတယ်။”

UNHCR တို့ WFP တို့ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေက လမ်းခုလတ်မှာရောက်ရှိနေပြီး ချင်းပြည်နယ်ထဲ သယ်ခွင့်ရဖို့ စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေမှာ တိုက်ပွဲရှောင်သူတွေဟာ ပြည်တွင်း၊ ပြည်ပက တသီးပုဂ္ဂလအလှူရှင်တွေကို အဓိကအားထားနေကြရပါတယ်။

“UNHCR တို့ WFP တို့ သူတို့ပစ္စည်းတွေက ပခုက္ကူမှာ သူတို့ရဲ့ ထောက်ပံ့ရေး ပစ္စည်းတွေက အဲဒီမှာပဲ သောင်တင်နေတယ်လို့ ကြားတယ်။ သူတို့ ဒီဘက်ကို အခုအထိတော့ မလာသေးတာကို တွေ့ရတယ်။ အဓိကတော့ စားနပ်ရိက္ခာပေါ့လေ။ စုဆောင်းထားတဲ့ဟာမျိုး ရှိခဲ့လို့သာ အခုအထိ ဒါနဲ့ပဲသူတို့ မှီခိုနေရတယ် ပေါ့လေ။”

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂရုံးကို ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်ကြားချက် မရသေးပါဘူး။
လူသားစာနာမှုဆိုင်ရာ ကုလသမဂ္ဂညှိနှိုင်းရေးမှုးရုံး UNOCHA ရဲ့ ဇွန်လအစောပိုင်း ထုတ်ပြန်ချက်မှာတော့ ချင်းပြည်နယ် ဟားခါး၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ထန်တလန်မြို့နယ်တွေက အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးသွားတဲ့ ဒေသခံအရေအတွက် ၁၉,၅၀၀ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်၊ ကယား၊ မွန်၊ ပဲခူး စတဲ့ မြန်မာပြည် အရှေ့တောင်ပိုင်းဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူ အများဆုံးရှိခဲ့တဲ့ ဒေသတွေပါ။ ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကတော့ အဲဒီဒေသတွေကနေ လူပေါင်း ၁၆၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီအထဲမှာ ကယားပြည်နယ်က လူဦးရေ ၁၀၈,၀၀၀ နဲ့ အများဆုံးဖြစ်ပြီး ဆေးဝါး၊ ရေနဲ့ အစားအသောက်တွေ အရေးပေါ် လိုအပ်နေတာပါ။

“အခုထိ ကျနော်တို့ဘက်ရောက်လာတဲ့ အလှူအတော်များများ ကျနော် လက်လှမ်းမီသလောက်ဆိုရင် ပြည်သူအချင်းချင်းက ထည့်ဝင်လှူဒါန်းတဲ့ငွေနဲ့ ကူညီနေကြတာပဲ သိတယ်ပေါ့နော်။ ဒီ နိုင်ငံတကာကနေ UN ကနေ လာတဲ့အကူအညီတွေ ကျနော်တို့ ဒီဘက်မှာ မတွေ့ရသေးဘူး။ အဲဒီတော့ ကျနော် ကြားသိရသလောက် သူတို့မှာ proposal ( အဆိုပြုလွှာ) ရေးနေတုန်းပဲ၊ တင်နေတုန်းပဲ အဲလိုကြားသိရတယ်၊ ဒီမှာက အကုန်သေတော့မယ် အဲလိုမျိုးဖြစ်နေတယ်။”

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စစ်ရှောင်စခန်းတခုရဲ့ တာဝန်ခံ ခူးရယ် ပြောသွားတာပါ။
ကုလအဖွဲ့အစည်းဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကတော့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က လိုအပ်ချက်ရှိနေတဲ့ လူပေါင်း ၃၃၀,၀၀၀ ကျော်ကို ဒီအတောအတွင်းမှာ စားနပ်ရိက္ခာတွေ ဖြန့်ဝေထားပါတယ်။

မေလကုန်ပိုင်းကလည်း ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်း ဒီဒေသတွေက လူဦးရေး ၃၄၀,၀၀၀ ကို စာနပ်ရိက္ခာနဲ့ ငွေကြေးအကူအညီတွေ ပေးအပ်ခဲ့တယ်လို့ OCHA ရဲ့ ဒီရက်ပိုင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ရာဒေသတွေက ပြည်သူ ၁ သန်းလောက်အတွက် ငွေကြေးအကူအညီ အမေရိကန်ဒေါ်လာ သန်း ၂၇၀ လောက်လိုအပ်ကြောင်း ကုလစာနာမှုအဖွဲ့ OCHA က မေလကုန်မှာ ထုတ်ပြန်ထားတာပါ။ လက်ရှိတော့ ဒီပမာဏရဲ့ ၁၅% ရာခိုင်နှုန်းပဲ ရသေးကြောင်း အဲဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG