သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒုကၡသည္မ်ားဆိုင္ရာ ကုလ မဟာမင္းႀကီးရံုး


အင္ဒိုနီးရွားနိုင္ငံ အာေခ်း ပင္လယ္ထဲကို ၀င္ေရာက္လာတဲ့ ရိုဟင္ဂ်ာဒုကၡသည္မ်ား (ဓာတ္ပံု - Reuters)

(Zawgyi/Unicode)

႐ိုဟင္ဂ်ာမြတ္ဆလင္ ဒုကၡသည္ေတြဟာ အင္ဒိုနီးရွားႏိုင္ငံမွာရွိတဲ့ ဒုကၡသည္စုစုေပါင္းရဲ႕ ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။ ရာနဲ႔ခ်ီတဲ့ အဲဒီ ဒုကၡသည္ေတြဟာ ေျမာက္ Sumatera ျပည္နယ္ၿမိဳ႕ေတာ္ Medan မွာ မေသခ်ာ မေရရာတဲ့အေျခအေနေတြေအာက္မွာ ေနထိုင္ေနၾကတာပါ။ အမ်ားစုဟာ ခိုလႈံခြင့္ရဖို႔အတြက္ ႏွစ္ေပါင္းမ်ားစြာ ေစာင့္ဆိုင္းေနၾကၿပီး တတိယႏိုင္ငံတခုမွာ အေျခေနထိုင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကတာပါ။ အင္ဒိုနီးရွားႏိုင္ငံဟာ ကုလသမဂၢရဲ႕ ၁၉၅၁ ခု ဒုကၡသည္မ်ားဆိုင္ရာ ပဋိဉာဏ္စာခ်ဳပ္ကို လက္မွတ္ထိုးထားျခင္းမရွိတာေၾကာင့္ ႏိုင္ငံအတြင္း ေရာက္ေနၾကတဲ့ ဒုကၡသည္ စုစုေပါင္း ၁၄,၀၀၀ အတြက္ ေနရာထိုင္ခင္းအသစ္ မေထာက္ပံ့ေပးႏိုင္ပါဘူး။ ဒီအေၾကာင္း အင္ဒိုနီးရွားဌာနက Anugerah Ardiansyah ေပးပို႔ထားတဲ့သတင္းကို တင္ျပေပးပါမယ္။

အသက္ ၃၃ ႏွစ္အရြယ္ Mouhammad Noor ဟာ ျမန္မာႏိုင္ငံ၊ ေမာင္ေတာၿမိဳ႕က ထြက္ေျပးလာတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္တဦးျဖစ္ၿပီး လက္ရွိမွာ ေျမာက္ Sumatera ျပည္နယ္ၿမိဳ႕ေတာ္ Medan မွာ ေနထိုင္ပါတယ္။

၂၀၀၈ ခုႏွစ္က ရခိုင္ျပည္နယ္အတြင္း အၾကမ္းဖက္မႈေတြ ျဖစ္ေပၚတဲ့အခ်ိန္မွာ ဘ၀သစ္ကို ထူေထာင္ဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ သူ႔ေနရပ္ကေန ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးခဲ့ပါတယ္။ ဒါေပမယ့္ ဘဂၤလားေဒ့ရွ္ကို ေရာက္တဲ့အခ်ိန္မွာ ေမွ်ာ္လင့္ထားတာနဲ႔ လက္ေတြ႕အေျခအေန ကြာျခားေနတာကို ေတြ႕ရွိခဲ့ပါတယ္။ အဲဒီမွာ အိုင္ဒီကဒ္ရဖို႔ေတာင္ မလြယ္ကူတဲ့အေျခအေနမို႔ ဘဂၤလားေဒ့ရွ္ကေန မေလးရွားႏိုင္ငံကို ေလွနဲ႔ ထပ္မံ ထြက္ေျပးခဲ့ပါတယ္။

စာရြက္စာတမ္းအေထာက္အထားမပါဘဲ ေရာက္လာတဲ့ Noor ဟာ မေလးရွားမွာရွိတဲ့ UNHCR ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးမွာ ဒုကၡသည္အျဖစ္ ေလွ်ာက္ထားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

“ဒုကၡသည္အျဖစ္ အသိအမွတ္ျပဳခံရဖို႔ က်ေနာ္ ၂၀၀၈ ခုႏွစ္ကေန ၂၀၁၀ ခုႏွစ္အထိ ႀကိဳးစားခဲ့ပါတယ္။ မေလးရွားမွာ ဘာအေထာက္အထားမွမရွိဘဲ အလုပ္လုပ္ေနတာပါ။ မေလးရွားမွာ က်ေနာ္တို႔လူမ်ဳိးေတြ ပညာသင္ခြင့္လည္း မရၾကတာေၾကာင့္ ဒီမွာဆက္ေနလဲ ဘာမွမထူးဘူးဆိုတာကို က်ေနာ္ ၂၀၁၁ ခုႏွစ္မွာ သေဘာေပါက္လာတယ္။”

အဲဒီေနာက္မွာေတာ့ Noor ဟာ ႐ိုဟင္ဂ်ာဒုကၡသည္ တဒါဇင္ေလာက္စုၿပီး မေလးရွားက ထြက္ေျပးဖို႔ စီစဥ္ခဲ့ပါတယ္။ သူတို႔ဟာ ၾသစေတးလ်ကိုသြားၿပီး ခိုလႈံခြင့္ေလွ်ာက္ထားလိုၾကေပမယ့္ အဲဒီလို သြားဖို႔အတြက္ အင္ဒိုနီးရွားကို အရင္သြားရမယ္ဆိုတာကို သေဘာေပါက္ခဲ့ပါတယ္။

ပြဲစားကတဆင့္ ၾသစေတးလ်ကို သြားဖို႔အတြက္ သူတို႔ စီစဥ္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို႔ Noor က ေျပာပါတယ္။ လူ ၁၁ ဦးပါတဲ့ သူတို႔အဖြဲ႔ထံက ပြဲစားကေငြေတြယူသြားၿပီး ၾသစေတးလ်ကိုသြားႏိုင္ဖို႔အတြက္ အခု သူတို႔ေရာက္ေနတဲ့ Medan ၿမိဳ႕မွာ ေစာင့္ခိုင္းထားတယ္လို႔ ဆိုပါတယ္။ သူတို႔ကို ကားနဲ႔လာေခၚၿပီး Java ကၽြန္းကတဆင့္ ၾသစေတးလ်ကို ပို႔ေပးမယ္လို႔ ပြဲစားက ေျပာထားတယ္လို႔ ဆိုပါတယ္။

ပြဲစားရဲ႕ အလိမ္ခံရၿပီးတဲ့ေနာက္ စာရြက္စာတမ္း အေထာက္အထားမပါတဲ့ သူတို႔အုပ္စုဟာ Medan ၿမိဳ႕က လူ၀င္မႈႀကီးၾကပ္ေရးအရာရွိေတြရဲ႕ ဖမ္းဆီးျခင္း ခံခဲ့ရပါတယ္။ သူတို႔ကို အင္ဒိုနီးရွားႏိုင္ငံထဲ တရားမ၀င္ ၀င္ေရာက္လာမႈနဲ႔ ဖမ္းဆီးခံရၿပီး တႏွစ္ေလာက္ၾကာတဲ့အခါမွာ ဒုကၡသည္အျဖစ္ အသိအမွတ္ျပဳခံရၿပီး Medan မွာရွိတဲ့ ဒုကၡသည္စခန္းကို ပို႔လိုက္တယ္လို႔ ဆိုပါတယ္။

သူတို႔ကို UNHCR နဲ႔ IOM ႏိုင္ငံတကာေရြ႕ေျပာင္းေနထိုင္သူမ်ားအေရး အကူအညီေပးေနတဲ့အဖြဲ႔အစည္းတို႔က ကူညီေပးခဲ့ၿပီး တျခားေနရာေတြကို ထြက္မေျပးၾကဖို႔ ေျပာတယ္လို႔ Noor က ေျပာပါတယ္။

အင္ဒိုနီးရွားႏိုင္ငံဟာ ကုလသမဂၢရဲ႕ ၁၉၅၁ ခုႏွစ္ ဒုကၡသည္မ်ားဆိုင္ရာ ပဋိဉာဏ္စာခ်ဳပ္ကို လက္မွတ္ထိုးထားတဲ့ႏိုင္ငံမဟုတ္ေပမယ့္ ဒုကၡသည္ေတြက အင္ဒိုနီးရွားကို မ်က္စိက်ေနၾကပါတယ္။

ဒုကၡသည္မ်ားဆိုင္ရာ ပဋိဉာဏ္စာခ်ဳပ္ကို လက္မွတ္ထိုးမထားေပမယ့္ အင္ဒိုနီးရွားအစိုးရက ေရာက္လာတဲ့ဒုကၡသည္ေတြကို ၾကည့္ရႈ ေစာင့္ေရွာက္ထားတာ၊ အထူးသျဖင့္ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြကို ေစာင့္ေရွာက္ေပးထားတဲ့အေပၚ အင္ဒိုနီးရွားႏိုင္ငံဆိုင္ရာ IOM ႐ုံးရဲ႕ ဌာေနကိုယ္စားလွယ္ Louis Hoffmann က ခ်ီးက်ဴးပါတယ္။

“လူသားျခင္းစာနာေထာက္ထားတဲ့အေနနဲ႔ အင္ဒိုနီးရွားအစိုးရက အသက္ကယ္တဲ့ အကူအညီေတြေပးေနတယ္ဆိုတာ သိသာပါတယ္။ ဒုကၡသည္မ်ားဆိုင္ရာ ပဋိဉာဏ္စာခ်ဳပ္ကို လက္မွတ္ထိုးမထားေပမယ့္ ဒုကၡသည္ေတြကို အကူအညီေပးတဲ့အစဥ္အလာက ဒီႏိုင္ငံမွာ ရွိေနပါတယ္။”

Medan ၿမိဳ႕မွာတင္ ျမန္မာ၊ ဘဂၤလားေဒ့ရွ္၊ အိႏၵိယ၊ မေလးရွား၊ ထိုင္း၊ တူရကီ၊ သီရိလကၤာ၊ ဆိုမားလီးယား၊ ကူဝိတ္၊ အီရန္၊ အရတ္၊ ပါလက္စတိုင္း၊ အီသီယိုးပီးယားနဲ႔ Ivory Coast ႏိုင္ငံေတြက ဒုကၡသည္ ၁၈၀၀ နီးပါး ေနထိုင္ေနၾကတယ္လို႔ ေဒသဆိုင္ရာ တာ၀န္ရွိသူေတြက ေျပာပါတယ္။

UNHCR က ထုတ္ျပန္တဲ့ စာရင္းဇယားေတြအရ အင္ဒိုနီးရွားႏိုင္ငံမွာ ဒုကၡသည္စုစုေပါင္း ၁၄,၀၀၀ ေလာက္ရွိေနတာမွာ အဲဒီအထဲက အမ်ားစုဟာ အာဖရန္နစၥတန္ႏိုင္ငံကျဖစ္ၿပီး ဒုတယိအမ်ားဆုံးကေတာ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြျဖစ္ၿပီး လက္ရွိမွာ ၃၅၄ ဦး ရွိတယ္လို႔ ေဖာ္ျပထားပါတယ္ ခင္ဗ်ား။

.........................................................................

ဒုက္ခသည်များဆိုင်ရာ ကုလ မဟာမင်းကြီးရုံး

(Unicode)

ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်တွေဟာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စုစုပေါင်းရဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ အဲဒီ ဒုက္ခသည်တွေဟာ မြောက် Sumatera ပြည်နယ်မြို့တော် Medan မှာ မသေချာ မရေရာတဲ့အခြေအနေတွေအောက်မှာ နေထိုင်နေကြတာပါ။ အများစုဟာ ခိုလှုံခွင့်ရဖို့အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေကြပြီး တတိယနိုင်ငံတခုမှာ အခြေနေထိုင်နိုင်ဖို့ မျှော်လင့်နေကြတာပါ။ အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ၁၉၅၁ ခု ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာချုပ်ကို လက်မှတ်ထိုးထားခြင်းမရှိတာကြောင့် နိုင်ငံအတွင်း ရောက်နေကြတဲ့ ဒုက္ခသည် စုစုပေါင်း ၁၄,၀၀၀ အတွက် နေရာထိုင်ခင်းအသစ် မထောက်ပံ့ပေးနိုင်ပါဘူး။ ဒီအကြောင်း အင်ဒိုနီးရှားဌာနက Anugerah Ardiansyah ပေးပို့ထားတဲ့သတင်းကို တင်ပြပေးပါမယ်။

အသက် ၃၃ နှစ်အရွယ် Mouhammad Noor ဟာ မြန်မာနိုင်ငံ၊ မောင်တောမြို့က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်ပြီး လက်ရှိမှာ မြောက် Sumatera ပြည်နယ်မြို့တော် Medan မှာ နေထိုင်ပါတယ်။

၂၀၀၈ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်တဲ့အချိန်မှာ ဘဝသစ်ကို ထူထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူ့နေရပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ကို ရောက်တဲ့အချိန်မှာ မျှော်လင့်ထားတာနဲ့ လက်တွေ့အခြေအနေ ကွာခြားနေတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီမှာ အိုင်ဒီကဒ်ရဖို့တောင် မလွယ်ကူတဲ့အခြေအနေမို့ ဘင်္ဂလားဒေ့ရှ်ကနေ မလေးရှားနိုင်ငံကို လှေနဲ့ ထပ်မံ ထွက်ပြေးခဲ့ပါတယ်။

စာရွက်စာတမ်းအထောက်အထားမပါဘဲ ရောက်လာတဲ့ Noor ဟာ မလေးရှားမှာရှိတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

“ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့ ကျနော် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ကြိုးစားခဲ့ပါတယ်။ မလေးရှားမှာ ဘာအထောက်အထားမှမရှိဘဲ အလုပ်လုပ်နေတာပါ။ မလေးရှားမှာ ကျနော်တို့လူမျိုးတွေ ပညာသင်ခွင့်လည်း မရကြတာကြောင့် ဒီမှာဆက်နေလဲ ဘာမှမထူးဘူးဆိုတာကို ကျနော် ၂၀၁၁ ခုနှစ်မှာ သဘောပေါက်လာတယ်။”

အဲဒီနောက်မှာတော့ Noor ဟာ ရိုဟင်ဂျာဒုက္ခသည် တဒါဇင်လောက်စုပြီး မလေးရှားက ထွက်ပြေးဖို့ စီစဉ်ခဲ့ပါတယ်။ သူတို့ဟာ သြစတေးလျကိုသွားပြီး ခိုလှုံခွင့်လျှောက်ထားလိုကြပေမယ့် အဲဒီလို သွားဖို့အတွက် အင်ဒိုနီးရှားကို အရင်သွားရမယ်ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။

ပွဲစားကတဆင့် သြစတေးလျကို သွားဖို့အတွက် သူတို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ Noor က ပြောပါတယ်။ လူ ၁၁ ဦးပါတဲ့ သူတို့အဖွဲ့ထံက ပွဲစားကငွေတွေယူသွားပြီး သြစတေးလျကိုသွားနိုင်ဖို့အတွက် အခု သူတို့ရောက်နေတဲ့ Medan မြို့မှာ စောင့်ခိုင်းထားတယ်လို့ ဆိုပါတယ်။ သူတို့ကို ကားနဲ့လာခေါ်ပြီး Java ကျွန်းကတဆင့် သြစတေးလျကို ပို့ပေးမယ်လို့ ပွဲစားက ပြောထားတယ်လို့ ဆိုပါတယ်။

ပွဲစားရဲ့ အလိမ်ခံရပြီးတဲ့နောက် စာရွက်စာတမ်း အထောက်အထားမပါတဲ့ သူတို့အုပ်စုဟာ Medan မြို့က လူဝင်မှုကြီးကြပ်ရေးအရာရှိတွေရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ သူတို့ကို အင်ဒိုနီးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးခံရပြီး တနှစ်လောက်ကြာတဲ့အခါမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရပြီး Medan မှာရှိတဲ့ ဒုက္ခသည်စခန်းကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

သူတို့ကို UNHCR နဲ့ IOM နိုင်ငံတကာရွေ့ပြောင်းနေထိုင်သူများအရေး အကူအညီပေးနေတဲ့အဖွဲ့အစည်းတို့က ကူညီပေးခဲ့ပြီး တခြားနေရာတွေကို ထွက်မပြေးကြဖို့ ပြောတယ်လို့ Noor က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာချုပ်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံမဟုတ်ပေမယ့် ဒုက္ခသည်တွေက အင်ဒိုနီးရှားကို မျက်စိကျနေကြပါတယ်။

ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာချုပ်ကို လက်မှတ်ထိုးမထားပေမယ့် အင်ဒိုနီးရှားအစိုးရက ရောက်လာတဲ့ဒုက္ခသည်တွေကို ကြည့်ရှု စောင့်ရှောက်ထားတာ၊ အထူးသဖြင့် ရိုဟင်ဂျာ မွတ်ဆလင်တွေကို စောင့်ရှောက်ပေးထားတဲ့အပေါ် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ IOM ရုံးရဲ့ ဌာနေကိုယ်စားလှယ် Louis Hoffmann က ချီးကျူးပါတယ်။

“လူသားခြင်းစာနာထောက်ထားတဲ့အနေနဲ့ အင်ဒိုနီးရှားအစိုးရက အသက်ကယ်တဲ့ အကူအညီတွေပေးနေတယ်ဆိုတာ သိသာပါတယ်။ ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာချုပ်ကို လက်မှတ်ထိုးမထားပေမယ့် ဒုက္ခသည်တွေကို အကူအညီပေးတဲ့အစဉ်အလာက ဒီနိုင်ငံမှာ ရှိနေပါတယ်။”

Medan မြို့မှာတင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ ထိုင်း၊ တူရကီ၊ သီရိလင်္ကာ၊ ဆိုမားလီးယား၊ ကူဝိတ်၊ အီရန်၊ အရတ်၊ ပါလက်စတိုင်း၊ အီသီယိုးပီးယားနဲ့ Ivory Coast နိုင်ငံတွေက ဒုက္ခသည် ၁၈၀၀ နီးပါး နေထိုင်နေကြတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

UNHCR က ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ အင်ဒိုနီးရှားနိုင်ငံမှာ ဒုက္ခသည်စုစုပေါင်း ၁၄,၀၀၀ လောက်ရှိနေတာမှာ အဲဒီအထဲက အများစုဟာ အာဖရန်နစ္စတန်နိုင်ငံကဖြစ်ပြီး ဒုတယိအများဆုံးကတော့ ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်ပြီး လက်ရှိမှာ ၃၅၄ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ် ခင်ဗျား။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG