သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံေရးအၾကပ္အတည္းေျဖရွင္းဖို႔ ကုလပ်က္ကြက္ဟု အစီရင္ခံစာတေစာင္ေဖာ္ျပ


အာဏာသိမ္းဆန္ ့က်င္ဆႏၵျပပြဲတခုအား လံုျခံဳေရးတပ္ဖြဲ့၀င္မ်ားျဖိဳခြဲစဥ္ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံရဲ႕ စစ္အာဏာသိမ္းမႈနဲ႔ ႏိုင္ငံေရးအက်ပ္အတည္း ေျဖရွင္းႏိုင္ေရးမွာ ကုလသမဂၢ အဖြဲ႔ႀကီးရဲ႕ အဆင့္ဆင့္ ဦးေဆာင္မႈပိုင္းက တာ၀န္ပ်က္ကြက္မႈေတြ ရွိေနတာေၾကာင့္ စစ္တပ္က က်ဳးလြန္တဲ့ ရာဇ၀တ္မႈေတြမွာ အလိုတူ အလိုပါ သေဘာမ်ဳိး ျဖစ္ေနတယ္ဆိုၿပီး ၿဗိတိန္ အေျခစိုက္ NGO အဖြဲ႔တခုျဖစ္တဲ့ Myanmar Accountability Project အဖြဲ႕က မၾကာေသးခင္က အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္က က်ဳးလြန္တဲ့ လူသားထုအေပၚ က်ဳးလြန္တဲ့ရာဇ၀တ္မႈမ်ဳိးေတြကို ကုလသမဂၢက ဟန္႔တားဖို႔ ပ်က္ကြက္ေနတယ္ဆိုၿပီး ၁၉၈၈ ခုႏွစ္ ျမန္မာျပည္ ဒီမိုကေရစီေရးလႈပ္ရွားမႈကာလအတြင္း ထင္ရွားတဲ့ BBC သတင္းေထာက္တဦးျဖစ္ခဲ့သူ၊ လက္ရွိ Myanmar Accountability Project အဖြဲ႕ရဲ႕ ဒါ႐ိုက္တာ Christopher Gunness က VOA ကို ေျပာပါတယ္။ Christopher Gunness ကို မအိသန္႔စင္ ဆက္သြယ္ေမးျမန္းထားပါတယ္။

အိသန္႕စင္။ ။ မဂၤလာပါ Mr. Christopher Gunness. Myanmar Accountability Project ကေန မၾကာခင္က ထုတ္ျပန္လိုက္တဲ့ ဒီအစီရင္ခံစာအေၾကာင္းခ်ံဳငံုျပီးေတာ့ ေျပာျပပါ။

Christopher Gunness: : အေတာ္ဆုိးရြားတဲ့အခ်က္ေတြကို ေတြ႔ရွိေၾကာင္း ဒီအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ကုလသမဂၢရဲ႕ စနစ္၊ဖြဲ႕စည္းပံုနဲ႔ေခါင္းေဆာင္မႈပိုင္းမွာ ပ်က္ကြက္မႈေတြ ေတြ႔ရပါတယ္။ အာဏာသိမ္းျပီးေနာက္ပိုင္း ျမန္မာႏိုင္ငံပဋိပကၡအေျခအေနကို ကုိင္တြယ္ရာမွာ အဆင့္အဆင့္ ဦးေဆာင္မႈပိုင္းမွာပါ လိုအပ္ခ်က္ေတြ ရွိေနတာကို ေတြ႔ရတယ္။ ခ်ိတ္ဆက္လုပ္ေဆာင္မႈပိုင္း အားနည္းေနတာ ေတြ႕ရတယ္။ တာ၀န္ခ်ထားတဲ့ေနရာေတြမွာလည္း ျပႆနာမ်ိဳးစံုရွိေနတာကို ေတြ႔ရတယ္။ တခ်ိဳ႕လူေတြဆိုရင္ ကြ်န္ေတာ္တို႔က ဖြံ႕ျဖိဳးေရးပိုင္းမွာ တာ၀န္က်တဲ့အတြက္ ျမန္မာႏိုင္ငံတ၀ွမ္း မႏၱေလးလို ျမိဳ႕ေတြက အေျခအေနေတြကို ၀င္ျပီး စြက္ဖက္လို႔မရပါဘူးလို႔ ေျပာၾကတယ္။

အိသန္႕႔စင္။ ။ ဒီမွာ ကုလသမဂၢရဲ႕အခန္းက႑ကို ေျပာျပပါ။

Christopher Gunness: : ကုလသမဂၢေခါင္းေဆာင္မႈပိုင္းကလူေတြ၊ လူသားခ်င္းစာနာမႈဆိုင္ရာက႑က အၾကီးအကဲေတြက ျမန္မာႏိုင္ငံထဲမွာေတာင္ မရွိၾကပါဘူး။ ဒါတင္မက ကုလသမဂၢ၀န္ထမ္းေတြအမ်ားၾကီးကို ျမန္မာႏုိင္ငံက ထြက္ခြာဖို႔ အမိန္႔ေပးခဲ့တယ္။ ဒါဟာ လူသားထုအေပၚက်ဴးလြန္တဲ့ ရာဇ၀တ္မႈမွာ ကုလသမဂၢက ၾကံရာပါ ျဖစ္ေနတာပါ။ လြန္ခဲ့တဲ့ ၅ ႏွစ္ ၂၀၁၇ တုန္းက ရိုဟင္ဂ်ာေတြကို အစုလိုက္အျပံဳလိုက္ သတ္ျဖတ္ခဲ့တုန္းကလည္း ဒီလိုပါပဲ။ လူမ်ိဳးတုန္းသတ္ျဖတ္မႈျဖစ္ေနခ်ိန္မွာ ကုလသမဂၢ UN က လက္ပိုက္ၾကည့္ေနတယ္လို႔ Gert Rosenthal (ဂတ္ ရိုဆင္ေသာ)ရဲ႕ ေက်ာ္ၾကားတဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားခဲ့တာပါ။ အခု Damian Lily ေရးတဲ့ ဒီအစီရင္ခံစာမွာလည္း ကုလသမဂၢဟာ လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇ၀တ္မႈေတြမွာ ၾကံရာပါျဖစ္ေနတာကို အလားတူ ေတြ႕ရွိပါတယ္။

အိသန္႔စင္။ ။ ကုလသမဂၢက ဘာမွ မလုပ္ဘဲ လက္ပိုက္ၾကည့္ေနတယ္၊ ကုလသမဂၢကိုယ္တိုင္က လူသားထုအေပၚက်ဴးလြန္တဲ့ ရာဇ၀တ္မႈေတြမွာ ၾကံရာပါ ျဖစ္ေနတယ္လို႔ ခုနက ထည့္ေျပာသြားပါတယ္။ ကုလသမဂၢအေနနဲ႔ ဘယ္လို လုပ္ေဆာင္ဖို႔ အၾကံျပဳခ်င္ပါလဲ။

Christopher Gunness: : ေရးသားသူ Damian Lily ရဲ႕ အစီရင္ခံစာက ရွင္းပါတယ္။ လူသားခ်င္းစာနာမႈဆိုင္ရာနဲ႔ ႏိုင္ငံေရးပိုင္းမွာ ဦးေဆာင္မႈရွိရပါမယ္။ ကုလသမဂၢအတြင္းေရးမွဴးကအစ ေရေရရာရာ လုပ္တာ ဘာမွ မေတြ႕ရပါဘူး။ လိုအပ္တဲ့ ဘယ္လိုအေျခအေနမ်ိဳးမွာမဆုိ အရပ္သားေတြကို ကာကြယ္ရမယ္ဆိုတဲ့ ကုလသမဂၢရဲ႕ ရည္ရြယ္ခ်က္ၾကီး ရွိပါလ်က္နဲ႔ ၊ လူ႕အခြင့္အေရးကို ကာကြယ္ဖို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရံုးရဲ႕ အစီအစဥ္ေတြ ရွိရဲ႕သားနဲ႔၊ ေဖေဖာ္၀ါရီလ တရက္ေန႕စစ္တပ္က အာဏာသိမ္းလိုက္တဲ့အခ်ိန္မွာ အရပ္သားျပည္သူေတြအေပၚ ေၾကာက္မက္ဖြယ္ ဖိႏွိပ္ေနတာေတြကို ႏိုင္ငံထဲမွာရွိတဲ့ ကုလသမဂၢ၀န္ထမ္း အေယာက္ ၂ ေထာင္က ဘာမွ မလုပ္ေပးႏိုင္ပါဘူး။ ေထာင္ထဲေရာက္ေနသူေတြကို ဥပေဒေၾကာင္းအရ အေထာက္အပံ့ လံုလံုေလာက္ေလာက္မေပးႏိုင္ဘူး။ ရုပ္ပိုင္း စိတ္ပိုင္းဆိုင္ရာ ေထာက္ပံ့ကာကြယ္မႈလည္း ေကာင္းေကာင္းမေပးနိုင္ဘူး။ ေပ်ာက္ဆံုးေနတဲ့သူေတြ ဘယ္ႏွေယာက္ရွိလဲဆိုတာေတာင္ ေကာင္းေကာင္းမေရတြက္ႏိုင္ဘူး။ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႔AAPP ရဲ႕ စာရင္းအရ လူ ၉၀၀ နီးပါး ေသဆံုးရျပီးျဖစ္တယ္။ လူေတာ္ေတာ္မ်ားမ်ားက ေခါင္းကို ေသနတ္နဲ႔ အပစ္ခံရလို႔ေသၾကရတဲ့ လက္နက္မဲ့ ဆႏၵျပသူေတြ ျဖစ္ပါတယ္။ လူ အေယာက္ ၅ေထာင္ေလာက္က အဖမ္းခံေနရတာ ဒါမွမဟုတ္လည္း ဘယ္ေရာက္ေနမွန္းမသိ ေပ်ာက္ဆံုးေနပါတယ္။ ကုလသမဂၢက ဒီလူေတြကို လုိက္ရွာမေသးႏိုင္သလို လူဘယ္ႏွေယာက္လည္းဆိုတာ မေရတြက္ႏိုင္ပါဘူး။ ကုလအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေခါင္းေဆာင္မႈပိုင္း လစ္ဟာမႈရဲ႕ ရလာဒ္ေတြပါ။ ဂ်နီဗာမွာ ရွိတဲ့ UNHCR ဦးေဆာင္တဲ့ ကုလသမဂၢကာကြယ္ေပးေရး အသိုက္အ၀န္းရဲ႕ လံုး၀ ညံ႕ဖ်င္းမႈပါ။ ကုလသမဂၢအေနနဲ႔ ဒီအစီရင္ခံစာကို ဖတ္ျပီး အၾကံျပဳခ်က္ေတြအရ အျမန္ေျပာင္းလဲျပင္ဆင္လုပ္ေဆာင္ဖို႔ အခ်ိန္တန္ပါျပီ။ လူသားခ်င္းစာနာမႈအကူအညီေပးႏုိိင္ဖို႔ ေခါင္းေဆာင္မႈေကာင္းရွိရပါမယ္။ ဌာနအခ်င္းခ်င္း ပူးေပါင္းလုပ္ကိုင္ရပါမယ္။ ဒီျပႆနာေတြအားလံုး ေျဖရွင္းႏိုင္မွ ျဖစ္မွာပါ။ ျမန္မာႏိုင္ငံရဲ႕ အေျခအေန ပိုဆိုးလာတဲ့အခါ ဒါမွမဟုတ္လည္း မေျပာေကာင္းမဆိုေကာင္း ဒီလို အျဖစ္မ်ိဳး ေနာက္ႏုိင္ငံတခုမွာ ျဖစ္မယ္ဆိုရင္ မေတြး၀ံ့စရာပါ။ သမိုင္းက တေၾကာင္းျပန္လည္လာႏိုင္ပါတယ္။

အိသန္႔စင္။ ။ ေနာက္ေမးခြန္းတခုကေတာ့ ၁၉၈၈ ေတာ္လွန္ေရးနဲ႔ အခု စစ္အာဏာသိမ္းတဲ့ျဖစ္ရပ္ ၂ ခုကို ဘယ္လို ႏႈိင္းယွဥ္ပါသလဲ။

Christopher Gunness: : အေတာ္စိတ္၀င္စားစရာေကာင္းတဲ့ ေမးခြန္းပါ။ အဓိကကြာျခားတာကေတာ့ မႏၱေလးလို ျမိဳ႕ေတြမွာ အစုလိုက္အျပံဳလိုက္အသတ္ခံေနရတာကို Gen Z မ်ိဳးဆက္သစ္ေတြက ဓာတ္ပံုေတြရိုက္ထားျပီး အြန္လိုင္းေပၚတင္ေတာ့ ႏိုင္ငံတ၀ွမ္းက လူေတြအားလံုး သိသြားပါတယ္။ အျပစ္မဲ့့အရပ္သားျပည္သူေတြအမ်ားအျပား အသတ္ခံေနရတာကို ႏိုင္ငံတရာႏိုင္ငံေရးေခါင္းေဆာင္ေတြ ျမင္ျပီး ဒါကို ရပ္တန္႔ေအာင္ လုပ္စရာရွိတာ လုပ္ႏိုင္သြားတယ္။ ကြ်န္ေတာ္ ဘီဘီစီမွာ ၁၉ ၈၈ တုန္းက သတင္းေထာက္လုပ္တုန္းကဆိုရင္ စက္တင္ဘာလ တတိယအပတ္ ျမိဳ႕ေတာ္ခန္းမေရွ႕မွာ လူေတြအမ်ားၾကီးအသတ္ခံရတဲ့ မွတ္တမ္းဆိုလို႔ကြ်န္ေတာ့္သတင္းပဲရွိတယ္။ တျခားသတင္းေထာက္ေတြရဲ႕ သတင္းေဆာင္းပါးေတြရွိေပမယ့္ လူမႈကြန္ယက္မရွိေတာ့ ျပည္ပႏိုင္ငံေတြက သတင္းျမန္ျမန္ မ်ားမ်ားမရဘူး။ အခုေတာ့ ထိတ္လန္႔စရာဓာတ္ပံုေတြက ခ်က္ခ်င္းဆိုသလို ျပန္႔သြားျပီး ဒါေတြဟာ လူသားထုအေပၚက်ဴးလြန္တဲ့ ရာဇ၀တ္မႈေတြ သက္ေသမွတ္တမ္း ျဖစ္သြားပါတယ္။

အိသန္႔စင္။ ။ ဟုတ္ကဲ့ပါ။ Myanmar Accountability Project ရဲ႕ လုပ္ေဆာင္မႈေတြအေၾကာင္း ေျပာျပပါ။

Christopher Gunness: : ကြ်န္ေတာ္ဦးေဆာင္တဲ့ Myanmar Accountibility Project မွာ ဒီသက္ေသအေထာက္အထားေတြကို အထူးသျဖင့္ ညွင္းပန္းႏွိပ္စက္ခံရမႈေတြနဲ႔ ပတ္သက္ျပီး တရားမွ်တမႈ ရယူရာမွာ သံုးပါတယ္။ လန္ဒန္က သံအမတ္အိမ္ကို စစ္အစိုးရက မတရားလုယူလုိ႔မရေအာင္ အခု ကြ်န္ေတာ္တို႔ လုပ္ေနပါတယ္။ ျမန္မာႏို္င္ငံထဲက သက္ေသအေထာက္အထားေတြကို သံုးျပီး ဒီစစ္အစိုးရဟာ ကိုယ့္ႏိုင္ငံသားေတြကို အေၾကာက္တရားနဲ႔ ၾကီးစိုးေနတဲ့ တရားမ၀င္အစိုးရျဖစ္ေၾကာင္း ေဖာ္ထုတ္ေနပါတယ္။ ကုလသမဂၢအေနနဲ႔ကြ်န္ေတာ္တို႔ရဲ႕အေထာက္အထားေတြကို ယူသံုးလုိ႕ရပါတယ္။ ဒါေပမယ့္ ယူသံုးတာမရွိဘူးလို႔ဒီအစီရင္ခံစာအရ ေတြ႕ရပါတယ္။ ဒီသက္ေသအေထာက္အထားေတြကိုသံုးျပီး ျမန္မာကို လက္နက္ေရာင္းေနတဲ့ တရုတ္နဲ႔ ရုရွားတို႔နဲ႔ ညွိႏႈိင္းႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကာကြယ္ေရးဦးစီးခ်ဳပ္ မင္းေအာင္လႈိင္ က ရုရွားသြားျပီး လက္နက္၀ယ္ေနလို႔ပါ။ ျမန္မာစစ္အစိုးရကို လက္နက္ေရာင္းခ်င္လို႔ ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ တရုတ္နဲ႔ ရုရွားက ျမန္မာစစ္တပ္ကို ကာကြယ္ေျပာေပးေနတာပါ။ တရုတ္နဲ႔ ရုရွားက ျမန္မာကို လက္နက္ေရာင္းေနတာကို ဖံုးကြယ္လို႔မရေအာင္ သက္ေသနဲ႔တကြ ျပရပါမယ္။ သက္ေသအေထာက္အထားေတြစုျပီး ႏိုင္ငံေရးအင္အားစုျဖစ္တည္ႏိုင္ရင္ သက္ေရာက္မႈၾကီးေတြ႕ႏိုင္မွာပါ။

အိသန္႕စင္။ ။ ေက်းဇူးပါ Mr. Gunness. ဒီအစီရင္ခံစာရဲ႕ သက္ေရာက္မႈကို ေစာင့္ၾကည့္ေနပါတယ္။

Christopher Gunness: : အခုလို အခ်ိန္ေပး ေမးျမန္းတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

....................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာနိုင်ငံရေးအကြပ်အတည်းဖြေရှင်းဖို့ ကုလပျက်ကွက်ဟု အစီရင်ခံစာတစောင်ဖော်ပြ

(Unicode)

မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးမှာ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ အဆင့်ဆင့် ဦးဆောင်မှုပိုင်းက တာဝန်ပျက်ကွက်မှုတွေ ရှိနေတာကြောင့် စစ်တပ်က ကျုးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အလိုတူ အလိုပါ သဘောမျိုး ဖြစ်နေတယ်ဆိုပြီး ဗြိတိန် အခြေစိုက် NGO အဖွဲ့တခုဖြစ်တဲ့ Myanmar Accountability Project အဖွဲ့က မကြာသေးခင်က အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က ကျုးလွန်တဲ့ လူသားထုအပေါ် ကျုးလွန်တဲ့ရာဇဝတ်မှုမျိုးတွေကို ကုလသမဂ္ဂက ဟန့်တားဖို့ ပျက်ကွက်နေတယ်ဆိုပြီး ၁၉၈၈ ခုနှစ် မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားမှုကာလအတွင်း ထင်ရှားတဲ့ BBC သတင်းထောက်တဦးဖြစ်ခဲ့သူ၊ လက်ရှိ Myanmar Accountability Project အဖွဲ့ရဲ့ ဒါရိုက်တာ Christopher Gunness က VOA ကို ပြောပါတယ်။ Christopher Gunness ကို မအိသန့်စင် ဆက်သွယ်မေးမြန်းထားပါတယ်။

အိသန့်စင်။ ။ မင်္ဂလာပါ Mr. Christopher Gunness. Myanmar Accountability Project ကနေ မကြာခင်က ထုတ်ပြန်လိုက်တဲ့ ဒီအစီရင်ခံစာအကြောင်းချုံငုံပြီးတော့ ပြောပြပါ။

Christopher Gunness: : အတော်ဆိုးရွားတဲ့အချက်တွေကို တွေ့ရှိကြောင်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂရဲ့ စနစ်၊ဖွဲ့စည်းပုံနဲ့ခေါင်းဆောင်မှုပိုင်းမှာ ပျက်ကွက်မှုတွေ တွေ့ရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံပဋိပက္ခအခြေအနေကို ကိုင်တွယ်ရာမှာ အဆင့်အဆင့် ဦးဆောင်မှုပိုင်းမှာပါ လိုအပ်ချက်တွေ ရှိနေတာကို တွေ့ရတယ်။ ချိတ်ဆက်လုပ်ဆောင်မှုပိုင်း အားနည်းနေတာ တွေ့ရတယ်။ တာဝန်ချထားတဲ့နေရာတွေမှာလည်း ပြဿနာမျိုးစုံရှိနေတာကို တွေ့ရတယ်။ တချို့လူတွေဆိုရင် ကျွန်တော်တို့က ဖွံ့ဖြိုးရေးပိုင်းမှာ တာဝန်ကျတဲ့အတွက် မြန်မာနိုင်ငံတဝှမ်း မန္တလေးလို မြို့တွေက အခြေအနေတွေကို ဝင်ပြီး စွက်ဖက်လို့မရပါဘူးလို့ ပြောကြတယ်။

အိသန့့်စင်။ ။ ဒီမှာ ကုလသမဂ္ဂရဲ့အခန်းကဏ္ဍကို ပြောပြပါ။

Christopher Gunness: : ကုလသမဂ္ဂခေါင်းဆောင်မှုပိုင်းကလူတွေ၊ လူသားချင်းစာနာမှုဆိုင်ရာကဏ္ဍက အကြီးအကဲတွေက မြန်မာနိုင်ငံထဲမှာတောင် မရှိကြပါဘူး။ ဒါတင်မက ကုလသမဂ္ဂဝန်ထမ်းတွေအများကြီးကို မြန်မာနိုင်ငံက ထွက်ခွာဖို့ အမိန့်ပေးခဲ့တယ်။ ဒါဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမှာ ကုလသမဂ္ဂက ကြံရာပါ ဖြစ်နေတာပါ။ လွန်ခဲ့တဲ့ ၅ နှစ် ၂၀၁၇ တုန်းက ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တုန်းကလည်း ဒီလိုပါပဲ။ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်နေချိန်မှာ ကုလသမဂ္ဂ UN က လက်ပိုက်ကြည့်နေတယ်လို့ Gert Rosenthal (ဂတ် ရိုဆင်သော)ရဲ့ ကျော်ကြားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားခဲ့တာပါ။ အခု Damian Lily ရေးတဲ့ ဒီအစီရင်ခံစာမှာလည်း ကုလသမဂ္ဂဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါဖြစ်နေတာကို အလားတူ တွေ့ရှိပါတယ်။

အိသန့်စင်။ ။ ကုလသမဂ္ဂက ဘာမှ မလုပ်ဘဲ လက်ပိုက်ကြည့်နေတယ်၊ ကုလသမဂ္ဂကိုယ်တိုင်က လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ဖြစ်နေတယ်လို့ ခုနက ထည့်ပြောသွားပါတယ်။ ကုလသမဂ္ဂအနေနဲ့ ဘယ်လို လုပ်ဆောင်ဖို့ အကြံပြုချင်ပါလဲ။

Christopher Gunness: : ရေးသားသူ Damian Lily ရဲ့ အစီရင်ခံစာက ရှင်းပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာနဲ့ နိုင်ငံရေးပိုင်းမှာ ဦးဆောင်မှုရှိရပါမယ်။ ကုလသမဂ္ဂအတွင်းရေးမှူးကအစ ရေရေရာရာ လုပ်တာ ဘာမှ မတွေ့ရပါဘူး။ လိုအပ်တဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို အရပ်သားတွေကို ကာကွယ်ရမယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ရည်ရွယ်ချက်ကြီး ရှိပါလျက်နဲ့ ၊ လူ့အခွင့်အရေးကို ကာကွယ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ အစီအစဉ်တွေ ရှိရဲ့သားနဲ့၊ ဖေဖော်ဝါရီလ တရက်နေ့စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်မှာ အရပ်သားပြည်သူတွေအပေါ် ကြောက်မက်ဖွယ် ဖိနှိပ်နေတာတွေကို နိုင်ငံထဲမှာရှိတဲ့ ကုလသမဂ္ဂဝန်ထမ်း အယောက် ၂ ထောင်က ဘာမှ မလုပ်ပေးနိုင်ပါဘူး။ ထောင်ထဲရောက်နေသူတွေကို ဥပဒေကြောင်းအရ အထောက်အပံ့ လုံလုံလောက်လောက်မပေးနိုင်ဘူး။ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ကာကွယ်မှုလည်း ကောင်းကောင်းမပေးနိုင်ဘူး။ ပျောက်ဆုံးနေတဲ့သူတွေ ဘယ်နှယောက်ရှိလဲဆိုတာတောင် ကောင်းကောင်းမရေတွက်နိုင်ဘူး။ နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့AAPP ရဲ့ စာရင်းအရ လူ ၉၀၀ နီးပါး သေဆုံးရပြီးဖြစ်တယ်။ လူတော်တော်များများက ခေါင်းကို သေနတ်နဲ့ အပစ်ခံရလို့သေကြရတဲ့ လက်နက်မဲ့ ဆန္ဒပြသူတွေ ဖြစ်ပါတယ်။ လူ အယောက် ၅ထောင်လောက်က အဖမ်းခံနေရတာ ဒါမှမဟုတ်လည်း ဘယ်ရောက်နေမှန်းမသိ ပျောက်ဆုံးနေပါတယ်။ ကုလသမဂ္ဂက ဒီလူတွေကို လိုက်ရှာမသေးနိုင်သလို လူဘယ်နှယောက်လည်းဆိုတာ မရေတွက်နိုင်ပါဘူး။ ကုလအတွင်းရေးမှူးချုပ်ရဲ့ ခေါင်းဆောင်မှုပိုင်း လစ်ဟာမှုရဲ့ ရလာဒ်တွေပါ။ ဂျနီဗာမှာ ရှိတဲ့ UNHCR ဦးဆောင်တဲ့ ကုလသမဂ္ဂကာကွယ်ပေးရေး အသိုက်အဝန်းရဲ့ လုံး၀ ညံ့ဖျင်းမှုပါ။ ကုလသမဂ္ဂအနေနဲ့ ဒီအစီရင်ခံစာကို ဖတ်ပြီး အကြံပြုချက်တွေအရ အမြန်ပြောင်းလဲပြင်ဆင်လုပ်ဆောင်ဖို့ အချိန်တန်ပါပြီ။ လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့ ခေါင်းဆောင်မှုကောင်းရှိရပါမယ်။ ဌာနအချင်းချင်း ပူးပေါင်းလုပ်ကိုင်ရပါမယ်။ ဒီပြဿနာတွေအားလုံး ဖြေရှင်းနိုင်မှ ဖြစ်မှာပါ။ မြန်မာနိုင်ငံရဲ့ အခြေအနေ ပိုဆိုးလာတဲ့အခါ ဒါမှမဟုတ်လည်း မပြောကောင်းမဆိုကောင်း ဒီလို အဖြစ်မျိုး နောက်နိုင်ငံတခုမှာ ဖြစ်မယ်ဆိုရင် မတွေးဝံ့စရာပါ။ သမိုင်းက တကြောင်းပြန်လည်လာနိုင်ပါတယ်။

အိသန့်စင်။ ။ နောက်မေးခွန်းတခုကတော့ ၁၉၈၈ တော်လှန်ရေးနဲ့ အခု စစ်အာဏာသိမ်းတဲ့ဖြစ်ရပ် ၂ ခုကို ဘယ်လို နှိုင်းယှဉ်ပါသလဲ။

Christopher Gunness: : အတော်စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းပါ။ အဓိကကွာခြားတာကတော့ မန္တလေးလို မြို့တွေမှာ အစုလိုက်အပြုံလိုက်အသတ်ခံနေရတာကို Gen Z မျိုးဆက်သစ်တွေက ဓာတ်ပုံတွေရိုက်ထားပြီး အွန်လိုင်းပေါ်တင်တော့ နိုင်ငံတဝှမ်းက လူတွေအားလုံး သိသွားပါတယ်။ အပြစ်မဲ့အရပ်သားပြည်သူတွေအများအပြား အသတ်ခံနေရတာကို နိုင်ငံတရာနိုင်ငံရေးခေါင်းဆောင်တွေ မြင်ပြီး ဒါကို ရပ်တန့်အောင် လုပ်စရာရှိတာ လုပ်နိုင်သွားတယ်။ ကျွန်တော် ဘီဘီစီမှာ ၁၉ ၈၈ တုန်းက သတင်းထောက်လုပ်တုန်းကဆိုရင် စက်တင်ဘာလ တတိယအပတ် မြို့တော်ခန်းမရှေ့မှာ လူတွေအများကြီးအသတ်ခံရတဲ့ မှတ်တမ်းဆိုလို့ကျွန်တော့်သတင်းပဲရှိတယ်။ တခြားသတင်းထောက်တွေရဲ့ သတင်းဆောင်းပါးတွေရှိပေမယ့် လူမှုကွန်ယက်မရှိတော့ ပြည်ပနိုင်ငံတွေက သတင်းမြန်မြန် များများမရဘူး။ အခုတော့ ထိတ်လန့်စရာဓာတ်ပုံတွေက ချက်ချင်းဆိုသလို ပြန့်သွားပြီး ဒါတွေဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ သက်သေမှတ်တမ်း ဖြစ်သွားပါတယ်။

အိသန့်စင်။ ။ ဟုတ်ကဲ့ပါ။ Myanmar Accountability Project ရဲ့ လုပ်ဆောင်မှုတွေအကြောင်း ပြောပြပါ။

Christopher Gunness: : ကျွန်တော်ဦးဆောင်တဲ့ Myanmar Accountibility Project မှာ ဒီသက်သေအထောက်အထားတွေကို အထူးသဖြင့် ညှင်းပန်းနှိပ်စက်ခံရမှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှု ရယူရာမှာ သုံးပါတယ်။ လန်ဒန်က သံအမတ်အိမ်ကို စစ်အစိုးရက မတရားလုယူလို့မရအောင် အခု ကျွန်တော်တို့ လုပ်နေပါတယ်။ မြန်မာနိုင်ငံထဲက သက်သေအထောက်အထားတွေကို သုံးပြီး ဒီစစ်အစိုးရဟာ ကိုယ့်နိုင်ငံသားတွေကို အကြောက်တရားနဲ့ ကြီးစိုးနေတဲ့ တရားမဝင်အစိုးရဖြစ်ကြောင်း ဖော်ထုတ်နေပါတယ်။ ကုလသမဂ္ဂအနေနဲ့ကျွန်တော်တို့ရဲ့အထောက်အထားတွေကို ယူသုံးလို့ရပါတယ်။ ဒါပေမယ့် ယူသုံးတာမရှိဘူးလို့ဒီအစီရင်ခံစာအရ တွေ့ရပါတယ်။ ဒီသက်သေအထောက်အထားတွေကိုသုံးပြီး မြန်မာကို လက်နက်ရောင်းနေတဲ့ တရုတ်နဲ့ ရုရှားတို့နဲ့ ညှိနှိုင်းနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် က ရုရှားသွားပြီး လက်နက်ဝယ်နေလို့ပါ။ မြန်မာစစ်အစိုးရကို လက်နက်ရောင်းချင်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားက မြန်မာစစ်တပ်ကို ကာကွယ်ပြောပေးနေတာပါ။ တရုတ်နဲ့ ရုရှားက မြန်မာကို လက်နက်ရောင်းနေတာကို ဖုံးကွယ်လို့မရအောင် သက်သေနဲ့တကွ ပြရပါမယ်။ သက်သေအထောက်အထားတွေစုပြီး နိုင်ငံရေးအင်အားစုဖြစ်တည်နိုင်ရင် သက်ရောက်မှုကြီးတွေ့နိုင်မှာပါ။

အိသန့်စင်။ ။ ကျေးဇူးပါ Mr. Gunness. ဒီအစီရင်ခံစာရဲ့ သက်ရောက်မှုကို စောင့်ကြည့်နေပါတယ်။

Christopher Gunness: : အခုလို အချိန်ပေး မေးမြန်းတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG