သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးငယ္ေတြကို ဖမ္းဆီးမႈ စစ္ေကာင္စီကို ကုလအထူးကိုယ္စားလွယ္ ေဝဖန္


ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ Tom Andrews.

(Zawgyi / Unicode)

ျမန္မာႏိုင္ငံ စစ္အာဏာသိမ္းမႈ ဆႏၵျပပဲြေတြနဲ႔ CDM အၾကမ္းမဖက္ အာဏာဖီဆန္ေရး လႈပ္ရွားမႈေတြကို စစ္ေကာင္စီက ၿဖိဳခြင္းရာမွာ အသက္ငယ္ရြယ္လြန္းတဲ့ ကေလးငယ္ေတြကိုပါမခ်န္ ဖမ္းဆီးေနတဲ့အေပၚ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ Tom Andrews က ျမန္မာစစ္ေကာင္စီကို ေဝဖန္ျပစ္တင္ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္က လႊြတ္ေပးလိုက္တဲ့ လူေတြထဲမွာ အသက္ ၅ ႏွစ္အရြယ္ ကေလးငယ္တဦး ပါလာတာကို ၾကည့္မယ္ဆိုရင္ စစ္အစိုးရရဲ႕ ရက္စက္မႈ အတိုင္းအတာကို ေတြ႔ရတယ္လို႔ သူ႔ကိုယ္ပိုင္ တြစ္တာအေကာင့္ကေန ေရးသားလိုက္တာပါ။

မိဘေတြက အဖမ္းမခံဘဲ ေရွာင္ေနတယ္ဆိုရင္ အသက္ ၂ ႏွစ္ေလာက္အထိ ငယ္တဲ့ ကေလးေတြကို ဖမ္းဆီးေထာင္ထဲပို႔တဲ့ လုပ္ရပ္ေတြကို ခ်က္ခ်င္းရပ္ပစ္ဖို႔ လိုတယ္လို႔လည္း ေရးသားထားပါတယ္။

CDM လႈပ္ရွားမႈနဲ႔ ဆက္ႏႊယ္လို႔ ဖမ္းဆီးခံခဲ့ရတဲ့ က်န္းမာေရးဝန္ႀကီးဌာန ကာကြယ္ေဆးထိုးလုပ္ငန္း ၫႊန္ၾကားေရးမွဴး ေဒါက္တာထားထားလင္းရဲ႕ အသက္ ၇ ႏွစ္အရြယ္ သားျဖစ္သူ ေမာင္ေအာင္သုခမိန္လင္းကိုလည္း ဖမ္းဆီးထိန္းသိမ္းထားတာ ရက္သီတင္းပတ္သံုးပတ္ ရွိလာတဲ့အတြက္လည္း သက္ဆိုင္ရာ မိသားစုဝင္ေတြနဲ႔ ေဆြမ်ိဳးမိတ္ေဆြ အသိုင္းအဝိုင္းက စိုးရိမ္ပူပန္ေနၾကတယ္လို႔ မိသားစုနဲ႔ နီးစပ္သူတဦးက ဗြီအိုေအကို ေျပာပါတယ္။

ေဒါက္တာထားထားလင္းနဲ႔အတူ သူ႔မိတ္ေဆြ ေဒါက္တာေအးေအးၿငိမ္းနဲ႔ သမီးငယ္ မခိုင္မင္းမင္းၿငိမ္း၊ ေဒါက္တာထားထားလင္းရဲ႕ခင္ပြန္း ဦးညီညီေအာင္နဲ႔ သားျဖစ္သူ အသက္ ၇ ႏွစ္အရြယ္ ေမာင္ေအာင္သုခမိန္လင္းတို႔ဟာ ဇြန္လ ၁၀ ရက္ေန႔ ရန္ကုန္ၿမိဳ႕မွာပဲ အဖမ္းခံခဲ့ရတာပါ။ သူတို႔အားလံုး အဖမ္းခံရတာ ၂၁ ရက္ေက်ာ္ရွိလာေပမယ့္ ဘယ္မွာခ်ဳပ္ေႏွာင္ထားလဲ ဆိုတာကိုပါ က်န္မိသားစုဝင္ေတြ မသိရေသးဘူးလို႔လည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံတြင္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဆႏၵျပ လႈပ္ရွားမႈေတြကို စစ္ေကာင္စီတပ္ေတြက ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ လူေပါင္း ၈၀၀ ေက်ာ္ ေသဆံုးရတဲ့အထဲ အသက္မျပည့္ေသးတဲ့ ကေလးလူငယ္ ၅၈ ဦး ပါဝင္တယ္လို႔ Amnesty International ႏိုင္ငံတကာ လူ႔အခြင့္အေရး အဖဲြ႔ႀကီးကလည္း ထုတ္ျပန္ထားပါတယ္။ ပစ္ခတ္မႈေၾကာင့္ အသက္မျပည့္ေသးတဲ့ ကေလးငယ္ေတြ ေသဆံုးရတာနဲ႔ အသက္မျပည့္တဲ့ ကေလးငယ္ေတြကို ဖမ္းဆီးထားတဲ့ အေပၚမွာလည္း ကုလသမဂၢ အဖဲြ႔အစည္းေတြနဲ႔ လူ႔အခြင့္အေရး အဖဲြ႔အစည္း အသီးသီးက ျမန္မာစစ္ေကာင္စီကို ေဝဖန္ျပစ္တင္မႈေတြ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကလေးငယ်တွေကို ဖမ်းဆီးမှု စစ်ကောင်စီကို ကုလအထူးကိုယ်စားလှယ် ဝေဖန်

မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ဆန္ဒပြပွဲတွေနဲ့ CDM အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို စစ်ကောင်စီက ဖြိုခွင်းရာမှာ အသက်ငယ်ရွယ်လွန်းတဲ့ ကလေးငယ်တွေကိုပါမချန် ဖမ်းဆီးနေတဲ့အပေါ် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က မြန်မာစစ်ကောင်စီကို ဝေဖန်ပြစ်တင်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က လွှွတ်ပေးလိုက်တဲ့ လူတွေထဲမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တဦး ပါလာတာကို ကြည့်မယ်ဆိုရင် စစ်အစိုးရရဲ့ ရက်စက်မှု အတိုင်းအတာကို တွေ့ရတယ်လို့ သူ့ကိုယ်ပိုင် တွစ်တာအကောင့်ကနေ ရေးသားလိုက်တာပါ။

မိဘတွေက အဖမ်းမခံဘဲ ရှောင်နေတယ်ဆိုရင် အသက် ၂ နှစ်လောက်အထိ ငယ်တဲ့ ကလေးတွေကို ဖမ်းဆီးထောင်ထဲပို့တဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်ပစ်ဖို့ လိုတယ်လို့လည်း ရေးသားထားပါတယ်။

CDM လှုပ်ရှားမှုနဲ့ ဆက်နွှယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ ကျန်းမာရေးဝန်ကြီးဌာန ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းရဲ့ အသက် ၇ နှစ်အရွယ် သားဖြစ်သူ မောင်အောင်သုခမိန်လင်းကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတာ ရက်သီတင်းပတ်သုံးပတ် ရှိလာတဲ့အတွက်လည်း သက်ဆိုင်ရာ မိသားစုဝင်တွေနဲ့ ဆွေမျိုးမိတ်ဆွေ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်နေကြတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

ဒေါက်တာထားထားလင်းနဲ့အတူ သူ့မိတ်ဆွေ ဒေါက်တာအေးအေးငြိမ်းနဲ့ သမီးငယ် မခိုင်မင်းမင်းငြိမ်း၊ ဒေါက်တာထားထားလင်းရဲ့ခင်ပွန်း ဦးညီညီအောင်နဲ့ သားဖြစ်သူ အသက် ၇ နှစ်အရွယ် မောင်အောင်သုခမိန်လင်းတို့ဟာ ဇွန်လ ၁၀ ရက်နေ့ ရန်ကုန်မြို့မှာပဲ အဖမ်းခံခဲ့ရတာပါ။ သူတို့အားလုံး အဖမ်းခံရတာ ၂၁ ရက်ကျော်ရှိလာပေမယ့် ဘယ်မှာချုပ်နှောင်ထားလဲ ဆိုတာကိုပါ ကျန်မိသားစုဝင်တွေ မသိရသေးဘူးလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်နှိမ်နင်းတာကြောင့် လူပေါင်း ၈၀၀ ကျော် သေဆုံးရတဲ့အထဲ အသက်မပြည့်သေးတဲ့ ကလေးလူငယ် ၅၈ ဦး ပါဝင်တယ်လို့ Amnesty International နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ကြီးကလည်း ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ သေဆုံးရတာနဲ့ အသက်မပြည့်တဲ့ ကလေးငယ်တွေကို ဖမ်းဆီးထားတဲ့ အပေါ်မှာလည်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်း အသီးသီးက မြန်မာစစ်ကောင်စီကို ဝေဖန်ပြစ်တင်မှုတွေ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG