သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ျမင္းျခံမွာ ၁၃ ေယာက္ထက္မနည္း ဖမ္းခံရ 


ေနအိမ္မ်ားထဲ ဆႏၵျပသူမ်ားကို ၀င္ေရာက္ရွာေဖြ နေသော ျမန္မာရဲမ်ား May 6, 2021. (ဓာတ္ပံု - STR / AFP)

(Zawgyi/Unicode)

စစ္ေကာင္စီက ဖမ္းဆီးထားသူ ရာနဲ႔ခ်ီကို ဗုဒၶဟူးေန႔က ျပန္လႊတ္ေပးခဲ့သလို ဖမ္းဆီးမႈေတြကိုလည္း ဆက္လုပ္ေနပါတယ္။ မႏၱေလးတိုင္း ျမင္းၿခံၿမိဳ႕မွာ ဗုဒၶဟူးေန႔ညမွာပဲ ၁၃ ဦးထက္မနည္း ဖမ္းဆီးခံရပါတယ္။ ရပ္႐ြာအေရး တက္တက္ႂကြႂကြလုပ္သူေတြ ဖမ္းဆီးခံရတာလို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေဇာ္၀င္းလႈိင္က ေျပာျပေပးပါမယ္။

မႏၱေလးတိုင္း ျမင္းၿခံၿမိဳ႕နယ္ထဲက ေဒသခံ ၁၃ ေယာက္ထက္မနည္း ဇြန္ ၃၀ ရက္ညပိုင္းမွာ ဖမ္းဆီးခံခဲ့ရပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးခံခဲ့ရသူ ရာနဲ႔ခ်ီကို အက်ဥ္းေထာင္တခ်ဳိ႕ကေန စစ္ေကာင္စီက ျပန္လႊတ္ေပးခဲ့တဲ့ ေန႔မွာပဲ ခုလို ထပ္မံဖမ္းဆီးခံရသူေတြ ႐ွိခဲ့တာပါ။ ျမင္းၿခံမွာ ဖမ္းဆီးခံရသူေတြဟာ ရပ္႐ြာအေရးလုပ္ၾကသူေတြမ်ားတယ္လို႔ ျမင္းၿခံလူထု လႈပ္ရွားမႈေကာ္မတီက ေျပာပါတယ္။

“မေန႔ညမွာ ၁၀ နာရီထိုးၿပီးေလာက္မွာ စၿပီးဖမ္းတာေပါ့။ အမွတ္ ၄ ရပ္ကြက္မွာဆို ၆ ေယာက္ အဖမ္းခံရတယ္။ အမွတ္ ၁၈ ရပ္ကြက္မွာ ၄ ေယာက္ အဖမ္းခံရတယ္။ ကြ်န္ေတာ္တို႔ အမွတ္ ၆ ရက္ကြက္မွာေတာ့ အနည္းဆံုး ၃ ေယာက္ အဖမ္းခံရတယ္။ အဖမ္းခံရတဲ့သူေတြ အားလံုးကေတာ့ ႏိုင္ငံေရး ေတာ္လွန္ေရးမွာထက္စာလို႔ရွိရင္ ရပ္ေရးရြာေရးမွာပဲ တက္တက္ၾကြၾကြ ပိုလုပ္တဲ့သူေတြပဲဗ် ဒီတခါဖမ္းတာကေတာ့ ျပည္သူကို ပစ္မွတ္ျပဳ ဖမ္းတဲ့ ပံုစံမ်ိဳးေတာင္ထင္တယ္။ အက်ဥ္းသားေတြကို လႊတ္ေပးတယ္။ ညႀကီးမွာ တၿမိဳ႕လံုးနီးပါး ဖမ္းတယ္ဆိုေတာ့ သူတို႔ရဲ႕ ရိုးသားတဲ့ စိတ္ေတာ့ မဟုတ္ဘူးခင္ဗ်။”

ဗုဒၶဟူးေန႔ ညဖက္က စစ္တပ္ကလာေရာက္ဖမ္းဆီးခဲ့တာကို မ်က္ျမင္ေတြ႕ရွိသူ တဦးကလည္း အခုလိုေျပာပါတယ္။

“သူတို႔ကားက ၃ ၊၄ စီးေလာက္ေတာ့ရွိတယ္။ ကြ်န္ေတာ္တို႔ကလည္း အျပင္ကိုထြက္ပီးမၾကည့္ရဲေတာ့ ဒီတိုင္းပဲ အိမ္ထဲကေနၾကည့္ရတယ္။ သူတို႔က အျပင္ကေနၿပီး အိမ္ထဲကလူေတြကို ေခၚတယ္။ ေခၚၿပီး အသာေလး ဖမ္းေခၚသြားတယ္။ အေၾကာင္းအေနနဲ႔ကေတာ့ ကြ်န္ေတာ္တို႔လည္း ျပန္စဥ္းစားၾကည့္တယ္။ သူဟာ တကယ္ေတာ့ ရပ္ကြက္ထဲမွာ ပရဟိတ လုပ္တဲ့ပံုစံမ်ိဳးပဲရွိတယ္။ က်န္တဲ့ ႏိုင္ငံေရးနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာ ပံုစံမ်ိဳးေတာ့ မျမင္မိဘူး။”

ျမင္းၿခံေဒသခံ ၁၃ ေယာက္ထက္မနည္း ဘာေၾကာင့္ အဖမ္းခံရသလဲဆိုတာ ေလာေလာဆယ္ အတိအက် မသိရေသးပါဘူး။ ျမင္းၿခံနဲ႔ ၇ မုိင္ေလာက္ေဝးတဲ့ တလုပ္ၿမိဳ႕ ေက်း႐ြာမွာေတာ့ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြ ေမလထဲမွာ အျပန္အလွန္တိုက္ခိုက္မႈေတြ ျဖစ္ခဲ့ဖူးပါတယ္။

ျမင္းၿခံၿမိဳ႕အထြက္ က လယ္သစ္ေက်းရြာမွာလည္း ေနအိမ္ တခ်ိဳ႕ကို စစ္ေကာင္စီတပ္ေတြက ၀င္ေရာက္ ႐ွာေဖြၿပီး အိမ္ထဲက ပစၥည္းေတြကို ဖ်က္စီးသြားတယ္လို႔ ကာယံကံရွင္က အခုလိုေျပာပါတယ္။

“မေန႔ညက ၁၀ နာရီေလာက္ခင္ဗ်။ အိမ္ေျခ ၁ ေထာင္ေက်ာ္ေလာက္ရွိတယ္။ အကုန္မီးျဖတ္ၿပီးေတာ့ ၀င္ၿပီးေတာ့ ကြ်န္ေတာ့္အိမ္ကို ၈ နာရီေလာက္ မီးသတ္ၿပီးေတာ့ ၁၀ နာရီ ကြ်န္ေတာ့္အိမ္၀င္ၿပီးေတာ့ လိုခ်င္တဲ့ ပစၥည္းေတြ အကုန္ယူတာပဲ။ အိမ္တြင္းပစၥည္းေတြ အကုန္ဖ်က္ဆီးသြားတယ္ေလ။ ေရခဲေသတၱာေတြတို႔ TV ေတြတို႔ အဲယားကြန္းေတြအကုန္ ဘာမွမက်န္ေတာ့ဘူး။ မွန္ဘီဒိုေတြ ေကာင္တာေတြ ေစ်းဆိုင္ေကာင္တာေတြ အကုန္ဖ်က္ဆီးၿပီး လိုခ်င္တဲ့ပစၥည္းေတြ အကုန္ယူသြားတယ္။”

စစ္တပ္က ဝင္ေရာက္႐ွာေဖြခဲ့တဲ့ အိမ္တခုရဲ႕ အိမ္႐ွင္ေတြဟာ NLD ပါတီဝင္ေတြျဖစ္ၾကပါတယ္။ အုပ္ခ်ဳပ္ေရးမွဴးေဟာင္းရဲ႕ ေနအိမ္ကိုလည္း ဝင္ေရာက္႐ွာေဖြ ဖ်က္စီးလုပ္ခဲ့တယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

...................................................................................

ျမင္းျခံမွာ ၁၃ ေယာက္ထက္မနည္း ဖမ္းခံရ
please wait

No media source currently available

0:00 0:03:25 0:00
တိုက္႐ိုက္ လင့္ခ္


မြင်းခြံမှာ ၁၃ ယောက်ထက်မနည်း ဖမ်းခံရ

(Unicode)

စစ်ကောင်စီက ဖမ်းဆီးထားသူ ရာနဲ့ချီကို ဗုဒ္ဓဟူးနေ့က ပြန်လွှတ်ပေးခဲ့သလို ဖမ်းဆီးမှုတွေကိုလည်း ဆက်လုပ်နေပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့မှာ ဗုဒ္ဓဟူးနေ့ညမှာပဲ ၁၃ ဦးထက်မနည်း ဖမ်းဆီးခံရပါတယ်။ ရပ်ရွာအရေး တက်တက်ကြွကြွလုပ်သူတွေ ဖမ်းဆီးခံရတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က ပြောပြပေးပါမယ်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲက ဒေသခံ ၁၃ ယောက်ထက်မနည်း ဇွန် ၃၀ ရက်ညပိုင်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူ ရာနဲ့ချီကို အကျဉ်းထောင်တချို့ကနေ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တဲ့ နေ့မှာပဲ ခုလို ထပ်မံဖမ်းဆီးခံရသူတွေ ရှိခဲ့တာပါ။ မြင်းခြံမှာ ဖမ်းဆီးခံရသူတွေဟာ ရပ်ရွာအရေးလုပ်ကြသူတွေများတယ်လို့ မြင်းခြံလူထု လှုပ်ရှားမှုကော်မတီက ပြောပါတယ်။

“မနေ့ညမှာ ၁၀ နာရီထိုးပြီးလောက်မှာ စပြီးဖမ်းတာပေါ့။ အမှတ် ၄ ရပ်ကွက်မှာဆို ၆ ယောက် အဖမ်းခံရတယ်။ အမှတ် ၁၈ ရပ်ကွက်မှာ ၄ ယောက် အဖမ်းခံရတယ်။ ကျွန်တော်တို့ အမှတ် ၆ ရက်ကွက်မှာတော့ အနည်းဆုံး ၃ ယောက် အဖမ်းခံရတယ်။ အဖမ်းခံရတဲ့သူတွေ အားလုံးကတော့ နိုင်ငံရေး တော်လှန်ရေးမှာထက်စာလို့ရှိရင် ရပ်ရေးရွာရေးမှာပဲ တက်တက်ကြွကြွ ပိုလုပ်တဲ့သူတွေပဲဗျ ဒီတခါဖမ်းတာကတော့ ပြည်သူကို ပစ်မှတ်ပြု ဖမ်းတဲ့ ပုံစံမျိုးတောင်ထင်တယ်။ အကျဉ်းသားတွေကို လွှတ်ပေးတယ်။ ညကြီးမှာ တမြို့လုံးနီးပါး ဖမ်းတယ်ဆိုတော့ သူတို့ရဲ့ ရိုးသားတဲ့ စိတ်တော့ မဟုတ်ဘူးခင်ဗျ။”

ဗုဒ္ဓဟူးနေ့ ညဖက်က စစ်တပ်ကလာရောက်ဖမ်းဆီးခဲ့တာကို မျက်မြင်တွေ့ရှိသူ တဦးကလည်း အခုလိုပြောပါတယ်။

“သူတို့ကားက ၃ ၊၄ စီးလောက်တော့ရှိတယ်။ ကျွန်တော်တို့ကလည်း အပြင်ကိုထွက်ပီးမကြည့်ရဲတော့ ဒီတိုင်းပဲ အိမ်ထဲကနေကြည့်ရတယ်။ သူတို့က အပြင်ကနေပြီး အိမ်ထဲကလူတွေကို ခေါ်တယ်။ ခေါ်ပြီး အသာလေး ဖမ်းခေါ်သွားတယ်။ အကြောင်းအနေနဲ့ကတော့ ကျွန်တော်တို့လည်း ပြန်စဉ်းစားကြည့်တယ်။ သူဟာ တကယ်တော့ ရပ်ကွက်ထဲမှာ ပရဟိတ လုပ်တဲ့ပုံစံမျိုးပဲရှိတယ်။ ကျန်တဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ပုံစံမျိုးတော့ မမြင်မိဘူး။”

မြင်းခြံဒေသခံ ၁၃ ယောက်ထက်မနည်း ဘာကြောင့် အဖမ်းခံရသလဲဆိုတာ လောလောဆယ် အတိအကျ မသိရသေးပါဘူး။ မြင်းခြံနဲ့ ၇ မိုင်လောက်ဝေးတဲ့ တလုပ်မြို့ ကျေးရွာမှာတော့ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ မေလထဲမှာ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ဖူးပါတယ်။

မြင်းခြံမြို့အထွက် က လယ်သစ်ကျေးရွာမှာလည်း နေအိမ် တချို့ကို စစ်ကောင်စီတပ်တွေက ဝင်ရောက် ရှာဖွေပြီး အိမ်ထဲက ပစ္စည်းတွေကို ဖျက်စီးသွားတယ်လို့ ကာယံကံရှင်က အခုလိုပြောပါတယ်။

“မနေ့ညက ၁၀ နာရီလောက်ခင်ဗျ။ အိမ်ခြေ ၁ ထောင်ကျော်လောက်ရှိတယ်။ အကုန်မီးဖြတ်ပြီးတော့ ဝင်ပြီးတော့ ကျွန်တော့်အိမ်ကို ၈ နာရီလောက် မီးသတ်ပြီးတော့ ၁၀ နာရီ ကျွန်တော့်အိမ်ဝင်ပြီးတော့ လိုချင်တဲ့ ပစ္စည်းတွေ အကုန်ယူတာပဲ။ အိမ်တွင်းပစ္စည်းတွေ အကုန်ဖျက်ဆီးသွားတယ်လေ။ ရေခဲသေတ္တာတွေတို့ TV တွေတို့ အဲယားကွန်းတွေအကုန် ဘာမှမကျန်တော့ဘူး။ မှန်ဘီဒိုတွေ ကောင်တာတွေ ဈေးဆိုင်ကောင်တာတွေ အကုန်ဖျက်ဆီးပြီး လိုချင်တဲ့ပစ္စည်းတွေ အကုန်ယူသွားတယ်။”

စစ်တပ်က ဝင်ရောက်ရှာဖွေခဲ့တဲ့ အိမ်တခုရဲ့ အိမ်ရှင်တွေဟာ NLD ပါတီဝင်တွေဖြစ်ကြပါတယ်။ အုပ်ချုပ်ရေးမှူးဟောင်းရဲ့ နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေ ဖျက်စီးလုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG