သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သတင္းမီဒီယာအပါအ၀င္ ျမန္မာ့ဒီမိုကရက္တစ္အင္စတီက်ဴးရွင္းေတြကို ပစ္မွတ္ထားၿဖိဳခဲြ - ေနသန္ေမာင္


သံုးလ ေက်ာ္ ဖမ္းဆီးထိမ္းသိန္းခံခဲ့ရျပီး ျပန္လည္လြတ္ေျမာက္လာတဲ့ ကမာရြတ္မီဒီယာ အယ္ဒီတာခ်ဳပ္ ကိုေနသန္ေမာင္ (ဓာတ္ပံု - Reuters)

(Zawgyi/Unicode)

ေႏြဦးေတာ္လွန္ေရးလႈပ္ရွားမႈေတြ အားေကာင္းလာတဲ႕အခ်ိန္မွာ အာဏာသိမ္းစစ္ေကာင္စီဟာ ႏိုင္ငံေရးလႈပ္ရွားသူေတြအရပ္ဖက္အဖဲြ႕ေတြနဲ႔အတူ သတင္းမီဒီယာေတြကိုပါ ပစ္မွတ္ထားႏွိမ္နင္းလာခဲ့တယ္လို႔
အာဏာသိမ္းၿပီးတဲ့ေနာက္ သံုးလနီးပါးၾကာ ဖမ္းဆီးထိမ္းသိမ္းခံခဲ့ရတဲ့ ကမာရြက္မီဒီယာအမႈေဆာင္ထုတ္လုပ္ေရးမႈးကိုေနသန္ေမာင္က VOA ကို ေျပာပါတယ္။ မအင္ၾကင္ႏိုင္က ဆက္သြယ္ေမးျမန္းထားတာပါ။

မအင္ၾကင္းနိုင္။ ။စစ္အာဏာသိမ္းျပီးေနာက္မွာ သတင္းမီဒီယာေတြကို အျပင္းအထန္ ဖိနွိပ္မႈကို ကိုယ္တိုင္ၾကံဳေတြ ့ခဲ့ရသူတဦးေပါ့။ အာဏာသိမ္း စစ္ေကာင္စီက ဘာ့ေၾကာင့္ ျပင္းျပင္းထန္ထန္ ဦးတည္ခ်က္ထားျပီး ဖိနွိပ္ေနလဲလို ့ျမင္ပါသလဲရွင့္။

ကိုေနသန္ေမာင္။ ။ က်ေနာ္တို ့ဒီ ေဖေဖာ္၀ါရီ (၁) ရက္ေန ့အာဏသိမ္းျပီးတဲ့ေနာက္မွာ က်ေနာ္တို ့ျမန္မာနိုင္ငံမွာရွိတဲ့ သတင္းမီဒီယာအမ်ားစုေပါ့ေနာ္။ ပံုနွိပ္ပဲျဖစ္ျဖစ္၊ ဗြီဒီယိုနဲ ့ပဲ ျဖစ္ျဖစ္၊ ဓာတ္ပံု သတင္းေထာက္ပဲျဖစ္ျဖစ္ေပါ့။ သူတို ့ရဲ့ လွုပ္ရွားမႈဟာ လူထုလႈပ္ရွားမႈနဲ ့အတူ အေရးပါတဲ့ အခန္းက႑ကို ေရာက္လာတယ္။ ေနာက္တခုက လူထုကို အခ်ိန္နဲ ့တေျပးညီတင္ဆက္တဲ့အခါမွာလည္း မီဒီယာရဲ့ အခန္းက႑က ပိုအေရးပါလာတယ္။ ေနာက္ဆံုး သန္းခ်ီစုေ၀း အေမစုလြတ္ေျမာက္ေရး၊ အဲလိုလႈပ္ရွားမႈေတြဟာ တနုိင္ငံလံုး သန္းနဲ ့ခ်ီျပီးျဖစ္လာေတာ့ က်ေနာ္တို ့ ၈၈ ကို ၾကံဳခဲ့ဖူးတဲ့ အေနအထားထက္ကို ပိုျပီး impact က ျဖစ္တာေပါ့။ ဒီ ေႏြဦးေတာ္လွန္ေရးၾကီးက။ အဲလိုျဖစ္လာတဲ့အခါမွာ စစ္တပ္ဖက္က သူတို ့မီဒီယာကို ေလ်ွာ့တြက္မိတာ မွားသြားတယ္လို ့သူတို ့ယူဆပံုရပါတယ္။ အဲဒီေတာ့ သူတို ့အာဏာသိမ္းျပီး သံုးပတ္ေလာက္မွာ မီဒီယာကို စျပီး ျဖိဳခြဲဖို ့အတြက္ အခ်ိန္ယူျပီး ျပင္ဆင္လာတယ္။ ေနာက္ဆံုး မီဒီယာေတြက Give up မလုပ္ပဲ Group လိုက္ Group လိုက္ အားေကာင္းလာေတာ့ သူတုိ ့ေနာက္ဆံုး Warning ေပးရတဲ့အဆင့္ေရာက္လာတယ္ေပါ့ေလ။ က်ေနာ္တို ့မီဒီယာကေတာ့ သူတို ့က အစကတည္းက ရန္သူလို ့သပ္မွတ္ထားလားေတာ့ မသိဘူး။ ေၾကညာျပီးေတာ့ ဆက္မလုပ္ပါနဲ ့လို ့ ေျပာေတာင္မေျပာေတာ့ဘူး။ တခါထဲ လ်ပ္တျပက္ အငိုက္၀င္စီးျပီးေတာ့ ပစၥည္းေတြ အကုန္ဖ်က္ဆီး၊ အကုန္သိမ္းသြားတာ။ ဆိုလိုတာက သူတို ့ရဲ့ Motive ေပါ့၊ သူတို ့ရဲ့ ဦးတည္ခ်က္လွုပ္ရွားမႈကို ၾကည့္ရတာ က်ေနာ္တို ့မီဒီယာကို အျပီးျဖိဳ ဖို ့သူတို ့ျပင္ဆင္ခဲ့တယ္။ တကယ္လည္း ျဖိဳခဲ့တယ္ေပါ့ေနာ္။ ေနာက္ တျခားအလားတူ မီဒီယာ sector ေတြကို သူျဖိဳတယ္။ ျမန္မာျပည္ရဲ့ ဒီမိုကရက္တစ္ အင္စတီက်ဴးရွင္းမွန္သမွ်ကို သူျဖိဳတယ္။ ေနာက္ အရပ္ဘက္အဖြဲ ့အစည္းေတြ၊ ေနာက္ ပရဟိတအသင္းေတြ၊ လူငယ္ေတြသက္သက္ေတာင္မဟုတ္ဘူး။ သူ ့အတြက္ဟာ လူၾကီးလူငယ္လို ့ေတာင္မရွိေတာ့ဘူး။ ေနာက္တခုက က်ေနာ္တို ့မီဒီယာက နံပါတ္တစ္ေနရာကိုေရာက္လာတာမဟုတ္ဘူး။ သိသာထင္ရွားလာလို ့သာ ျဖိဳခြဲတာ။ အမွန္ကေတာ့ သူ ့ရည္ရြယ္ခ်က္က ရွင္းတယ္။ တနိုင္ငံလုံးကို သူတို ့ျဖိဳခြဲမွာ။

မအင္ၾကင္းနိုင္။ ။ ကိုေနသန္ေမာင္ကိုယ္တိုင္လည္း အင္းစိန္ေထာင္ထဲမွာ သံုးလေလာက္ေနခဲ့ရတယ္ေပါ့ေနာ္။ ေထာင္ထဲမွာ မတရားဖမ္းဆီးထားတဲ့သူေတြ၊ အထူးသျဖင့္ အနုပညာရွင္အသိုင္းအ၀ိုင္း၊ နိုင္ငံေရး အသိုင္းအ၀ိုင္းကလူေတြေပါ့။ အဲဒီလူေတြနဲ ့ေထာင္ထဲမွာ ေတြ ့ခဲ့ရတဲ့ အေျခအေနနဲ ့ေထာင္ထဲမွာဆက္ျပီး ရပ္တည္ေနတဲ့ အေနအထားေရာ ဘယ္လိုရွိလဲရွင့္။

ကိုေနသန္ေမာင္။ ။ က်ေနာ္ အင္းစိန္ေထာင္ကို ေရာက္တဲ့အခါမွာ နိုင္ငံေရးသမားေတြ၊ လႈပ္ရွားတက္ၾကြသူေတြ၊ ေနာက္ ေက်ာင္းသားေတြ၊ ေနာက္ ဂ်န္ဇီလို ့ေျပာတဲ့ မ်ိဴးဆက္သစ္လူငယ္ေတာ္လွန္ေရးသမားေတြ၊ ေနာက္ စာေရးဆရာေတြ၊ အနုပညာရွင္ ေတာ္ေတာ္မ်ားမ်ားနဲ ့ က်ေနာ္ေတြ ့ရပါတယ္။ က်ေနာ္တို ့အားလံုးက ဘာကိုပဲ ေမ်ွာ္လင့္လဲဆိုေတာ့ ဒီေတာ္လွန္ေရးၾကီးမွာ က်ေနာ္တို ့နိုင္ကိုနိုင္မွာဆိုတာ က်ေနာ္တို ့ယံုတယ္။ ဒါေပမယ့္ က်ေနာ္တို ့က ဘာကိုေမွ်ာ္လင့္လဲဆိုေတာ့ က်ေနာ္တို ့က ျမန္ျမန္ျပီးခ်င္တယ္။ ၾကာရင္ ျပည္သူေတြ၊ တိုင္းျပည္ ပိုနာမွာကို စိုးရိမ္တယ္။ ေထာင္ထဲမွာ အက်ဥ္းက်ခံရင္းနဲ ့သူတို ့ရဲ့စိတ္ဓာတ္ေတြကို အျမင့္ဆံုးထားတယ္။ က်န္းမာေအာင္ေနတယ္။ တခ်ိန္ခ်ိန္မွာ လြတ္လပ္တဲ့ ျမန္မာနိုင္ငံအသစ္၊ နာမည္အသစ္နဲ ့နိုင္ငံလည္း ျဖစ္ခ်င္ျဖစ္မယ္။ အဲဒီအတြက္ က်ေနာ္တို ့အားေတြ ေမြးထားၾကတယ္။ တေယာက္ကို တေယာက္အားေပးၾကတယ္။ က်န္းမာေရး ဂရုစိုက္ဖို ့၊ စိတ္ေတြ မယိုင္လဲသြားဖို ့၊ ေတာင့္ထားဖို ့။

မအင္ၾကင္းနိုင္။ ။ ျပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ HRW လူ ့အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ ့ၾကီးကေနျပီးေတာ့ ျမန္မာနိုင္ငံမွာ ဖိနွိပ္ညွင္းပမ္းမႈေတြနဲ ့ပက္သက္တဲ့ သတင္းထုတ္ျပန္ခ်က္ သူတို ့ထုတ္တဲ့ေနရာမွာ ဆယ္ေက်ာ္သက္အရြယ္ေကာင္ေလးတေယာက္ကို ေျမၾကီးထဲမွာ လည္ပင္းျမဳပ္တဲ့အထိ လူေသအေလာင္းလိုပဲ ျမွပ္ျပီးေတာ့ နွိပ္စက္ခဲ့တဲ့အေၾကာင္းေပါ့ေနာ္၊ ေနာက္ျပီး ေတာ္ေတာ္ေလး ျပင္းျပင္းထန္ထန္ကို ရိုက္နွက္တဲ့အေၾကာင္းေတြေပါ့ေလ။ ေနာက္ျပီး သူလည္းအလားတူ ဖမ္းဆီးညွင္းပမ္းခံရတဲ့ အေၾကာင္းေတြေပါ့ေလ။ ညွင္းပမ္းႏွိပ္စက္ခံရတယ္ေပါ့ေလ။ အထူးသျဖင့္ စစ္ေၾကာေရးကာလမွာ အင္းစိန္ေထာင္မပို ့ခင္ေပါ့ေလ။ ဆိုေတာ့ ကိုေနသန္ေမာင္ကိုယ္တိုင္လည္း အဖမ္းအဆီးခံခဲ့ရတယ္ဆိုေတာ့ ဒီလိုမ်ိဴး HRW လိုမ်ိဴးထုတ္ျပန္တဲ့ လူ ့အခြင့္အေရးခ်ဴိးေဖာက္မႈ မွတ္တမ္းေတြရဲ့ ထိေရာက္မႈေပါ့။ ကိုေနသန္ေမာင္ရဲ့ အေတြ ့အၾကံဳကို အေျခခံျပီးေတာ့ ဘယ္လိုျမင္လည္းရွင့္။

ကိုေနသန္ေမာင္။ ။ အဲဒါေတြ ေျပာတာေတြအားလံုးဟာ အမွန္ပဲ။ ဒီထက္ပိုဆိုးတဲ့ အေျခအေနအားလံုးကို က်ေနာ္တို ့ဟာ ၾကံဳခဲ့ရတယ္။ က်ေနာ္ေတြ ့ခဲ့ရတဲ့ လူငယ္ေတြဆိုဘာေျပာလဲဆိုေတာ့ သူတို ့ကို စစ္ေၾကာေရးပို ့တယ္။ နွစ္ညေလာက္ထားတယ္။ ေနာက္ေန ့ေထာင္ကို ပို ့တယ္။ အဲဒီ ၂ ညမွာ လူခြဲလိုက္တယ္။ ဒဏ္ရာရသူနဲ ့မရသူ။ မရတဲ့ သူေတြကို ၀ိုင္းရိုက္တယ္။ ဒဏ္ရာရေအာင္လုပ္တယ္။ အဲဒီကေလးေလးေတြဟာ ၁၆၊ ၁၇၊ ၁၈ နွစ္ပဲရွိမယ္။ သူတို ့ဟာ က်ေနာ့္ မ်က္ျမင္မွာ နွိပ္စက္ခံရတယ္။ က်ေနာ္ကိုယ္တိုင္လည္း စစ္ေၾကာေရးမွာ ေလးငါးရက္ေလာက္ အစာမစားရ၊ ေရမေသာက္ရနဲ ့က်ေနာ့္ကို လက္သီးနဲ ့မ်ိဴးစံုထိုး၊ ၀ိုင္းရိုက္၊ က်ေနာ့္ကို နွိပ္စက္တာ။ က်ေနာ့္ထက္ ပိုဆိုးတဲ့ သူေတြခ်ည္းပဲ။ စစ္ေၾကာေရးမွာေရာ၊ အက်ဥ္းေထာင္မွာေရာ။ နည္းမ်ိဴးစံုနဲ ့ဗ်ာ။ က်ေနာ္ ဒဏ္ရာေတြ ေသြးေတြနဲ ့။ တခ်ိဳ ့ဆို ေသြးေတြေတာင္ မတိတ္ေသးဘူး။ ဒီနွဖူးမွာ ေသနက္ဒဏ္ရာ၊ ရာဘာက်ည္ေတြနဲ ့။ ဒီဘက္မွာ ေက်ာတခ်ိဳ ့မွာ ဒဏ္ရာေတြနဲ ့။ တခ်ိဳ ့ဆို လက္ၾကီးေတြ ဟက္တက္ကြဲေနတာ။ ဘာျဖစ္လို ့လဲဆိုေတာ့ က်ေနာ္တို ့ကို ဖမ္းလာတုန္းက ဒဏ္ရာမပါဘူးတဲ့။ က်ေနာ္တို ့ရဲ့ ပစၥည္းေတြ အကုန္လံုးကို ခိုးသြားတယ္။ ပိုက္ဆံေတြ သိမ္းသြားတယ္။ ျပီးရင္ က်ေနာ္တို ့ကို ဒဏ္ရာမရေသးလို ့ထပ္ရိုက္တာတဲ့။ က်ေနာ္နားလည္တာက သူတို ့ဟာ လူေတြကိုလည္း နွိပ္စက္တယ္။ လူေတြဆီက ပစၥည္းေတြကိုလည္း ခိုးတယ္။ ဓားျပလို ့ေျပာရမွာေတာင္ စကားလံုးက မျပည့္စံုဘူး။ သူတို ့က လူေတြဆီက ဆိုင္ကယ္ရရင္ ဆိုင္ကယ္ယူမယ္။ ေရႊဆြဲၾကိဳးရရင္ ေရႊဆြဲၾကိဳးယူမယ္။ ျပီးရင္ ရိုက္နွက္လိုက္တယ္။ ေသသြားလည္း သူတို ့ကိစၥမရွိဘူး။ က်ေနာ္ ၊ က်ေနာ္ ေျပာမျပတတ္ဘူး။ သူတို ့ရဲ့ ရက္စက္ပံုကို။

မအင္ၾကင္းနိုင္။ ။ ဒီျမန္မာနိုင္ငံမွာေပါ့ေနာ္။ ေနာက္ထပ္ အေမရိကန္နိုင္ငံသားတဦးျဖစ္တဲ့ သတင္းေထာက္ Frontier Myanmar က Danny Fenster ကိုလည္း အခု စစ္ေကာင္စီက ဖမ္းထားလိုက္တယ္ေပါ့ေနာ္။ ဒီ ရန္ကုန္ေလဆိပ္က အထြက္မွာ။ ဖမ္းထားျပီးေတာ့ အခုဆို စြပ္စြဲခ်က္ေတြနဲ ့ေပါ့ေနာ္၊ တရားရံုးတင္စစ္ေဆးေနျပီဆိုေတာ့။ သူ ့မတိုင္ခင္တုန္းကလည္း ဂ်ပန္သတင္းေထာက္ကို ဖမ္းဆီးေထာင္ခ်ျပီးေတာ့ အမႈစြဲခဲ့တယ္ေပါ့ေနာ္။ အဲလိုမ်ိဴး စစ္ေကာင္စီက နိုင္ငံျခားသတင္းေထာက္ေတြကိုပါ ပစ္မွတ္ထားျပီးေတာ့ ဖမ္းဆီး ေထာင္ခ်ေနတဲ့ကိစၥေပါ့ေနာ္။ ကိုေနသန္ေမာင္ ဘယ္လိုျမင္လဲရွင့္။

ကိုေနသန္ေမာင္။ ။ ဂ်ပန္သတင္းေထာက္ က်ေနာ္တို ့ဖမ္းထားတဲ့ေထာင္ကိုေရာက္လာတယ္။ ေနာက္ Danny ေရာက္လာတယ္ဆိုတာလည္း က်ေနာ္တို ့ၾကားတယ္။ က်ေနာ္မလြတ္ေျမာက္ခင္ ၂ ပတ္ေက်ာ္ေက်ာ္ေလာက္မွာ Frontier Myanmar က အေမရိကန္ Journalist တေယာက္ ေလယာဥ္ေပၚမွာ အဖမ္းခံရတယ္လို ့ၾကားတယ္။ သူနဲ ့ေတာ့ က်ေနာ္ေထာင္ထဲမွာေတာ့ မေတြ ့ခဲ့ရဘူးေပါ့ေနာ္။ ဂ်ပန္သတင္းေထာက္ေရာ က်ေနာ္အပါအ၀င္ လြတ္ေျမာက္သြားသလို သူေရာ အျခားနိုင္ငံျခားသားသတင္းေထာက္ပဲျဖစ္ျဖစ္၊ ျမန္မာသတင္းေထာက္ပဲျဖစ္ျဖစ္ အားလံုးကို က်ေနာ္တို ့ အျမန္ပဲ လြတ္ေျမာက္ေစခ်င္ပါတယ္။

ကိုေနသန္ေမာင္နဲ႔ VOA ဆက္သြယ္ေမးျမန္းထားတဲ့ အျပည့္အစံုကိုေတာ့ အဂၤါေန႔ည ေဆြးေႏြးခန္း အစီအစဥ္မွာ ထုတ္လႊင့္ဖို႔ရွိပါတယ္။

............................................................................

တိုက္႐ိုက္ လင့္ခ္


သတင်းမီဒီယာအပါ မြန်မာ့ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေကို ပစ်မှတ်ထားဖြိုခွဲ - နေသန်မောင်

(Unicode)

နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေ အားကောင်းလာတဲ့အချိန်မှာ အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံရေးလှုပ်ရှားသူတွေအရပ်ဖက်အဖွဲ့တွေနဲ့အတူ သတင်းမီဒီယာတွေကိုပါ ပစ်မှတ်ထားနှိမ်နင်းလာခဲ့တယ်လို့
အာဏာသိမ်းပြီးတဲ့နောက် သုံးလနီးပါးကြာ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရတဲ့ ကမာရွက်မီဒီယာအမှုဆောင်ထုတ်လုပ်ရေးမှုးကိုနေသန်မောင်က VOA ကို ပြောပါတယ်။ မအင်ကြင်နိုင်က ဆက်သွယ်မေးမြန်းထားတာပါ။

မအင်ကြင်းနိုင်။ ။စစ်အာဏာသိမ်းပြီးနောက်မှာ သတင်းမီဒီယာတွေကို အပြင်းအထန် ဖိနှိပ်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးပေါ့။ အာဏာသိမ်း စစ်ကောင်စီက ဘာ့ကြောင့် ပြင်းပြင်းထန်ထန် ဦးတည်ချက်ထားပြီး ဖိနှိပ်နေလဲလို့မြင်ပါသလဲရှင့်။

ကိုနေသန်မောင်။ ။ ကျနော်တို့ဒီ ဖေဖော်ဝါရီ (၁) ရက်နေ့အာဏသိမ်းပြီးတဲ့နောက်မှာ ကျနော်တို့မြန်မာနိုင်ငံမှာရှိတဲ့ သတင်းမီဒီယာအများစုပေါ့နော်။ ပုံနှိပ်ပဲဖြစ်ဖြစ်၊ ဗွီဒီယိုနဲ့ပဲ ဖြစ်ဖြစ်၊ ဓာတ်ပုံ သတင်းထောက်ပဲဖြစ်ဖြစ်ပေါ့။ သူတို့ရဲ့ လှုပ်ရှားမှုဟာ လူထုလှုပ်ရှားမှုနဲ့အတူ အရေးပါတဲ့ အခန်းကဏ္ဍကို ရောက်လာတယ်။ နောက်တခုက လူထုကို အချိန်နဲ့တပြေးညီတင်ဆက်တဲ့အခါမှာလည်း မီဒီယာရဲ့ အခန်းကဏ္ဍက ပိုအရေးပါလာတယ်။ နောက်ဆုံး သန်းချီစုဝေး အမေစုလွတ်မြောက်ရေး၊ အဲလိုလှုပ်ရှားမှုတွေဟာ တနိုင်ငံလုံး သန်းနဲ့ချီပြီးဖြစ်လာတော့ ကျနော်တို့ ၈၈ ကို ကြုံခဲ့ဖူးတဲ့ အနေအထားထက်ကို ပိုပြီး impact က ဖြစ်တာပေါ့။ ဒီ နွေဦးတော်လှန်ရေးကြီးက။ အဲလိုဖြစ်လာတဲ့အခါမှာ စစ်တပ်ဖက်က သူတို့မီဒီယာကို လျှော့တွက်မိတာ မှားသွားတယ်လို့သူတို့ယူဆပုံရပါတယ်။ အဲဒီတော့ သူတို့အာဏာသိမ်းပြီး သုံးပတ်လောက်မှာ မီဒီယာကို စပြီး ဖြိုခွဲဖို့အတွက် အချိန်ယူပြီး ပြင်ဆင်လာတယ်။ နောက်ဆုံး မီဒီယာတွေက Give up မလုပ်ပဲ Group လိုက် Group လိုက် အားကောင်းလာတော့ သူတို့နောက်ဆုံး Warning ပေးရတဲ့အဆင့်ရောက်လာတယ်ပေါ့လေ။ ကျနော်တို့မီဒီယာကတော့ သူတို့က အစကတည်းက ရန်သူလို့သပ်မှတ်ထားလားတော့ မသိဘူး။ ကြေညာပြီးတော့ ဆက်မလုပ်ပါနဲ့လို့ ပြောတောင်မပြောတော့ဘူး။ တခါထဲ လျပ်တပြက် အငိုက်ဝင်စီးပြီးတော့ ပစ္စည်းတွေ အကုန်ဖျက်ဆီး၊ အကုန်သိမ်းသွားတာ။ ဆိုလိုတာက သူတို့ရဲ့ Motive ပေါ့၊ သူတို့ရဲ့ ဦးတည်ချက်လှုပ်ရှားမှုကို ကြည့်ရတာ ကျနော်တို့မီဒီယာကို အပြီးဖြို ဖို့သူတို့ပြင်ဆင်ခဲ့တယ်။ တကယ်လည်း ဖြိုခဲ့တယ်ပေါ့နော်။ နောက် တခြားအလားတူ မီဒီယာ sector တွေကို သူဖြိုတယ်။ မြန်မာပြည်ရဲ့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းမှန်သမျှကို သူဖြိုတယ်။ နောက် အရပ်ဘက်အဖွဲ့အစည်းတွေ၊ နောက် ပရဟိတအသင်းတွေ၊ လူငယ်တွေသက်သက်တောင်မဟုတ်ဘူး။ သူ့အတွက်ဟာ လူကြီးလူငယ်လို့တောင်မရှိတော့ဘူး။ နောက်တခုက ကျနော်တို့မီဒီယာက နံပါတ်တစ်နေရာကိုရောက်လာတာမဟုတ်ဘူး။ သိသာထင်ရှားလာလို့သာ ဖြိုခွဲတာ။ အမှန်ကတော့ သူ့ရည်ရွယ်ချက်က ရှင်းတယ်။ တနိုင်ငံလုံးကို သူတို့ဖြိုခွဲမှာ။

မအင်ကြင်းနိုင်။ ။ ကိုနေသန်မောင်ကိုယ်တိုင်လည်း အင်းစိန်ထောင်ထဲမှာ သုံးလလောက်နေခဲ့ရတယ်ပေါ့နော်။ ထောင်ထဲမှာ မတရားဖမ်းဆီးထားတဲ့သူတွေ၊ အထူးသဖြင့် အနုပညာရှင်အသိုင်းအဝိုင်း၊ နိုင်ငံရေး အသိုင်းအဝိုင်းကလူတွေပေါ့။ အဲဒီလူတွေနဲ့ထောင်ထဲမှာ တွေ့ခဲ့ရတဲ့ အခြေအနေနဲ့ထောင်ထဲမှာဆက်ပြီး ရပ်တည်နေတဲ့ အနေအထားရော ဘယ်လိုရှိလဲရှင့်။

ကိုနေသန်မောင်။ ။ ကျနော် အင်းစိန်ထောင်ကို ရောက်တဲ့အခါမှာ နိုင်ငံရေးသမားတွေ၊ လှုပ်ရှားတက်ကြွသူတွေ၊ နောက် ကျောင်းသားတွေ၊ နောက် ဂျန်ဇီလို့ပြောတဲ့ မျိူးဆက်သစ်လူငယ်တော်လှန်ရေးသမားတွေ၊ နောက် စာရေးဆရာတွေ၊ အနုပညာရှင် တော်တော်များများနဲ့ ကျနော်တွေ့ရပါတယ်။ ကျနော်တို့အားလုံးက ဘာကိုပဲ မျှော်လင့်လဲဆိုတော့ ဒီတော်လှန်ရေးကြီးမှာ ကျနော်တို့နိုင်ကိုနိုင်မှာဆိုတာ ကျနော်တို့ယုံတယ်။ ဒါပေမယ့် ကျနော်တို့က ဘာကိုမျှော်လင့်လဲဆိုတော့ ကျနော်တို့က မြန်မြန်ပြီးချင်တယ်။ ကြာရင် ပြည်သူတွေ၊ တိုင်းပြည် ပိုနာမှာကို စိုးရိမ်တယ်။ ထောင်ထဲမှာ အကျဉ်းကျခံရင်းနဲ့သူတို့ရဲ့စိတ်ဓာတ်တွေကို အမြင့်ဆုံးထားတယ်။ ကျန်းမာအောင်နေတယ်။ တချိန်ချိန်မှာ လွတ်လပ်တဲ့ မြန်မာနိုင်ငံအသစ်၊ နာမည်အသစ်နဲ့နိုင်ငံလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီအတွက် ကျနော်တို့အားတွေ မွေးထားကြတယ်။ တယောက်ကို တယောက်အားပေးကြတယ်။ ကျန်းမာရေး ဂရုစိုက်ဖို့၊ စိတ်တွေ မယိုင်လဲသွားဖို့၊ တောင့်ထားဖို့။

မအင်ကြင်းနိုင်။ ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးကနေပြီးတော့ မြန်မာနိုင်ငံမှာ ဖိနှိပ်ညှင်းပမ်းမှုတွေနဲ့ပက်သက်တဲ့ သတင်းထုတ်ပြန်ချက် သူတို့ထုတ်တဲ့နေရာမှာ ဆယ်ကျော်သက်အရွယ်ကောင်လေးတယောက်ကို မြေကြီးထဲမှာ လည်ပင်းမြုပ်တဲ့အထိ လူသေအလောင်းလိုပဲ မြှပ်ပြီးတော့ နှိပ်စက်ခဲ့တဲ့အကြောင်းပေါ့နော်၊ နောက်ပြီး တော်တော်လေး ပြင်းပြင်းထန်ထန်ကို ရိုက်နှက်တဲ့အကြောင်းတွေပေါ့လေ။ နောက်ပြီး သူလည်းအလားတူ ဖမ်းဆီးညှင်းပမ်းခံရတဲ့ အကြောင်းတွေပေါ့လေ။ ညှင်းပမ်းနှိပ်စက်ခံရတယ်ပေါ့လေ။ အထူးသဖြင့် စစ်ကြောရေးကာလမှာ အင်းစိန်ထောင်မပို့ခင်ပေါ့လေ။ ဆိုတော့ ကိုနေသန်မောင်ကိုယ်တိုင်လည်း အဖမ်းအဆီးခံခဲ့ရတယ်ဆိုတော့ ဒီလိုမျိူး HRW လိုမျိူးထုတ်ပြန်တဲ့ လူ့အခွင့်အရေးချိူးဖောက်မှု မှတ်တမ်းတွေရဲ့ ထိရောက်မှုပေါ့။ ကိုနေသန်မောင်ရဲ့ အတွေ့အကြုံကို အခြေခံပြီးတော့ ဘယ်လိုမြင်လည်းရှင့်။

ကိုနေသန်မောင်။ ။ အဲဒါတွေ ပြောတာတွေအားလုံးဟာ အမှန်ပဲ။ ဒီထက်ပိုဆိုးတဲ့ အခြေအနေအားလုံးကို ကျနော်တို့ဟာ ကြုံခဲ့ရတယ်။ ကျနော်တွေ့ခဲ့ရတဲ့ လူငယ်တွေဆိုဘာပြောလဲဆိုတော့ သူတို့ကို စစ်ကြောရေးပို့တယ်။ နှစ်ညလောက်ထားတယ်။ နောက်နေ့ထောင်ကို ပို့တယ်။ အဲဒီ ၂ ညမှာ လူခွဲလိုက်တယ်။ ဒဏ်ရာရသူနဲ့မရသူ။ မရတဲ့ သူတွေကို ဝိုင်းရိုက်တယ်။ ဒဏ်ရာရအောင်လုပ်တယ်။ အဲဒီကလေးလေးတွေဟာ ၁၆၊ ၁၇၊ ၁၈ နှစ်ပဲရှိမယ်။ သူတို့ဟာ ကျနော့် မျက်မြင်မှာ နှိပ်စက်ခံရတယ်။ ကျနော်ကိုယ်တိုင်လည်း စစ်ကြောရေးမှာ လေးငါးရက်လောက် အစာမစားရ၊ ရေမသောက်ရနဲ့ကျနော့်ကို လက်သီးနဲ့မျိူးစုံထိုး၊ ဝိုင်းရိုက်၊ ကျနော့်ကို နှိပ်စက်တာ။ ကျနော့်ထက် ပိုဆိုးတဲ့ သူတွေချည်းပဲ။ စစ်ကြောရေးမှာရော၊ အကျဉ်းထောင်မှာရော။ နည်းမျိူးစုံနဲ့ဗျာ။ ကျနော် ဒဏ်ရာတွေ သွေးတွေနဲ့။ တချို့ဆို သွေးတွေတောင် မတိတ်သေးဘူး။ ဒီနှဖူးမှာ သေနက်ဒဏ်ရာ၊ ရာဘာကျည်တွေနဲ့။ ဒီဘက်မှာ ကျောတချို့မှာ ဒဏ်ရာတွေနဲ့။ တချို့ဆို လက်ကြီးတွေ ဟက်တက်ကွဲနေတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကို ဖမ်းလာတုန်းက ဒဏ်ရာမပါဘူးတဲ့။ ကျနော်တို့ရဲ့ ပစ္စည်းတွေ အကုန်လုံးကို ခိုးသွားတယ်။ ပိုက်ဆံတွေ သိမ်းသွားတယ်။ ပြီးရင် ကျနော်တို့ကို ဒဏ်ရာမရသေးလို့ထပ်ရိုက်တာတဲ့။ ကျနော်နားလည်တာက သူတို့ဟာ လူတွေကိုလည်း နှိပ်စက်တယ်။ လူတွေဆီက ပစ္စည်းတွေကိုလည်း ခိုးတယ်။ ဓားပြလို့ပြောရမှာတောင် စကားလုံးက မပြည့်စုံဘူး။ သူတို့က လူတွေဆီက ဆိုင်ကယ်ရရင် ဆိုင်ကယ်ယူမယ်။ ရွှေဆွဲကြိုးရရင် ရွှေဆွဲကြိုးယူမယ်။ ပြီးရင် ရိုက်နှက်လိုက်တယ်။ သေသွားလည်း သူတို့ကိစ္စမရှိဘူး။ ကျနော် ၊ ကျနော် ပြောမပြတတ်ဘူး။ သူတို့ရဲ့ ရက်စက်ပုံကို။

မအင်ကြင်းနိုင်။ ။ ဒီမြန်မာနိုင်ငံမှာပေါ့နော်။ နောက်ထပ် အမေရိကန်နိုင်ငံသားတဦးဖြစ်တဲ့ သတင်းထောက် Frontier Myanmar က Danny Fenster ကိုလည်း အခု စစ်ကောင်စီက ဖမ်းထားလိုက်တယ်ပေါ့နော်။ ဒီ ရန်ကုန်လေဆိပ်က အထွက်မှာ။ ဖမ်းထားပြီးတော့ အခုဆို စွပ်စွဲချက်တွေနဲ့ပေါ့နော်၊ တရားရုံးတင်စစ်ဆေးနေပြီဆိုတော့။ သူ့မတိုင်ခင်တုန်းကလည်း ဂျပန်သတင်းထောက်ကို ဖမ်းဆီးထောင်ချပြီးတော့ အမှုစွဲခဲ့တယ်ပေါ့နော်။ အဲလိုမျိူး စစ်ကောင်စီက နိုင်ငံခြားသတင်းထောက်တွေကိုပါ ပစ်မှတ်ထားပြီးတော့ ဖမ်းဆီး ထောင်ချနေတဲ့ကိစ္စပေါ့နော်။ ကိုနေသန်မောင် ဘယ်လိုမြင်လဲရှင့်။

ကိုနေသန်မောင်။ ။ ဂျပန်သတင်းထောက် ကျနော်တို့ဖမ်းထားတဲ့ထောင်ကိုရောက်လာတယ်။ နောက် Danny ရောက်လာတယ်ဆိုတာလည်း ကျနော်တို့ကြားတယ်။ ကျနော်မလွတ်မြောက်ခင် ၂ ပတ်ကျော်ကျော်လောက်မှာ Frontier Myanmar က အမေရိကန် Journalist တယောက် လေယာဉ်ပေါ်မှာ အဖမ်းခံရတယ်လို့ကြားတယ်။ သူနဲ့တော့ ကျနော်ထောင်ထဲမှာတော့ မတွေ့ခဲ့ရဘူးပေါ့နော်။ ဂျပန်သတင်းထောက်ရော ကျနော်အပါအဝင် လွတ်မြောက်သွားသလို သူရော အခြားနိုင်ငံခြားသားသတင်းထောက်ပဲဖြစ်ဖြစ်၊ မြန်မာသတင်းထောက်ပဲဖြစ်ဖြစ် အားလုံးကို ကျနော်တို့ အမြန်ပဲ လွတ်မြောက်စေချင်ပါတယ်။

ကိုနေသန်မောင်နဲ့ VOA ဆက်သွယ်မေးမြန်းထားတဲ့ အပြည့်အစုံကိုတော့ အင်္ဂါနေ့ည ဆွေးနွေးခန်း အစီအစဉ်မှာ ထုတ်လွှင့်ဖို့ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG