သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပါကစၥတန္စစ္တပ္ကို ေဝဖန္တဲ႔ ရုပ္သံတင္ဆက္သူ အလုပ္ျဖဳတ္ခံရ


Hamid-Mir-Capital-Talk

(Zawgyi/Unicode)

ပါကစၥတန္မွာ ၾသဇာအာဏာႀကီးမားတဲ႔ စစ္တပ္ကို ေ၀ဖန္တာေၾကာင့္ အလုပ္က ထုတ္ခံရေၾကာင္း ေက်ာ္ၾကားတဲ႔ ရုပ္သံ ႏုိင္ငံေရး ေဆြးေႏြးခန္း တင္ဆက္သူ တဦးက တနလာၤေန႔မွာ ေျပာပါတယ္။

ပါကစၥတန္က ပုဂၢလိက ရုပ္သံ အစီအစဥ္ Geo News လိုင္းမွာ ႏုိင္ငံေရး ေဆြးေႏြးခန္း အစီအစဥ္ Capital Talk ကို တင္ဆက္သူ Hamid Mir က အလုပ္က ထုတ္ခံရတာ အသစ္အဆန္းေတာ့ မဟုတ္ေၾကာင္း၊ အလုပ္ကေန ၂ ခါ ထုတ္ပယ္ ခံခဲ႔ရဖူးၿပီး ျဖစ္ေၾကာင္း တြစ္တာ လူမႈကြန္ရက္မွာ ေရးသားခဲ႔ပါတယ္။

ပါကစၥတန္ ၿမိဳ႕ေတာ္မွာ ၿပီးခဲ႔တဲ႔ သီတင္းပတ္အတြင္း လူတစုက အိမ္ခန္းတြင္း ၀င္ေရာက္ ရိုက္ႏွက္ခံခဲ႔ရတဲ႔ သတင္းေထာက္ Asad Ali Toor ကိုေထာက္ခံတဲ႔ လူထု စုေ၀းပြဲ တခုမွာ ရုပ္သံ ေဆြးေႏြးခန္း တင္ဆက္သူ Mir က စစ္တပ္ကို ေ၀ဖန္ခဲ႔ၿပီးေနာက္ ရက္ပိုင္း အၾကာမွာ အလုပ္က ထုတ္ခံရေၾကာင္း ေၾကညာခ်က္ ထြက္လာတာပါ။ Mir ရဲ႕ ေျပာဆိုခ်က္ အေပၚမွာ Geo News ရုပ္သံလိုင္း ဘက္ကေတာ့ တစံုတရာ မတုံ႔ျပန္ပါဘူး။ ဗြီအိုေအက ဆက္သြယ္ ေမးျမန္းတာကိုလည္း သတင္းဌာနဘက္က မေျဖပါဘူး။

လုပ္ႀကံ သတ္ျဖတ္ဖို႔ ႀကံစည္မႈေတြကေန လြတ္ေျမာက္ခဲ႔သူ ျဖစ္ေပမယ့္ အေျခခံ ဥပေဒက ေပးအပ္ထားတဲ႔ အခြင့္အေရးေတြကို ေတာင္းဆိုမႈကို ဆက္လုပ္မယ္၊ ဒီတႀကိမ္မွာေတာ့ မိသားစုကို ၿခိမ္းေျခာက္လာတာေၾကာင့္ အရာရာကို အဆံုးစြန္ထိ ရင္ဆိုင္ဖို႔ အသင့္ရွိေနၿပီလို႔လည္း ရုပ္သံ အစီအစဥ္ တင္ဆက္သူ Hamid Mir က တြစ္တာ လူမႈကြန္ရက္မွာ ေရးသားခဲ႔ပါတယ္။ သူ႔ရဲ႕ တြစ္တာမွာေတာ့ ပါကစၥတန္ ဌာနဆိုင္ရာေတြ လူပုဂၢိဳလ္ေတြကို တိုက္ရိုက္ ရည္ညႊန္း ေရးသားထားျခင္းေတာ့ မရွိပါဘူး။ ဌာနဆိုင္ရာေတြရဲ႕ ဖိအားေပးမႈေၾကာင့္ ရုပ္သံဌာနက Mir ကို အစီအစဥ္ တင္ဆက္မႈ တားျမစ္ထားတာလား ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။

ေဒသဆိုင္ရာ သတင္းေထာက္မ်ား အဖြဲ႔ကေတာ့ ရုပ္သံဌာနဘက္က ရွင္းလင္းေျပာဆိုဖို႔ ေတာင္းဆိုထားပါတယ္။ ျပည္တြင္း အသံလႊင့္ အဖြဲ႔ေတြ အေရး အစိုးရဘက္က စြက္ဖက္မႈ မရွိဘူးလို႔ ျပန္ၾကားေရး ၀န္ႀကီး Fawad Hussain Chaudhry က တြစ္တာမွာ ေရးပါတယ္။

ရုပ္သံ အစီအစဥ္ တင္ဆက္သူ Hamid Mir ဟာ ၂၀၁၄ ခုႏွစ္တုန္းက ကရာခ်ိ ၿမိဳ႕မွာ ေသနတ္နဲ႔ ပစ္ခံခဲ႔ရၿပီးေနာက္ ဆိုးဆိုးရြားရြား ဒဏ္ရာရခဲ႔တာပါ။ ဒီတိုက္ခုိက္မႈဟာ ပါကစၥတန္ ေထာက္လွမ္းေရး အဖြဲ႔ လက္ခ်က္လို႔ သူနဲ႔ သူ႔မိသားစုက ျပစ္တင္ခဲ႔ေပမယ့္ စြပ္စြဲခံရသူေတြကေတာ့ ျငင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ပါကစ္စတန်စစ်တပ်ကို ဝေဖန်တဲ့ ရုပ်သံတင်ဆက်သူ အလုပ်ဖြုတ်ခံရ

(Unicode)

ပါကစ္စတန်မှာ သြဇာအာဏာကြီးမားတဲ့ စစ်တပ်ကို ဝေဖန်တာကြောင့် အလုပ်က ထုတ်ခံရကြောင်း ကျော်ကြားတဲ့ ရုပ်သံ နိုင်ငံရေး ဆွေးနွေးခန်း တင်ဆက်သူ တဦးက တနလာၤနေ့မှာ ပြောပါတယ်။

ပါကစ္စတန်က ပုဂ္ဂလိက ရုပ်သံ အစီအစဉ် Geo News လိုင်းမှာ နိုင်ငံရေး ဆွေးနွေးခန်း အစီအစဉ် Capital Talk ကို တင်ဆက်သူ Hamid Mir က အလုပ်က ထုတ်ခံရတာ အသစ်အဆန်းတော့ မဟုတ်ကြောင်း၊ အလုပ်ကနေ ၂ ခါ ထုတ်ပယ် ခံခဲ့ရဖူးပြီး ဖြစ်ကြောင်း တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ပါကစ္စတန် မြို့တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လူတစုက အိမ်ခန်းတွင်း ဝင်ရောက် ရိုက်နှက်ခံခဲ့ရတဲ့ သတင်းထောက် Asad Ali Toor ကိုထောက်ခံတဲ့ လူထု စုဝေးပွဲ တခုမှာ ရုပ်သံ ဆွေးနွေးခန်း တင်ဆက်သူ Mir က စစ်တပ်ကို ဝေဖန်ခဲ့ပြီးနောက် ရက်ပိုင်း အကြာမှာ အလုပ်က ထုတ်ခံရကြောင်း ကြေညာချက် ထွက်လာတာပါ။ Mir ရဲ့ ပြောဆိုချက် အပေါ်မှာ Geo News ရုပ်သံလိုင်း ဘက်ကတော့ တစုံတရာ မတုံ့ပြန်ပါဘူး။ ဗွီအိုအေက ဆက်သွယ် မေးမြန်းတာကိုလည်း သတင်းဌာနဘက်က မဖြေပါဘူး။

လုပ်ကြံ သတ်ဖြတ်ဖို့ ကြံစည်မှုတွေကနေ လွတ်မြောက်ခဲ့သူ ဖြစ်ပေမယ့် အခြေခံ ဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေကို တောင်းဆိုမှုကို ဆက်လုပ်မယ်၊ ဒီတကြိမ်မှာတော့ မိသားစုကို ခြိမ်းခြောက်လာတာကြောင့် အရာရာကို အဆုံးစွန်ထိ ရင်ဆိုင်ဖို့ အသင့်ရှိနေပြီလို့လည်း ရုပ်သံ အစီအစဉ် တင်ဆက်သူ Hamid Mir က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ သူ့ရဲ့ တွစ်တာမှာတော့ ပါကစ္စတန် ဌာနဆိုင်ရာတွေ လူပုဂ္ဂိုလ်တွေကို တိုက်ရိုက် ရည်ညွှန်း ရေးသားထားခြင်းတော့ မရှိပါဘူး။ ဌာနဆိုင်ရာတွေရဲ့ ဖိအားပေးမှုကြောင့် ရုပ်သံဌာနက Mir ကို အစီအစဉ် တင်ဆက်မှု တားမြစ်ထားတာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ဒေသဆိုင်ရာ သတင်းထောက်များ အဖွဲ့ကတော့ ရုပ်သံဌာနဘက်က ရှင်းလင်းပြောဆိုဖို့ တောင်းဆိုထားပါတယ်။ ပြည်တွင်း အသံလွှင့် အဖွဲ့တွေ အရေး အစိုးရဘက်က စွက်ဖက်မှု မရှိဘူးလို့ ပြန်ကြားရေး ဝန်ကြီး Fawad Hussain Chaudhry က တွစ်တာမှာ ရေးပါတယ်။

ရုပ်သံ အစီအစဉ် တင်ဆက်သူ Hamid Mir ဟာ ၂၀၁၄ ခုနှစ်တုန်းက ကရာချိ မြို့မှာ သေနတ်နဲ့ ပစ်ခံခဲ့ရပြီးနောက် ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တာပါ။ ဒီတိုက်ခိုက်မှုဟာ ပါကစ္စတန် ထောက်လှမ်းရေး အဖွဲ့ လက်ချက်လို့ သူနဲ့ သူ့မိသားစုက ပြစ်တင်ခဲ့ပေမယ့် စွပ်စွဲခံရသူတွေကတော့ ငြင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG