သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပါကစၥတန္ - အာဖဂန္ နယ္ျခား ၿခံစည္းရိုးကာရံမႈ ၿပီးစီးေတာ႔မည္


(Zawgyi/Unicode)

သမိုင္းစဥ္တေလွ်ာက္လံုး သူ႔ႏုိင္ငံထဲ အာဖဂန္နစၥတန္ဘက္က ၀င္ေရာက္လာေနမႈေတြကုိ ဟန္႔တားတဲ့အေနနဲ႔ ကီလုိမီတာ ၂,၆၀၀ ၀န္းက်င္ ရွည္လ်ားတဲ့ ႏွစ္ႏုိင္ငံနယ္စပ္တေလွ်ာက္မွာ လာမယ့္ ၂ လအတြင္းၿပီးေအာင္ ၿခံစည္းရုိးကာသြားမယ္လုိ႔ ပါကစၥတန္ စစ္တပ္က ေျပာၾကားလုိက္ပါတယ္။

ဒီဆုံးျဖတ္ကုိေတာ့ ပါကစၥတန္ စစ္တပ္က သတင္းထုတ္ျပန္ေရးဌာနက ဗီြအုိေအကုိ ေသာၾကာေန႔မွာ အသိေပးခဲ့တာျဖစ္ပါတယ္။ ႏွစ္ႏုိင္ငံနယ္စပ္မွာ အာဖဂန္ဘက္က စစ္ေသြးႂကြေတြ၊ ေမွာင္ခုိကူးသူေတြနဲ႔ တျခား တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ လုပ္ေဆာင္မႈေတြကုိ ဟန္႔တားဖုိ႔ႀကိဳးစားတဲ့အေနနဲ႔ ၂၀၁၇ ခုႏွစ္မွာ ၿခံစည္းကာတဲ့အစီအစဥ္ကုိ စတင္ခဲ့တာပါ။

ပါကစၥတန္အေနာက္ဘက္ျခမ္းေဒသမွာ ၿခံစည္းရုိးကာရံမႈေတြ ၈၀% ၿပီးစီးေနၿပီျဖစ္ေၾကာင္း ဒီကိစၥကုိ တာ၀န္ယူေဆာင္ရြက္ေနတဲ့ ISRP ဌာနက ေျပာပါတယ္။ အေမရိကန္ေဒၚလာ သန္း ၅၀၀ ေလာက္ ခန္႔မွန္းေျခကုန္က်မယ့္ ဒီစီမံကိန္းထဲမွာ ရာနဲ႔ခ်ီတဲ့ စစ္ေဆးေရးဂိတ္ေတြနဲ႔ ခံတပ္ေတြ တည္ေဆာက္မယ့္အစီအစဥ္လည္း ပါ၀င္ပါတယ္။

ၿခံစည္းရုိးကုိေတာ့ ၃ မီတာစီေလာက္ ရွည္လ်ားတဲ့ သံဇကာေတြကုိ ၂ မီတာစီေလာက္ခြာၿပီး ၂ ထပ္ ကာရံသြားမွာျဖစ္ၿပီး အဲဒီအေပၚမွာမွ ခၽြန္ထက္တဲ့ သံစူးႀကိဳးေတြ တပ္ဆင္သြားမွာျဖစ္ပါတယ္။ ဒီ ၿခံစည္းရုိးကုိေတာ့ ေ၀းလံေခါင္ဖ်ားၿပီး လူသူအေရာက္အေပါက္နည္းတဲ့၊ ၾကမ္းတမ္းခက္ခဲတဲ့ ေတာင္တန္းေဒသေတြအပါအ၀င္ ေပ ၄,၀၀၀ အထိျမင့္တဲ့ေဒသေတြအထိ ေတာက္ေလွ်ာက္ တပ္ဆင္သြားမယ္လုိ႔ ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ပါကစ္စတန် - အာဖဂန် နယ်ခြား ခြံစည်းရိုးကာရံမှု ပြီးစီးတော့မည်

(Unicode)

သမိုင်းစဉ်တလျှောက်လုံး သူ့နိုင်ငံထဲ အာဖဂန်နစ္စတန်ဘက်က ဝင်ရောက်လာနေမှုတွေကို ဟန့်တားတဲ့အနေနဲ့ ကီလိုမီတာ ၂,၆၀၀ ဝန်းကျင် ရှည်လျားတဲ့ နှစ်နိုင်ငံနယ်စပ်တလျှောက်မှာ လာမယ့် ၂ လအတွင်းပြီးအောင် ခြံစည်းရိုးကာသွားမယ်လို့ ပါကစ္စတန် စစ်တပ်က ပြောကြားလိုက်ပါတယ်။

ဒီဆုံးဖြတ်ကိုတော့ ပါကစ္စတန် စစ်တပ်က သတင်းထုတ်ပြန်ရေးဌာနက ဗွီအိုအေကို သောကြာနေ့မှာ အသိပေးခဲ့တာဖြစ်ပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာ အာဖဂန်ဘက်က စစ်သွေးကြွတွေ၊ မှောင်ခိုကူးသူတွေနဲ့ တခြား တရားမဝင် နယ်စပ်ဖြတ်ကျော် လုပ်ဆောင်မှုတွေကို ဟန့်တားဖို့ကြိုးစားတဲ့အနေနဲ့ ၂၀၁၇ ခုနှစ်မှာ ခြံစည်းကာတဲ့အစီအစဉ်ကို စတင်ခဲ့တာပါ။

ပါကစ္စတန်အနောက်ဘက်ခြမ်းဒေသမှာ ခြံစည်းရိုးကာရံမှုတွေ ၈၀% ပြီးစီးနေပြီဖြစ်ကြောင်း ဒီကိစ္စကို တာဝန်ယူဆောင်ရွက်နေတဲ့ ISRP ဌာနက ပြောပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၅၀၀ လောက် ခန့်မှန်းခြေကုန်ကျမယ့် ဒီစီမံကိန်းထဲမှာ ရာနဲ့ချီတဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ ခံတပ်တွေ တည်ဆောက်မယ့်အစီအစဉ်လည်း ပါဝင်ပါတယ်။

ခြံစည်းရိုးကိုတော့ ၃ မီတာစီလောက် ရှည်လျားတဲ့ သံဇကာတွေကို ၂ မီတာစီလောက်ခွာပြီး ၂ ထပ် ကာရံသွားမှာဖြစ်ပြီး အဲဒီအပေါ်မှာမှ ချွန်ထက်တဲ့ သံစူးကြိုးတွေ တပ်ဆင်သွားမှာဖြစ်ပါတယ်။ ဒီ ခြံစည်းရိုးကိုတော့ ဝေးလံခေါင်ဖျားပြီး လူသူအရောက်အပေါက်နည်းတဲ့၊ ကြမ်းတမ်းခက်ခဲတဲ့ တောင်တန်းဒေသတွေအပါအဝင် ပေ ၄,၀၀၀ အထိမြင့်တဲ့ဒေသတွေအထိ တောက်လျှောက် တပ်ဆင်သွားမယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG