သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပါကစၥတန္ ေရတပ္အတြက္ တ႐ုတ္တည္ေဆာက္တဲ့ စစ္သေဘၤာ ေရခ်


တ႐ုတ္က ပါကစၥတန္အတြက္ တည္ေဆာက္ေပးခဲ့တဲ့ Frigate အမ်ဳိးအစား 054A/P စစ္သေဘၤာ။

(Zawgyi / Unicode)

တ႐ုတ္နဲ႔ ပါကစၥတန္ မဟာမိတ္ႏွစ္ႏိုင္ငံၾကား ကာကြယ္ေရး၊ စီးပြားေရး ဆက္ဆံမႈေတြ ပိုၿပီး ထဲထဲဝင္ဝင္ ရွိလာခ်ိန္မွာပဲ ပါကစၥတန္ ေရတပ္အတြက္ တ႐ုတ္က တည္ေဆာက္ေပးေနတဲ့ ေခတ္အမီဆုံး စစ္သေဘၤာ ၄ စင္းထဲက ပထမဆုံးတစင္းကို ေရခ်တဲ့အခမ္းအနား တ႐ုတ္ႏုိင္ငံ ရွန္ဟုိင္းမွာ က်င္းပခဲ့ပါတယ္။

တ႐ုတ္ေရာ ပါကစၥတန္ႏိုင္ငံပါ သူတို႔ရဲ႕ အိမ္နီးခ်င္းျဖစ္တဲ့ အိႏၵိယနဲ႔ နယ္စပ္အေရး တင္းမာမႈ ျဖစ္ေနခ်ိန္မွာ အခုလို တ႐ုတ္-ပါကစၥတန္ ဆက္ဆံေရး နီးစပ္မႈ ပိုျဖစ္လာတာပါ။

ရွန္ဟုိင္းၿမဳိ႕က တ႐ုတ္အစိုးရပိုင္ Hudong Zhonghua သေဘၤာက်င္းမွာ ေရတပ္စစ္သေဘၤာ မဟာေရယာဥ္အဆင့္အတန္း ၅ ခုထဲက အနိမ့္ဆုံးျဖစ္တဲ့ Frigate အမ်ဳိးအစား 054A/P စစ္သေဘၤာကို ေရခ်ခဲ့တာျဖစ္တယ္လို႔ ပါကစၥတန္ ေရတပ္က တနဂၤေႏြေန႔မွာ ေျပာပါတယ္။ အဲဒီအခမ္းအနားကို ႏွစ္ႏုိင္ငံ စစ္တပ္တာဝန္ရွိသူေတြ တက္ေရာက္ပါတယ္။

ဒီစစ္သေဘၤာေပၚမွာ အာ႐ုံခံစနစ္နဲ႔အတူ ေရေပၚ ေရေအာက္နဲ႔ ေလေၾကာင္းရန္ေတြကိုပါ ကာကြယ္ႏိုင္တဲ့ လက္နက္စနစ္ေတြ တပ္ဆင္ထားတယ္လို႔ ပါကစၥတန္ေရတပ္က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ဒီစစ္သေဘၤာတစင္းရဲ႕ တန္ဖုိးကို ေရတပ္ေၾကညာခ်က္မွာ ေဖာ္ျပမထားေပမယ့္ ခန္႔မွန္ေျခ ေဒၚလာသန္း ၃၅၀ ေက်ာ္ရွိပါတယ္။ ပါကစၥတန္ ေရတပ္အတြက္ တ႐ုတ္က တာဝန္ယူ ေဆာက္ေပးေနတဲ့ စစ္သေဘၤာ ၄ စင္းစလုံးကို ၂၀၂၁ ထဲမွာ အၿပီးေပးအပ္ႏုိင္ဖုိ႔ ရည္မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ပါကစ္စတန် ရေတပ်အတွက် တရုတ်တည်ဆောက်တဲ့ စစ်သင်္ဘော ရေချ

တရုတ်နဲ့ ပါကစ္စတန် မဟာမိတ်နှစ်နိုင်ငံကြား ကာကွယ်ရေး၊ စီးပွားရေး ဆက်ဆံမှုတွေ ပိုပြီး ထဲထဲဝင်ဝင် ရှိလာချိန်မှာပဲ ပါကစ္စတန် ရေတပ်အတွက် တရုတ်က တည်ဆောက်ပေးနေတဲ့ ခေတ်အမီဆုံး စစ်သင်္ဘော ၄ စင်းထဲက ပထမဆုံးတစင်းကို ရေချတဲ့အခမ်းအနား တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ကျင်းပခဲ့ပါတယ်။

တရုတ်ရော ပါကစ္စတန်နိုင်ငံပါ သူတို့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနဲ့ နယ်စပ်အရေး တင်းမာမှု ဖြစ်နေချိန်မှာ အခုလို တရုတ်-ပါကစ္စတန် ဆက်ဆံရေး နီးစပ်မှု ပိုဖြစ်လာတာပါ။

ရှန်ဟိုင်းမြို့က တရုတ်အစိုးရပိုင် Hudong Zhonghua သင်္ဘောကျင်းမှာရေတပ်စစ်သင်္ဘော မဟာရေယာဉ်အဆင့်အတန်း ၅ ခုထဲက အနိမ့်ဆုံးဖြစ်တဲ့Frigate အမျိုးအစား 054A/P စစ်သင်္ဘောကို ရေချခဲ့တာဖြစ်တယ်လို့ ပါကစ္စတန် ရေတပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အဲဒီအခမ်းအနားကို နှစ်နိုင်ငံ စစ်တပ်တာဝန်ရှိသူတွေ တက်ရောက်ပါတယ်။

ဒီစစ်သင်္ဘောပေါ်မှာ အာရုံခံစနစ်နဲ့အတူ ရေပေါ် ရေအောက်နဲ့ လေကြောင်းရန်တွေကိုပါ ကာကွယ်နိုင်တဲ့ လက်နက်စနစ်တွေ တပ်ဆင်ထားတယ်လို့ ပါကစ္စတန်ရေတပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီစစ်သင်္ဘောတစင်းရဲ့ တန်ဖိုးကို ရေတပ်ကြေညာချက်မှာ ဖော်ပြမထားပေမယ့် ခန့်မှန်ခြေ ဒေါ်လာသန်း ၃၅၀ ကျော်ရှိပါတယ်။ ပါကစ္စတန် ရေတပ်အတွက် တရုတ်က တာဝန်ယူ ဆောက်ပေးနေတဲ့ စစ်သင်္ဘော ၄ စင်းစလုံးကို ၂၀၂၁ ထဲမှာ အပြီးပေးအပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG