သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

IS အတြက္ ရန္ပံုေငြေကာက္ခံတဲ႔ တကၠသိုလ္ေက်ာင္းသား ပါကစၥတန္ရဲ ဖမ္းဆီး


မွတ္တမ္းဓါတ္ပံု - ၂၀၂၀ ဇူလိုင္လ ၂၉ ရက္ေန႔က ပါကစၥတန္ရဲ မ်ားကို ေတြ႔ရစဥ္

(Zawgyi/Unicode)

ဆီးရီးယားနိုင္ငံထဲမွာရွိတဲ့ အစၥလာမစ္စစ္ေသြးၾကြေတြ ဆီကို ေငြေၾကး ေကာက္ခံလႊဲေျပာင္းေပးတယ္လို ့စြပ္စြဲခံထားရတဲ့ ကရာခ်ိၿမိဳ႕ေတာင္ဘက္ျခမ္းက ပါကစၥတန္ တကၠသိုလ္ေက်ာင္းသားတေယာက္ကို ၿပီးခဲ့တဲ့ တနလၤာေန ့က ဖမ္းဆီးလိုက္တယ္လို ့ ပါကစၥတန္အာဏာပိုင္ေတြက ေျပာပါတယ္။

ေနာက္ထပ္ သီးျခားျဖစ္ရပ္တခုအျဖစ္ ပါကစၥတန္ စစ္တပ္ကေျပာဆိုရာမွာေတာ့ နုိင္ငံရဲ့ အေနာက္ဘက္ အာဖဂန္နစၥတန္နယ္စပ္အနီး ပုန္းခိုရာေနရာတခုကို ၀င္ေရာက္စီးနင္းခဲ့ျပီး ၀ါရင့္အၾကမ္းဖက္သမား ၂ ဦးကို သုတ္သင္နိုင္ခဲ့တယ္လို ့ဆိုပါတယ္။ တတိယ အၾကမ္းဖက္သမားကိုေတာ့ ဒဏ္ရာနဲ ့ဖမ္းဆီးရမိထားတယ္လို ့ဆိုပါတယ္။

Sindh ခရိုင္ရဲ့ တန္ျပန္အၾကမ္းဖက္တိုက္ဖ်က္ေရးအဖြဲ႕ကေနျပီး IS ဖြဲ ့ရဲ ့၀င္တဦးျဖစ္တဲ့ အင္ဂ်င္နီယာေနာက္ဆံုးနွစ္ေက်ာင္းသား Umar Bin Khalid ကို နိုင္ငံျခားကိုထြက္မေျပးခင္ ရထားေပၚမတက္မီ ေဖာ္ထုတ္ဖမ္းဆီးနိုင္ခဲ့တာျဖစ္ပါတယ္။

Khalid ဆီက သိမ္းဆည္းရမိတဲ့ လက္ကိုင္ဖုန္းနွစ္လံုးထဲက ေဖာ္ထုတ္ေတြ ့ရွိတဲ့ အဆက္အသြယ္ေတြအရ ကစၥတန္နိုင္ငံထဲမွာ Daesh လို ့အာရပ္လို ေခၚဆိုတဲ့ Islamic State အစၥလာမ္မစ္နိုင္ငံထူေထာင္ေရး ရန္ပံုေငြရွာေဖြျပီး ဆီးရီးယားနိုင္ငံထဲကို ေပးပို ့ေပးတယ္လို ့ပါကစၥတန္ တန္ျပန္အၾကမ္းဖက္ဌာနက မွတ္ခ်က္ေပးထားပါတယ္။

ျပီးခဲ့တဲ့ ၂ ႏွစ္ကတည္းက ဒီ ရန္ပံုေငြေထာက္ပံ့ေရးလုပ္ငန္းေတြကို လုပ္ေဆာင္ေနတာျဖစ္ျပီး သူဟာ ပါကစၥတန္နဲ ့ဆီးရီးယားမွာ အၾကမ္းဖက္လုပ္ငန္းေတြကို စီစဥ္ေဆာင္ရြက္တဲ့ မိသားစုနဲ ့တိုက္ရုိက္အဆက္အသြယ္ရွိတယ္လို ့လမ္း မွတ္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ပါကစၥတန္နိုင္ငံက အၾကမ္းဖက္တိုက္ခိုက္မႈေတြကို IS အဖြဲ ့ကေန စီစဥ္ညႊန္ၾကားခဲ့တယ္လို ့မွတ္တမ္းေတြလည္းရွိေနတာပါ။ အဲဒီထဲမွာ ဒီလအေစာပိုင္းက နိုင္ငံရဲ့ အေနာက္ေတာင္ဘက္ Baluchistan ခရိုင္ထဲ ေက်ာက္မီးေသြးတြင္း အလုပ္သမား ၁၀ ဦးကို သတ္ျဖတ္တာေတြလည္း ပါ၀င္ပါတယ္။ ပါကစၥတန္စစ္တပ္က ေတာင္ပိုင္း Waziristan ျပည္နယ္ နယ္စပ္ေဒသတခုကို စီးနင္းရာမွာ စစ္ေသြးၾကြနွစ္ဦးကို အေသရမိျပီး ၄င္းတို ့ဟာ အၾကမ္းဖက္သမားေတြရဲ့ နည္းျပေတြလို ့ ထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

IS အတွက် ရန်ပုံငွေကောက်ခံတဲ့ တက္ကသိုလ်ကျောင်းသား ပါကစ္စတန်ရဲ ဖမ်းဆီး

(Unicode)

ဆီးရီးယားနိုင်ငံထဲမှာရှိတဲ့ အစ္စလာမစ်စစ်သွေးကြွတွေ ဆီကို ငွေကြေး ကောက်ခံလွှဲပြောင်းပေးတယ်လို့စွပ်စွဲခံထားရတဲ့ ကရာချိမြို့တောင်ဘက်ခြမ်းက ပါကစ္စတန် တက္ကသိုလ်ကျောင်းသားတယောက်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က ဖမ်းဆီးလိုက်တယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ပြောပါတယ်။

နောက်ထပ် သီးခြားဖြစ်ရပ်တခုအဖြစ် ပါကစ္စတန် စစ်တပ်ကပြောဆိုရာမှာတော့ နိုင်ငံရဲ့ အနောက်ဘက် အာဖဂန်နစ္စတန်နယ်စပ်အနီး ပုန်းခိုရာနေရာတခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ဝါရင့်အကြမ်းဖက်သမား ၂ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ တတိယ အကြမ်းဖက်သမားကိုတော့ ဒဏ်ရာနဲ့ဖမ်းဆီးရမိထားတယ်လို့ဆိုပါတယ်။

Sindh ခရိုင်ရဲ့ တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ကနေပြီး IS ဖွဲ့ရဲ့ဝင်တဦးဖြစ်တဲ့ အင်ဂျင်နီယာနောက်ဆုံးနှစ်ကျောင်းသား Umar Bin Khalid ကို နိုင်ငံခြားကိုထွက်မပြေးခင် ရထားပေါ်မတက်မီ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

Khalid ဆီက သိမ်းဆည်းရမိတဲ့ လက်ကိုင်ဖုန်းနှစ်လုံးထဲက ဖော်ထုတ်တွေ့ရှိတဲ့ အဆက်အသွယ်တွေအရ ကစ္စတန်နိုင်ငံထဲမှာ Daesh လို့အာရပ်လို ခေါ်ဆိုတဲ့ Islamic State အစ္စလာမ်မစ်နိုင်ငံထူထောင်ရေး ရန်ပုံငွေရှာဖွေပြီး ဆီးရီးယားနိုင်ငံထဲကို ပေးပို့ပေးတယ်လို့ပါကစ္စတန် တန်ပြန်အကြမ်းဖက်ဌာနက မှတ်ချက်ပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကတည်းက ဒီ ရန်ပုံငွေထောက်ပံ့ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်ပြီး သူဟာ ပါကစ္စတန်နဲ့ဆီးရီးယားမှာ အကြမ်းဖက်လုပ်ငန်းတွေကို စီစဉ်ဆောင်ရွက်တဲ့ မိသားစုနဲ့တိုက်ရိုက်အဆက်အသွယ်ရှိတယ်လို့လမ်း မှတ်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ပါကစ္စတန်နိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှုတွေကို IS အဖွဲ့ကနေ စီစဉ်ညွှန်ကြားခဲ့တယ်လို့မှတ်တမ်းတွေလည်းရှိနေတာပါ။ အဲဒီထဲမှာ ဒီလအစောပိုင်းက နိုင်ငံရဲ့ အနောက်တောင်ဘက် Baluchistan ခရိုင်ထဲ ကျောက်မီးသွေးတွင်း အလုပ်သမား ၁၀ ဦးကို သတ်ဖြတ်တာတွေလည်း ပါဝင်ပါတယ်။ ပါကစ္စတန်စစ်တပ်က တောင်ပိုင်း Waziristan ပြည်နယ် နယ်စပ်ဒေသတခုကို စီးနင်းရာမှာ စစ်သွေးကြွနှစ်ဦးကို အသေရမိပြီး ၎င်းတို့ဟာ အကြမ်းဖက်သမားတွေရဲ့ နည်းပြတွေလို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG