သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေလယာဥ္စက္ခ်ိဳ႕ယြင္းေအာင္လုပ္ခဲ႔သူ IS နဲ႔ဆက္စပ္ေနသလား


ခရီးသည္ ၁၅၀ လိုက္ပါမယ္႔ ဂ်က္ေလယာဥ္တစင္းကို စက္ခ်ိဳ႕ယြင္းေအာင္ လုပ္ဖို႔ ၾကိဳးစားခဲ့တယ္လို႔ စြပ္စြဲခံေနရတဲ့ အေမရိကန္ ေလေၾကာင္းလိုင္းက ေလယာဥ္ စက္ျပင္ဆရာတစ္ဦးကို အာမခံ ေပးဖို႔ ဖေလာ္ရီဒါျပည္နယ္ တရားရုုံးတစ္ခုက ျငင္းပယ္ခဲ့ပါတယ္။

အစၥလာမ္မစ္ ဘာသာေရး အစြန္းေရာက္ေတြကို လိုလားတဲ့ အေထာက္အထားေတြကို ထပ္မံ ေတြ႕ရွိခဲ့တာေတၾကာင့္ အဲဒီ စက္ျပင္ဆရာ Abdul-Majeed Maroud Ahmed Alani ကို အာမခံ မေပးတာဆိုၿပီး မီယာမီၿမိဳ႕က ျပည္ေထာင္စု တရားသူၾကီး Chris McAliley က အမိန္႔ထုတ္ခဲ့တာျဖစ္ ပါတယ္။

အစိုးရ ေရွ႕ေနေတြက အီရတ္မွာ ရွိတဲ့ Alani ရဲ႕ ညီအစ္ကို တစ္ဦးဟာ Islamic State IS အဖြဲ႕နဲ႔ ဆက္ႏြယ္ေနသူျဖစ္ျပီး Alani ကိုယ္တိုင္ ဟာလည္း မြတ္ဆလင္ ဘာသာ၀င္ မဟုတ္တဲ့သူေတြကို ထိခိုက္ေစဖို႔ ဘုရားအမိန္႔ကို အသုံးျပဳရမယ္ဆိုတဲ့ ထုတ္ျပန္ခ်က္ေတြ ထုတ္ထားတယ္ လို႔ ဆိုပါတယ္။

အခု ေလာေလာဆယ္ Alani ကို တင္ထားတဲ့ စြဲခ်က္ကေတာ့ ခရီးသည္တင္ ေလယာဥ္တစ္စင္းကို သူ႕ရဲ႕ စိတ္ဆႏၵနဲ႔ ပ်က္စီးေစလိုခဲ့တယ္ စြဲခ်က္တစ္ခုပဲ ရွိပါတယ္။

Alani က ေတာ့ ေလယာဥ္ကို ေႏွာင့္ေႏွးေစျပီး အခ်ိန္ပို အလုပ္ ဆင္းခ်င္တာေၾကာင့္ ဖ်က္လိုဖ်က္စီး လိုခဲ့တာလို႔ ေလ်ွာက္လဲခဲ့ပါတယ္။ ေလယာဥ္ မထြက္ခြာမွီ ေလယာဥ္ ခ်ိဳ႕ယြင္းေၾကာင္း ေဖာ္ျပခ်က္ကို ေလယာဥ္မွဴးက ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

..................

(Unicode)

လေယာဉ်စက်ချို့ယွင်းအောင်လုပ်ခဲ့သူ IS နဲ့ဆက်စပ်နေသလား

ခရီးသည် ၁၅၀ လိုက်ပါမယ့် ဂျက်လေယာဉ်တစင်းကို စက်ချို့ယွင်းအောင် လုပ်ဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ အမေရိကန် လေကြောင်းလိုင်းက လေယာဉ် စက်ပြင်ဆရာတစ်ဦးကို အာမခံ ပေးဖို့ ဖလော်ရီဒါပြည်နယ် တရားရုံးတစ်ခုက ငြင်းပယ်ခဲ့ပါတယ်။

အစ္စလာမ်မစ် ဘာသာရေး အစွန်းရောက်တွေကို လိုလားတဲ့ အထောက်အထားတွေကို ထပ်မံ တွေ့ရှိခဲ့တာတေကြာင့် အဲဒီ စက်ပြင်ဆရာ Abdul-Majeed Maroud Ahmed Alani ကို အာမခံ မပေးတာဆိုပြီး မီယာမီမြို့က ပြည်ထောင်စု တရားသူကြီး Chris McAliley က အမိန့်ထုတ်ခဲ့တာဖြစ် ပါတယ်။

အစိုးရ ရှေ့နေတွေက အီရတ်မှာ ရှိတဲ့ Alani ရဲ့ ညီအစ်ကို တစ်ဦးဟာ Islamic State IS အဖွဲ့နဲ့ ဆက်နွယ်နေသူဖြစ်ပြီး Alani ကိုယ်တိုင် ဟာလည်း မွတ်ဆလင် ဘာသာဝင် မဟုတ်တဲ့သူတွေကို ထိခိုက်စေဖို့ ဘုရားအမိန့်ကို အသုံးပြုရမယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ထားတယ် လို့ ဆိုပါတယ်။

အခု လောလောဆယ် Alani ကို တင်ထားတဲ့ စွဲချက်ကတော့ ခရီးသည်တင် လေယာဉ်တစ်စင်းကို သူ့ရဲ့ စိတ်ဆန္ဒနဲ့ ပျက်စီးစေလိုခဲ့တယ် စွဲချက်တစ်ခုပဲ ရှိပါတယ်။

Alani က တော့ လေယာဉ်ကို နှောင့်နှေးစေပြီး အချိန်ပို အလုပ် ဆင်းချင်တာကြောင့် ဖျက်လိုဖျက်စီး လိုခဲ့တာလို့ လျှောက်လဲခဲ့ပါတယ်။ လေယာဉ် မထွက်ခွာမှီ လေယာဉ် ချို့ယွင်းကြောင်း ဖော်ပြချက်ကို လေယာဉ်မှူးက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG