သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘား လေယာဉ်ပျက်ကျ ၁၀၀ ကျော် သေဆုံး


လူတရာကျော် သေဆုံးခဲ့တဲ့ ကျူးဘားလေယာဉ်ပျက်ကျမှု မြင်ကွင်းကို သမ္မ Miguel Diaz-Canel (လက်ဝဲမှ တတိယမြောက်) လာရောက်ကြည့်ရှုစဉ် (မေ ၁၈၊ ၂၀၁၈)
လူတရာကျော် သေဆုံးခဲ့တဲ့ ကျူးဘားလေယာဉ်ပျက်ကျမှု မြင်ကွင်းကို သမ္မ Miguel Diaz-Canel (လက်ဝဲမှ တတိယမြောက်) လာရောက်ကြည့်ရှုစဉ် (မေ ၁၈၊ ၂၀၁၈)

Cuba နိုင်ငံ Havana မြို့တော်က Jose Marti နိုင်ငံတကာလေဆိပ်ကနေ ထွက်ခွာလာတဲ့ ခရီးသည်တင် လေယာဉ်တစင်း ပျံတက်ပြီး မကြာခင် ပျက်ကျခဲ့တဲ့အတွက် ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အသက်ရှင်သူ ၃ ယောက်ကတော့ ဆေးရုံတခုမှာ ကုသမှုခံယူနေတယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။ Cubana de Aviacion လေကြောင်းလိုင်းက လေယာဉ်ခရီးစဉ်အမှတ် DMJ 0972 ဟာ Jose Marti လေဆိပ်ကနေ နိုင်ငံအရှေ့ပိုင်း Holguin (ဟိုလဂင်း) မြို့ကို အသွား လေယာဉ်ပျက်ကျခဲ့ တာပါ။ လေယာဉ်ပျက်မကျခင် လေယာဉ်ပျံဟာ ရုတ်တရက် ကွေ့ခဲ့တယ်လို့ မျက်မြင်တယောက်က ပြောပါတယ်။

လေယာဉ်ပျက်ကျတဲ့နေရာကို Cuba သမ္မတ Miguel Diaz-Canel သွားကြည့်ခဲ့ပြီး ဘာကြောင့် လေယာဉ်ပျက်ကျခဲ့တယ်ဆိုတာကို စုံစမ်းဖို့ ကော်မရှင်တခုဖွဲ့နေပြီလို့ ပြောကြားခဲ့ပါတယ်။ 737 အမျိုးအစားလေယာဉ်ကို Mexico နိုင်ငံက ငှားရမ်းထားတာဖြစ်ပြီး လေယာဉ်အမှုထမ်းတွေကလည်း Mexico နိုင်ငံကဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG