သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီသီယိုးပီးယားခရီးသည်တင်လေယာဉ်ပျက်ကျ ၁၅၇ ဦး သေဆုံး


အီသီယိုးပီးယား နိုင်ငံ မြို့တော် Addis Ababa က နေ ကင်ညာနိုင်ငံ Nairobi ကို ပျံသန်းလာတဲ့ အီသီယိုးပီးယား လေကြောင်းလိုင်း လေယာဉ်တစီး ဒီကနေ့ တနင်္ဂနွေနေ့မနက်က ပျက်ကျခဲ့တဲ့ အတွက် လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၅၇ ဦးစလုံးသေဆုံးခဲ့ပါတယ်။

နိုင်ငံပေါင်း ၃၃ နိုင်ငံက ခရီးသည်တွေ တင်ဆောင်လာတဲ့ Boeing 737လေယာဉ် အမှတ် ၃၀၂ ဟာ မြို့တော် Addis Ababa ကနေ အရှေ့တောင်ဘက် ၆၂ ကီလိုမီတာအကွာ Bishoftu မြို့အနီးမှာ ပျက်ကျခဲ့တာပါ။ ဒေသစံတော်ချိန် မနက် ၈ နာရီ ၃၈ က Bole နိုင်ငံတကာလေဆိပ်က ထွက်ခွါသွားခဲ့တဲ့ ဒီလေယာဉ်နဲ့ ၈ နာရီ ၄၄ မိနစ်မှာ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ အီသီယိုးပီးယား အစိုးရ သတင်းဌာနက ကြေညာပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူကြေကွဲရကြောင်းလည်း အစိုးရနဲ့ ပြည်သူတွေကိုယ်စား ဝန်ကြီးချုပ် Abiy Ahmed က တွစ်တာစာမျက်နှာမှာရေးသားခဲ့ပါတယ်။

Boeing 737 Max 8 ဂျက်လေယာဉ် အမျိုးအစား ဒီလေယာဉ်က ပြီးခဲ့တဲ့ နိုဝင်ဘာကစတင်ပြေးဆွဲခဲ့တာ ဖြစ်ပြီး လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်လို့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါကြောင်း Boeing ကုမ္မဏီက ပြောပါတယ်။

အခုပျက်ကျခဲ့တဲ့ Boeing 737 Max 8အမျိုးအစား လေယာဉ်က ပြီးခဲ့တဲ့ အောက်တိုဘာလ က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကနေ ပျံတက်ပြီး မိနစ်အနည်းငယ်အကြာမှာ ဂျာဗားပင်လယ်ထဲ ပျက်ကျခဲ့တဲ့ လေယာဉ်နဲ့ အမျိုးအစားတူဖြစ်ပါတယ်။ အောက်တိုဘာလက ပျက်ကျခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ Lion လေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုမှာ လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၈၉ ဦး စလုံးသေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG