သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရီးသည်တင်လေယာဉ် အမေရိကန်မှာ လမ်းချော် မြစ်ထဲကျ


မိုင်ယာမီလေကြာင်းလိုင်း ဘိုးရိမ်း ၇၃၇ လေယာဉ် (မေ၊ ၀၃၊ ၂၀၁၉)
မိုင်ယာမီလေကြာင်းလိုင်း ဘိုးရိမ်း ၇၃၇ လေယာဉ် (မေ၊ ၀၃၊ ၂၀၁၉)

ခရီးသည် ၁၃၆ ယောက် တင်ဆောင်လာတဲ့ မိုင်ယာမီလေကြာင်းလိုင်းက ဘိုးရိမ်း ၇၃၇ လေယာဉ်ကြီးဟာ အမေရိကန်အရှေ့ပိုင်း ဖလော်ရီဒါပြည်နယ်က Jacksonville မြို့ Naval Air စစ်လေယာဉ်ကွင်းမှာ ဆင်းသက်တဲ့အချိန် လမ်းချော်ပြီး Saint John မြစ်ထဲကို ချော်ကျသွားတယ်လို့ ပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။

ကျူးလား နိုင်ငံ၊ ဂွါတာနာမို စစ်အခြေစိုက်စခန်းက ထွက်လာတဲ့ လေယာဉ်ကြီးဟာ မနေ့ သောကြာနေ့ညက မိုးကြိုးမုန်တိုင်းကျနေတဲ့အချိန်မှာပဲ လေယာဉ်ပြေးလမ်းပေါ် ဆင်းသက်တဲ့အချိန် လမ်းချော်ပြီး ပြေးလမ်းအဆုံးမှာရှိနေတဲ့ မြစ်ထဲကျသွားတာလို့ WOKV-TV ဒေသတွင်း ရုပ်မြင်သံကြားဌာနက ပြောပါတယ်။

ဒဏ်ရရသွားတဲ့ ခရီးသည် ၂၁ ဦးကိုတော့ ဆေးရုံခေါ်သွားပေမယ့် ဆိုးဆိုးရွားရွားအခြေအနေမရှိဘူးလို့ WOKV-TV သတင်းဌာနက ပြောပါတယ်။

အဲဒီ လေယာဉ် မြစ်ပေါ်မှာ ပေါ်နေတာကို ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။ ရေပြင်ပေါ် ယိုထွက်ကျလာတဲ့ လေယာဉ်ဆီတွေကို ပြန့်မသွားအာင် ဝိုင်းဝန်း လုပ်ကိုင်နေကြတယ်လို့ Jacksonville မြို့တော်ဝန် Lenny Curry ကပြောပါတယ်။

ဘိုးရိမ်းကုမ္ပဏီပြောခွင့်ရသူက ဒီဖြစ်ရပ်ကို သိရှိကြောင်းနဲ့ သတင်းအချက်အလက်တွေကို စုဆောင်းနေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ခရီးသည်တင်လေယာဉ် အမေရိကန်မှာ လမ်းချော် မြစ်ထဲကျ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG