သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါမှာပျက်ကျ U.S.-Bangla လေယာဉ် လူ ၄၉ ဦးသေဆုံး


ဘင်္ဂလားဒေ့ရှ်ကနေ Nepal နိုင်ငံကို ပျံသန်းတဲ့ ခရီးသည်တင်လေယာဉ်တစင်းဟာ Kathmandu လေဆိပ်ကို ဆင်းဖို့ ကြိုးစားနေချိန်မှာပဲ ပျက်ကျပြီး မီးလောင်ပေါက်ကွဲခဲ့တဲ့အတွက် လူပေါင်း ၄၉ ဦး သေဆုံးခဲ့ရတယ်လို့ Nepal အာဏာပိုင်တွေက ပြောပါတယ်။

Dhaka အခြေစိုက် U.S.-Bangla အမေရိကန်- ဘင်္ဂလား လေကြောင်းဌာန ပြောခွင့်ရကတော့ လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၄ ဦးနဲ့အတူ စုစုပေါင်း ၇၁ ဦး လိုက်ပါသွားတာဖြစ်ကြောင်းပြောပါတယ်။ ခရီးသည် ၆၇ ဦးထဲမှာ ၃၂ ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်ပြီး Nepal က ၃၃ ဦး တရုတ်တဦးနဲ့ မော်လဒိုက်က တဦးတို့ ပါဝင်ပါတယ်။ လေယာဉ်ပျံဟာ ပျက်မကျခင်ကလေးမှာ ခပ်နိမ့်နိမ့်ပျံနေပြီး ဟိုကွေ့ဒီကွေ့နဲ့ ရမ်းနေတာတွေ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

မီးလောင်နေတဲ့ ကနေဒါထုတ် Bombardier Dash 8 လေယာဉ်ထဲကနေ လူအမျုားအပြားကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ လည်း တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

U.S.-Bangla လေကြောင်း အကြီးအကဲ Imran Asif ကတော့ Kathmandu လေကြောင်းထိန်းချုပ်ရေးဌာနဟာ ဒီလေယာဉ်ဆင်းသက်ဖို့ အတွက် မှန်ကန်တဲ့ အချက်ပြဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

လေဆိပ်တာဝန်ခံ အရာရှိတွေကတော့ လေယာဉ်မှူးက တောင်ပိုင်းမှာ ရှိတဲ့ လေယာဉ်ပြေးလမ်းနားရောက်နေပြီလို့ ပြောပေမယ့် တကယ်တမ်းက လေယာဉ်ဟာ မြောက်ဘက်က လာနေတာလို့ ပြောပါတယ်။ ဒါ့အပြင် လေယာဉ်မှူးဟာ လေယာဉ်ကို ပြေးလမ်းအတိုင်း တည့်တည့် မပြေးခဲ့ပဲ အဆင်ပြေရဲ့လားလို့ လေဆိပ်ကမေးချိန်မှာ ပြေပါတယ်လို့ ပြန်ဖြေခဲ့ကြောင်း ပြောပါတယ်။

လေဆိပ်ကိုရောက်နေတဲ့ သတင်းထောက်တွေကတော့ လေယာဉ်ပျက်ကျသွားပြီးတဲ့နောက်မှာ လေယာဉ်ဟာ အပိုင်းပိုင်းပြတ်ပြီး လေယာဉ်ပြေးလမ်း နားက မြက်ခင်းမှာ ပြန့်ကြဲနေတယ်လို့ ပြောပါတယ်။

ပျက်ကျ U.S.-Banglaလေယာဉ် လူ ၄၉ ဦးသေဆုံး
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG