သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး MH370 မလေးရှားခရီးသည်တင်လေယာဉ် ရှာဖွေမှု ရပ်ဆိုင်း


MH370 ကိုရှာဖွေနေစဉ်
MH370 ကိုရှာဖွေနေစဉ်

လွန်ခဲ့တဲ့ ၄ နှစ်က မလေးရှားနိုင်ငံ Kuala Lumpur မြို့တော်ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို အသွားလမ်းမှာပျောက်သွားတဲ့ မလေးရှားလေကြောင်းလိုင်း အမှတ်စဉ် MH370 ကိုရှာဖွေမှုရပ်ဆိုင်းလိုက်ပါပြီ။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ် ဘယ်လိုကြောင့် လေယာဉ်ပျောက်သွားသလဲဆိုတာကို ခုချိန်ထိ မသိရသေးတဲ့အတွက် မိသားစုတွေရဲ့ ပူပင်သောကတွေ မအေးနိုင်ကြသေးသလို စိတ်ကျေနပ်မှု မရနိုင်ကြသေးပါဘူး။

ကျယ်ပြောနက်နဲလှတဲ့ India သမုဒ္ဒရာကြီးထဲမှာ လေယာဉ်နဲ့ပါတ်သက်တဲ့ အထောက်အထားမတေ့ွရတဲ့အတွက် ရှာဖွေမှုကို ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ လေယာဉ်ပျောက် ရှာပေးနေတဲ့ အမေရိကန်အခြေစိုက် Ocean Infinity of Houston ကုမ္ပဏီကပြောပါတယ်။ အောင်မြင်မှုမရဘဲ ရှာဖွေရေးရပ်လိုက်ရတဲ့အတွက် စိတ်မကောင်းဘူးလို့ ကုမ္ပဏီအကြီးအကဲက ပြောပါတယ်။

၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့တုန်းက ပျံသန်းသွားတဲ့ MH370 လေယာဉ်ဟာ သွားရမယ့်လမ်းကြောင်းရဲ့ ဆန့်ကျင်ဖက် India သမုဒ္ဒရာတောင်ဖက်ကို ပျံသန်းသွားခဲ့တာဖြစ်ပြီး ဘာကြောင့်လဲဆိုတာကို ခုချိန်ထိ မသိနိုင်သေးပါဘူး။ မလေးရှား။ တရုတ်နဲ့ Australia အစိုးရတွေရဲ့ တရားဝင်လေယာဉ်ရှာဖွေမှုတွေကို ပြီးခဲ့တဲ့ နှစ်ထဲက ရပ်ဆိုင်းခဲ့တာဖြစ်ပြီး။ ပုဂ္ဂလိကရန်ပုံငွေနဲ့ အမေရိကန်ကုမ္ပဏီကိုငှားပြီး လေယာဉ်ကိုဆက်ရှာခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ရှာဖွေမှုတွေ ပြန်လုပ်ဖို့ အစီအစဉ်မရှိဘူးလို့ မလေးရှားအစိုးရက ပြောကြားခဲ့ပါတယ်။

ပျောက်ဆုံး MH370 မလေးရှားခရီးသည်တင်လေယာဉ် ရှာဖွေမှု ရပ်ဆိုင်း
please wait

No media source currently available

0:00 0:00:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG