သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလေကြောင်း MH 370 လေယာဉ်ပျောက်ဆုံးမှု ၄ နှစ်ပြည့်အောက်မေ့ဖွယ်ကျင်းပ


မလေးရှားလေကြောင်း MH 370 လေယာဉ်ပျောက်ဆုံးမှု ၄ နှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနား ကွာလာလမ်ပူမြို့မှာ ကျင်းပ
မလေးရှားလေကြောင်း MH 370 လေယာဉ်ပျောက်ဆုံးမှု ၄ နှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနား ကွာလာလမ်ပူမြို့မှာ ကျင်းပ

အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာ ပျောက်ဆုံးသွားတဲ့ မလေးရှားလေကြောင်း MH370 နဲ့ အတူ ပျောက်ဆုံးသွားတဲ့ ခရီးသည်တွေရဲ့ မိသားစုတွေက လေယာဉ်ပျောက်ဆုံးမှု ၄ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို မလေးရှားနိုင်ငံ Kuala Lumpur ဒီကနေ့ ကျင်းပသွားပါတယ်။

တဘက်ကလည်း လေယာဉ်ပျောက်ရှာဖွေမှုလုပ်ငန်းသစ်တွေ စတင်နေတာပါ။ ဒီလေယာဉ်ကို ရှာဖွေမှု ပြန်စဖို့ မလေးရှားအစိုးရက ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ အမေရိကန် စူးစမ်းရှာဖွေရေးကုမ္ပဏီတခုကို အလုပ်အပ်လိုက်တာပါ။ Houston မြို့အခြေစိုက် Ocean Infinity ကုမ္ပဏီနဲ့ က ရှာမတွေ့ရင် ပိုက်ဆံမပေးနဲ့ ဆိုတဲ့ သဘောတူညီချက်နဲ့ စာချုပ်ချုပ်ထားတာလို့ မလေးရှား ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး Liow Tiong က ပြောပါတယ်။

တကယ်လို့ ပျောက်ဆုံးလေယာဉ် Boeing 777 ကိုစတုရန်းမိုင်၂၀၀၀ အတွင်း ပြန်ရှာတွေ့ရင်တော့ အဲဒီကုမ္ပဏီကို ဒေါ်လာ သန်း ၂၀ ပေးမှာ ဖြစ်ပြီး စတုရန်းမိုင် ၄၀၀၀ အတွင်းမှာဆို ဒေါ်လာ သန်း ၃၀ နဲ့ စတုရန်းမိုင် တသောင်းအတွင်း မှာဆို ဒေါ်လာ သန်း ၅၀ ပေးမှာ ဖြစ်ပါတယ်။ အဲဒီထက် ကျော်တဲ့ နေရာမှာဆိုရင်တော့ ကုမ္ပဏီက အခကြေးငွေ ဒေါ်လာ သန်း ၇၀ ရရှိပါမယ်။

မလေးရှားလေကြောင်း MH370 ဟာ ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့မှာ Kuala Lumpur မြို့တော်ကနေ တရုတ်နိုင်ငံ ပီကင်းမြို့တော်ကိုအသွား ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၂၃၉ ဦးနဲ့အတူ ပျောက်ဆုံးသွားတာပါ။ ဒီလေယာဉ်ရှာဖွေမှုအတွက် မလေးရှားနဲ့အတူ Australia နဲ့ တရုတ်တို့ ပါဝင်လုပ်ဆောင်ခဲ့ပြီး ၃ နှစ်အတွင်း ဒေါ်လာသန်း ၁၆၀ အကုန်အကျခံခဲ့ပါတယ်။ မိုင်ပေါင်း ၇ ထောင်ကျော် ရှာဖွေပြီးနောက် ၂၀၁၇ ဇန်နဝါရီ မှာ ရပ်နားလိုက်ပါတယ်။ လေယာဉ်ပျောက်ရဲ့ အစိတ်အပိုင်းတချို့ကို အိန္ဒိယသမုဒ္ဒရာရဲ့ နေရာတချို့မှာ တွေ့ခဲ့ရတာကလွဲလို့ လေယာဉ်ကို အစအနတောင် ရှာမတွေ့ပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG