သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလေယာဉ် အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျကြောင်းအတည်ပြု


မလေးရှားဝန်ကြီးချုပ် Nazak Razak က မလေးရှားလေယာဉ် MH370 ပျက်ကျခဲ့တာဖြစ်ကြောင်း အတည်ပြုကြေညာစဉ်။ (မတ်လ ၂၄၊ ၂၀၁၄)
မလေးရှားဝန်ကြီးချုပ် Nazak Razak က မလေးရှားလေယာဉ် MH370 ပျက်ကျခဲ့တာဖြစ်ကြောင်း အတည်ပြုကြေညာစဉ်။ (မတ်လ ၂၄၊ ၂၀၁၄)
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းထဲကို ပျက်ကျသွားတယ်လို့ ဂြိုဟ်တုက ရရှိတဲ့အချက်အလက်တွေက ညွှန်ပြနေကြောင်း မလေးရှားအစိုးရကပြောပါတယ်။

ဗြိတိသျှကုမ္ပဏီတခုကရတဲ့ ဂြိုဟ်တု အချက်အလက်ပေါ်အခြေခံပြီး လေယာဉ် ပျံသန်းလမ်းကြောင်းကို သေချာစစ်ဆေးသုံးသပ်တဲ့အခါမှာ မလေးရှားလေကြောင်း လေယာဉ်အမှတ် ၃၇၀ ဟာ Australia နိုင်ငံအနောက်ဖက် အလှမ်းဝေးလှတဲ့ ရေပြင်ထဲကို ထိုးကျသွားတယ်လို့ မလေးရှားဝန်ကြီးချုပ် Najib Razak က ဒီကနေ့ပဲ ပြောသွားပါတယ်။

Boeing 777 လေယာဉ်ပေါ်မှာ ပါသွားသူတွေရဲ့ ကံကြမ္မာကို သူတို့ရဲ့ ဆွေမျိုးသားချင်းတွေကို အသိပေးလိုက်ပြီလို့ Mr. RAZAK ပြောပါတယ်။ ရှာဖွေရေး လေယာဉ်တစ်စင်းက Australia နိုင်ငံအနောက်မြောက်ပိုင်း အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းရေပြင်မှာ အရာဝတ္တု အများအပြား မျောနေတာတွေ့ရတယ်ဆိုတဲ့ နေရာကိုရောက်ဖို့ သြစတြေးလျ ရေတပ်သင်္ဘောသွားနေချိန်မှာပဲ အခုလို မလေးရှားဝန်ကြီးချုပ် ပြောသွားတာဖြစ်ပါတယ်။
XS
SM
MD
LG