သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး မလေးရှားလေယာဉ် အတွက် မျှော်လင့်ချက်သစ်


အိန္ဒိယသမုဒ္ဒရာထဲက ပြင်သစ်ပိုင် ကျွန်း တခုပေါ် မှာ လေယာဉ် အပျက်အစီး အပိုင်းအစ တချို့ရှာဖွေတွေ့ရှိ။ (ဇူလိုင် ၂၉၊ ၂၀၁၅)
အိန္ဒိယသမုဒ္ဒရာထဲက ပြင်သစ်ပိုင် ကျွန်း တခုပေါ် မှာ လေယာဉ် အပျက်အစီး အပိုင်းအစ တချို့ရှာဖွေတွေ့ရှိ။ (ဇူလိုင် ၂၉၊ ၂၀၁၅)

အိန္ဒိယသမုဒ္ဒရာထဲက ပြင်သစ်ပိုင် ကျွန်းတခုပေါ်မှာ ရှာဖွေတွေ့ရတဲ့ လေယာဉ် အပျက်အစီး အပိုင်းအစတချို့ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လတုန်းက ပဟေဋိ ဆန်ဆန် ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှားလေကြောင်းလှိုင်း MH370 ရဲ့ လေယာဉ်က အစိတ်အပိုင်းတချို့လား ဆိုတာ အတည်ပြုနိုင်ဖို့ စုံစမ်းစစ်ဆေးသူတွေက ကြိုးစားနေပါတယ်။

ခန့်မှန်းချေ ၂ မီတာလောက်ရှည်တဲ့ လေယာဉ်တောင်ပံကလို့ ယူဆရတဲ့ အပျက်အစီးအပိုင်းအစ တခုကို Madagascar ကျွန်းနိုင်ငံအနီး Reunion ကျွန်းပေါ်က ကမ်းခြေတခုမှာ မနေ့က ဗုဒ္ဓဟူးနေ့က တွေ့ခဲ့ရတာပါ။ အဲဒီနေရာဟာ Boeing 777 မလေးရှား ခရီးသည်တင် လေယာဉ်နဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့တဲ့နေရာကနေ ကီလိုမီတာ ၃၅၀၀ အကွာမှာ ရှိတာပါ။

အခု တွေ့ရှိရတဲ့ အပိုင်းအစကို ပြင်သစ် လေကြောင်းဆိုင်ရာ အရာရှိတွေက စစ်ဆေးနေပြီး ဒါဟာ ပျောက်ဆုံးလေယာဉ်က အပိုင်းအစတခုဖြစ်တယ် ဆိုတာကို ပြောနိုင်ဖို့ သိပ် စောလွန်းသေးတယ်လို့ ဆိုပါတယ်။

တကယ်လို့ ပျောက်ဆုံးလေယာဉ်က အစိတ်အပိုင်းဖြစ်တာ သေချာခဲ့မယ်ဆိုရင်တော့ ဒါဟာ ခေတ်သစ် လေကြောင်းသွားလာမှုသမိုင်းမှာ အထူးခြားဆုံး ပဟေဠိဖြစ်နေရတဲ့ မလေးရှားလေယာဉ်ကို ပြန်လည်ရှာတွေ့ဖို့ အဓိက ခြေလှမ်း ဖြစ်သွားနိုင်ပါတယ်။

အခုတွေ့ရတဲ့ လေယာဉ်အပျက်အစီး အစိတ်အပိုင်းကိုတော့ Reunion ကျွန်းပေါ်မှာ သန့်ရှင်းရေး လုပ်နေကြတဲ့ အလုပ်သမားတွေက ရှာတွေ့ခဲ့ပြီးတော့ ဒါကို ဓာတ်ပုံရိုက်ယူပြီး ပြင်သစ် လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူ Xavier Tytelman ဆီကို ပို့ပေးခဲ့တာပါ။ Tytelman ကတော့ ဒီ လေယာဉ်အပျက်အစီးစဟာ Boeing 777 လေယာဉ်က ဖြစ်လိမ့်မယ်လို့ သူ ယုံကြည်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG