သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး မလေးရှားလေယာဉ် မတော်တဆ ပျက်ကျမှုဟု ထုတ်ပြန်

Kaliforniya - Meşə yanğınları

Kaliforniya - Meşə yanğınları

မလေးရှားလေကြောင်းလိုင်းရဲ့ MH370 လေယာဉ် ပြီးခဲ့တဲ့နှစ်ထဲ ပျောက်ဆုံးမှုဟာ မတော်တဆမှု အဖြစ် တရားဝင် ကြေညာ လိုက်ပါတယ်။ ဒါဟာ ဆိုရင် လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၂၃၉ ဦးစလုံးကို သေဆုံးပြီလို့ သတ်မှတ် လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ တနှစ်နီးပါးကြာ ရှာဖွေခဲ့ပေမဲ့ ပြန်မတွေ့ခဲ့တဲ့ အဆုံး ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ကြောင့် လက်တွေ့ အကျိုးဆက် အနေနဲ့ကတော့ ပျောက်ဆုံးလေယာဉ်ပေါ်မှာ ပါသွားသူတွေရဲ့ မိသားစုတွေ နစ်နာကြေး လျှောက်ထား နိုင်ကြတော့မှာပါ။

ဆုံးဖြတ်ချက်ကိုတော့ ရင်နာနာနဲ့ ချမှတ်ခဲ့ရတာ ဖြစ်တယ်လို့လည်း မလေးရှား အရပ်ဖက်လေကြောင်းဌာန အကြီးအကဲ Azharuddin Abdul Rahman က ရုပ်မြင်သံကြားမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ လေကြောင်းလိုင်း အနေနဲ့ နစ်နာကြေးပေးတဲ့ လုပ်ငန်းတွေကိုလည်း ချက်ခြင်းဆောင်ရွက်ပေးဖို့ အသင့်ရှိတဲ့အကြောင်းလည်း ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် မတ်လ ၈ ရက်နေ့မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ဦးတည်ပျံသန်းနေစဉ် လေယာဉ်လမ်းကြောင်းကချော်ပြီး အိန္ဒိယသမုဒ္ဒရာပေါ်မှာ မလေးရှားလေကြောင်းလိုင်းရဲ့ Boeing-777 လေယာဉ် ရုတ်တရက် ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

လေယာဉ်ပျောက်ဆုံးရတဲ့ အကြောင်းရင်းနဲ့ နေရာကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပေမဲ့ လေယာဉ် ပျံသန်းမှု မှတ်တမ်းတင် ကိရိယာတွေလို အထောက်အထားတွေ မရှိတဲ့အတွက် ရှာဖွေရေးမှာ အကန့်အသတ်တွေ ရှိနေတယ်လို့လည်း မလေးရှား အရပ်ဖက် လေကြောင်းဌာန အကြီးအကဲက ပြောဆိုခဲ့တာပါ။ လေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ကနဦးအစီရင်ခံစာ တစောင်ကိုတော့ မကြာခင် ထုတ်ပြန်သွားမယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG