သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဇမ်ဘစ် ကမ်းခြေ အပိုင်းအစ MH370 ဟုတ် မဟုတ် စစ်ဆေး


 Malaysian Airlines MH 370 ပျောက်ဆုံးမှု။
Malaysian Airlines MH 370 ပျောက်ဆုံးမှု။

မိုဇမ်ဘစ်နိုင်ငံက ကမ်းခြေတခုမှာတွေ့ရတဲ့ လေယာဉ်တစီးရဲ့ အပိုင်းအစ တခုဟာ ပျောက်ဆုံးသွားတဲ့ မလေးရှားလေကြောင်း လိုင်း ခရီးစဉ်အမှတ် MH370 က အစိတ်အပိုင်းတခု ဟုတ်မဟုတ်ဆိုတာ သြစတြေးလျနိုင်ငံမှာ ဆန်းစစ်သွားမယ် လို့ သြစတြေးလျ သယ်ယူပို့ဆောင်ရေးဝန်ကြီး Darren Chester က ပြောပါတယ်။

“သြစတြေးလျမှာ ဦးဆောင်အဖွဲ့အစည်းတခုအနေနဲ့ ကျနော်တို့ရဲ့ အခန်းကဏ္ဍက တောင်သမုဒ္ဒရာထဲက ရှာဖွေရေးဒေသမှာ လုပ်ငန်းတွေ ဆက်လုပ်သွားဖို့ပါ။ ဒါပေမဲ့ ကျနော်တို့ အတွက် စိတ်ဝင်စားစရာ သတ္တုအပိုင်းအစတခု တွေ့လာတယ်ဆိုရင်တော့ အဲဒါကို အသေအချာ ဆန်းစစ်သွားပါမယ်။ သက်ဆိုင် သူမိသားစုတွေကို လေးစားသောအားဖြင့် သတ္တုအပိုင်းအစရဲ့ မူလဇစ်မြစ်နဲ့ပတ်သက်ပြီး အချိန်မတိုင်ခင် ခန့်မှန်းပြောတာမျိုးကို တော့ ကျနော် မလုပ်ချင်ပါဘူး။” လို့ ဝန်ကြီး Chester ကပြောပါတယ်။

အမေရိကန်နိုင်ငံသားတဦးက တွေ့ခဲ့တဲ့ အပျက်အစီးအပိုင်းအစဟာ ရှာဖွေရေးလုပ်ငန်းကို ကြီးကြပ်နေတဲ့ သြစတြေးလျ ကျွမ်းကျင်သူတွေအသုံးပြုတဲ့ သမုဒ္ဒရာရေကြောင်း ရွေ့လျားမှု စံပုံစံတွေနဲ့ကိုက်ညီတဲ့ နေရာတခုမှာ ရှိနေခဲ့တယ်လို့ ဝန်ကြီး Chester က သြစတြေးလျလွှတ်တော်အမတ်တွေကို ဒီကနေ့ပြောပါတယ်။

အခု အပိုင်းအစဟာ ဘိုးအင်း 777 လေယာဉ်တစင်းရဲ့ လက်ယာဘက် ရေပြင်ညီ ထိန်းညှိပြားက ထိပ်စွန်းဖြစ်ပုံရတယ်လို့ အမေရိကန်တာဝန်ရှိသူ တဦးက ပြောပါတယ်။ မလေးရှားလေကြောင်းလိုင်း လေယာဉ်ရဲ့ တောင်ပံလို့ ယူဆတဲ့ အပိုင်းအစတခုကို ပြီးခဲ့တဲ့နှစ်က Reunion ကျွန်း ကမ်းခြေမှာ တာဝန်ရှိသူတွေ တွေ့ခဲ့ပါသေးတယ်။

XS
SM
MD
LG