သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အဆင့်မြင့် နည်းပညာသုံးကိရိယာနဲ့ မလေးလေယာဉ်ပျောက် ရှာဖွေ


မလေးရှားခရီးစဉ် MH 370 ကိုရှာဖွေနေတဲ့ ရေပြင်ဧရိယာ။
မလေးရှားခရီးစဉ် MH 370 ကိုရှာဖွေနေတဲ့ ရေပြင်ဧရိယာ။
လေယာဉ်ပျံသန်းမှုကို မှတ်တမ်းတင်တဲ့ black box ကိုရှာဖွေနိုင်မယ့် အမေရိကန်လုပ် အဆင့်မြင့်နည်းပညာသုံးစက်တပ်ထားတဲ့ Australia စစ်သင်္ဘောတစီး
ပျောက်နေတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို ရှာဖွေဖို့သွားနေပြီလို့ Australia တာဝန်ရှိသူတွေကပြောပါတယ်။

လေယာဉ်ပျက်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရတဲ့နေရာဆီ black box ရှာ စက်တပ်ထားတဲ့ HMAS Ocean Shield စစ်သင်္ဘော ရောက်ဖို့ ရက်အနည်းငယ်ကြာမှာ ဖြစ်ပါတယ်။ Australia နိုင်ငံ Perth မြို့ရဲ့ အနောက်ဖက် India သမုဒ္ဒရာထဲက ကျယ်ပြောလှတဲ့နေရာမှာ သင်္ဘော ၁၀
စီးနဲ့ လေယာဉ် ၁၀ စီးသုံးပြီး လေယာဉ်ပျောက်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာရှာနေကြပါတယ်။

တချိန်တည်းမှာပဲ ဒေါသထွက်နေကြတဲ့ တရုတ်မိသားစုဝင် ဒါဇင်နဲ့ချီဟာ မလေးရှားနိုင်ငံ Kuala Lumpur မြို့ဆီ ဒီကနေ့ ရောက်လာကြပါတယ်။ အရေးကြီးတဲ့သတင်းအချက်အလက်တွေကို မလေးရှားအစိုးရက ဖုံးကွယ်ထားတယ်လို့ စွပ်စွဲပြီး သူတို့မိသားစုဝင်တွေ ပါသွားတဲ့ လေယာဉ်
ဘာဖြစ်သွားတာလဲဆိုတာကို ထဲထဲဝင်ဝင်ပြောပြဖို့ တောင်းဆိုနေကြပါတယ်။

၈ ရက်နေ့ကတည်းက ပျောက်သွားတဲ့ လေယာဉ်ပေါ်မှာ တရုတ်လူမျိုးတွေ အများစုပါသွားတာဖြစ်ပါတယ်။ မလေရှားလေကြောင်းလိုင်းလေယာဉ်နဲ့
အရောင်ဆင်တူတဲ့ အရာဝတ္ထုတွေကို တရုတ် ရှာဖွေရေး လေယာဉ်တွေပေါ်ကနေ စနေနေ့က တွေ့ရှိခဲ့ပါတယ်။

အဲဒီအရာဝတ္ထုတွေရော ဆယ်ယူနိုင်ခဲ့တဲ့ အရာတွေပါ မလေးရှားလေယာဉ် အပိုင်းအစတွေဖြစ်တယ်ဆိုတာ အတည် မပြုနိုင်သေးဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
XS
SM
MD
LG