သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကနီတိုက္ပြဲ ဖမ္းခံရတဲ့ PDF ေတြ အေလာင္းပဲျပန္ရ


တိုင္းရင္းသားနယ္ျေမထဲမွာ လွုပ္ရွားေနတဲ့ ျမန္မာစစ္တပ္ (ဓာတ္ပံု - AP)

(Zawgyi/Unicode)

စစ္ကိုင္းေဒသႀကီး ကနီနယ္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ PDFတို႔ၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ ဒဏ္ရာရၿပီး ဖမ္းဆီးခံရတဲ့ PDF တပ္ဖြဲ႕ဝင္ေတြကို အေလာင္းပဲ ျပန္ရခဲ့တယ္လို႔ ေဒသခံ PDFေတြဘက္က ေျပာပါတယ္။ ဒါ့အျပင္ ေ႐ႊကူအနီးမွာ စစ္ေကာင္စီတပ္ေတြရဲ႕ ေရယာဥ္ေတြကို KIA တပ္ဖြဲ႕က ၾကားျဖတ္ တိုက္ခိုက္တာေတြ ျပဳလုပ္ခဲ့တာေတြ ရွိပါတယ္။ ဒီအေၾကာင္း အျပည့္အစုံ ရန္ကုန္က လာတဲ့သတင္း ကိုသားၫြန႔္ဦးေျပာျပပါမယ္။

မေန႔ ဇူလိုင္ ၂၆ ရက္ေန႔ ညေနပိုင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ PDF တို႔ ကနီနယ္ထဲက ဇီပင္ကြင္းနဲ႔ ေညာင္ပင္သာ ေက်း႐ြာအနီးမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္ေတြက လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေၾကာင့္ ေဒသခံ PDF ေတြဘက္က ေနာက္ဆုတ္ေပးခဲ့ၿပီး PDF ေတြဘက္က ဒဏ္ရာရ ဖမ္းဆီးခံရတာေတြ ရွိခဲ့တာပါ။

တိုက္ပြဲေၾကာင့္ ဒဏ္ရာရရဖမ္းဆီးခံရသူေတြကို ဒီကေန႔ ဇူလိုင္ ၂၇ ရက္ေန႔မွာ သြားေရာက္ ရွာေဖြရာမွာေတာ့ စစ္ေကာင္စီေတြဘက္က သတ္ၿပီး က်င္းတူးၿပီး ျမႇဳပ္ႏွံထားတဲ့ အေလာင္း ၉ ေလာင္းနဲ႔အတူ မျမဳပ္ႏွံထားတဲ့ အေလာင္း ၃ ေလာင္း စုစုေပါင္း ၁၂ ေလာင္းကို ေတြ႕ရွိခဲ့တယ္လို႔ PDF ေတြဘက္က ေျပာပါတယ္။
ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ေဒသခံ PDF တဦးကအခုလိုေျပာပါတယ္။

"ဇီးပင္ကြင္းနဲ႔ေညာင္ပင္သာၾကားမွာ အင္းတိုင္းျပန႔္ေပၚမွာစျဖစ္တာ ေတာေလးေပါ့။ ေတာျပန႔္ေလး။ တိုက္ပြဲက ျပင္းထန္တယ္။ ကြၽန္ေတာ္တို႔က ဒီတိုင္း တတန္းႀကီး သြားေနခ်ိန္မွာ သူတို႔က RPG နဲ႔ထုတယ္။ လူထုက RPG ဆိုတာလည္း သိပ္ေတာ့မျမင္ဖူးေတာ့ ၇ လုံး ၈ လုံးေလာက္ ဆက္တိုက္ ပစ္ေတာ့ ေၾကာက္လန႔္ၿပီး ေျပးတဲ့အခ်ိန္မွာ ပစ္ခံရတာ။ ဆုတ္တဲ့သူက ဆုတ္တယ္ မလြတ္တဲ့သူေတြက သူတို႔ပစ္ကြင္းထဲ အကုန္ဝင္ၾကတာေလ။ မွန္တဲ့သူေတြထိတဲ့သူေတြ မထိတဲ့သူေတြေကာ အရွင္ေတြ မိကုန္တာ။ ေျပးမလြတ္တာေတြေကာ။ သြားၾကည့္တဲ့အခ်ိန္ၾကေတာ့ အေလာင္းေတြကို တက်င္းကို ၃ ေယာက္ႏႈန္းနဲ႔ ျမႇဳပ္ထားတယ္။ တခ်ိဳ႕က ေပါင္ေတြက်ည္ဆံမွန္ထားတယ္။ ၿပီးေတာ့မွမေသလို႔ ေခါင္းေတြ ပစ္သတ္ထားတယ္။ တခ်ိဳ႕က်ေတာ့ က်ည္ဆံမမွန္ဘဲ ဒီတိုင္းအရွင္ဖမ္းခံရတာကို ႐ိုက္သတ္ထားတာ ေတြ႕တယ္။ ဒဏ္ရာ ဒဏ္ခ်က္ေတြက ညိဳမဲေနတာ။ အရွင္ဖမ္းမိတာမ်ားတယ္။ သူတို႔လက္ထဲမွာ သတ္ပစ္တာ။ တခ်ိဳ႕ဆို ေသနတ္ဒဏ္ရာေတာင္မပါဘူး ဒီတိုင္းဖမ္းခံထားရတာ ႐ိုက္သတ္ထားတာ ေတြ႕တယ္။ စုစုေပါင္း ျမႇဳပ္ထားတာက ၉ ေလာင္း အဖိုးႀကီး ၂ ေယာက္ရယ္ တေယာက္က ဒီတိုင္း ပစ္သတ္ထားတာ ၁၂ ေယာက္ေသတယ္။"

ဒီတိုက္ပြဲျဖစ္စဥ္နဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တရားဝင္ သတင္းထုတ္ျပန္တာေတာ့မရွိေသးပါဘူး။
ၿပီးခဲ့တဲ့ ဇူလိုင္ ၉ ရက္နဲ႔ ၁၀ ရက္မွာလည္း ကနီၿမိဳ႕နယ္ ယင္း႐ြာ အနီး ေတာထဲက စစ္ေဘးဒုကၡသည္ေတြကို ဖမ္းဆီး အမ်ိဳးသမီးေတြကို ျပန္လႊတ္ၿပီးေတာ့ အမ်ိဳးသား ၁၅ ေယာက္ကို စစ္ေကာင္စီတပ္ေတြက အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

တခ်ိန္တည္းမွာပဲ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ကခ်င္ျပည္နယ္ကို ဗန္းေမာ္ဘက္ကို စစ္ကူေပးဖို႔ ေ႐ႊကူၿမိဳ႕ကို ေရာက္ရွိေနတဲ့ စစ္ေကာင္စီ စစ္သေဘၤာတစီးကို KIA ဘက္က ၾကားျဖတ္တိုက္ခိုက္ခဲ့တာေတြ ျပဳလုပ္ခဲ့ပါေသးတယ္။ ဒါနဲ႔ပတ္သက္လို႔ KIA ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉးႀကီး ေနာ္ဘူက အခုလိုေျပာပါတယ္။

"အဲ့ဒါက တိုက္ပြဲေတာ့မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ ၾကားျဖတ္ၿပီး ပစ္တာေပါ့။ တပ္ပိုင္းဆိုင္ရာ သေဘၤာေတြ တက္လာတာကို ကြၽန္ေတာ္တို႔ ၾကားကေန ျဖတ္ၿပီးေတာ့မွ ပစ္တာေပါ့။ ပစ္လိုက္ေတာ့ သေဘၤာဘက္ကလည္း ျပန္ၿပီး ခုခံ တုန႔္ျပန္တဲ့အေနနဲ႔ ျပန္ပစ္တယ္ဆိုေတာ့ တိုက္ပြဲပုံစံ ျဖစ္သြားတာေပါ့။"

ေ႐ႊကူၿမိဳ႕မွာေတာ့ စစ္ေကာင္စီကို စစ္ကူလာေပးတဲ့ သေဘၤာေတြ မၾကာခဏဆိုသလို တိုက္ခိုက္ခံရၿပီး ကသာၿမိဳ႕မွာဆိုရင္လည္းး စစ္ေကာင္စီတပ္ေတြကို ကခ်င္လြတ္ေျမာက္ေရး တပ္ KIA နဲ႔ ကသာ PDF တို႔ ပူးေပါင္းၿပီး တိုက္ခိုက္ေနတာေတြလည္း ရွိပါတယ္။ ကခ်င္ျပည္နယ္နဲ႔စစ္ကိုင္းတိုင္းနယ္စပ္ေတြမွာ ေဒသခံ PDF ေတြနဲ႔ စစ္ေကာင္စီတပ္ေတြအၾကား တိုက္ပြဲေတြ အခုရက္ပိုင္း ပိုစိပ္လာေနပါတယ္။

.....................................................................................

ကနီတိုက်ပွဲ ဖမ်းခံရတဲ့ PDF တွေ အလောင်းပဲပြန်ရ

(Unicode)

စစ်ကိုင်းဒေသကြီး ကနီနယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDFတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒဏ်ရာရပြီး ဖမ်းဆီးခံရတဲ့ PDF တပ်ဖွဲ့ဝင်တွေကို အလောင်းပဲ ပြန်ရခဲ့တယ်လို့ ဒေသခံ PDFတွေဘက်က ပြောပါတယ်။ ဒါ့အပြင် ရွှေကူအနီးမှာ စစ်ကောင်စီတပ်တွေရဲ့ ရေယာဉ်တွေကို KIA တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာတွေ ရှိပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်က လာတဲ့သတင်း ကိုသားညွန့်ဦးပြောပြပါမယ်။

မနေ့ ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တို့ ကနီနယ်ထဲက ဇီပင်ကွင်းနဲ့ ညောင်ပင်သာ ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ PDF တွေဘက်က နောက်ဆုတ်ပေးခဲ့ပြီး PDF တွေဘက်က ဒဏ်ရာရ ဖမ်းဆီးခံရတာတွေ ရှိခဲ့တာပါ။

တိုက်ပွဲကြောင့် ဒဏ်ရာရရဖမ်းဆီးခံရသူတွေကို ဒီကနေ့ ဇူလိုင် ၂၇ ရက်နေ့မှာ သွားရောက် ရှာဖွေရာမှာတော့ စစ်ကောင်စီတွေဘက်က သတ်ပြီး ကျင်းတူးပြီး မြှုပ်နှံထားတဲ့ အလောင်း ၉ လောင်းနဲ့အတူ မမြုပ်နှံထားတဲ့ အလောင်း ၃ လောင်း စုစုပေါင်း ၁၂ လောင်းကို တွေ့ရှိခဲ့တယ်လို့ PDF တွေဘက်က ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံ PDF တဦးကအခုလိုပြောပါတယ်။

"ဇီးပင်ကွင်းနဲ့ညောင်ပင်သာကြားမှာ အင်းတိုင်းပြန့်ပေါ်မှာစဖြစ်တာ တောလေးပေါ့။ တောပြန့်လေး။ တိုက်ပွဲက ပြင်းထန်တယ်။ ကျွန်တော်တို့က ဒီတိုင်း တတန်းကြီး သွားနေချိန်မှာ သူတို့က RPG နဲ့ထုတယ်။ လူထုက RPG ဆိုတာလည်း သိပ်တော့မမြင်ဖူးတော့ ၇ လုံး ၈ လုံးလောက် ဆက်တိုက် ပစ်တော့ ကြောက်လန့်ပြီး ပြေးတဲ့အချိန်မှာ ပစ်ခံရတာ။ ဆုတ်တဲ့သူက ဆုတ်တယ် မလွတ်တဲ့သူတွေက သူတို့ပစ်ကွင်းထဲ အကုန်ဝင်ကြတာလေ။ မှန်တဲ့သူတွေထိတဲ့သူတွေ မထိတဲ့သူတွေကော အရှင်တွေ မိကုန်တာ။ ပြေးမလွတ်တာတွေကော။ သွားကြည့်တဲ့အချိန်ကြတော့ အလောင်းတွေကို တကျင်းကို ၃ ယောက်နှုန်းနဲ့ မြှုပ်ထားတယ်။ တချို့က ပေါင်တွေကျည်ဆံမှန်ထားတယ်။ ပြီးတော့မှမသေလို့ ခေါင်းတွေ ပစ်သတ်ထားတယ်။ တချို့ကျတော့ ကျည်ဆံမမှန်ဘဲ ဒီတိုင်းအရှင်ဖမ်းခံရတာကို ရိုက်သတ်ထားတာ တွေ့တယ်။ ဒဏ်ရာ ဒဏ်ချက်တွေက ညိုမဲနေတာ။ အရှင်ဖမ်းမိတာများတယ်။ သူတို့လက်ထဲမှာ သတ်ပစ်တာ။ တချို့ဆို သေနတ်ဒဏ်ရာတောင်မပါဘူး ဒီတိုင်းဖမ်းခံထားရတာ ရိုက်သတ်ထားတာ တွေ့တယ်။ စုစုပေါင်း မြှုပ်ထားတာက ၉ လောင်း အဖိုးကြီး ၂ ယောက်ရယ် တယောက်က ဒီတိုင်း ပစ်သတ်ထားတာ ၁၂ ယောက်သေတယ်။"

ဒီတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်မှာလည်း ကနီမြို့နယ် ယင်းရွာ အနီး တောထဲက စစ်ဘေးဒုက္ခသည်တွေကို ဖမ်းဆီး အမျိုးသမီးတွေကို ပြန်လွှတ်ပြီးတော့ အမျိုးသား ၁၅ ယောက်ကို စစ်ကောင်စီတပ်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တချိန်တည်းမှာပဲ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ကို ဗန်းမော်ဘက်ကို စစ်ကူပေးဖို့ ရွှေကူမြို့ကို ရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်သင်္ဘောတစီးကို KIA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါနဲ့ပတ်သက်လို့ KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အခုလိုပြောပါတယ်။

"အဲ့ဒါက တိုက်ပွဲတော့မဟုတ်ဘူး။ ကျွန်တော်တို့ ကြားဖြတ်ပြီး ပစ်တာပေါ့။ တပ်ပိုင်းဆိုင်ရာ သင်္ဘောတွေ တက်လာတာကို ကျွန်တော်တို့ ကြားကနေ ဖြတ်ပြီးတော့မှ ပစ်တာပေါ့။ ပစ်လိုက်တော့ သင်္ဘောဘက်ကလည်း ပြန်ပြီး ခုခံ တုန့်ပြန်တဲ့အနေနဲ့ ပြန်ပစ်တယ်ဆိုတော့ တိုက်ပွဲပုံစံ ဖြစ်သွားတာပေါ့။"

ရွှေကူမြို့မှာတော့ စစ်ကောင်စီကို စစ်ကူလာပေးတဲ့ သင်္ဘောတွေ မကြာခဏဆိုသလို တိုက်ခိုက်ခံရပြီး ကသာမြို့မှာဆိုရင်လည်းး စစ်ကောင်စီတပ်တွေကို ကချင်လွတ်မြောက်ရေး တပ် KIA နဲ့ ကသာ PDF တို့ ပူးပေါင်းပြီး တိုက်ခိုက်နေတာတွေလည်း ရှိပါတယ်။ ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းနယ်စပ်တွေမှာ ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ အခုရက်ပိုင်း ပိုစိပ်လာနေပါတယ်။

Kani Fighting
please wait

No media source currently available

0:00 0:03:11 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG