သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္ၿမိဳ႕ တေက်ာ့ျပန္ တိုက္ပြဲေၾကာင့္ စစ္ေဘးဒုကၡသည္တိုးလာ


ခ်င္းျပည္နယ္အတြင္း တုိက္ပြဲေတြေၾကာင့္ ေတာေတာင္ေတြထဲ ပုန္းေအာင္းေနရတဲ့ ေဒသခံအခ်ဳိ႕။ (ေမ ၂၀၊ ၂၀၂၁)

ZAWGYI/UNICODE

ခ်င္းျပည္နယ္မင္းတပ္ၿမိဳ႕နယ္မွာ ေဒသခံကာကြယ္ေရးCDFအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္တို႔ ဒီရက္ပိုင္းအတြင္းျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေၾကာင့္ ႐ြာသားေထာင္ခ်ီေနရပ္ကေနတိမ္းေရွာင္ေနရပါတယ္။ မင္းတပ္ၿမိဳ႕က စစ္ေရးတင္းမာမႈျဖစ္စဥ္အတြင္း ေနရပ္ကေန တိမ္းေရွာင္ေနရတဲ့စစ္ေဘးေရွာင္ေတြဟာ စားနပ္ရိကၡာနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈလိုအပ္ခ်က္ေတြရွိေနတယ္လို႔ဆိုပါတယ္။ ဒီအေၾကာင္းဗြီအိုေအသတင္းေထာက္ ႏိုင္ကြန္းအိန္ကေန ဆက္သြယ္ေမးျမန္းသတင္းေပးပို႔ထားပါတယ္။

စစ္ေရးတင္းမာေနတဲ့ခ်င္းျပည္နယ္မင္းတပ္ၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ဇူလိုင္လ(၂၁)ရက္ကေန(၂၅)ရက္ေန႔အထိ ၿမိဳ႕နယ္ ေျမာက္ပိုင္း နဲ႔ေတာင္ပိုင္းဘက္မွာ ေဒသခံကာကြယ္ေရးCDFအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္တို႔တိုက္ပြဲျဖစ္ခဲ့တာပါ။ ဒီလိုျဖစ္တဲ့တိုက္ပြဲေၾကာင့္မင္းတပ္ၿမိဳ႕နယ္ေျမာက္ပိုင္းဘက္ ေက်း႐ြာ(၅)႐ြာက ႐ြာသားေထာင္ခ်ီ စစ္ေဘးတိမ္းေရွာင္ေနရတယ္လို႔ မင္းတပ္ကာကြယ္ေရးေခါင္းေဆာင္တဦးကေျပာတယ္။

“အခုကြၽန္ေတာ္တို႔ေျမာက္ပိုင္းဌာနခ်ဳပ္ရွိတဲ့ေနရာဘက္ေတြမွာေတာ့႐ြာကေလး ငါး႐ြာေလာက္ရွိမယ္။ စစ္ေရွာင္ေနရာေတြေပါ့ေနာ္ ထပ္တိုးလာတာေပါ့။ အခု ေလးငါးရက္အတြင္းေပါ့။ မရွိဘူးဆိုေတာင္ တေထာင္ဝန္းက်င္ေလာက္ေတာ့ရွိမယ္။ ထပ္ၿပီးေတာ့ စစ္ေရွာင္ တာေပါ့။ ”

ဇူလိုင္လ(၂၁)ရက္ေေန႔ကစၿပီး မင္းတပ္ၿမိဳ႕နယ္ေျမာက္ပိုင္း ရန္းေခ်ာင္း ေလးအိမ္စု ေ႐ႊေအာင္သာစတဲ့ေက်း႐ြာဘက္မွာ တိုက္ပြဲ ရက္ ဆက္တိုက္ပြဲျဖစ္ပြါးခဲ့တာပါ။ ဒီတိုက္ပြဲျဖစ္စဥ္အတြင္း ႏွစ္ဖက္တပ္ဖြဲ႕ေတြထိခိုက္မႈေတြရွိခဲ့ပါတယ္။ တိုက္ပြဲေၾကာင့္ ေနရပ္စြန႔္ခြာလာရတဲ့ စစ္ေဘးေရွာင္႐ြာသားေတြဟာစားနပ္ရိကၡာနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈ လိုအပ္ေနတယ္လို႔ မင္းတပ္ကာကြယ္ေရးေခါင္းေဆာင္က ေျပာပါတယ္။

“အမ်ားႀကီးအခက္ခဲရွိတယ္။ အခုဟာက COVIDေၾကာင့္ ႐ြာတိုင္းလိုလို ႐ြာအဝင္မွာဂိတ္ေတြလုပ္ၿပီးေတာ့ အဝင္လက္မခံဘူး။ ေနာက္စစ္ပြဲျဖစ္ေတာ့ စားနပ္ရိကၡာသယ္ယူရတာေတြအဆင္မေျပဘူး။ က်န္းမာေရးအေျခအေနက အခုကေတာ့ ရာသီေပၚ တုတ္ ေကြးေတြကေတာ့ျဖစ္ေနပါတယ္။ ရာသီဥတုကလဲေတာ္ေတာ္ဆိုးဆိုးဝါးဝါးျဖစ္ေနတယ္ဆိုေတာ့။ က်န္းမာေရးေစာင့္ေရွာက္မႈက အဆင္မေျပဘူး။ CDMလုပ္ထားတဲ့က်န္းမာေရးဝန္ထမ္းေတြကေတာ့ သူတို႔တတ္စြမ္းသေလာက္ကူညီပံ့ပိုးေပးပါတယ္။ ျပႆနာက ေဆးဝါးေတြမလုံေလာက္ဘူးျပႆနာ။”

တိမ္းေရွာင္လာတဲ့႐ြာသားေတြဟာ သီးျခားစစ္ေရွာင္စခန္းမွာေနရတာမ်ိဳးမဟုတ္ဘဲ ေတာေတာင္ထဲနဲ႔ နီးစပ္ရာ႐ြာက ေဆြမ်ိဳး သားခ်င္းအိမ္ေတြမွာ ခိုလႈံေနရပါတယ္။ မေန႔ကနဲ႔ဒီကေန႔မွာ ေဒသတြင္း တိုက္ပြဲျဖစ္ပြားတာမရွိပါဘူး။ ၿပီးခဲ့တဲ့ရက္ပိုင္းက တေက်ာ့ျပန္တိုက္ပြဲေတြမွာ စစ္ေကာင္စီဘက္က အင္အား အလုံးအရင္းနဲ႔ထိုးစစ္ဆင္လာတာေၾကာင့္ အားမမွ်လို႔ ေနာက္ဆုတ္ေပးလိုက္ရတယ္လို႔CDF တပ္ဖြဲ႕ဝင္တစ္ဦးကေျပာပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဆႏၵျပမႈေတြကို အၾကမ္းဖက္ႏွိမ္နင္းရာကေန ၿပီးခဲ့တဲ့ ဧၿပီလကုန္ပိုင္းေလာက္ကစၿပီး စစ္ေကာင္စီတပ္နဲ႔ ခ်င္း CDF တို႔ၾကား တိုက္ပြဲစတင္ျဖစ္ပြားလာခဲ့တာပါ။

တိုက္ပြဲျဖစ္စဥ္အတြင္း မင္းတပ္ၿမိဳ႕ေပၚနဲ႔ေက်း႐ြာက႐ြာသားေသာင္းခ်ီစစ္ေဘးတိမ္းေရွာင္ေနရပါတယ္။ ဇြန္လ ၂၀ ရက္ေန႔ကစလို႔ မင္းတပ္ CDF-အဖြဲ႕ နဲ႔စစ္ေကာင္စီတပ္တို႔ၾကား (၁၄)ရက္အၾကာ ယာယီအပစ္ခတ္ရပ္ စဲခဲ့ၿပီး စစ္ေရွာင္ တခ်ိဳ႕ေနရပ္ျပန္ၾကေပမဲ့အမ်ားစုကမျပန္ႏိုင္ေသးပါဘူး။

လက္ရွိမင္းတပ္ၿမိဳ႕နယ္မွာ စစ္ေရွာင္ေသာင္းခ်ီရွိေနၿပီး စားေသာက္ေနထိုင္ေရးအခက္ခဲရွိေနတယ္လို႔ စစ္ေဘးေရွာင္ကူညီေရး အဖြဲ႕ဝင္တဦးကေျပာပါတယ္။

“ေလာေလာဆယ္မွာ စစ္ေဘးေရွာင္ေတြ ေတာင္ကတဖက္ ေျမာက္ကတဖက္ဆိုေတာ့ ဒီလိုေတာနဲ႔ၿမိဳ႕က လူဦးေရအတိအက် စာရင္းေတြမရွိလို႔ ခန႔္မွန္းေျခကေတာ့ သုံးေလးေသာင္းေတာ့ရွိမယ္ထင္တယ္။ လုံၿခဳံမႈရယ္ ၿပီးေတာ့စားေသာက္ဖို႔ ရိကၡာေတာ့ျပတ္ လပ္တာေပါ့။”

ဇူလိုင္လ(၂၀)ရက္ေန႔မွာေတာ့မင္းတပ္ၿမိဳ႕ေပၚမွာရွိတဲ့ စစ္ေရွာင္စခန္းေတြကိုဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး႐ုံး UNHCR က ေထာက္ပံ့ေပးခဲ့ေပမဲ့ နယ္ဘက္စစ္ေဘးေရွာင္စခန္းေတြကိုေတာ့ လုံၿခဳံေရးအေၾကာင္းျပခ်က္နဲ႔ သြားခြင့္မရခဲ့ပါဘူး။

မင္းတပ္ CDF-အဖြဲ႕ နဲ႔စစ္ေကာင္စီတပ္တို႔ၾကား (၁၄)ရက္အၾကာ အပစ္ခတ္ရပ္စဲေရး သေဘာတူညီခ်က္ဟာ ဇူလိုင္ လ(၄)ရက္ ေန႔မွာ သက္တမ္းကုန္ဆုံးၿပီးေနာက္ပိုင္း အပစ္ခတ္ရပ္စဲေရး သက္တမ္းတိုးဖို႔ ဇူလိုင္(၁၈)ရက္ တနဂၤေႏြ ေန႔မွာ ႏွစ္ဖက္ကိုယ္ စားလွယ္အဖြဲ႕တို႔ေဆြးေႏြးခဲ့ရာမွာ စစ္တပ္ဘက္ကေနလက္နက္ခ်ေရး အဆိုျပဳခ်က္ေၾကာင့္ သေဘာတူညီခ်က္ ပ်က္ျပယ္ခဲ့ၿပီး ဇူလိုင္(၂၁)ရက္မွာတိုက္ပြဲတေက်ာ့ျပန္ျဖစ္ပြားလာပါတယ္။ လတ္တေလာ မင္းတပ္အေျခအေန၊ တိုက္ပြဲသတင္းေတြနဲ႔ပတ္သက္လို႔ေတာ့ စစ္ေကာင္စီဖက္က တစုံတရာ ထုတ္ျပန္တာမ်ိဳးမရွိေသးပါဘူး။

UNICODE

မင်းတပ်မြို့ တကျော့ပြန် တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည်တိုးလာ

ချင်းပြည်နယ်မင်းတပ်မြိ့နယ်မှာ ဒေသခံကာကွယ်ရေးCDFအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဒီရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ရွာသားထောင်ချီနေရပ်ကနေတိမ်းရှောင်နေရပါတယ်။ မင်းတပ်မြို့က စစ်ရေးတင်းမာမှုဖြစ်စဉ်အတွင်း နေရပ်ကနေ တိမ်းရှောင်နေရတဲ့စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေရှိနေတယ်လို့ဆိုပါတယ်။ ဒီအကြောင်းဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ချင်းပြည်နယ်မင်းတပ်မြို့နယ်မှာ ပြီးခဲ့တဲ့ဇူလိုင်လ(၂၁)ရက်ကနေ(၂၅)ရက်နေ့အထိ မြို့နယ် မြောက်ပိုင်း နဲ့တောင်ပိုင်းဘက်မှာ ဒေသခံကာကွယ်ရေးCDFအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ခဲ့တာပါ။ ဒီလိုဖြစ်တဲ့တိုက်ပွဲကြောင့်မင်းတပ်မြို့နယ်မြောက်ပိုင်းဘက် ကျေးရွာ(၅)ရွာက ရွာသားထောင်ချီ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ မင်းတပ်ကာကွယ်ရေးခေါင်းဆောင်တဦးကပြောတယ်။

“အခုကျွန်တော်တို့မြောက်ပိုင်းဌာနချုပ်ရှိတဲ့နေရာဘက်တွေမှာတော့ရွာကလေး ငါးရွာလောက်ရှိမယ်။ စစ်ရှောင်နေရာတွေပေါ့နော် ထပ်တိုးလာတာပေါ့။ အခု လေးငါးရက်အတွင်းပေါ့။ မရှိဘူးဆိုတောင် တထောင်ဝန်းကျင်လောက်တော့ရှိမယ်။ ထပ်ပြီးတော့ စစ်ရှောင် တာပေါ့။ ”

ဇူလိုင်လ(၂၁)ရက်ေနေ့ကစပြီး မင်းတပ်မြို့နယ်မြောက်ပိုင်း ရန်းချောင်း လေးအိမ်စု ရွှေအောင်သာစတဲ့ကျေးရွာဘက်မှာ တိုက်ပွဲ ရက် ဆက်တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။ ဒီတိုက်ပွဲဖြစ်စဉ်အတွင်း နှစ်ဖက်တပ်ဖွဲ့တွေထိခိုက်မှုတွေရှိခဲ့ပါတယ်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာရတဲ့ စစ်ဘေးရှောင်ရွာသားတွေဟာစားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတယ်လို့ မင်းတပ်ကာကွယ်ရေးခေါင်းဆောင်က ပြောပါတယ်။

“အများကြီးအခက်ခဲရှိတယ်။ အခုဟာက COVIDကြောင့် ရွာတိုင်းလိုလို ရွာအဝင်မှာဂိတ်တွေလုပ်ပြီးတော့ အဝင်လက်မခံဘူး။ နောက်စစ်ပွဲဖြစ်တော့ စားနပ်ရိက္ခာသယ်ယူရတာတွေအဆင်မပြေဘူး။ ကျန်းမာရေးအခြေအနေက အခုကတော့ ရာသီပေါ် တုတ် ကွေးတွေကတော့ဖြစ်နေပါတယ်။ ရာသီဥတုကလဲတော်တော်ဆိုးဆိုးဝါးဝါးဖြစ်နေတယ်ဆိုတော့။ ကျန်းမာရေးစောင့်ရှောက်မှုက အဆင်မပြေဘူး။ CDMလုပ်ထားတဲ့ကျန်းမာရေးဝန်ထမ်းတွေကတော့ သူတို့တတ်စွမ်းသလောက်ကူညီပံ့ပိုးပေးပါတယ်။ ပြဿနာက ဆေးဝါးတွေမလုံလောက်ဘူးပြဿနာ။”

တိမ်းရှောင်လာတဲ့ရွာသားတွေဟာ သီးခြားစစ်ရှောင်စခန်းမှာနေရတာမျိုးမဟုတ်ဘဲ တောတောင်ထဲနဲ့ နီးစပ်ရာရွာက ဆွေမျိုး သားချင်းအိမ်တွေမှာ ခိုလှုံနေရပါတယ်။ မနေ့ကနဲ့ဒီကနေ့မှာ ဒေသတွင်း တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အင်အား အလုံးအရင်းနဲ့ထိုးစစ်ဆင်လာတာကြောင့် အားမမျှလို့ နောက်ဆုတ်ပေးလိုက်ရတယ်လို့CDF တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းရာကနေ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ချင်း CDF တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့တာပါ။

တိုက်ပွဲဖြစ်စဉ်အတွင်း မင်းတပ်မြို့ပေါ်နဲ့ကျေးရွာကရွာသားသောင်းချီစစ်ဘေးတိမ်းရှောင်နေရပါတယ်။ ဇွန်လ ၂၀ ရက်နေ့ကစလို့ မင်းတပ် CDF-အဖွဲ့ နဲ့စစ်ကောင်စီတပ်တို့ကြား (၁၄)ရက်အကြာ ယာယီအပစ်ခတ်ရပ် စဲခဲ့ပြီး စစ်ရှောင် တချို့နေရပ်ပြန်ကြပေမဲ့အများစုကမပြန်နိုင်သေးပါဘူး။

လက်ရှိမင်းတပ်မြို့နယ်မှာ စစ်ရှောင်သောင်းချီရှိနေပြီး စားသောက်နေထိုင်ရေးအခက်ခဲရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီရေး အဖွဲ့ဝင်တဦးကပြောပါတယ်။

“လောလောဆယ်မှာ စစ်ဘေးရှောင်တွေ တောင်ကတဖက် မြောက်ကတဖက်ဆိုတော့ ဒီလိုတောနဲ့မြို့က လူဦးရေအတိအကျ စာရင်းတွေမရှိလို့ ခန့်မှန်းခြေကတော့ သုံးလေးသောင်းတော့ရှိမယ်ထင်တယ်။ လုံခြုံမှုရယ် ပြီးတော့စားသောက်ဖို့ ရိက္ခာတော့ပြတ် လပ်တာပေါ့။”

ဇူလိုင်လ(၂၀)ရက်နေ့မှာတော့မင်းတပ်မြို့ပေါ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေကိုဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က ထောက်ပံ့ပေးခဲ့ပေမဲ့ နယ်ဘက်စစ်ဘေးရှောင်စခန်းတွေကိုတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ သွားခွင့်မရခဲ့ပါဘူး။

မင်းတပ် CDF-အဖွဲ့ နဲ့စစ်ကောင်စီတပ်တို့ကြား (၁၄)ရက်အကြာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဇူလိုင် လ(၄)ရက် နေ့မှာ သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်း အပစ်ခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ ဇူလိုင်(၁၈)ရက် တနင်္ဂနွေ နေ့မှာ နှစ်ဖက်ကိုယ် စားလှယ်အဖွဲ့တို့ဆွေးနွေးခဲ့ရာမှာ စစ်တပ်ဘက်ကနေလက်နက်ချရေး အဆိုပြုချက်ကြောင့် သဘောတူညီချက် ပျက်ပြယ်ခဲ့ပြီး ဇူလိုင်(၂၁)ရက်မှာတိုက်ပွဲတကျော့ပြန်ဖြစ်ပွားလာပါတယ်။ လတ်တလော မင်းတပ်အခြေအနေ၊ တိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဖက်က တစုံတရာ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG