(Zawgyi/Unicode)
ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္နဲ႔ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕မွာ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္တပ္အၾကား တိုက္ပြဲျဖစ္ေနဆဲပါ။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ ႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။
ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ဖြဲ႕ေတြၾကား စစ္ေရးပဋိပကၡရွိေနတဲ့ မင္းတပ္ၿမိဳ႕နယ္မွာ ဒီမနက္မွာလည္း တိုက္ပြဲျဖစ္ခဲ့ၿပီး စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕မွာေတာ့ မေန႔ညပိုင္းမွာ ပစ္ခတ္တိုက္ခိုက္ခဲ့ၾကပါတယ္။
ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္ဘက္မွာ ေဒသခံကာကြယ္ေရး CDF အဖြဲ႕နဲ႔ စစ္တပ္ၾကား ဒီေန႔မနက္ပိုင္းမွာ ဒုတိယေန႔အျဖစ္ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ မင္းတပ္ ကာကြယ္ေရးအဖြဲ႕ေခါင္းေဆာင္တဦးျဖစ္သူ ဆလိုင္းတူမီးက ေျပာပါတယ္။
"မင္းတပ္မွာ တိုက္ပြဲျပန္ျဖစ္တယ္။ ဒီေန႔လည္း ေ႐ႊေအာင္သာအႀကိဳနားေလးမွာပဲ။ ေ႐ႊေအာင္သာက ခ်င္းျပည္နယ္၊ မေကြးတိုင္း၊ ထီးလင္းနဲ႔ေက်ာက္ထုၾကားေပါ့။ ေ႐ႊတြင္းတူးေက်း႐ြာအနားမွာ။ ၈ နာရီေက်ာ္ေက်ာ္ေလာက္မွာ စျဖစ္တယ္။ ေန႔လယ္ပိုင္းမွာ ခနနားတယ္။ နာရီ ၂ ခ်က္ေလာက္အခု ျပန္ခ်တယ္။ ထိခိုက္မႈကေတာ့တပ္ဖက္က က်တဲ့ ဟာေတြရွိတယ္။"
မေန႔ ဇူလိုင္ ၂၁ ရက္ေန႔ကစၿပီး မင္းတပ္ေဒသခံ ကာကြယ္ေရး CDF အဖြဲ႕နဲ႔ စစ္တပ္အၾကား ယာယီ အပစ္ခတ္ရပ္စဲေရးပ်က္ျပယ္ၿပီး တိုက္ပြဲ ျပန္လည္ျဖစ္ခဲ့တာပါ။
တိုက္ပြဲျဖစ္ခဲ့တဲ့ မင္းတပ္ၿမိဳ႕နယ္ ေ႐ႊေအာင္သာေက်း႐ြာသားေတြဟာ နယ္နိမိတ္ခ်င္းထိစပ္တဲ့ မေကြးတိုင္း ေက်ာက္ထုၿမိဳ႕နဲ႔ ထီးခ်ိဳင့္ၿမိဳ႕နယ္ဘက္မွာ တိမ္းေရွာင္ေနၾကတယ္လို႔ ဆက္ေျပာပါတယ္။
"႐ြာကလူေတြက အကုန္လုံးေျပးၾကတယ္လို႔။ သူတို႔ေရွာင္တာက ေက်ာက္ထုဘက္မွာ။ တခ်ိဳ႕ဟာက်ေတာ့ ထီးလင္းဘက္မွာေျပးတယ္တဲ့။ ဒါေပမဲ့ ေက်ာက္ထုဘက္မွာေျပးတာ ပိုမ်ားတယ္ေပါ့။"
ၿပီးခဲ့တဲ့ ဇြန္လ ၂၀ ရက္ေန႔ကစလို႔ မင္းတပ္ CDF အဖြဲ႕နဲ႔ စစ္ေကာင္စီတပ္တို႔ၾကား ၁၄ ရက္ၾကာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ဟာ ဇူလိုင္လ ၄ ရက္ေန႔မွာ သက္တမ္းကုန္ဆုံးခဲ့ပါတယ္။ အပစ္အခတ္ရပ္စဲေရး သက္တမ္းတိုးဖို႔ ဇူလိုင္ ၁၈ ရက္ တနဂၤေႏြေန႔မွာ ႏွစ္ဘက္ကိုယ္စားလွယ္အဖြဲ႕ေတြ ေဆြးေႏြးခဲ့တာမွာ တပ္ဘက္ကေျပာတဲ့ လက္နက္ခ်ေရးအခ်က္ေၾကာင့္ သေဘာတူညီခ်က္ ပ်က္ျပယ္ခဲ့ၿပီး တိုက္ပြဲျဖစ္တာပါ။
မင္းတပ္ၿမိဳ႕နယ္က CDF အဖြဲ႕နဲ႔ စစ္တပ္အၾကားျဖစ္ခဲ့တဲ့ တိုက္ပြဲေတြအတြင္း မင္းတပ္ၿမိဳ႕နယ္ ေက်း႐ြာေတြက ဒုကၡသည္ေသာင္းေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။
အလားတူ ခ်င္းျပည္နယ္နဲ႔ထိစပ္ေနတဲ့ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕မွာလည္း မေန႔ညပိုင္းမွာ ကေလးၿမိဳ႕နယ္ကာကြယ္ေရး PDF အဖြဲ႕က စစ္တပ္ကင္းစခန္းတခ်ိဳ႕ကို ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ PDF အဖြဲ႕ဝင္တဦး ကေျပာပါတယ္။
"က်ေနာ္တို႔က ေျပာက္က်ားစနစ္နဲ႔ေပါ့ေနာ္ တိုက္ပြဲေဖာ္ေဆာင္ၿပီး ဝင္ၿပီးမွတိုက္တာဗ်။ တာဟန္းမီးပြိဳင့္ ဝယ္စလီလမ္းခြဲ အနားမွာရယ္။ စာတိုက္အနားမွာရယ္ ႏွစ္ေနရာေပါ့။ ၿပီးေတာ့ သူတို႔ေနတဲ့ တပ္အိမ္ေတြေပါ့ေနာ္ အဲဒီအထဲကိုေတာ့ သူတို႔ထြက္လာတဲ့အခ်ိန္ ေခ်ာင္းပစ္တာရွိတယ္။ သူတို႔ဘက္ကေတာ့ ႏွစ္ေယာက္က်တာေတာ့ ေသခ်ာတယ္။
အခုေျပာသြားတဲ့ အက်အဆံုးနဲ႔ပတ္သက္ၿပီး သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။ ကေလးၿမိဳ႕နဲ႔ မင္းတပ္ၿမိဳ႕နယ္အတြင္ းပစ္ခတ္တိုက္ခိုက္မႈ အေျခအေနကိုသိရွိဖို႔ စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့လည္း မရခဲ့ပါဘူး။
ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၅ ရက္ေန႔ကလည္း အေရွ႕စည္း႐ြာအတြင္း စခန္းခ်ထားတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ကို ကေလး PDF အဖြဲ႕က ပစ္ခတ္တိုက္ခိုက္ခဲ့တာမွာ ႏွစ္ဘက္ ထိခိုက္က်ဆုံးမႈေတြရွိခဲ့သလို ဒီလိုျဖစ္တဲ့တိုက္ပြဲေတြေၾကာင့္ တိုက္ပြဲျဖစ္တဲ့အေရွ႕စည္းေက်း႐ြာအျပင္ တင္သား၊ ေက်ာက္ဖူး၊ ဒိုးႏြယ္က ႐ြာသားေထာင္ခ်ီ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။
ကေလးၿမိဳ႕နယ္မွာ အခုလို PDF အဖြဲ႔နဲ႔ စစ္တပ္အၾကား တိုက္ပြဲေတြရွိေနသလို စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြလည္း နည္းလမ္းေပါင္းစံုနဲ႔ ေန႔စဥ္လိုဆက္ရွိေနပါတယ္။
..............................................................................................
မင်းတပ်နဲ့ကလေးမှာ တိုက်ပွဲတွေရှိနေဆဲ
(Unicode)
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်နေဆဲပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား စစ်ရေးပဋိပက္ခရှိနေတဲ့ မင်းတပ်မြို့နယ်မှာ ဒီမနက်မှာလည်း တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာတော့ မနေ့ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ဘက်မှာ ဒေသခံကာကွယ်ရေး CDF အဖွဲ့နဲ့ စစ်တပ်ကြား ဒီနေ့မနက်ပိုင်းမှာ ဒုတိယနေ့အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းတပ် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဆလိုင်းတူမီးက ပြောပါတယ်။
"မင်းတပ်မှာ တိုက်ပွဲပြန်ဖြစ်တယ်။ ဒီနေ့လည်း ရွှေအောင်သာအကြိုနားလေးမှာပဲ။ ရွှေအောင်သာက ချင်းပြည်နယ်၊ မကွေးတိုင်း၊ ထီးလင်းနဲ့ကျောက်ထုကြားပေါ့။ ရွှေတွင်းတူးကျေးရွာအနားမှာ။ ၈ နာရီကျော်ကျော်လောက်မှာ စဖြစ်တယ်။ နေ့လယ်ပိုင်းမှာ ခနနားတယ်။ နာရီ ၂ ချက်လောက်အခု ပြန်ချတယ်။ ထိခိုက်မှုကတော့တပ်ဖက်က ကျတဲ့ ဟာတွေရှိတယ်။"
မနေ့ ဇူလိုင် ၂၁ ရက်နေ့ကစပြီး မင်းတပ်ဒေသခံ ကာကွယ်ရေး CDF အဖွဲ့နဲ့ စစ်တပ်အကြား ယာယီ အပစ်ခတ်ရပ်စဲရေးပျက်ပြယ်ပြီး တိုက်ပွဲ ပြန်လည်ဖြစ်ခဲ့တာပါ။
တိုက်ပွဲဖြစ်ခဲ့တဲ့ မင်းတပ်မြို့နယ် ရွှေအောင်သာကျေးရွာသားတွေဟာ နယ်နိမိတ်ချင်းထိစပ်တဲ့ မကွေးတိုင်း ကျောက်ထုမြို့နဲ့ ထီးချိုင့်မြို့နယ်ဘက်မှာ တိမ်းရှောင်နေကြတယ်လို့ ဆက်ပြောပါတယ်။
"ရွာကလူတွေက အကုန်လုံးပြေးကြတယ်လို့။ သူတို့ရှောင်တာက ကျောက်ထုဘက်မှာ။ တချို့ဟာကျတော့ ထီးလင်းဘက်မှာပြေးတယ်တဲ့။ ဒါပေမဲ့ ကျောက်ထုဘက်မှာပြေးတာ ပိုများတယ်ပေါ့။"
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကစလို့ မင်းတပ် CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ၁၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဇူလိုင်လ ၄ ရက်နေ့မှာ သက်တမ်းကုန်ဆုံးခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ ဇူလိုင် ၁၈ ရက် တနင်္ဂနွေနေ့မှာ နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့တွေ ဆွေးနွေးခဲ့တာမှာ တပ်ဘက်ကပြောတဲ့ လက်နက်ချရေးအချက်ကြောင့် သဘောတူညီချက် ပျက်ပြယ်ခဲ့ပြီး တိုက်ပွဲဖြစ်တာပါ။
မင်းတပ်မြို့နယ်က CDF အဖွဲ့နဲ့ စစ်တပ်အကြားဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း မင်းတပ်မြို့နယ် ကျေးရွာတွေက ဒုက္ခသည်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။
အလားတူ ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း မနေ့ညပိုင်းမှာ ကလေးမြို့နယ်ကာကွယ်ရေး PDF အဖွဲ့က စစ်တပ်ကင်းစခန်းတချို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF အဖွဲ့ဝင်တဦး ကပြောပါတယ်။
"ကျနော်တို့က ပြောက်ကျားစနစ်နဲ့ပေါ့နော် တိုက်ပွဲဖော်ဆောင်ပြီး ဝင်ပြီးမှတိုက်တာဗျ။ တာဟန်းမီးပွိုင့် ဝယ်စလီလမ်းခွဲ အနားမှာရယ်။ စာတိုက်အနားမှာရယ် နှစ်နေရာပေါ့။ ပြီးတော့ သူတို့နေတဲ့ တပ်အိမ်တွေပေါ့နော် အဲဒီအထဲကိုတော့ သူတို့ထွက်လာတဲ့အချိန် ချောင်းပစ်တာရှိတယ်။ သူတို့ဘက်ကတော့ နှစ်ယောက်ကျတာတော့ သေချာတယ်။
အခုပြောသွားတဲ့ အကျအဆုံးနဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပါဘူး။ ကလေးမြို့နဲ့ မင်းတပ်မြို့နယ်အတွင်းပစ်ခတ်တိုက်ခိုက်မှု အခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့လည်း မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ကလည်း အရှေ့စည်းရွာအတွင်း စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကလေး PDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေရှိခဲ့သလို ဒီလိုဖြစ်တဲ့တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်တဲ့အရှေ့စည်းကျေးရွာအပြင် တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်က ရွာသားထောင်ချီ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
ကလေးမြို့နယ်မှာ အခုလို PDF အဖွဲ့နဲ့ စစ်တပ်အကြား တိုက်ပွဲတွေရှိနေသလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလည်း နည်းလမ်းပေါင်းစုံနဲ့ နေ့စဉ်လိုဆက်ရှိနေပါတယ်။