သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕နယ္တိုက္ပြဲေၾကာင့္ ရြာသားအမ်ားအျပား စစ္ေရွာင္ေနရ


ကေလးၿမိဳ႕ဆုိင္းဘုတ္။

(Zawgyi / Unicode)

စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕နယ္ေတာင္ပိုင္း အေရွ႕စည္းရြာဘက္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကေလးျပည္သူ႔ကာကြယ္ေရးအဖြဲ႔ (PDF) ေတြအၾကား ဇူလိုင္လ ၁၅ ရက္ကစၿပီး ၃ ရက္ဆက္ျဖစ္ပြားတဲ့ တိုက္ပြဲေတြေၾကာင့္ ရြာ ၄ ရြာက ရြာသားေထာင္ခ်ီ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။ လက္ရွိ စစ္ေကာင္စီတပ္နဲ႔ PDF အဖြဲ႔ေတြအၾကား စစ္ေရးဆိုင္ေနဆဲ အေျခအေန ရွိပါတယ္။ ဒီအေျခအေန အျပည့္အစုံကို ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

ကေလးၿမိဳ႕နယ္ အေရွ႕စည္းရြာဘက္မွာ စခန္းခ်ထားတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ကို ကေလးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရး PDF အဖြဲ႔ေတြကေန ဇူလိုင္လ ၁၅ ရက္ေန႔ကစၿပီး မေန႔ ကေသာၾကာေန႔အထိ ဝုိင္းပတ္ပိတ္ဆို႔ တိုက္ခိုက္ခဲ့တာပါ။

ဒီကေန႔မနက္ပိုင္းမွာေတာ့ တိုက္ပြဲျဖစ္တာ မရွိေသးေပမယ့္ PDF အဖြဲ႔ေတြရွိတဲ့ေနရာကို လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈ ရွိေနတယ္လို႔ PDF အဖြဲ႔ဝင္တဦးက ေျပာပါတယ္။

“တိုက္ပြဲအေျခအေနက မနက္ပိုင္းေတာ့ မျဖစ္ဘူးေပါ့။ သူတို႔ဘက္က လက္နက္ႀကီးနဲ႔ပစ္တယ္။ က်ေနာ္တုိ႔ဘက္ကေတာ့ ျပန္မပစ္ေသးဘူးဗ်။ အဖြဲ႔က ဝုိင္းထားတုန္းပဲ။”

ဒီလိုျဖစ္တဲ့တိုက္ပြဲေတြေၾကာင့္ တိုက္ပြဲျဖစ္ပြားေနတဲ့ အေရွ႕စည္းေက်းရြာအျပင္ အနီးနားရြာေတြျဖစ္တဲ့ တင္သား၊ ေက်ာက္ဖူး၊ ဒိုးႏြယ္က ရြာသားအမ်ားအျပား စစ္ေဘးတိမ္းေရွာင္ေနရတယ္လို႔ ရြာခံေတြက ေျပာပါတယ္။

“ရြာသားေတြက ေတာ္ေတာ္မ်ားမ်ား တိမ္းေရွာင္ေနရတာ။ တရြာလုံးလိုပါပဲဗ်။ ရြာထဲမွာ လူေတာင္မွ မရွိေတာ့ဘူးဗ်။ သူတို႔က ေနရာယူထားတယ္ဆိုေတာ့။ အေရွ႕စည္းတို႔ ဒိုးႏြယ္တို႔ ေက်ာက္ဖူးတို႔က အကုန္လုံး ေရွာင္ထားရတာ။ ရြာ ၄ ရြာေလာက္ ေရွာင္ထားရတာ။ တေသာင္းနီးပါးေလာက္ ရွိမယ္ဗ်။ လြတ္ရာကို ေရွာင္ရတာေပါ့၊ တျခားရြာေတြကိုေပါ့ေနာ။”

ေရွာင္တခင္တိုက္ပြဲျဖစ္ပြားၿပီး ရြာကေန တိမ္းေရွာင္ရတဲ့အတြက္ စားနပ္ရိကၡာေတြ မသယ္ေဆာင္ႏုိင္ခဲ့လို႔ တိမ္းေရွာင္တဲ့ ေနရာအတြင္း စားေသာက္ေနထိုင္ေရးမွာလည္း အခက္ေတြ႔ေနတာပါ။

“တခ်ိဳ႕မိသားစုေတြလည္း ၁၀၀ ရာခိုင္ႏႈန္းမွာ ၂၀ ရာခိုင္ႏႈန္းေလာက္ပဲ သူတို႔က စားနပ္ရိကၡာ ယူၿပီးေတာ့မွ ေျပးႏုိင္မွာေပါ့ေနာ။ ၈၀ ရာခိုင္ႏႈန္းေလာက္ကေတာ့ တိုက္ပြဲျဖစ္မွ ႐ုတ္တရက္ ထြက္ေျပးရေတာ့ အဝတ္တထည္ ကိုယ္တခုနဲ႔ပဲ။ သူတို႔ အစားအေသာက္လည္း အခုဆို ဒုကၡေရာက္တာေပါ့ေနာ။”

ကေလးၿမိဳ႕နဲ႔ မိုင္သုံးဆယ္ခန္႔ကြာေဝးတဲ့ အေရွ႕စည္းရြာမွာ ဇူလိုင္ ၁၅၊ ၁၆ ရက္ေန႔ကတည္းက ႏွစ္ရက္ဆက္ တုိက္ပြဲျဖစ္ေနတာပါ။ တိုက္ပြဲျဖစ္စဥ္မွာ ႏွစ္ဖက္စလုံး အက်အဆုံး ရွိေနတယ္လို႔ PDF အဖြဲ႔ဘက္က ေျပာပါတယ္။

ဒါ့အျပင္ တိုက္ပြဲအတြင္း ေဒသခံရြာသားတခ်ိဳ႕လည္း ေသဆုံးမႈရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“ႏွစ္ေယာက္ရွိတယ္။ မိန္းကေလးတေယာက္ ေယာက်္ားေလးတေယာက္၊ ရြာသားေတြ။ သူတို႔ပစ္လိုက္လို႔ က်ဆုံးသြားတာ။ အခုထက္ထိေတာင္မွ အေလာင္းမေကာက္ရေသးဘူး။ ရြာသားေတြက လမ္းေလွ်ာက္ၿပီးေတာ့ပဲ ထြက္တာဗ်။ အဲဒါ သူတို႔က အေနာက္ကေန လိုက္ပစ္တာ။”

ႏွစ္ရက္ဆက္တိုက္ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲမွာ စစ္တပ္ဘက္က စုစုေပါင္း ၁၅ ဦးက်ဆုံးၿပီး ကေလး PDF ဘက္က ၄ ဦးက်ဆုံး၊ ၅ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ကေလး PDF တာဝန္ရွိသူေတြက ေျပာဆိုခဲ့ေပမယ့္ တပ္မေတာ္ဘက္က အတည္မျပဳပါဘူး။

ကေလးၿမိဳ႕နယ္ တုိက္ပြဲျဖစ္စဥ္နဲ႔ ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။

“အေရွ႕စည္းရြာ၊ အဲဒီဘက္မွာေတာ့ ရွိတယ္ဗ်။ မေန႔ကေတာ့ ျဖစ္ခဲ့တာရွိတယ္။ နယ္ေျမလုံၿခံဳေရး ေဆာင္ရြက္ေနတဲ့အဖြဲ႔၊ အဲဒီအဖြဲ႔ကို အေရွ႕စည္းရြာရဲ႕ အေရွ႕ဘက္အထြက္မွာ အၾကမ္းဖက္အဖြဲ႔ ၆၀ ေလာက္နဲ႔ က်ေနာ္တုိ႔ ျဖစ္ခဲ့တာရွိပါတယ္။ က်ေနာ္တုိ႔ဆီက စစ္သည္တဦးေတာ့ ဒဏ္ရာရရွိပါတယ္။ က်ည္ဆန္ေတြရယ္ တလုံးထိုးေသနတ္တလက္ေတာ့ ရလိုက္တယ္။”

ၿပီးခဲ့တဲ့ ဇြန္လ ၂၇ ရက္ေန႔ကလည္း ဂန႔္ေဂါၿမိဳ႕ကေန ကေလးၿမိဳ႕ကို တက္လာတဲ့ တပ္မေတာ္စစ္ယာဥ္တန္းကို PDF ဘက္က ႏွစ္ရက္ဆက္တိုက္ မိုင္းဆြဲ၊ ခ်ဳံခို တိုက္ခိုက္ခဲ့ပါတယ္။

ကေလးၿမိဳ႕မွာ PDF တပ္ဖြဲ႔နဲ႔ စစ္ေကာင္စီတပ္အၾကား တိုက္ပြဲေပါင္း ခုနစ္ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့ပါတယ္။

ကေလးၿမိဳ႕နယ္ဟာ ကိုဗစ္ေရာဂါ ကူးစက္မႈဒဏ္ကို အႀကီးအက်ယ္ ခံေနရေပမယ့္ စစ္အာဏာသိမ္းမႈကို ေန႔စဥ္ ကန္႔ကြက္ဆႏၵျပေနၿပီး ရရာလက္နက္ေတြနဲ႔ ဆန္႔က်င္ေတာ္လွန္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကလေးမြို့နယ်တိုက်ပွဲကြောင့် ရွာသားအများအပြား စစ်ရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေအကြား ဇူလိုင်လ ၁၅ ရက်ကစပြီး ၃ ရက်ဆက်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ရွာ ၄ ရွာက ရွာသားထောင်ချီ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ PDF အဖွဲ့တွေအကြား စစ်ရေးဆိုင်နေဆဲ အခြေအနေ ရှိပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ကလေးမြို့နယ် အရှေ့စည်းရွာဘက်မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တွေကနေ ဇူလိုင်လ ၁၅ ရက်နေ့ကစပြီး မနေ့ ကသောကြာနေ့အထိ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့တာပါ။

ဒီကနေ့မနက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တာ မရှိသေးပေမယ့် PDF အဖွဲ့တွေရှိတဲ့နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်မှု ရှိနေတယ်လို့ PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

“တိုက်ပွဲအခြေအနေက မနက်ပိုင်းတော့ မဖြစ်ဘူးပေါ့။ သူတို့ဘက်က လက်နက်ကြီးနဲ့ပစ်တယ်။ ကျနော်တို့ဘက်ကတော့ ပြန်မပစ်သေးဘူးဗျ။ အဖွဲ့က ဝိုင်းထားတုန်းပဲ။”

ဒီလိုဖြစ်တဲ့တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့ အရှေ့စည်းကျေးရွာအပြင် အနီးနားရွာတွေဖြစ်တဲ့ တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်က ရွာသားအများအပြား စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရွာခံတွေက ပြောပါတယ်။

“ရွာသားတွေက တော်တော်များများ တိမ်းရှောင်နေရတာ။ တရွာလုံးလိုပါပဲဗျ။ ရွာထဲမှာ လူတောင်မှ မရှိတော့ဘူးဗျ။ သူတို့က နေရာယူထားတယ်ဆိုတော့။ အရှေ့စည်းတို့ ဒိုးနွယ်တို့ ကျောက်ဖူးတို့က အကုန်လုံး ရှောင်ထားရတာ။ ရွာ ၄ ရွာလောက် ရှောင်ထားရတာ။ တသောင်းနီးပါးလောက် ရှိမယ်ဗျ။ လွတ်ရာကို ရှောင်ရတာပေါ့၊ တခြားရွာတွေကိုပေါ့နော။”

ရှောင်တခင်တိုက်ပွဲဖြစ်ပွားပြီး ရွာကနေ တိမ်းရှောင်ရတဲ့အတွက် စားနပ်ရိက္ခာတွေ မသယ်ဆောင်နိုင်ခဲ့လို့ တိမ်းရှောင်တဲ့ နေရာအတွင်း စားသောက်နေထိုင်ရေးမှာလည်း အခက်တွေ့နေတာပါ။

“တချို့မိသားစုတွေလည်း ၁၀၀ ရာခိုင်နှုန်းမှာ ၂၀ ရာခိုင်နှုန်းလောက်ပဲ သူတို့က စားနပ်ရိက္ခာ ယူပြီးတော့မှ ပြေးနိုင်မှာပေါ့နော။ ၈၀ ရာခိုင်နှုန်းလောက်ကတော့ တိုက်ပွဲဖြစ်မှ ရုတ်တရက် ထွက်ပြေးရတော့ အဝတ်တထည် ကိုယ်တခုနဲ့ပဲ။ သူတို့ အစားအသောက်လည်း အခုဆို ဒုက္ခရောက်တာပေါ့နော။”

ကလေးမြို့နဲ့ မိုင်သုံးဆယ်ခန့်ကွာဝေးတဲ့ အရှေ့စည်းရွာမှာ ဇူလိုင် ၁၅၊ ၁၆ ရက်နေ့ကတည်းက နှစ်ရက်ဆက် တိုက်ပွဲဖြစ်နေတာပါ။ တိုက်ပွဲဖြစ်စဉ်မှာ နှစ်ဖက်စလုံး အကျအဆုံး ရှိနေတယ်လို့ PDF အဖွဲ့ဘက်က ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း ဒေသခံရွာသားတချို့လည်း သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နှစ်ယောက်ရှိတယ်။ မိန်းကလေးတယောက် ယောကျ်ားလေးတယောက်၊ ရွာသားတွေ။ သူတို့ပစ်လိုက်လို့ ကျဆုံးသွားတာ။ အခုထက်ထိတောင်မှ အလောင်းမကောက်ရသေးဘူး။ ရွာသားတွေက လမ်းလျှောက်ပြီးတော့ပဲ ထွက်တာဗျ။ အဲဒါ သူတို့က အနောက်ကနေ လိုက်ပစ်တာ။”

နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က စုစုပေါင်း ၁၅ ဦးကျဆုံးပြီး ကလေး PDF ဘက်က ၄ ဦးကျဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကလေး PDF တာဝန်ရှိသူတွေက ပြောဆိုခဲ့ပေမယ့် တပ်မတော်ဘက်က အတည်မပြုပါဘူး။

ကလေးမြို့နယ် တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“အရှေ့စည်းရွာ၊ အဲဒီဘက်မှာတော့ ရှိတယ်ဗျ။ မနေ့ကတော့ ဖြစ်ခဲ့တာရှိတယ်။ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့အဖွဲ့၊ အဲဒီအဖွဲ့ကို အရှေ့စည်းရွာရဲ့ အရှေ့ဘက်အထွက်မှာ အကြမ်းဖက်အဖွဲ့ ၆၀ လောက်နဲ့ ကျနော်တို့ ဖြစ်ခဲ့တာရှိပါတယ်။ ကျနော်တို့ဆီက စစ်သည်တဦးတော့ ဒဏ်ရာရရှိပါတယ်။ ကျည်ဆန်တွေရယ် တလုံးထိုးသေနတ်တလက်တော့ ရလိုက်တယ်။”

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကလည်း ဂန့်ဂေါမြို့ကနေ ကလေးမြို့ကို တက်လာတဲ့ တပ်မတော်စစ်ယာဉ်တန်းကို PDF ဘက်က နှစ်ရက်ဆက်တိုက် မိုင်းဆွဲ၊ ချုံခို တိုက်ခိုက်ခဲ့ပါတယ်။

ကလေးမြို့မှာ PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပေါင်း ခုနစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ကလေးမြို့နယ်ဟာ ကိုဗစ်ရောဂါ ကူးစက်မှုဒဏ်ကို အကြီးအကျယ် ခံနေရပေမယ့် စစ်အာဏာသိမ်းမှုကို နေ့စဉ် ကန့်ကွက်ဆန္ဒပြနေပြီး ရရာလက်နက်တွေနဲ့ ဆန့်ကျင်တော်လှန်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG