သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္တတိယလိႈင္းဒဏ္သင့္ ကေလးၿမိဳ႕ ကုသေစာင့္ေရွာက္ေရးပိုင္း အားနည္းေန


ကလေးျမိဳ ့က ကိုဗစ္ေၾကာင့္ေသဆံုးသူတဦးရဲ့ စ်ာပန ( ဓာတ္ပံု - San Thawn Thaung)

(Zawgyi/Unicode)

စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕မွာ ကိုဗစ္- ၁၉ အတည္ျပဳလူနာနဲ႔ ကိုဗစ္ေရာဂါျဖစ္ႏိုင္တယ္ဆိုတဲ့ သံသယလူနာေတြ အမ်ားအျပား ေသဆံုးေနတယ္လို႔ ခရစ္ယာန္ သခ်ိ ဳၤင္းေကာ္မတီေတြနဲ႕ လူမွဳေရးပရဟိတအဖြဲ႕၀င္ေတြကေျပာပါတယ္။ ေရာဂါကူးစက္မွဳမ်ားျပားေပမဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈပိုင္းေတြမွာ အားနည္းေနတဲ့အေၾကာင္း ဗီြအိုေအသတင္းေထာက္ နိုင္ကြန္းအိန္က သတင္းေပးပို႕ ထားပါတယ္။

ကိုဗစ္- ၁၉ ကပ္ေရာဂါ ကူးစက္ ျဖစ္ပြားေနတဲ့ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕မွာ ဒီေန႔ ေသဆံုးသူ ၂၀ ေက်ာ္႐ွိပါတယ္။ တၿမိဳ႕နယ္လုံးအတိုင္းအတာနဲ႔ ေသဆုံးသူအေရအတြက္လည္း မ်ားေနတယ္လို႔ ကေလးၿမိဳ႕ ခရစ္ယာန္သခ်ိဳ ၤးေကာ္မတီ၀င္တဦးက ဗီြအိုေအကို ေျပာပါတယ္။

"ဇူလိုင္လ ၁ ရက္ေန႕ကေန ဒီေန႔အထိေတာ့ ကေလးၿမိဳ႕တၿမိဳ႕လုံးေပါ့ေနာ။ အဲတာက ၂၂၉ ။ ဒီေန႕က တျမိဳ႕လုံးမွာဆိုရင္ ၂၂ ေယာက္ရွိတယ္။ ဒီေန႕ ၂၂ ေယာက္။ မေန႕က က်ေနာ္တို႕ ခရစ္ယာန္သုႆာန္ေျမမွာေတာ့ ၁၄ ေယာက္။ ဒါေပမဲ့ ကေလးၿမိဳ႕ တၿမိဳ႕လုံးေတာ့မဟုတ္ဘူးေနာ။ ဇြန္လ ၁ ရက္ေန႕ကေန ဒီေန႕အထိဆိုရင္ ေလး ငါးရာေလာက္ေတာ့ရွိတတ္တယ္။ အေသစာရင္းနဲ႕ အဓိကရပ္ကြက္ထဲမွာ သၿဂၤိဳလ္ဖို႕အတြက္ အဲတာမ်ိဳးလဲ ပရဟိတအဖြဲဲ႕ေတြ Volunteer အဖြဲ႕ေတြ ဦးေဆာင္တယ္။"

ခုလို ကေလးၿမိဳ႕မွာ ေသဆံုးသူ ေန႔စဥ္ ျမင့္တက္ေနေပမဲ့ ကိုဗစ္ေၾကာင့္ေသဆံုးသြားတာလားဆိုတာ အတိအက် မသိရပါဘူး။ ကိုဗစ္အတည္ျပဳလူနာတခ်ဳိ႕ပါသလို ကိုဗစ္ေရာဂါလကၡဏာျပေပမဲ့ စစ္ေဆးမႈ မလုပ္ရေသးသူေတြလည္း ပါပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနက ေန႔စဥ္ထုတ္ျပန္ေနတဲ့ စာရင္းေတြထဲမွာေတာ့ ကေလးၿမိဳ႕မွာ ကိုဗစ္ေၾကာင့္ ေသဆံုးသူအေရအတြက္ အနည္းငယ္သာပါဝင္ပါတယ္။

ခရစ္ယာန္ သခ်ိ ဳၤင္းေကာ္မတီ စာရင္းအရကေတာ့ ဇူလိုင္လ ၁ ရက္ေန႔ကေန ဇူလိုင္လ ၈ ရက္ေန႔အထိ ကေလးၿမိဳ႕မွာ ကိုဗစ္ေရာဂါ အတည္ျပဳလူနာအျပင္ ကိုဗစ္ေရာဂါျဖစ္ေနတယ္လို႔ သံသယ႐ွိတဲ့လူနာ ေသဆံုးတာ စုစုေပါင္း ၂၂၉ ဦးျဖစ္ပါတယ္။

ကေလးၿမိဳ႕မွာ ေသဆံုးေနၾကသူ အမ်ားစုက ခ်င္းလူမ်ဳိးေတြျဖစ္ၾကပါတယ္။ ကေလးၿမိဳ႕ ခရစ္ယာန္ သခ်ိ ဳၤင္းမွာ ၿပီးခဲ့တဲ့ ဇြန္လ ၁ ရက္ေန႔ကေန ၃၀ ရက္ေန႔အထိ တလအတြင္း စုစုေပါင္း အေလာင္း ၂၇၀ မီးသၿဂိဳၤလ္ခဲ့ရတယ္လို႔ ပရဟိတကူညီေနသူေတြက ေျပာပါတယ္။
ေသဆံုးသြားတဲ့ ကိုဗစ္အတည္ျပဳလူနာေတြကို ခ်င္းလူမႈေရးအသင္း ၊ ေဇာလ္ဘုတ္ (Zawl buk)၊ တာဟန္းမီဇိုးလူငယ္အသင္း (TMTP)၊ ဇိုမီးလူငယ္အဖြဲ႕ ကာယကံေမတၱာ စတဲ့ ပရဟိတအဖြဲ႕အစည္းေတြက သက္ဆိုင္ရာသခ်ိဳ ၤးေတြမွာ PPE ဝတ္စုံေတြနဲ႔ မီး႐ႈိ႕သၿဂိဳၤလ္ေပးေနၾကပါတယ္။ ေသဆံုးသူအားလံုး ကိုဗစ္ေၾကာင့္လားဆိုတာ အတည္မျပဳႏိုင္ေပမဲ့ ေသဆံုးသူေတြမ်ားေနတဲ့အေၾကာင္း လူမွဳေရးပရဟိတအဖြဲ႕၀င္တဦးက ေျပာပါတယ္။

"အိႏၵိယဘက္ကို သြားတဲ့လူလည္းရွိတယ္ဆိုေတာ့ သူတို႕သာျပန္တဲ့စာရင္းမွာ အသားကုန္ sensitive ျဖစ္ေနေတာ့တာပဲ။ ေအာက္စီဂ်င္မရွိဘူး အခု။ တၿမိဳ႕လုံးက ေအာက္စီဂ်င္မရွိလို႕ ဆုံးသြားတာ အမ်ားႀကီးရွိမွ ာအခု။ ဒီတလအတြင္းမွာေတာ့ က်ေနာ္တို႕ ဘာသာေပါင္းစုံ ေျပာရမွာေပါ့ေနာ္၊ ၅၀၀ နီးပါးေတာ့ရွိမွာ။"

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္အာဏာသိမ္းတာကို ဆန္႔က်င္ဆႏၵျပသူေတြ ျပင္းျပင္းထန္ထန္ ႏွိမ္ႏွင္းခံရလို႔ အိႏၵိယနိုင္ငံဘက္ကို အမ်ားအျပား တိမ္းေရွာင္ခဲ့ၾကပါတယ္။ အဲဒီထဲကတခ်ဳိ႕ အိႏၵိယကေန ကေလးၿမိဳ႕ကို ျပန္လာသူေတြ႐ွိလို႔ သူတို႔ကေန ကိုဗစ္-၁၉ေရာဂါ ကူးစက္လာတာလို႔ ေဒသခံတခ်ဳိ႕က ေျပာၾကပါတယ္။

ဒါ့အျပင္ ကိုဗစ္ေရာဂါေၾကာင့္ေသဆုံးသူကို ခ်င္းရိုးရာထုံးတမ္းစဥ္အလာအရ အေလာင္းေျမျမွဳတ္သၿဂိဳၤလ္ရာက အစျပဳၿပီး ကူးစက္မႈေတြရွိလာတယ္လို႔လည္း ၿမိဳ႕ခံတခ်ိဳ႕ကခန္႔မွန္းေနၾကပါတယ္။ကိုဗစ္ေရာဂါကူးစက္သူ၊ ေသဆံုးသူေတြမ်ားေနတဲ့ ကေလးၿမိဳ႕မွာ က်န္းမာေရးေစာင့္ေ႐ွာက္မႈကေတာ့ အေတာ္ေလး အားနည္းေနပါတယ္။

"က်ေနာ္တို႕ၿမိဳ႕မွာ ေနတဲ့လူေတြအေျခအေနက ၿမိဳ႕မွာလည္း လူေတြ အစုလိုက္အျပံဳလိုက္ သြားေနၾကတယ္ဆိုေတာ့ေနာ။ အဲတာေတာ့ သတိထားဖို႕ေတာ့ တအားလိုပါတယ္။ က်န္းမာေရးအေျခအေနကေတာ့ ေစာင့္ေရွာက္မွဳက ဘာမွမရွိသလိုျဖစ္ပါတယ္။ ဆရာ၀န္လည္းမရွိဘူး။ ၿပီးေတာ့ပရဟိတ က်ေနာ္တို႕အဖြဲ႕ေတြက လူမွဳေရးအသင္းေတြကပဲ ဦးေဆာင္တယ္ဆိုေတာ့ေနာ။ အဲဒီဖက္မွာလည္း က်ေနာ္တို႕အားနည္းခ်က္ေတြလည္းရွိတာေပါ့ေနာ။"

လက္ရွိ ကေလးၿမိဳ႕မွာ က်န္းမာေရး၀န္ထမ္းအမ်ားစုဟာ CDM လွဳပ္ရွားမွဳမွာပါ၀င္ေနၾကသလို တခ်ိဳ႕လည္း အဖမ္းဆီးခံရမွာစိုး လို႕ တိမ္းေရွာင္ေနၾကရပါတယ္။ ေနမေကာင္းျဖစ္ေနၾကသူ တခ်ဳိ႕ကလည္း ကုိယ့္ေနအိမ္ေတြမွာပဲေနၿပီး အဆင္ေျပသလို ကုသေနၾကရပါတယ္။
ကေလးၿမိဳ႕မွာ ေဒသတြင္း အရပ္ဘက္အဖြဲ႕အစည္းေတြက ကိုယ္ထူကိုယ္ထစနစ္နဲ႕ ကိုဗစ္-၁၉ ပိုးေတြ႕လူနာကုသေရးစင္တာေတြ ဖြင့္လွစ္ၿပီး ကိုယ့္နည္းကိုယ္ဟန္နဲ႕ ကုသေပးေနၾကသလို ေသဆုံးသူေတြကိုလည္း ပရဟိတအဖြဲ႕အစည္းေတြကပဲ အေလာင္းေတြကို ကူညီေျမျမဳပ္သၿဂိဳၤလ္ေပးေနၾကပါတယ္။

ကေလးၿမိဳ႕မွာ ေအာက္ဆီဂ်င္ထုတ္လုပ္နိုင္တဲ့စက္ မရွိတာေၾကာင့္ ပရဟိတအသင္းအဖြဲ႕ေတြဟာ ေအာက္ဆီဂ်င္ေတြကို ရန္ကုန္၊ မႏၲေလးဘက္ကေန မွာယူၾကရၿပီး အခ်ိန္ၾကန႔္ၾကာမႈရွိတဲ့အျပင္ ေအာက္ဆီဂ်င္ေတြ လိုသေလာက္ မရနိုင္ၾကပါဘူး။
Stay at Home ေၾကညာထားတဲ့ ကေလးၿမိဳ႕မွာ ေရာဂါကူးစက္ေသဆုံးမႈႏႈန္း ျမင့္တက္ေနတာေၾကာင့္ ေစ်းဆိုင္အခ်ိဳ႕ကိုလည္း ယာယီ ပိတ္ထားၾကပါတယ္။

......................................................................................

တိုက္႐ိုက္ လင့္ခ္


ကိုဗစ်တတိယလှိုင်းဒဏ်သင့် ကလေးမြို့ ကုသစောင့်ရှောက်ရေးပိုင်း အားနည်းနေ

(Unicode)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ကိုဗစ်- ၁၉ အတည်ပြုလူနာနဲ့ ကိုဗစ်ရောဂါဖြစ်နိုင်တယ်ဆိုတဲ့ သံသယလူနာတွေ အများအပြား သေဆုံးနေတယ်လို့ ခရစ်ယာန် သချိ ုၤင်းကော်မတီတွေနဲ့ လူမှုရေးပရဟိတအဖွဲ့ဝင်တွေကပြောပါတယ်။ ရောဂါကူးစက်မှုများပြားပေမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပိုင်းတွေမှာ အားနည်းနေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

ကိုဗစ်- ၁၉ ကပ်ရောဂါ ကူးစက် ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒီနေ့ သေဆုံးသူ ၂၀ ကျော်ရှိပါတယ်။ တမြို့နယ်လုံးအတိုင်းအတာနဲ့ သေဆုံးသူအရေအတွက်လည်း များနေတယ်လို့ ကလေးမြို့ ခရစ်ယာန်သချို ၤးကော်မတီဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"ဇူလိုင်လ ၁ ရက်နေ့ကနေ ဒီနေ့အထိတော့ ကလေးမြို့တမြို့လုံးပေါ့နော။ အဲတာက ၂၂၉ ။ ဒီနေ့က တမြို့လုံးမှာဆိုရင် ၂၂ ယောက်ရှိတယ်။ ဒီနေ့ ၂၂ ယောက်။ မနေ့က ကျနော်တို့ ခရစ်ယာန်သုဿာန်မြေမှာတော့ ၁၄ ယောက်။ ဒါပေမဲ့ ကလေးမြို့ တမြို့လုံးတော့မဟုတ်ဘူးနော။ ဇွန်လ ၁ ရက်နေ့ကနေ ဒီနေ့အထိဆိုရင် လေး ငါးရာလောက်တော့ရှိတတ်တယ်။ အသေစာရင်းနဲ့ အဓိကရပ်ကွက်ထဲမှာ သင်္ဂြိုလ်ဖို့အတွက် အဲတာမျိုးလဲ ပရဟိတအဖွဲ့တွေ Volunteer အဖွဲ့တွေ ဦးဆောင်တယ်။"

ခုလို ကလေးမြို့မှာ သေဆုံးသူ နေ့စဉ် မြင့်တက်နေပေမဲ့ ကိုဗစ်ကြောင့်သေဆုံးသွားတာလားဆိုတာ အတိအကျ မသိရပါဘူး။ ကိုဗစ်အတည်ပြုလူနာတချို့ပါသလို ကိုဗစ်ရောဂါလက္ခဏာပြပေမဲ့ စစ်ဆေးမှု မလုပ်ရသေးသူတွေလည်း ပါပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်နေတဲ့ စာရင်းတွေထဲမှာတော့ ကလေးမြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် အနည်းငယ်သာပါဝင်ပါတယ်။

ခရစ်ယာန် သချိ ုၤင်းကော်မတီ စာရင်းအရကတော့ ဇူလိုင်လ ၁ ရက်နေ့ကနေ ဇူလိုင်လ ၈ ရက်နေ့အထိ ကလေးမြို့မှာ ကိုဗစ်ရောဂါ အတည်ပြုလူနာအပြင် ကိုဗစ်ရောဂါဖြစ်နေတယ်လို့ သံသယရှိတဲ့လူနာ သေဆုံးတာ စုစုပေါင်း ၂၂၉ ဦးဖြစ်ပါတယ်။

ကလေးမြို့မှာ သေဆုံးနေကြသူ အများစုက ချင်းလူမျိုးတွေဖြစ်ကြပါတယ်။ ကလေးမြို့ ခရစ်ယာန် သချိ ုၤင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တလအတွင်း စုစုပေါင်း အလောင်း ၂၇၀ မီးသဂြိုၤလ်ခဲ့ရတယ်လို့ ပရဟိတကူညီနေသူတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာတွေကို ချင်းလူမှုရေးအသင်း ၊ ဇောလ်ဘုတ် (Zawl buk)၊ တာဟန်းမီဇိုးလူငယ်အသင်း (TMTP)၊ ဇိုမီးလူငယ်အဖွဲ့ ကာယကံမေတ္တာ စတဲ့ ပရဟိတအဖွဲ့အစည်းတွေက သက်ဆိုင်ရာသချို ၤးတွေမှာ PPE ဝတ်စုံတွေနဲ့ မီးရှို့သဂြိုၤလ်ပေးနေကြပါတယ်။ သေဆုံးသူအားလုံး ကိုဗစ်ကြောင့်လားဆိုတာ အတည်မပြုနိုင်ပေမဲ့ သေဆုံးသူတွေများနေတဲ့အကြောင်း လူမှုရေးပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။

"အိန္ဒိယဘက်ကို သွားတဲ့လူလည်းရှိတယ်ဆိုတော့ သူတို့သာပြန်တဲ့စာရင်းမှာ အသားကုန် sensitive ဖြစ်နေတော့တာပဲ။ အောက်စီဂျင်မရှိဘူး အခု။ တမြို့လုံးက အောက်စီဂျင်မရှိလို့ ဆုံးသွားတာ အများကြီးရှိမှ ာအခု။ ဒီတလအတွင်းမှာတော့ ကျနော်တို့ ဘာသာပေါင်းစုံ ပြောရမှာပေါ့နော်၊ ၅၀၀ နီးပါးတော့ရှိမှာ။"

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေ ပြင်းပြင်းထန်ထန် နှိမ်နှင်းခံရလို့ အိန္ဒိယနိုင်ငံဘက်ကို အများအပြား တိမ်းရှောင်ခဲ့ကြပါတယ်။ အဲဒီထဲကတချို့ အိန္ဒိယကနေ ကလေးမြို့ကို ပြန်လာသူတွေရှိလို့ သူတို့ကနေ ကိုဗစ်-၁၉ရောဂါ ကူးစက်လာတာလို့ ဒေသခံတချို့က ပြောကြပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါကြောင့်သေဆုံးသူကို ချင်းရိုးရာထုံးတမ်းစဉ်အလာအရ အလောင်းမြေမြှုတ်သဂြိုၤလ်ရာက အစပြုပြီး ကူးစက်မှုတွေရှိလာတယ်လို့လည်း မြို့ခံတချို့ကခန့်မှန်းနေကြပါတယ်။ကိုဗစ်ရောဂါကူးစက်သူ၊ သေဆုံးသူတွေများနေတဲ့ ကလေးမြို့မှာ ကျန်းမာရေးစောင့်ရှောက်မှုကတော့ အတော်လေး အားနည်းနေပါတယ်။

"ကျနော်တို့မြို့မှာ နေတဲ့လူတွေအခြေအနေက မြို့မှာလည်း လူတွေ အစုလိုက်အပြုံလိုက် သွားနေကြတယ်ဆိုတော့နော။ အဲတာတော့ သတိထားဖို့တော့ တအားလိုပါတယ်။ ကျန်းမာရေးအခြေအနေကတော့ စောင့်ရှောက်မှုက ဘာမှမရှိသလိုဖြစ်ပါတယ်။ ဆရာဝန်လည်းမရှိဘူး။ ပြီးတော့ပရဟိတ ကျနော်တို့အဖွဲ့တွေက လူမှုရေးအသင်းတွေကပဲ ဦးဆောင်တယ်ဆိုတော့နော။ အဲဒီဖက်မှာလည်း ကျနော်တို့အားနည်းချက်တွေလည်းရှိတာပေါ့နော။"

လက်ရှိ ကလေးမြို့မှာ ကျန်းမာရေးဝန်ထမ်းအများစုဟာ CDM လှုပ်ရှားမှုမှာပါဝင်နေကြသလို တချို့လည်း အဖမ်းဆီးခံရမှာစိုး လို့ တိမ်းရှောင်နေကြရပါတယ်။ နေမကောင်းဖြစ်နေကြသူ တချို့ကလည်း ကိုယ့်နေအိမ်တွေမှာပဲနေပြီး အဆင်ပြေသလို ကုသနေကြရပါတယ်။
ကလေးမြို့မှာ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာကုသရေးစင်တာတွေ ဖွင့်လှစ်ပြီး ကိုယ့်နည်းကိုယ်ဟန်နဲ့ ကုသပေးနေကြသလို သေဆုံးသူတွေကိုလည်း ပရဟိတအဖွဲ့အစည်းတွေကပဲ အလောင်းတွေကို ကူညီမြေမြုပ်သဂြိုၤလ်ပေးနေကြပါတယ်။

ကလေးမြို့မှာ အောက်ဆီဂျင်ထုတ်လုပ်နိုင်တဲ့စက် မရှိတာကြောင့် ပရဟိတအသင်းအဖွဲ့တွေဟာ အောက်ဆီဂျင်တွေကို ရန်ကုန်၊ မန္တလေးဘက်ကနေ မှာယူကြရပြီး အချိန်ကြန့်ကြာမှုရှိတဲ့အပြင် အောက်ဆီဂျင်တွေ လိုသလောက် မရနိုင်ကြပါဘူး။
Stay at Home ကြေညာထားတဲ့ ကလေးမြို့မှာ ရောဂါကူးစက်သေဆုံးမှုနှုန်း မြင့်တက်နေတာကြောင့် ဈေးဆိုင်အချို့ကိုလည်း ယာယီ ပိတ်ထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG