သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စံခဘူရီမွာ ကိုဗစ္ထိန္းခ်ဳပ္ေရး ညမထြက္ရအမိန္႔ထုတ္ျပန္


စံခလဘူရီျမိဳနယ္ထဲမွာ က်န္းမာေရးစစ္ေဆးေနပံု( ၉-၇-၂၁) (ဓာတ်ပုံ- CJ)

(Zawgyi/Unicode)

ထိုင္း-ျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္၊ စံခဘူရီၿမိဳ႕မွာ ကုိဗစ္ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို့အတြက္ ေဒသအာဏာပုိင္ေတြက ညမထြက္ရအမိန္ ့ ထုတ္ျပန္လိုက္ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္၊ ကန္ခ်နဘူရီျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး က်ီရကိရက္ ပုန္စ၀ပ္ (Jirakiat Phumsawat) အမိန္နဲ့ ဇူလိုင္လ ၉ ရက္ေန႔ ထုတ္ျပန္ခ်က္မွာ ထိုင္း-ျမန္မာနယ္စပ္ေဒသမွာ ကိုဗစ္-၁၉ ကပ္ေရာဂါ ထိန္းခ်ဳပ္နိုင္ေရးအတြက္ ၁၄ ရက္ၾကာ ညမထြက္ရအမိန္႔နဲ႔ ကန့္သတ္ပိတ္ဆို့မူေတြ လုပ္သြားမယ္လို့ဆုိပါတယ္။ ထုိင္းေတာင္ပုိင္းအေျခစိုက္ ပညာေရးနဲ့ဖြံျဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးရာတာ၀န္ခံ ဦးမင္းဦးကေတာ့အခုလိုေျပာပါတယ္။

"ည ၁၀ နာရီကေန မနက္ ၄ နာရီအတြင္း ေပးမထြက္ဘူး။ ထုိင္းရယ္ ျမန္မာရယ္ မခဲြထားဘူး၊ အားလံုးပဲ၊ အဲဒီ ေဒသကလူအားလံုး။ စံခဘူရီေဒသက လူအားလံုးပဲ။ ခ်ိဳးေဖာက္သူအားလံုးက ဒဏ္ေငြက တသိန္း၊ ေထာင္ဒဏ္တႏွစ္ အျမင့္ဆံုးပဲ၊ အဲဒီေနရာမွာက တျခားေနရာေတြက ျပန္ေရာက္လာတဲ့သူေတြ ဥပမာ ဘန္ေကာက္လား၊ တျခား ကိုဗစ္ျဖစ္ေနတဲ့ေနရာေတြကလား။ အဲဒီလိုမ်ိဳးေပါ့၊ ေက့စ္ ၃၀ ေလာက္က အဲဒီလိုေတြ ့ရတယ္ေျပာတယ္။"

ထိုင္း-ျမန္မာနယ္စပ္ စံခဘူရီနယ္ထဲကို ခိုး၀င္ေနတဲ့ ျမန္မာႏိုင္ငံသားေတြကိုလည္း အခုရက္ပုိင္းမွာ ေန့စဥ္ ဖမ္းမိေနတာပါ။ ဒီအတြက္ အခုလို ညမထြက္ရ ထုတ္ျပန္ထားတဲ့အခ်ိန္မွာ ဖမ္းမိရင္ေတာ့ ျပစ္ဒဏ္ေတြ ပိုက်ခံရမွာျဖစ္တယ္လို့လည္း ဦးမင္းဦးက သတိေပးေျပာႀကားခဲ့ပါတယ္။

"အဲဒီလိုမ်ိဳး ခိုး၀င္ေနသူေတြအေနနဲ့လည္း အခုလိုအခ်ိန္မွာ အမႈက ႏွစ္မႈမဟုတ္ဘူး၊ သံုးမႈျဖစ္သြားမယ္၊ တရားမ၀င္ခိုး၀င္မႈက တမႈျဖစ္မယ္၊ မာရွယ္ေလာကို ခ်ိဳးေဖာက္တာ တမႈျဖစ္မယ္၊ ကုိဗစ္ ကာကြယ္ ေစာင့္ေရွာက္ေရးေကာ္မတီက ထုတ္ျပန္ထားတဲ့ ေရာဂါထိန္းခ်ဳပ္နဲ့အမႈကလည္း တမႈဆုိေတာ့ သံုးမႈေလာက္ျဖစ္သြားမယ္၊ အခုလို ညဘက္အခ်ိန္ႀကီး အဖမ္းခံရမယ္ဆုိရင္ေတာ့။"

ကန္ခ်နဘူရီအာဏာပိုင္ေတြရဲ႕ အေရးေပၚထုတ္ျပန္ခ်က္အရ ဇူလိုင္လ ၉ ရက္ေန႔ကေန ၂၂ ရက္ေန႔အထိ ည ၁၀ နာရီကေန မနက္ ၄ နာရီအထိ ညမထြက္ရအမိန္ ့ကို စံခဘူရီအတြင္း ေနထိုင္ေနၾကတဲ့ ျမန္မာနဲ ့ ထိုင္း နိုင္ငံသားအားလံုးအတြက္ အက်ဳံး၀င္မွာျဖစ္ပါတယ္။
ဒီထုတ္ျပန္ခ်က္အရ နယ္ေျမေက်ာ္ ခရီးသြားလာခြင့္ေတြပါ ပိတ္ထားမွာျဖစ္ျပီး ထိုင္း-ျမန္မာနယ္စပ္ ကုန္သြယ္ေရး ကုန္စည္ပို ့ေဆာင္ေရး လုပ္ငန္းေတြပါ ရပ္နားထားမွာျဖစ္ပါတယ္။

ညမထြက္ရအမိန့္ေႀကာင့့္ေတာ့ ျမန္မာေတြအတြက္ ထိခိုက္မႈ သိပ္မရိွေပမယ့္ ၁၄ ရက္ၾကာ နယ္ေျမေက်ာ္ခရီးသြားလာခြင့္ေတြ ပိတ္ထားမွာျဖစ္တာေၾကာင့္ ကုန္စည္ပုိ့ေဆာင္ေရးလုပ္ငန္းေတြမွာ လုပ္ေနၾကတဲ့ ျမန္မာေတြအတြက္ေတာ့ အလုပ္အကုိင္အခက္အခဲေတြ ရွိႏိုင္ပါတယ္။

အလားတူ စံခဘူရီျမိဳ့နယ္လိုပဲ ကိုဗစ္ေရာဂါပိုးအမ်ားဆံုး ကူးဆက္ေနတဲ့ ျမိဳ ့ေတာ္ဘန္ေကာက္နဲ ့ အနီေရာင္အဆင့္ ျပည္နယ္ေတြကိုလည္း ၁၄ ရက္ lock down ကန့္သတ္ပိတ္ဆုိ့တဲ့အမိန့္ေတြ ထုတ္ျပန္ထားပါတယ္ ။ ထိုင္းႏိုင္ငံမွာ ဇူလိုင္လ ၉ ရက္ေန့မွာေတာ့ ကူးစက္မူအျမင့္ဆံုးအျဖစ္ လူနာအသစ္ ၉,၂၇၆ ဦ းကူးစက္ခံရျပီး ေသဆံုးသူအေရအတြက္လည္း ျမင့္တက္ခဲ့ပါတယ္။ တႏိုင္ငံလံုးအႏွံ ႔အတည္ျပဳလူနာ ၃၁၇,၅၀၀ေ က်ာ္ရိွျပီး ေသဆံုးသူကေတာ့ ၂,၅၃၄ ဦးထိ ရွိလာျပီျဖစ္ေႀကာင္း ထုိင္းက်န္းမာေရးဌာနကထုတ္ျပန္ထားပါတယ္။

...........................................................................................

တိုက္႐ိုက္ လင့္ခ္


စံခဘူရီမှာ ကိုဗစ်ထိန်းချုပ်ရေး ညမထွက်ရအမိန့်ထုတ်ပြန်

(Unicode)

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်၊ စံခဘူရီမြို့မှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ဒေသအာဏာပိုင်တွေက ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီပြည်နယ် အုပ်ချုပ်ရေးမှူး ကျီရကိရက် ပုန်စဝပ် (Jirakiat Phumsawat) အမိန်နဲ့ ဇူလိုင်လ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ထိုင်း-မြန်မာနယ်စပ်ဒေသမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ၁၄ ရက်ကြာ ညမထွက်ရအမိန့်နဲ့ ကန့်သတ်ပိတ်ဆို့မူတွေ လုပ်သွားမယ်လို့ဆိုပါတယ်။ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးကတော့အခုလိုပြောပါတယ်။

"ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း ပေးမထွက်ဘူး။ ထိုင်းရယ် မြန်မာရယ် မခွဲထားဘူး၊ အားလုံးပဲ၊ အဲဒီ ဒေသကလူအားလုံး။ စံခဘူရီဒေသက လူအားလုံးပဲ။ ချိုးဖောက်သူအားလုံးက ဒဏ်ငွေက တသိန်း၊ ထောင်ဒဏ်တနှစ် အမြင့်ဆုံးပဲ၊ အဲဒီနေရာမှာက တခြားနေရာတွေက ပြန်ရောက်လာတဲ့သူတွေ ဥပမာ ဘန်ကောက်လား၊ တခြား ကိုဗစ်ဖြစ်နေတဲ့နေရာတွေကလား။ အဲဒီလိုမျိုးပေါ့၊ ကေ့စ် ၃၀ လောက်က အဲဒီလိုတွေ့ရတယ်ပြောတယ်။"

ထိုင်း-မြန်မာနယ်စပ် စံခဘူရီနယ်ထဲကို ခိုးဝင်နေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း အခုရက်ပိုင်းမှာ နေ့စဉ် ဖမ်းမိနေတာပါ။ ဒီအတွက် အခုလို ညမထွက်ရ ထုတ်ပြန်ထားတဲ့အချိန်မှာ ဖမ်းမိရင်တော့ ပြစ်ဒဏ်တွေ ပိုကျခံရမှာဖြစ်တယ်လို့လည်း ဦးမင်းဦးက သတိပေးပြောကြားခဲ့ပါတယ်။

"အဲဒီလိုမျိုး ခိုးဝင်နေသူတွေအနေနဲ့လည်း အခုလိုအချိန်မှာ အမှုက နှစ်မှုမဟုတ်ဘူး၊ သုံးမှုဖြစ်သွားမယ်၊ တရားမဝင်ခိုးဝင်မှုက တမှုဖြစ်မယ်၊ မာရှယ်လောကို ချိုးဖောက်တာ တမှုဖြစ်မယ်၊ ကိုဗစ် ကာကွယ် စောင့်ရှောက်ရေးကော်မတီက ထုတ်ပြန်ထားတဲ့ ရောဂါထိန်းချုပ်နဲ့အမှုကလည်း တမှုဆိုတော့ သုံးမှုလောက်ဖြစ်သွားမယ်၊ အခုလို ညဘက်အချိန်ကြီး အဖမ်းခံရမယ်ဆိုရင်တော့။"

ကန်ချနဘူရီအာဏာပိုင်တွေရဲ့ အရေးပေါ်ထုတ်ပြန်ချက်အရ ဇူလိုင်လ ၉ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို စံခဘူရီအတွင်း နေထိုင်နေကြတဲ့ မြန်မာနဲ့ ထိုင်း နိုင်ငံသားအားလုံးအတွက် အကျုံးဝင်မှာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်အရ နယ်မြေကျော် ခရီးသွားလာခွင့်တွေပါ ပိတ်ထားမှာဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေပါ ရပ်နားထားမှာဖြစ်ပါတယ်။

ညမထွက်ရအမိန့်ကြောင့်တော့ မြန်မာတွေအတွက် ထိခိုက်မှု သိပ်မရှိပေမယ့် ၁၄ ရက်ကြာ နယ်မြေကျော်ခရီးသွားလာခွင့်တွေ ပိတ်ထားမှာဖြစ်တာကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေမှာ လုပ်နေကြတဲ့ မြန်မာတွေအတွက်တော့ အလုပ်အကိုင်အခက်အခဲတွေ ရှိနိုင်ပါတယ်။

အလားတူ စံခဘူရီမြို့နယ်လိုပဲ ကိုဗစ်ရောဂါပိုးအများဆုံး ကူးဆက်နေတဲ့ မြို့တော်ဘန်ကောက်နဲ့ အနီရောင်အဆင့် ပြည်နယ်တွေကိုလည်း ၁၄ ရက် lock down ကန့်သတ်ပိတ်ဆို့တဲ့အမိန့်တွေ ထုတ်ပြန်ထားပါတယ် ။ ထိုင်းနိုင်ငံမှာ ဇူလိုင်လ ၉ ရက်နေ့မှာတော့ ကူးစက်မူအမြင့်ဆုံးအဖြစ် လူနာအသစ် ၉,၂၇၆ ဦ းကူးစက်ခံရပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်ခဲ့ပါတယ်။ တနိုင်ငံလုံးအနှံ့အတည်ပြုလူနာ ၃၁၇,၅၀၀ေ ကျာ်ရှိပြီး သေဆုံးသူကတော့ ၂,၅၃၄ ဦးထိ ရှိလာပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဌာနကထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG