{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ ကိုဗစ္ျဖစ္ႏႈန္း တရိပ္ရိပ္ျမင့္တက္လာေနၿပီး၊ ေအာက္ဆီဂ်င္ျပတ္လတ္မူေတြနဲ႔ ေသဆံုးမူပိုမ်ားလာတာေတြကို ၿမိဳ.ႀကီးေတြမွာပါ စႀကံဳလာေနရၿပီလို႔၊ ကၽြမ္းက်င္သူေတြက ဆိုပါတယ္။
က်န္းမာေရးတာဝန္ရွိသူေတြဘက္က လိုအပ္လာတဲ့ ေအာက္ဆီဂ်င္နဲ႔ လူနာကုတင္ေတြျဖည့္တာကို အေလးထားလုပ္ေနေပမဲ့၊ ၿမိဳ.ႀကီးတခ်ိဳ.မွာပါ အလွ်င္မမီသေလာက္စျဖစ္လာေနၿပီလို႔၊ က်န္းမာေရးဆိုင္ရာ ထိပ္တန္းအႀကံေပးေတြနဲ႔ ပရဟိတသမားေတြက ဆိုပါတယ္။
အခုျပႆနာေတြကို ဘယ္လိုေက်ာ္လြားသင့္ပါလဲ။ မၾကာခင္ကျပန္ဖြဲ႔လိုက္တဲ့ ကိုဗစ္-19 ကပ္ေရာဂါဆိုင္ရာအႀကံေပးအဖြဲ႔ နာယကနဲ႔ က်န္းမာေရးဝန္ႀကီးေဟာင္း ေဒါက္တာေဖသက္ခင္နဲ႔၊ မႏၱေလး ပရဟိတမင္းေခါင္ရွာေဖြကယ္ဆယ္ေရးအဖြဲ႔ ဥကၠဌ ဦးခင္ေမာင္တင္တို႔ကို ကိုဝင္းမင္းက မေန႔ညက ေမးထားပါတယ္။
ကိုဝင္းမင္း ။. ။ ဟုတ္ကဲ့။ မႏၱေလးၿမိဳ႕ႀကီးမွာလည္း ေအာက္စီဂ်င္နဲ႔ ေဆးရုံအလ်င္မမီေတာ့ပဲ ေသဆုံးမႈျမင့္တက္လာပုံကို ဦးခင္ေမာင္တင္ က...
ဦးခင္ေမာင္တင္ ။. ။ အခုဟာက လူတုိင္း လူတိုင္းက ဖ်ားရင္ ေအာက္စီဂ်င္ ထုိးက်သြားတာ ျပန္တက္ဖို႔ ခက္တယ္။ အခု အဲဒါေတြနဲ႔ပဲ အိမ္ေတြမွာလည္းေသဆုံးေနၾကတယ္။ ေဆးရုံမွာလည္း မေန႔ကေတာ္ေတာ္ေလး ေသဆုံးခဲ့တယ္ေပါ့။ ဒီေန႔ေသဆုံးမႈက အျပင္ပန္းက သံသယေတြေကာတြက္မယ္ဆုိရင္ ၃ဝ ပတ္ခ်ာလည္ေလာက္ေတာ့ရွိမယ္ဗ်။ အခုညကို ေဆးရုံေဆးခန္းေတြက လက္မခံျဖစ္ၿပီးေတာ့ ကားေပါ္တင္ ေသဆုံးတာကိုက ၂ ေယာက္ရွိသြားၿပီ။ အခုညကို က်ေနာ္တို႔ သြားေရာက္ေဆာင္ရြက္ေပးေနရတယ္။
ကိုဝင္းမင္း ။. ။ လက္ရွိ ကိုဗစ္ တတိယလိႈင္းမွာ ကာကြယ္ကု႔သေရးအတြက္ အစြန္း ၂ဖက္နဲ႔ ရင္ဆုိင္ေနရပုံနဲ႔ ျဖစ္စဥ္ကိုလည္း ေဒါက္တာေဖသက္ခင္ က...
ေဒါက္တာေဖသက္ခင္ ။. ။ လုံးဝမေၾကာက္ပဲနဲ႔ က်န္းမာေရး နဲ႔ အားကစားဝန္ႀကီးဌာန က ထုတ္ျပန္ထားတာေတြ မလိုက္နာပဲနဲ႔ မေၾကာက္တဲ့လူေတြက ရွိသလို တအားအေၾကာက္လြန္ၿပီးေတာ့ panic buying ဟိုဟာေတြဝယ္ ဒီဟာေတြဝယ္ ၊ အမွန္ကေတာ့ ျပည္သူမပါပဲနဲ႔ က်ေနာ္တို႔က ဘာမွလုပ္မရဘူး။ ပညာရွင္ေတြခ်ည္းလုပ္လို႔မရဘူး။ အစိုးရခ်ည္းလည္း လုပ္လို႔မရဘူး။ အားလုံးပါဝင္ၿပီးေတာ့မွ အထိအခိုက္ အက်အနာ အနည္းဆုံးနဲ႔ ေက်ာ္လႊားႏိုင္မွာျဖစ္တယ္ဗ်။ ပါဝင္တဲ့ေနရာမွာလည္း တတ္ႏိုင္သမွ် အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ အခါအားေလွ်ာ္စြာ အခ်က္အလက္ေတြကို လုိက္နာေဆာင္ရြက္ေပါ့ဗ်ာ။
ကိုဝင္းမင္း ။.။ အဲဒီေတာ့ အခါတတိယလိႈ္င္း စတက္လာတာကို ေက်ာ္လႊားႏိုင္ဖို႔ အဓိက ဘာလိုပါလဲလို႔ေမးရာမွာ ဦးခင္ေမာင္တင္ က .....
ဦးခင္ေမာင္တင္ ။. ။ အဓိက ကေတာ့ ေအာက္စီဂ်င္ေပါ့။ က်ေနာ္တို႔ ပထမလိႈင္း၊ ဒုတိယလိႈင္းမွာတုံးက ဒီေလာက္ႀကီး မဆုိးခဲ့ဘူး။ အခုဟာက ေအာက္စီဂ်င္က ထိုးထိုးက်သြားတာ။ ပထမ သယ္ယူပို႔ေဆာင္ေရးတင္မကဘူး။ က်ေနာ္တို႔မွာ ေနာက္ထပ္အလုပ္တခုက ျပည္သူေတြရဲ႕ ညစဥ္ဖုန္းဆက္အကူအညီေတာင္းေတာ့ က်ေနာ္တုိ႔က ေအာက္စီဂ်င္ဝယ္ၿပီးေတာ့ ကုသိုလ္ျပဳတာလည္း မႏိုင္ဘူး။ ဘယ္မွဝယ္မရ။ အဲဒီေအာက္စီဂ်င္အိုးဝယ္မရတာကကို ပိုဆိုးေနတာက ေအာက္စီဂ်င္ေလက က်ေနာ္တို႔က ၄ဝလီတာေပါ့။အဲဒီဟာနဲ႔ေပးေတာ့ အဲဒီအိုးႀကီးေတြက ဘယ္မွာျဖည့္လို႔ျဖည့္ရမွန္းလည္းမသိဘူး။ တခ်ဳိ႕ဆို ေအာက္စီဂ်င္က နာရီဝက္ေတာင္ အျပတ္မခံဘူး။ အခုစက္ရုံႀကီးေတြကလည္း ဒီေန႔သြားပို႔လည္း ေနာက္ေန႔မွရတယ္။ အဲဒီမွာတင္ ေအာက္စီဂ်င္ေတြက မႏိုင္မနင္းျဖစ္ၿပီးေတာ့ ျပည္သူေတြက ေအာက္စီဂ်င္က်မႈနဲ႔ ေသဆုံးတာေတြက ေတာ္ေတာ္မ်ားလာတယ္။
ဦးဝင္းမင္း ။. ။ ဒီေနရာမွာ က်န္းမာေရး နဲ႔ အားကစားဝန္ႀကီး ေဒါက္တာ သက္ခိုင္ဝင္း ႀကိဳးပန္းေနေပမယ့္ စိန္ေခၚမႈလည္းရွိေနပုံကို ေဒါက္တာ ေဖသက္ခင္ က...
ေဒါက္တာေဖသက္ခင္ ။.။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန က သူလုပ္ႏိုင္တာ တိုးခ်ဲ႔ဖြင့္ေနတယ္။ မေန႔က မနက္ပဲ ဆရာသက္ခိုင္ဝင္း ေျပာတာက ၃ဝဝခန္႔ဖြင့္လိုက္တယ္။ ဒါေပမယ္ ခ်က္ခ်င္းျပည့္သြားတယ္။ ထပ္ဖြင့္ဖို႔ေတြလည္းရွိတယ္။ ေအာက္စီဂ်င္ရရွိေရးကလည္း စက္ရုံေတြကလုပ္ေနေပမယ့္ လက္ရွိအခ်ိန္မွာ လုံးဝျပည္စုံၿပီလို႔ ေျပာလို႔မရေသးဘူးေပါ့။ တတ္ႏိုင္သမွ်လုပ္ေနၾကတယ္။ ဒါေပမယ္limitation ေတြကေတာ့ရွိတယ္။
ဦးဝင္းမင္း ။. ။ အဓိက အသက္သမွ် ေအာက္စီဂ်င္ရေရး ဘယ္လုိအႀကံျပဳခ်င္ပါလဲလို႔ေမးရာမွာ.....
ဦးခင္ေမာင္တင္ ။. ။ တခ်ဳိ႕ ပုဂၢိဳလိကစက္ရုံေတြက တခ်ုိ႕ မႏၱေလးစက္ရုံေတြက ကေလးၿမိဳ႕က မႏၱေလးထက္ဆိုးေတာ့ အဲဒီဖက္နယ္ေတြကို အဓိကထားပို႔ေနရတာ။ က်ေနာ္တို႔ မႏၱေလးမွာက လုံးဝလုံေလာက္မႈမရွိဘူး။ ျပတ္လပ္မႈျဖစ္ေနတဲ့အတြက္ ဒီတာဝန္ရွိတဲ့သူေတြကေတာ့ ဒီေအာက္စီဂ်င္ပိုင္းမွာ အတတ္ႏိုင္ဆုံးျဖည့္ဆည္းေပးေစခ်င္တယ္ေပါ့။ အခုနယ္စပ္ေတြမွာကလည္း အဆင္မေျပဘူးျဖစ္ေနတာ။ ကိုယ္ႏိုင္ငံအတြက္ေပါ့ေလ။ တရုတ္ကျဖစ္ျဖစ္ ထိုင္းကျဖစ္ျဖစ္ နယ္စပ္ဂိတ္ေတြကေန လြယ္ကူစြာေပါ့။ အခု က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ ဘယ္မွဝယ္မရေတာ့ ရန္ကုန္မွာလည္း မရွိေတာ့ မႏၱေလးမွာလည္းမရွိေတာ့ ဘယ္မွဝယ္မရတဲ့အတြက္ ဒီဓါတ္ေငြအိုးေတြကို ဝယ္ရဖို႔အတြက္ ျပည္သူေတြကိုယ္စား ျပန္ၾကားခ်င္ပါတယ္။
ကိုဝင္းမင္း ။.။ တကယ္ေတာ့ လက္ရွိကမၻာမွာ ျပင္းထန္ဆုံး ကိုဗစ္မ်ဳိးကြဲသစ္ ျမန္မာႏိုင္ငံမွာ စေတြ႔အၿပီး ကိုဗစ္ တတိယလိႈ္င္းစျပင္းထန္ခ်ိန္မွာ က်န္းမာေရးဝန္ထမ္းအားနည္းခ်ိိန္နဲ႔ သြားတိုက္ဆိုင္တဲ့ စိန္ေခၚမႈႀကီးကိုလည္း ရင္ဆိုင္ေနရတယ္လို႔ ကြ်မ္းက်င္သူေတြက ဆိုပါတယ္ခင္ဗ်ာ။
.........................
{{Unicode}}
မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်နှုန်း တရိပ်ရိပ်မြင့်တက်လာနေပြီး၊ အောက်ဆီဂျင်ပြတ်လတ်မူတွေနဲ့ သေဆုံးမူပိုများလာတာတွေကို မြို.ကြီးတွေမှာပါ စကြုံလာနေရပြီလို့၊ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ကျန်းမာရေးတာဝန်ရှိသူတွေဘက်က လိုအပ်လာတဲ့ အောက်ဆီဂျင်နဲ့ လူနာကုတင်တွေဖြည့်တာကို အလေးထားလုပ်နေပေမဲ့၊ မြို.ကြီးတချို.မှာပါ အလျှင်မမီသလောက်စဖြစ်လာနေပြီလို့၊ ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအကြံပေးတွေနဲ့ ပရဟိတသမားတွေက ဆိုပါတယ်။
အခုပြဿနာတွေကို ဘယ်လိုကျော်လွားသင့်ပါလဲ။ မကြာခင်ကပြန်ဖွဲ့လိုက်တဲ့ ကိုဗစ်-19 ကပ်ရောဂါဆိုင်ရာအကြံပေးအဖွဲ့ နာယကနဲ့ ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်နဲ့၊ မန္တလေး ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်တင်တို့ကို ကိုဝင်းမင်းက မနေ့ညက မေးထားပါတယ်။
ကိုဝင်းမင်း ။. ။ ဟုတ်ကဲ့။ မန္တလေးမြို့ကြီးမှာလည်း အောက်စီဂျင်နဲ့ ဆေးရုံအလျင်မမီတော့ပဲ သေဆုံးမှုမြင့်တက်လာပုံကို ဦးခင်မောင်တင် က...
ဦးခင်မောင်တင် ။. ။ အခုဟာက လူတိုင်း လူတိုင်းက ဖျားရင် အောက်စီဂျင် ထိုးကျသွားတာ ပြန်တက်ဖို့ ခက်တယ်။ အခု အဲဒါတွေနဲ့ပဲ အိမ်တွေမှာလည်းသေဆုံးနေကြတယ်။ ဆေးရုံမှာလည်း မနေ့ကတော်တော်လေး သေဆုံးခဲ့တယ်ပေါ့။ ဒီနေ့သေဆုံးမှုက အပြင်ပန်းက သံသယတွေကောတွက်မယ်ဆိုရင် ၃ဝ ပတ်ချာလည်လောက်တော့ရှိမယ်ဗျ။ အခုညကို ဆေးရုံဆေးခန်းတွေက လက်မခံဖြစ်ပြီးတော့ ကားပေါ်တင် သေဆုံးတာကိုက ၂ ယောက်ရှိသွားပြီ။ အခုညကို ကျနော်တို့ သွားရောက်ဆောင်ရွက်ပေးနေရတယ်။
ကိုဝင်းမင်း ။. ။ လက်ရှိ ကိုဗစ် တတိယလှိုင်းမှာ ကာကွယ်ကု့သရေးအတွက် အစွန်း ၂ဖက်နဲ့ ရင်ဆိုင်နေရပုံနဲ့ ဖြစ်စဉ်ကိုလည်း ဒေါက်တာဖေသက်ခင် က...
ဒေါက်တာဖေသက်ခင် ။. ။ လုံးဝမကြောက်ပဲနဲ့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားတာတွေ မလိုက်နာပဲနဲ့ မကြောက်တဲ့လူတွေက ရှိသလို တအားအကြောက်လွန်ပြီးတော့ panic buying ဟိုဟာတွေဝယ် ဒီဟာတွေဝယ် ၊ အမှန်ကတော့ ပြည်သူမပါပဲနဲ့ ကျနော်တို့က ဘာမှလုပ်မရဘူး။ ပညာရှင်တွေချည်းလုပ်လို့မရဘူး။ အစိုးရချည်းလည်း လုပ်လို့မရဘူး။ အားလုံးပါဝင်ပြီးတော့မှ အထိအခိုက် အကျအနာ အနည်းဆုံးနဲ့ ကျော်လွှားနိုင်မှာဖြစ်တယ်ဗျ။ ပါဝင်တဲ့နေရာမှာလည်း တတ်နိုင်သမျှ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အခါအားလျှော်စွာ အချက်အလက်တွေကို လိုက်နာဆောင်ရွက်ပေါ့ဗျာ။
ကိုဝင်းမင်း ။. ။ အဲဒီတော့ အခါတတိယလှိုင်း စတက်လာတာကို ကျော်လွှားနိုင်ဖို့ အဓိက ဘာလိုပါလဲလို့မေးရာမှာ ဦးခင်မောင်တင် က .....
ဦးခင်မောင်တင် ။. ။ အဓိက ကတော့ အောက်စီဂျင်ပေါ့။ ကျနော်တို့ ပထမလှိုင်း၊ ဒုတိယလှိုင်းမှာတုံးက ဒီလောက်ကြီး မဆိုးခဲ့ဘူး။ အခုဟာက အောက်စီဂျင်က ထိုးထိုးကျသွားတာ။ ပထမ သယ်ယူပို့ဆောင်ရေးတင်မကဘူး။ ကျနော်တို့မှာ နောက်ထပ်အလုပ်တခုက ပြည်သူတွေရဲ့ ညစဉ်ဖုန်းဆက်အကူအညီတောင်းတော့ ကျနော်တို့က အောက်စီဂျင်ဝယ်ပြီးတော့ ကုသိုလ်ပြုတာလည်း မနိုင်ဘူး။ ဘယ်မှဝယ်မရ။ အဲဒီအောက်စီဂျင်အိုးဝယ်မရတာကကို ပိုဆိုးနေတာက အောက်စီဂျင်လေက ကျနော်တို့က ၄ဝလီတာပေါ့။အဲဒီဟာနဲ့ပေးတော့ အဲဒီအိုးကြီးတွေက ဘယ်မှာဖြည့်လို့ဖြည့်ရမှန်းလည်းမသိဘူး။ တချို့ဆို အောက်စီဂျင်က နာရီဝက်တောင် အပြတ်မခံဘူး။ အခုစက်ရုံကြီးတွေကလည်း ဒီနေ့သွားပို့လည်း နောက်နေ့မှရတယ်။ အဲဒီမှာတင် အောက်စီဂျင်တွေက မနိုင်မနင်းဖြစ်ပြီးတော့ ပြည်သူတွေက အောက်စီဂျင်ကျမှုနဲ့ သေဆုံးတာတွေက တော်တော်များလာတယ်။
ဦးဝင်းမင်း ။. ။ ဒီနေရာမှာ ကျန်းမာရေး နဲ့ အားကစားဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ကြိုးပန်းနေပေမယ့် စိန်ခေါ်မှုလည်းရှိနေပုံကို ဒေါက်တာ ဖေသက်ခင် က...
ဒေါက်တာဖေသက်ခင် ။. ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က သူလုပ်နိုင်တာ တိုးချဲ့ဖွင့်နေတယ်။ မနေ့က မနက်ပဲ ဆရာသက်ခိုင်ဝင်း ပြောတာက ၃ဝဝခန့်ဖွင့်လိုက်တယ်။ ဒါပေမယ် ချက်ချင်းပြည့်သွားတယ်။ ထပ်ဖွင့်ဖို့တွေလည်းရှိတယ်။ အောက်စီဂျင်ရရှိရေးကလည်း စက်ရုံတွေကလုပ်နေပေမယ့် လက်ရှိအချိန်မှာ လုံးဝပြည်စုံပြီလို့ ပြောလို့မရသေးဘူးပေါ့။ တတ်နိုင်သမျှလုပ်နေကြတယ်။ ဒါပေမယ်limitation တွေကတော့ရှိတယ်။
ဦးဝင်းမင်း ။. ။ အဓိက အသက်သမျှ အောက်စီဂျင်ရရေး ဘယ်လိုအကြံပြုချင်ပါလဲလို့မေးရာမှာ.....
ဦးခင်မောင်တင် ။. ။ တချို့ ပုဂ္ဂိုလိကစက်ရုံတွေက တချို့ မန္တလေးစက်ရုံတွေက ကလေးမြို့က မန္တလေးထက်ဆိုးတော့ အဲဒီဖက်နယ်တွေကို အဓိကထားပို့နေရတာ။ ကျနော်တို့ မန္တလေးမှာက လုံးဝလုံလောက်မှုမရှိဘူး။ ပြတ်လပ်မှုဖြစ်နေတဲ့အတွက် ဒီတာဝန်ရှိတဲ့သူတွေကတော့ ဒီအောက်စီဂျင်ပိုင်းမှာ အတတ်နိုင်ဆုံးဖြည့်ဆည်းပေးစေချင်တယ်ပေါ့။ အခုနယ်စပ်တွေမှာကလည်း အဆင်မပြေဘူးဖြစ်နေတာ။ ကိုယ်နိုင်ငံအတွက်ပေါ့လေ။ တရုတ်ကဖြစ်ဖြစ် ထိုင်းကဖြစ်ဖြစ် နယ်စပ်ဂိတ်တွေကနေ လွယ်ကူစွာပေါ့။ အခု ကျနော်တို့ မြန်မာနိုင်ငံမှာ ဘယ်မှဝယ်မရတော့ ရန်ကုန်မှာလည်း မရှိတော့ မန္တလေးမှာလည်းမရှိတော့ ဘယ်မှဝယ်မရတဲ့အတွက် ဒီဓါတ်ငွေအိုးတွေကို ဝယ်ရဖို့အတွက် ပြည်သူတွေကိုယ်စား ပြန်ကြားချင်ပါတယ်။
ကိုဝင်းမင်း ။. ။ တကယ်တော့ လက်ရှိကမ္ဘာမှာ ပြင်းထန်ဆုံး ကိုဗစ်မျိုးကွဲသစ် မြန်မာနိုင်ငံမှာ စတွေ့အပြီး ကိုဗစ် တတိယလှိုင်းစပြင်းထန်ချိန်မှာ ကျန်းမာရေးဝန်ထမ်းအားနည်းချိန်နဲ့ သွားတိုက်ဆိုင်တဲ့ စိန်ခေါ်မှုကြီးကိုလည်း ရင်ဆိုင်နေရတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်ခင်ဗျာ။