သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အိုလံပစ် ပရိသတ်တွေ တက်ရောက်ကြည့်ရှုခွင့် ပြုမည်မဟုတ်


[ Zawgyi ]

ဂျပန်နိုင်ငံမှာ ဒီလ ဇူလိုင်လ ၂၃ ရက်နေ့ စတင်ကျင်းပမယ့် တိုကျိုအိုလံပစ် အားကစားပွဲတော်ကို ပရိသတ်တွေ ကြည့်ရှုခွင့်မပြုပဲ ကျင်းပမယ့်အကြောင်း ဂျပန်အစိုးရနဲ့ အိုလံပစ်အားကစားပွဲ ကျင်းပရေး တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

ဂျပန်အစိုးရ၊ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း ဂျပန်အိုလံပစ် ကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ကြာသပတေးနေ့က ဆုံးဖြတ်ချက်ကို တရားဝင် မကြေညာခင် နာရီပိုင်းအလိုမှာပဲ IOC ဥက္ကဋ္ဌ Thomas Bach လည်း တိုကျိုမြို့တော်ကို ရောက်လာခဲ့တာပါ။

ကြာသပတေးနေ့ အစောပိုင်းမှာပဲ ဝန်ကြီးချုပ် Yoshihide Suga ကလည်းူ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် တိုကျိုမြို့တော်ကို အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။ ဇူလိုင်လ ၂၃ ရက်ကနေ သြဂုတ်လ ၈ ရက်နေ့အထိ ကျင်းပမယ့် အိုလံပစ်အားကစားပွဲကာလအတွက် အရေးပေါ် အခြေအနေကို ဇူလိုင်လ ၁၂ ရက်နေ့ကနေ သြဂုတ်လ ၂၂ ရက်နေ့အထိ သတ်မှတ်ခဲ့တာပါ။

တိုကျိုအိုလံပစ်ပွဲတော်မှာ ပရိတ်သတ်တွေကို ခွင့်မပြုဖို့ ကျန်းမာရေး ပညာရှင်တွေ တိုက်တွန်းထားပေမဲ့ အားကစားပွဲ စီစဉ်သူတွေကတော့ ပရိတ်သတ် ၁ ထောင် ဒါမှမဟုတ်ရင်လည်း ပရိတ်သတ်တဝက်လောက်ကို ခွင့်ပြုဖို့ ပြီးခဲ့တဲ့ လထဲမှာပဲ ကြေညာထားပါတယ်။ အိုလံပစ်အားကစားပွဲကိုတော့ နိုင်ငံခြားက ပရိတ်သတ်တွေကို အစောပိုင်းမှာကတည်းက တားမြစ်ထားတာပါ။

တိုကျိုမြို့တော် အပါအဝင် တခြားဒေသတွေမှာ ဧပြီလကစပြီး အရေးပေါ် အခြေအနေ သတ်မှတ်ထားတာကို ပြီးခဲ့တဲ့ လထဲမှာပဲ လျှော့ချပေးခဲ့ပြီး၊ လာမယ့် တနင်္ဂနွေနေ့မှာ ကုန်ဆုံးမယ့် အချိန်မှာပဲ တိုကျိုမှာ အရေးပေါ်အခြေအနေ ပြန်လည်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

တိုကျိုအိုလံပစ်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

[ Unicode ]







XS
SM
MD
LG