သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီတပတ္က်န္းမာေရးက႑


covid third wave in Myanmar

{{Zawgyi/Unicode}}

ဒီတပတ္က်န္းမာေရးက႑မွာ ကိုဗစ္တတိယလိႈင္း စျပင္းထန္လာခ်ိန္ ကာကြယ္ကုသေရးအေၾကာင္း ေျပာထားပါတယ္။ ျမန္မာႏိုင္ငံမွာ အခု ကိုဗစ္-19 လိႈင္းစျပင္းထန္လာခ်ိန္မွာ၊ ပိုအဓိကထား ကာကြယ္စရာနဲ႔ ကုသေရးျပင္ဆင္စရာေတြကို၊ အားလံုးဝိုင္းပူးေပါင္းလုပ္သင့္ၿပီလို႔ က်န္းမာေရးတာဝန္ရွိသူေတြက အထူးတိုက္တြန္းလိုက္ပါတယ္။

ဘယ္လို အဓိက ကာကြယ္စရာေတြပါလဲ။ ဘယ္လို ကုသေရး ျပင္ဆင္စရာေတြ အေရးႀကီးေနပါလဲ။

ဒီအေၾကာင္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ေျပာခြင့္ရနဲ႔၊ အေမရိကန္ CDC ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာနမွာ ေလ့လာသင္ၾကားခဲ့တဲ့၊ ကူးစက္ေရာဂါေဗဒကြၽမ္းက်င္သူ ေဒါက္တာသန္းႏိုင္စိုးကို ကိုဝင္းမင္းက ေမးထားပါတယ္။
ကိုဝင္းမင္း ။.။ ဟုတ္ကဲ့ ေဒါက္တာ သန္းႏိုင္စိုး ခင္ဗ်ာ။ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ ကိုဗစ္ တတိယလႈိင္းက တရိပ္ရိပ္နဲ႔ေပါ့ေနာ္ ေန႔စဥ္ ေထာင္ဂဏန္းေတြနဲ႔ခ်ီတက္လာေနတာေၾကာင့္ အခုလိုအခ်ိန္မွာ အေကာင္းဆုံး ကာကြယ္ႏိုင္ဖို႔နဲ႔ ကုသႏိုင္ဖို႔ေဆြးေႏြးမွာမို႔ အဓိက ကာကြယ္ေရးကို ဘာစေျပာခ်င္လဲခင္ဗ်ာ။

ေဒါက္တာ သန္းႏိုင္စိုး ။. ။ ကာကြယ္ေရးနည္းလမ္းထဲမွာ အဓိကအက်ဆုံးနည္းလမ္းနဲ႔ ကေတာ့ မိမိအိမ္ေနထိုင္တဲ့ နည္းလမ္းကေတာ့ အေကာင္းဆုံးျဖစ္ပါတယ္။ ဒါေပမယ့္ မျဖစ္မေန ထြက္ရတဲ့နည္းလမ္းရွိမယ္။ မျဖစ္မေန အလုပ္လုပ္တဲ့လူေတာင္ အလည္အပတ္သြားတာမ်ဳိး။ အေၾကာင္းမရွိထြက္တာမ်ိဳး ဒါမ်ဳိးကိုေတာ့ ေရွာင္ရမယ္။ အထူးသျဖင့္ အသက္အရြယ္ ၆ဝ ထက္ႀကီးရင့္တဲ့သူေတြ ။ ေသြးတိုး ႏွစ္လုံး ဆီးခ်ဳိေပါ့ေနာ္။ ဒီနာတာရွည္ ေရာဂါအခံရွိသူေတြက တတ္ႏိုင္သမွ်အိမ္မွာပဲေနရမယ္။ အိမ္ျပင္ထြက္မယ္ဆိုရင္လည္း အကာကြယ္ေပါ့ ။ အထူးသျဖင့္ Mask ကိုေတာ့ မျဖစ္မေနတတ္သင့္တယ္။ ၿပီးေတာ့ အမ်ားသုံးပစၥည္းေတြကို မကိုင္တြယ္မီနဲ႔ ကုိင္တြယ္ၿပီးေနာက္ လက္ကို စကၠန္႔ ၂ဝ ၾကာေအာင္ေဆးဖို႔လိုပါတယ္။ တျခားသူေတြနဲ႔ ခတ္ခြာခြာေနဖို႔လုိပါတယ္။ အခ်ိန္တန္လို႔ အိမ္ျပန္ဝင္ရင္ ဒီ Mask ကို စနစ္တက် စြန္႔ပစ္ဖို႔လုိတယ္။ လက္ကို စနစ္တက်ေဆးဖို႔လိုတယ္။ Stay at Home လို ေရာဂါကူးစက္မႈမ်ားတဲ့ၿမိဳ႕နယ္ေတြမွာ အျပင္လာတဲ့ အဝတ္ေတြကုိေတာင္မွာ မီနစ္ ၃ဝ ေလာက္ ဆပ္ျပာနဲ႔ ေရနဲ႔ စိမ္ၿပီးေတာ့မွ ေလွ်ာ္ဖြတ္သင့္တယ္။ အိမ္မွာရွိတဲ့ အသက္ရြယ္ႀကီးရင့္တဲ့သူေတြနဲ႔ အနီးကပ္ မ်က္ႏွာျခင္းဆိုင္ စားေသာက္တာမျပဳလုပ္သင့္ဖူးေပါ့။ တတ္ႏိုင္သမွ် အိမ္ထဲမွာ ေနရင္ Safe ျဖစ္တယ္။ အျပင္သြားတဲ့လူက ကာကြယ္လာမယ္။ အဓိက က ကိုယ္အိမ္ထဲကို ပုိးျပန္သယ္လာမယ့္သူမျဖစ္ဖို႔လိုတယ္။

ကိုဝင္းမင္း ။. ။ ဟုတ္ကဲ့ ဆရာေရ။ ဒီေနရာမွာ အခု ဗီဇေျပာင္း မ်ဳိးကြဲသစ္ရဲ႕ ျပင္းထန္တဲ့အေနအထားကိုေရာ ေနာက္ဆုံးဘယ္လိုေတြ႔ရွိထားသလဲဆရာ ။

ေဒါက္တာ သန္းႏိုင္စိုး ။. ။ အဓိကကေတာ့ မ်ဳိးေျပာင္းတဲ့ဟာက ပိုၿပီးေတာ့ သတိထားရမယ္ဟာဆိုေတာ့ ေတာ္ေတာ္ႀကီးကို ျမန္တယ္ေပါ့။ တခ်ဳိ႕စာေဆာင္ေတြကေတာင္ေရးလာၿပီ။ ဒီမီနစ္ပိုင္းေလးတင္ေပါ့ေနာ္။ WHO ကေတာ့ အရင္ ၁၅ မီနစ္ထိေတြ႔ေတာ့မွ Contact ျဖစ္တယ္လို႔ ပထမပိုင္းက ေက်ညာခဲ့တဲ့ သေဘာရွိတယ္။ အခုဟာက မီးနစ္ပိုင္းေတာင္မဟုတ္ေတာ့ဘူး။ ပိုးရွိသူနဲ႔ အကာကြယ္မပါပဲနဲ႔ စကၠန္႔ပိုင္းေလးတင္ အဲလိုေလးထိေတြ႔တာနဲ႔တင္ ကူးစက္ႏိုင္တဲ့အေနအထားေပါ့ေလ။ ေတာ္ေတာ္ႀကီးကို ျမန္ဆန္တဲ့သေဘာရွိတာေပါ့ေနာ္။ ပိုၿပီးေတာ့ ဝင္ႏိုင္တဲ့သေဘာရွိတယ္။ ဒါေၾကာင့္မိုလို႔ က်ေနာ္တို႔က အထူးသျဖင့္ ေလဝင္ေလထြက္မေကာင္းတဲ့အခန္းေတြေပါ့ေနာ္။ Cross Ventilation ေလဝင္ေလထြက္ေတာ့ ေကာင္းတယ္လို႔ထင္ရတယ္။ ျပဴတင္းေပါက္ေတြကို ဖြင့္ေတာ့ထားတယ္။ တဖက္တည္းဖြင့္ထားတယ္။ တဖက္ကပိတ္ထားတယ္။ အဲလိုမ်ဳိးဆိုရင္လည္း ေလက ဒီထဲျဖတ္သြားလို႔မရဘူးေ့ပါ့။ အဲလိုဟာက ေတာ့ ၂ဖက္လုံးဖြင့္ထား ေလဝင္ေလထြက္က ေကာင္းသြားမယ္။ မေကာင္းတဲ့ အခန္းေတြဆုိရင္ေတာ့ ပိုၿပီးေတာ့ ကူးစက္ႏိုင္တယ္။ အဲဒီအခန္းထဲၾကာတဲ့အခ်ိန္ ရယ္ Mask ကို စနစ္တက်တပ္ဆင္ရဲ႕လား။ တျခားသူေတြနဲ႔ နီးနီးကပ္ကပ္ရွိလား။ လူစုစုဆုိရင္ ပိုကူးနိုင္တာေပါ့။ ေနာက္တခုက ေရာဂါလကၡဏာမျပသူ။ လူေကာင္းအတိုင္း။ ဒါေပမယ့္ ပိုသယ္လာသူျဖစ္သြားတယ္။ သူနဲ႔ ဆက္စပ္သူေတြၾကားထဲမွာ ေရာဂါလကၡဏာေပါလာတယ္။

ကိုဝင္းမင္း ။. ။ ေနာက္တခုက ကုသမႈနဲ႔အပိုင္းကေရာ ဘယ္လိုမ်ား ဆက္ရွိမလဲ။

ေဒါက္တာသန္းႏိုင္စိုး ။.။ ကုသေရးအပိုင္းကလည္း အစပိုင္းက ေတာ္ေတာ္ႀကီးကို သတိထားရတယ္ေပါ့။ ပေရာ္ဖက္ဆာႀကီးေတြကိုယ္တိုင္က ညွိၿပီးမွ ကုရတာေပါ့။ အဲဒီတုံးကေတာ့ ေဝဘာဂီတို႔ ၊ ေဖာင္ႀကီးတို႔ ေတာင္ဥကၠလာေပါ့ေနာ္။ ဒီလုိေနရာမ်ဳိးေတြမွာ ျမန္မာႏိုင္ငံမွာ ထိပ္တန္းဆိုတဲ့ သမားေတာ္ႀကီးေတြကိုယ္တုိင္ ၾကပ္မတ္ၿပီးေတာ့ ကုခဲ့တာေပါ့။ ဒါေပမယ္လည္း အခုက ဒီသမားေတာ္ႀကီးေတြရဲ႕ ေကာင္းမႈနဲ႔ပဲ Clinical Management Guideline ဆိုၿပီး ၿပီးခဲ့တဲ့ရက္က ဆုိရင္ Version 7 ဆိုၿပီး Upgrade လုပ္တယ္။ အဲခါၾကေတာ့ သမားေတာ္ႀကီးျဖစ္မွ မဟုတ္ေတာ့ဘူးေပါ့ေနာ္။ လက္ေထာက္ဆရာဝန္တေယာက္ ဒါမွမဟုတ္ရင္ သူရဲ႕ႀကီးၾကပ္မႈေအာက္ အတိုင္ပင္ခံ ဆရာဝန္တေယာက္ ဆရာဝန္တဦးအေနနဲ႔ ေကာင္းေကာင္းကုသႏိုင္တဲ့အေနအထားေပါ့ေနာ္။ ဒါကေတာ့ ဒုတိယလိႈင္းရဲ႕ အားသာခ်က္လို႔ေျပာရမွာေပါ့။ အဲဒါနဲ႔ ေဆးရုံအေတာ္မ်ားမ်ားမွာ အဆင္ေျပေနတဲ့သေဘာရွိတာေပါ့။

ကိုဝင္းမင္း ။.။ ဒီေနရာမွာ ကုသမႈအတြက္ စိန္ေခၚခ်က္ေတြေကာ ဘယ္လုိဆက္ရွိေနလဲ။

ေဒါက္တာ သန္းႏိုင္စိုး ။. ။ စိန္ေခၚခ်က္ကေတာ့ HR ေပါ့။ ဒါေပမယ္လဲ ေတာ္ေတာ္မ်ားမ်ားေလးေတာ့ ဆရာဝန္ေတြျပန္ၿပီးေတာ့ အထူးသျဖင့္ ရာႏႈန္းျပည့္ အျပည့္အဝမရခင္ရင္ေတာင္မွ ရွိတဲ့ အင္အားနဲ႔ ႔ရင္ဆိုင္ရမွာျဖစ္ပါတယ္။ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ သေဘာထားျခင္းမတိုက္ဆိုင္ျခင္း ညီအကိုေမာင္ႏွမေတြအေနနဲ႔လည္း အတူတကြပါဝင္မယ္ဆိုတဲ့ ဝန္ႀကီးဌာနေတြအေနနဲ႔ကလည္း တတ္ႏိုင္သမွ်ေဆာင္ရြက္ေပးေနတဲ့အေၾကာင္းကို က်ေနာ္တို႔ ျပည္ေထာင္စုဝန္ႀကီးနဲ႔ ကုသတဲ့အပိုင္းမွာလည္း ဒါ Referral ေပါ့ ။ အဓိက သယ္ယူပို႔ေဆာင္တဲ့အပိုင္း ။ ဒီအပိုင္းေတြမွာ ေဆးပညာရွင္မွမဟုတ္ဘူး။ မိမိကစ တဦးတေယာက္ခ်င္းလုပ္ႏိုင္တဲ့အပိုင္းလည္းရိွတယ္။ အဲလိုပဲ ေစတနာ့ဝန္ထမ္းလုပ္ေပးႏိုင္တဲ့အပိုင္းလည္းရွိတယ္။ ေနာက္တခုက ပုဂၢိဳလိကေဆးရုံ ျမန္မာႏိုင္ငံက်န္းမာေရးအသင္း ဒီလိုမ်ဳိးအဖြဲ႔ေတြအေနနဲ႔လည္း ပါႏိုင္သမွ်ကေန ကိုယ္တတ္ရာ တတ္ရာေပါ့ေနာ္။ လုပ္ငန္းၿပီးေျမာက္ေအာင္ ကိုဗစ္ကို အတူပူးေပါင္းတိုက္ဖ်က္ရမယ္ ကာလျဖစ္ပါတယ္။

ကိုဝင္းမင္း ။. ။ ကုသမႈအတြက္ လိုအပ္တဲ့ ေဆးပစၥည္းအပိုင္းေတြကေရာ။

ေဒါက္တာ သန္းႏိုင္စိုး ။.။ အဓိကအေရးႀကီးတာကေတာ့ ေအာက္စီဂ်င္ေပါ့ေနာ္။ အဓိက PPE ေပါ့။ ဒီဝန္ထမ္းေတြအတြက္ ကာကြယ္ေရးေပါ့။ ေနာက္တခုက ဝန္ထမ္းေတြအတြက္ ေဆးဝါးေတြေပါ့။ Clinical Mangement Guide Line ထဲကေဆးဝါးေတြေပါ့။ က်ေနာ္တို႔လက္ထဲမွာ အလုံအေလာက္ရွိေသးတယ္။ ဒါေပမယ္လည္း တဖက္က လူနာအရမ္းမ်ားလာရင္ လိုအပ္ခ်က္ေျပာလို႔မရဘူး။ လက္ရွိအေနအထားက ရန္ကုန္မွာ စုစုေပါင္း ကိုဗစ္လူနာ
စင္တာေတြ တခုၿပီးတခု တိုးခ်ဲ႕ၿပီးဖြင္လာေနပါတယ္။ တဖက္က လူနာမ်ားတဲ့အေနအထားမွာ တဖက္က တုိးခ်ဲ႕ဖြင့္လာပါတယ္။ အေကာင္းဆုံးေတာ့ျပင္ဆင္ထားၿပီေပါ့ေနာ္။ တေနရာနဲ႔ တေနရာမတူဘူေပါ့ေနာ္။

ကိုဝင္းမင္း ။. ။ အခုလို ကိုဗစ္လိႈ္င္း တရိပ္ရိပ္တက္လာၿပီဆိုတာ ကာကြယ္ေရးနဲ႔ ကုသေရး အပိုင္းနဲ႔ပတ္သက္ၿပီး က်ေနာ္မေမးမိတဲ့ တျခားအေရးႀကီးအခ်က္ေကာ

ေဒါက္တာ သန္းႏိုင္စိုး ။. ။ အဓီက ကေတာ့ တိက်တဲ့ ဗိုင္းရပ္စ္ ကိုေသေစတဲ့ေဆး ကေတာ့ အခုထိမေပါေသးဘူးေပါ့။ ခုနက ေအာက္စီဂ်င္က်ရင္ ေအာက္စီဂ်င္ေပးၿပီးေတာ့ ဒီခႏၵာကုိယ္ ကေန တုံျပန္ႏိုင္တဲ့အေနအထားအထိ ေရာင္ရမ္းမႈေတြ ေလ်ာ့က်သြားၿပီးေတာ့ ဒီကိုဗစ္ရဲ႕ဟာကို ခႏၵာကုိယ္က ျပန္ႏိုင္သြားတဲ့အေနအထားထိ ေဘးကေန ပန္႔ပိုးကူညီၿပီးေတာ့ ဒီခႏၵာကုိယ္ႀကီကို ေထာက္ပန္႔ ကူညီၿပီးေတာ့ ေဆာင္ရြက္ေပးရတဲ့အပိုင္းေပါ့ေနာ္။ အေကာင္းဆုံးကေတာ့ ဒီဗိုင္းရပ္စ္ က မဝင္ႏိုင္တာ အေကာင္းဆုံးပဲေပါ့ေနာ္။ ကုသရတဲ့အဆင့္မေရာက္ေအာင္ ကာကြယ္တဲ့အဆင့္မွာ ေကာင္းေကာင္းလုပ္ထားဖို႔လိုပါတယ္။ လူေတြက ကာကြယ္ၾကမယ္ဆိုရင္ ေဆးရုံဝင္တဲ့ ပမာဏကလည္း နည္းသြားမယ္။ ကုသတဲ့အပိုင္းမွာလည္း အားလုံး ေကာင္းပါမယ္လို႔ အာမခံလို႔မရဘူး။ ကာကြယ္တဲ့အပိုင္း အေလးထားရင္ ကုသတဲ႔အပုိင္းေလ်ာ့က်သြားမယ္။ တဖက္က ေဆးရုံေတြအေပၚ၊ က်န္းမာေရးစနစ္အေပၚ၊ က်န္းမားေရးဝန္ထမ္းအေပၚ ဆက္စပ္ပတ္သက္ေနတဲ့အေပၚ ဝန္လည္းေလ်ာ့သြားမယ္။ ကာကြယ္တဲ့အပိုင္းဦးစားေပးပါ။

.........................................

covid third wave in Myanmar
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဒီတပတ်ကျန်းမာရေးကဏ္ဍမှာ ကိုဗစ်တတိယလှိုင်း စပြင်းထန်လာချိန် ကာကွယ်ကုသရေးအကြောင်း ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ အခု ကိုဗစ်-19 လှိုင်းစပြင်းထန်လာချိန်မှာ၊ ပိုအဓိကထား ကာကွယ်စရာနဲ့ ကုသရေးပြင်ဆင်စရာတွေကို၊ အားလုံးဝိုင်းပူးပေါင်းလုပ်သင့်ပြီလို့ ကျန်းမာရေးတာဝန်ရှိသူတွေက အထူးတိုက်တွန်းလိုက်ပါတယ်။
ဘယ်လို အဓိက ကာကွယ်စရာတွေပါလဲ။ ဘယ်လို ကုသရေး ပြင်ဆင်စရာတွေ အရေးကြီးနေပါလဲ။

ဒီအကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရနဲ့၊ အမေရိကန် CDC ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနမှာ လေ့လာသင်ကြားခဲ့တဲ့၊ ကူးစက်ရောဂါဗေဒကျွမ်းကျင်သူ ဒေါက်တာသန်းနိုင်စိုးကို ကိုဝင်းမင်းက မေးထားပါတယ်။
ကိုဝင်းမင်း ။. ။ ဟုတ်ကဲ့ ဒေါက်တာ သန်းနိုင်စိုး ခင်ဗျာ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်းက တရိပ်ရိပ်နဲ့ပေါ့နော် နေ့စဉ် ထောင်ဂဏန်းတွေနဲ့ချီတက်လာနေတာကြောင့် အခုလိုအချိန်မှာ အကောင်းဆုံး ကာကွယ်နိုင်ဖို့နဲ့ ကုသနိုင်ဖို့ဆွေးနွေးမှာမို့ အဓိက ကာကွယ်ရေးကို ဘာစပြောချင်လဲခင်ဗျာ။

ဒေါက်တာ သန်းနိုင်စိုး ။. ။ ကာကွယ်ရေးနည်းလမ်းထဲမှာ အဓိကအကျဆုံးနည်းလမ်းနဲ့ ကတော့ မိမိအိမ်နေထိုင်တဲ့ နည်းလမ်းကတော့ အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် မဖြစ်မနေ ထွက်ရတဲ့နည်းလမ်းရှိမယ်။ မဖြစ်မနေ အလုပ်လုပ်တဲ့လူတောင် အလည်အပတ်သွားတာမျိုး။ အကြောင်းမရှိထွက်တာမျိုး ဒါမျိုးကိုတော့ ရှောင်ရမယ်။ အထူးသဖြင့် အသက်အရွယ် ၆ဝ ထက်ကြီးရင့်တဲ့သူတွေ ။ သွေးတိုး နှစ်လုံး ဆီးချိုပေါ့နော်။ ဒီနာတာရှည် ရောဂါအခံရှိသူတွေက တတ်နိုင်သမျှအိမ်မှာပဲနေရမယ်။ အိမ်ပြင်ထွက်မယ်ဆိုရင်လည်း အကာကွယ်ပေါ့ ။ အထူးသဖြင့် Mask ကိုတော့ မဖြစ်မနေတတ်သင့်တယ်။ ပြီးတော့ အများသုံးပစ္စည်းတွေကို မကိုင်တွယ်မီနဲ့ ကိုင်တွယ်ပြီးနောက် လက်ကို စက္ကန့် ၂ဝ ကြာအောင်ဆေးဖို့လိုပါတယ်။ တခြားသူတွေနဲ့ ခတ်ခွာခွာနေဖို့လိုပါတယ်။ အချိန်တန်လို့ အိမ်ပြန်ဝင်ရင် ဒီ Mask ကို စနစ်တကျ စွန့်ပစ်ဖို့လိုတယ်။ လက်ကို စနစ်တကျဆေးဖို့လိုတယ်။ Stay at Home လို ရောဂါကူးစက်မှုများတဲ့မြို့နယ်တွေမှာ အပြင်လာတဲ့ အဝတ်တွေကိုတောင်မှာ မီနစ် ၃ဝ လောက် ဆပ်ပြာနဲ့ ရေနဲ့ စိမ်ပြီးတော့မှ လျှော်ဖွတ်သင့်တယ်။ အိမ်မှာရှိတဲ့ အသက်ရွယ်ကြီးရင့်တဲ့သူတွေနဲ့ အနီးကပ် မျက်နှာခြင်းဆိုင် စားသောက်တာမပြုလုပ်သင့်ဖူးပေါ့။ တတ်နိုင်သမျှ အိမ်ထဲမှာ နေရင် Safe ဖြစ်တယ်။ အပြင်သွားတဲ့လူက ကာကွယ်လာမယ်။ အဓိက က ကိုယ်အိမ်ထဲကို ပိုးပြန်သယ်လာမယ့်သူမဖြစ်ဖို့လိုတယ်။

ကိုဝင်းမင်း ။. ။ ဟုတ်ကဲ့ ဆရာရေ။ ဒီနေရာမှာ အခု ဗီဇပြောင်း မျိုးကွဲသစ်ရဲ့ ပြင်းထန်တဲ့အနေအထားကိုရော နောက်ဆုံးဘယ်လိုတွေ့ရှိထားသလဲဆရာ ။

ဒေါက်တာ သန်းနိုင်စိုး ။. ။ အဓိကကတော့ မျိုးပြောင်းတဲ့ဟာက ပိုပြီးတော့ သတိထားရမယ်ဟာဆိုတော့ တော်တော်ကြီးကို မြန်တယ်ပေါ့။ တချို့စာဆောင်တွေကတောင်ရေးလာပြီ။ ဒီမီနစ်ပိုင်းလေးတင်ပေါ့နော်။ WHO ကတော့ အရင် ၁၅ မီနစ်ထိတွေ့တော့မှ Contact ဖြစ်တယ်လို့ ပထမပိုင်းက ကျေညာခဲ့တဲ့ သဘောရှိတယ်။ အခုဟာက မီးနစ်ပိုင်းတောင်မဟုတ်တော့ဘူး။ ပိုးရှိသူနဲ့ အကာကွယ်မပါပဲနဲ့ စက္ကန့်ပိုင်းလေးတင် အဲလိုလေးထိတွေ့တာနဲ့တင် ကူးစက်နိုင်တဲ့အနေအထားပေါ့လေ။ တော်တော်ကြီးကို မြန်ဆန်တဲ့သဘောရှိတာပေါ့နော်။ ပိုပြီးတော့ ဝင်နိုင်တဲ့သဘောရှိတယ်။ ဒါကြောင့်မိုလို့ ကျနော်တို့က အထူးသဖြင့် လေဝင်လေထွက်မကောင်းတဲ့အခန်းတွေပေါ့နော်။ Cross Ventilation လေဝင်လေထွက်တော့ ကောင်းတယ်လို့ထင်ရတယ်။ ပြူတင်းပေါက်တွေကို ဖွင့်တော့ထားတယ်။ တဖက်တည်းဖွင့်ထားတယ်။ တဖက်ကပိတ်ထားတယ်။ အဲလိုမျိုးဆိုရင်လည်း လေက ဒီထဲဖြတ်သွားလို့မရဘူးေ့ပါ့။ အဲလိုဟာက တော့ ၂ဖက်လုံးဖွင့်ထား လေဝင်လေထွက်က ကောင်းသွားမယ်။ မကောင်းတဲ့ အခန်းတွေဆိုရင်တော့ ပိုပြီးတော့ ကူးစက်နိုင်တယ်။ အဲဒီအခန်းထဲကြာတဲ့အချိန် ရယ် Mask ကို စနစ်တကျတပ်ဆင်ရဲ့လား။ တခြားသူတွေနဲ့ နီးနီးကပ်ကပ်ရှိလား။ လူစုစုဆိုရင် ပိုကူးနိုင်တာပေါ့။ နောက်တခုက ရောဂါလက္ခဏာမပြသူ။ လူကောင်းအတိုင်း။ ဒါပေမယ့် ပိုသယ်လာသူဖြစ်သွားတယ်။ သူနဲ့ ဆက်စပ်သူတွေကြားထဲမှာ ရောဂါလက္ခဏာပေါလာတယ်။

ကိုဝင်းမင်း ။. ။ နောက်တခုက ကုသမှုနဲ့အပိုင်းကရော ဘယ်လိုများ ဆက်ရှိမလဲ။

ဒေါက်တာသန်းနိုင်စိုး ။. ။ ကုသရေးအပိုင်းကလည်း အစပိုင်းက တော်တော်ကြီးကို သတိထားရတယ်ပေါ့။ ပရော်ဖက်ဆာကြီးတွေကိုယ်တိုင်က ညှိပြီးမှ ကုရတာပေါ့။ အဲဒီတုံးကတော့ ဝေဘာဂီတို့ ၊ ဖောင်ကြီးတို့ တောင်ဥက္ကလာပေါ့နော်။ ဒီလိုနေရာမျိုးတွေမှာ မြန်မာနိုင်ငံမှာ ထိပ်တန်းဆိုတဲ့ သမားတော်ကြီးတွေကိုယ်တိုင် ကြပ်မတ်ပြီးတော့ ကုခဲ့တာပေါ့။ ဒါပေမယ်လည်း အခုက ဒီသမားတော်ကြီးတွေရဲ့ ကောင်းမှုနဲ့ပဲ Clinical Management Guideline ဆိုပြီး ပြီးခဲ့တဲ့ရက်က ဆိုရင် Version 7 ဆိုပြီး Upgrade လုပ်တယ်။ အဲခါကြတော့ သမားတော်ကြီးဖြစ်မှ မဟုတ်တော့ဘူးပေါ့နော်။ လက်ထောက်ဆရာဝန်တယောက် ဒါမှမဟုတ်ရင် သူရဲ့ကြီးကြပ်မှုအောက် အတိုင်ပင်ခံ ဆရာဝန်တယောက် ဆရာဝန်တဦးအနေနဲ့ ကောင်းကောင်းကုသနိုင်တဲ့အနေအထားပေါ့နော်။ ဒါကတော့ ဒုတိယလှိုင်းရဲ့ အားသာချက်လို့ပြောရမှာပေါ့။ အဲဒါနဲ့ ဆေးရုံအတော်များများမှာ အဆင်ပြေနေတဲ့သဘောရှိတာပေါ့။

ကိုဝင်းမင်း ။. ။ ဒီနေရာမှာ ကုသမှုအတွက် စိန်ခေါ်ချက်တွေကော ဘယ်လိုဆက်ရှိနေလဲ။

ဒေါက်တာ သန်းနိုင်စိုး ။. ။ စိန်ခေါ်ချက်ကတော့ HR ပေါ့။ ဒါပေမယ်လဲ တော်တော်များများလေးတော့ ဆရာဝန်တွေပြန်ပြီးတော့ အထူးသဖြင့် ရာနှုန်းပြည့် အပြည့်အဝမရခင်ရင်တောင်မှ ရှိတဲ့ အင်အားနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သဘောထားခြင်းမတိုက်ဆိုင်ခြင်း ညီအကိုမောင်နှမတွေအနေနဲ့လည်း အတူတကွပါဝင်မယ်ဆိုတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ကလည်း တတ်နိုင်သမျှဆောင်ရွက်ပေးနေတဲ့အကြောင်းကို ကျနော်တို့ ပြည်ထောင်စုဝန်ကြီးနဲ့ ကုသတဲ့အပိုင်းမှာလည်း ဒါ Referral ပေါ့ ။ အဓိက သယ်ယူပို့ဆောင်တဲ့အပိုင်း ။ ဒီအပိုင်းတွေမှာ ဆေးပညာရှင်မှမဟုတ်ဘူး။ မိမိကစ တဦးတယောက်ချင်းလုပ်နိုင်တဲ့အပိုင်းလည်းရှိတယ်။ အဲလိုပဲ စေတနာ့ဝန်ထမ်းလုပ်ပေးနိုင်တဲ့အပိုင်းလည်းရှိတယ်။ နောက်တခုက ပုဂ္ဂိုလိကဆေးရုံ မြန်မာနိုင်ငံကျန်းမာရေးအသင်း ဒီလိုမျိုးအဖွဲ့တွေအနေနဲ့လည်း ပါနိုင်သမျှကနေ ကိုယ်တတ်ရာ တတ်ရာပေါ့နော်။ လုပ်ငန်းပြီးမြောက်အောင် ကိုဗစ်ကို အတူပူးပေါင်းတိုက်ဖျက်ရမယ် ကာလဖြစ်ပါတယ်။

ကိုဝင်းမင်း ။. ။ ကုသမှုအတွက် လိုအပ်တဲ့ ဆေးပစ္စည်းအပိုင်းတွေကရော။

ဒေါက်တာ သန်းနိုင်စိုး ။. ။ အဓိကအရေးကြီးတာကတော့ အောက်စီဂျင်ပေါ့နော်။ အဓိက PPE ပေါ့။ ဒီဝန်ထမ်းတွေအတွက် ကာကွယ်ရေးပေါ့။ နောက်တခုက ဝန်ထမ်းတွေအတွက် ဆေးဝါးတွေပေါ့။ Clinical Mangement Guide Line ထဲကဆေးဝါးတွေပေါ့။ ကျနော်တို့လက်ထဲမှာ အလုံအလောက်ရှိသေးတယ်။ ဒါပေမယ်လည်း တဖက်က လူနာအရမ်းများလာရင် လိုအပ်ချက်ပြောလို့မရဘူး။ လက်ရှိအနေအထားက ရန်ကုန်မှာ စုစုပေါင်း ကိုဗစ်လူနာ
စင်တာတွေ တခုပြီးတခု တိုးချဲ့ပြီးဖွင်လာနေပါတယ်။ တဖက်က လူနာများတဲ့အနေအထားမှာ တဖက်က တိုးချဲ့ဖွင့်လာပါတယ်။ အကောင်းဆုံးတော့ပြင်ဆင်ထားပြီပေါ့နော်။ တနေရာနဲ့ တနေရာမတူဘူပေါ့နော်။

ကိုဝင်းမင်း ။. ။ အခုလို ကိုဗစ်လှိုင်း တရိပ်ရိပ်တက်လာပြီဆိုတာ ကာကွယ်ရေးနဲ့ ကုသရေး အပိုင်းနဲ့ပတ်သက်ပြီး ကျနော်မမေးမိတဲ့ တခြားအရေးကြီးအချက်ကော

ဒေါက်တာ သန်းနိုင်စိုး ။. ။ အဓီက ကတော့ တိကျတဲ့ ဗိုင်းရပ်စ် ကိုသေစေတဲ့ဆေး ကတော့ အခုထိမပေါသေးဘူးပေါ့။ ခုနက အောက်စီဂျင်ကျရင် အောက်စီဂျင်ပေးပြီးတော့ ဒီခန္ဒာကိုယ် ကနေ တုံပြန်နိုင်တဲ့အနေအထားအထိ ရောင်ရမ်းမှုတွေ လျော့ကျသွားပြီးတော့ ဒီကိုဗစ်ရဲ့ဟာကို ခန္ဒာကိုယ်က ပြန်နိုင်သွားတဲ့အနေအထားထိ ဘေးကနေ ပန့်ပိုးကူညီပြီးတော့ ဒီခန္ဒာကိုယ်ကြီကို ထောက်ပန့် ကူညီပြီးတော့ ဆောင်ရွက်ပေးရတဲ့အပိုင်းပေါ့နော်။ အကောင်းဆုံးကတော့ ဒီဗိုင်းရပ်စ် က မဝင်နိုင်တာ အကောင်းဆုံးပဲပေါ့နော်။ ကုသရတဲ့အဆင့်မရောက်အောင် ကာကွယ်တဲ့အဆင့်မှာ ကောင်းကောင်းလုပ်ထားဖို့လိုပါတယ်။ လူတွေက ကာကွယ်ကြမယ်ဆိုရင် ဆေးရုံဝင်တဲ့ ပမာဏကလည်း နည်းသွားမယ်။ ကုသတဲ့အပိုင်းမှာလည်း အားလုံး ကောင်းပါမယ်လို့ အာမခံလို့မရဘူး။ ကာကွယ်တဲ့အပိုင်း အလေးထားရင် ကုသတဲ့အပိုင်းလျော့ကျသွားမယ်။ တဖက်က ဆေးရုံတွေအပေါ်၊ ကျန်းမာရေးစနစ်အပေါ်၊ ကျန်းမားရေးဝန်ထမ်းအပေါ် ဆက်စပ်ပတ်သက်နေတဲ့အပေါ် ဝန်လည်းလျော့သွားမယ်။ ကာကွယ်တဲ့အပိုင်းဦးစားပေးပါ။

XS
SM
MD
LG